## PAGE 253


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ထိုအံ့ဖွယ်များမှ အနည်းငယ် ဖော်ပြရသော်-

၁၉၇

(၁) ကျွဲမသနားတောင်၌ နေတော်မူစဉ် လူအများ လာရောက် ဖူးကြရာ တစ်နေ့တွင်
အလိုလို စမ်းရေထွက်နေသော ကန် (နတ်ရေကန်) ၌ ဒကာမတစ်ဦး

ရေချိုးပြီးနောက် ချက်ချင်း ရေများခန်းခြောက်သွား၍ ဆရာတော်အား လျှောက်ရာ
နာရီပိုင်းအတွင်း ရေများ ပြန်ထွက်လာကြောင်း၊

(၂) ကမ်းပြိုတောင်၌ နေစဉ် ညသန်းခေါင်ကျော်၌ ကောင်းကင်မှ တူရိယာသံများ
အနီးပတ်ဝန်းကျင်မှ လူများပင် ကြားကြရကြောင်း၊

(၃) . ရန်ကင်းတောင်၌ ရှေးစေတီဟောင်းကို ငုံ၍ အသစ်တစ်ဖန် ပြုပြင်ရာ ထီးဟောင်းမှာ
လူအားနှင့်ပင် ဆွဲချ၍ မရနိုင်သဖြင့် လက်လျှော့နေကြစဉ် ချက်ချင်း ငလျင်လှုပ်ခါချ၍
ထီးတော်မပျက် မြေခ, လာကြောင်း၊

(၄) ၎င်းတောင်၌ နေစဉ် ဆွမ်းလှူလာသူ သုံးလေးဆယ်ခန့် ရှိရာ လာတိုင်းလိုလိုပင်
ဆရာတော် အခန်း၌လည်း မဖူး တွေ့ကြရ။ ဆွမ်းစား တုံးခေါက်၍ အချက်ပေးလျှင်
မိမိတို့ရှေ့၌ပင် ဖူးတွေ့ကြရကြောင်း၊

(၅) နံကသူဂူ စသည်တို့၌ ရံခါ ကပ္ပိယ တစ်ယောက်နှင့်သာ သီတင်းသုံးရာ
နဂါးလိုလို၊ မြွေလိုလို သတ္တဝါများအား “ဒကာက ရှေ့တိုး၊ ဒကာမက
နောက်ဆုတ်” စသည်ဖြင့် အမိန့်ပေးရာ အမိန့်အတိုင်း လိုက်နာ၍ တရားဟောလေ့
ရှိကြောင်း၊ အခြား ဆန်းကြယ်သော ဘူတ သတ္တဝါများအား တရားဟောကြောင်း၊
ရတနာများ တွေ့ရစဉ် ကပ္ပိယ စိတ်ထား မဖြောင့်၍ ဂူတံခါးကြီး ပိတ်သွားသဖြင့်
ကပ္ပိယအား မာန်မဲရကြောင်း.....စသည်။

ဆရာတော်သည် ၁၂၇၀-ပြည့်နှစ် ရွာကျောင်းသို့ ပြောင်းရွှေ့ပြီး နှစ်ဝါ လောက်အရ
သက်တော် ၈၂-နှစ်တွင် ပျံလွန်တော်မူ၏။ ကြီးကျယ်ခမ်းနားစွာ ဈာပနပွဲလုပ်၍ ပူဇော်ကြရာ
မီးသင်္ဂြိုဟ်မည်ရှိသောအခါ မည်သို့မျှ ပြုပြင်မထားရဘဲ အလောင်းတော်မှာ ပကတိ ေ..
ကျိန်းစက်နေသကဲ့သို့ ရှိ၍ ဂူသွင်းပူဇော်ထားကြသည်။ ယခု ကပျို့ (ကမ်းပြို)တောင်၌ ရှိရာ
အရပ်လေးမျက်နှာမှ လာရောက် ဖူးမြော်ကြ၏။ အလောင်းတော်မှာ ခြောက်သွေ့ မသွားသည့်
အပြင် အမွေးတော်များပင် ပကတိရှိသည်ဟု ဆိုလေသည်။


## PAGE 254


ရေစကြိုဂူဖြူ တောရ ဆရာတော်

(

-

၁၁၉၁ - ၁၂၈၁ )

ရေစကြိုမြို့ အနောက်မြောက် သုံးမိုင်ခန့် သာစည်ရွာ၌ အဘဦးထပ်၊ အမိမယ်ငို
တို့မှ, ၁၁၉၀-ပြည့်နှစ်ဖွား။ ငယ်မည် မောင်ကျော်ရွဲ့၊ ဘွဲ့ အရှင်မေဓာ၊

ငယ်စဉ် ကျောက်ခတ်ရွာ၌ ပညာသင်၍ နောက် ရေစကြို ဆရာတော်ဦးဝရသမ္ဗောဓိ၊
အင်းဝမြို့ ဗားကရာဆရာတော်နှင့် နန်းကျောင်းဆရာတော်များထံ ပညာသင်သည်။ ဝိနည်းအရာ၌
အထူး ကျော်ကြား၍ စံထားခြင်း ပြုကြရသည်။ ဝိသုဒ္ဓိမဂ်နှင့် ပိဋကကို ခေါက်ရေ ၅၂-
ခေါက်တိုင်တိုင် ပို့ချတော်မူသော ဟူ၏။

သက်တော် ၉၁-နှစ်၊ ဝါတော် ၇၂-ဝါတိုင်တိုင် ဆွမ်းခံခြင်းစသော ဓုတင် ၁၃-ပါး
ကို ရာသက်ပန် ဆောင်တော်မူရာ ပျံလွန်ခါနီး ၁၁-ရက်သာ ပိဏ္ဍပါတ်ဓုတင် အပျက်
ခံ လေသည်။ ဆွမ်းခံ၍ ရသမျှတွင် ဆန်ဖြူဆန်ကောင်း ဆွမ်းကို သံဃာတော်အား လှူ၍
မိမိမှာမူ ပြောင်းဆန်ကြမ်း ဆွမ်းနီနီကြီးများကိုသာ ဘုဉ်းပေးလေ့ရှိသတတ်။ ဖိနပ်မစီး၊ ထီး
မဆောင်း၊ ယပ်မဆောင်း၊ ထန်းရွက်အတိုင်း သင့်ရုံပြုပြင်၍ ကိုင်တော်မူသည်။

မိုးညှင်းဆရာတော် နည်းခံဖူးခြင်း

နာမည်ကျော် မိုးညှင်းဆရာတော် တောထွက်စ လယ်တီဆရာတော်နှင့် မတွေ့မီ
ဂူဖြူဆရာတော်ထံ သုံးလ နည်းခံခဲ့ဖူးသည်။ မိုးညှင်း ထေရာပဒါန် (၈၃) ၌ နေရင်း
ဆရာတော် ဦးကောဝိဒက အောက်ပါအတိုင်း ရေးထား၏။

[“ဆရာတော်ဘုရားကြီးသည် လူတွေ့မခံ၊ စံကားမပြော၊ တရားအားထုတ်ရာ
ကျောင်း၌ တစ်ပါးတည်းနေ၍ ကမ္မဋ္ဌာန်းကို အပြင်းအထန် အားထုတ်တော်မူ၏။ ညအခါတွင်
ကျောင်းနံရံ ဟိုဘက်သည်ဘက် ကြိုးတန်းဆွဲထားပြီး ကြိုးတန်းကို ဝါးလုံးဖောက်ဆွဲထားသည်။
ထိုဝါးလုံးကို လက်နှင့်ကိုင်ကာ လမ်းလျှောက်လျက် တရားအားထုတ်၏။

“တစ်ခါတစ်ရံ အိပ်ငိုက်၍ ဒိုင်းခနဲ တစ်ဖက်နံရံကို တိုက်မိမှ “ဪ-ဒုက္ခ-ဒုက္ခ-
ထိနမိဒ္ဓ တယ်နှိပ်စက်လှပါကလား” ဟု ညည်းတွားပြီး တစ်ဖန် ပြန်လျှောက်လေသည်။
ဤကဲ့သို့ အရုဏ်တက်သည်အထိ အားထုတ်၏။ အားထုတ်ပုံ ပြင်းထန်လွန်း၍ ဂူဖြူ
ဆရာတော်ကြီးကို တစ်နယ်လုံးက ရဟန္တာဟု သမုတ်ကြလေသည်။”)

စစ်ကိုင်း ရွှေဟင်္သာချောင် ဆရာတော်ဘုရားကြီး မေးမြန်းမှတ်သားထားချက်များလည်း
အလွန်စိတ်ဝင်စားဖွယ် ကောင်းပေ၏။ “ရွှေကျင်နိကာယ သာသနာဝင်” ၌ ကြည့်ပါကုန်။

"

!


## PAGE 255


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဘုန်းတော်ကြီး ဦးသီလကပင် လေးစားရ

၁၉၉

အောက်ပြည်အောက်ရွာ၌ ရဟန္တာဟု နာမည်ကျော်ကြားသော ဘုန်းတော်ကြီး
ဦးသီလကပင် “ဂူဖြူဘုန်းတော်ကြီးက တို့များထက် သာတယ်” ဟု အမိန့် ရှိဖူးသတတ်၊
ဝိနည်း လေးစားမှုအရာတွင် ဆိုလိုဟန် ရှိသည်။

ဂူဖြူဆရာတော်များ ခေတ်ကား သိပ္ပံစက်မှု ထွန်းကားစခေတ် ဖြစ်၍ အမျိုးမျိုးသော
ယာဉ်ရထား၊ စားဖွယ်၊ ဝတ်ဖွယ်များ ခေတ်ပြောင်းစဖြစ်သည်။ ထိုခေတ် ဆရာကော်ကြီးများသည်
မည်သည့်ဝတ္ထုပစ္စည်းကိုမဆို မည်သည့်အရာနှင့် မည်သို့ ပြုလုပ်ထားသည်ဟုပင် လေ့လာစူးစမ်း
မနေတော့ဘဲ “အသစ်အဆန်း မှန်သမျှ မသုံးဘဲ နေတာက ဝိနည်းပြစ်ကင်းတယ်” ဟုပင်
ခံယူထားကြလေသည်။ ထို့ကြောင့်လည်း အချို့ကိစ္စများတွင် ဝိနည်းတော်နှင့် အပ်စပ်ပါလျက်
မသုံးမစွဲ အဆင်းရဲခံ၍ တစ်ယူသန်ရာ ရောက်သကဲ့သို့ ထင်ရ၏။

မည်သို့ဖြစ်စေ “ဝိနည်းဟူသည် သာသနာတော်၏ အသက်” ပင်ဖြစ်၍ နောက်သားတို့
အတွက်ကား အတုယူ လေးမြတ်ထိုက်ပေစွာ့။ သိပ္ပံထွန်းကား၍ လူသုံးပစ္စည်းများ အသစ်
အသစ် မျိုးမဆုံးအောင် ရှိနေသော ယခုခေတ် အရှင်မြတ်များ သတိမူကြရန် ဖြစ်ပေ၏။

ထိုခေတ်က ဘုန်းတော်ကြီး ဦးသီလ၊ အလုံခင်မွန်’ဆရာတော်နှင့် ဤဆရာတော်ကြီ
သုံးပါးသည် မီးရထားပေါ်စဖြစ်၍ မီးရထားကိုပင် စီးတော်မမူလိုကြပေ။ ဂူဖြူဆရာတော်က
ခင်မွန်ဆရာတော်အား “ခုကာလ ရထား အပ်မအပ် စာဆိုအတိုင်း ဖြေစမ်းပါ” ဆို၍
ဂိလာန (မကျန်းမာသူ),မဟုတ်လျှင် မစီးကောင်းသော ပေါင်းချုပ်၊ ရထား၊ လှည်း၊ သံလျင်း၊
ထမ်းစင်၊ အဝတ်သံလျင်း ခြောက်မျိုးကို ဝိနည်းပါဠိတော်အတိုင်း ရွတ်ဆိုပြ၏။

,

- “ယခုကာလ မန္တလေး-ရန်ကုန် စုန်ဆန်နေတဲ့ စက်မီးရထားများကော အပ်မအပ်၊
ဘယ်ပုံ သဘောရသလဲ” ဟု ဆက်မေးပြန်ရာ-

“ဘယ်ပုံ သဘောရဖို့ရာ ထိုစက်မီးရထား သွားလာပုံကို ပြောပြစမ်းပါဦး” ဟု
ခင်မွန်ဆရာတော်က ထပ်၍ မေးမြန်းသည်။

“ဘယ်ပြောတတ်မလဲ၊ တွေ့မှ မတွေ့ဖူးပဲ” ဟု ဂူဖြူ ဆရာတော်က ဆို၍-
“သည်လို မတွေ့ဖူးသူချင်း ဖြစ်လျှင် အပ်-မအပ်ဆုံးဖြတ်ဖို့ ဘယ်မှာဖြစ်ပါ့မလဲ”
ဟု ခင်မွန်ဆရာတော်က ပြောသည်တွင်-

“ဒါဖြင့် မစီးတာပဲ အပြစ်ကင်းပါတယ်လေ” ဟုသာ ရထားအပ်-မအပ် ဝိနိစ္ဆယကို
အဆုံးသတ်လိုက်ရလေသည်။ .

ဘုန်းတော်ကြီး ဦးသီလနှင့် ဂူဖြူဆရာတော်ကြီးနှစ်ပါး တွေ့ဆုံပြောဆိုကြပုံကို
ဘုန်းတော်ကြီးဦးသီလ အဋ္ဌပ္ပတ္တိ၌ အောက်ပါအတိုင်း ဖတ်ရှုရပေရာ အချင်းချင်း ပြောဆိုသော
စကားနှင့် အပြုအမူများမှာ သူတော်ကောင်းကြီးတို့၏ နှလုံးသားကို မြင်သာလှပေသည်။
ဘုန်းတော်ကြီး ပဲခူးသို့ရောက်၍ လိပ်ပြာကန်ကျောင်း၌ သီတင်းသုံးနေစဉ် အထက်
မြန်မာပြည် ပခုက္ကူ၊ ရေစကြိုနယ် ဂူဖြူ တောရမှ ပခန်းဆရာတော်ကြီးသည် ရေလမ်းဖြင့်

