## PAGE 256

၂ဝဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

ရန်ကုန်မှလှည့်၍ ပဲခူးသို့ ဘုန်းတော်ကြီးထံ ရောက်လာ၏။ ဘုန်းတော်ကြီးထက် တစ်ဝါ
နှစ်ဝါမျှ ကြီးသည်၊ အချင်းချင်းလည်း သတင်းစကားဖြင့် ရှေးကတည်းက အလေးပြုကြသည်။
ပခန်းဆရာတော်ကြီးက ဘုန်းတော်ကြီးအား-

“မီးရထားစီးပြီဟု ကြားရသည်။ ဟုတ်လေသလား” ဟု အပြစ်တင်စကား မိန့်ကြားတော်

မူသတတ်။

“အုတ်တွင်း သိမ်သမုတ်သွားရာမှအစ စီးမိပါပြီ။ ဆုံးမတော်မူပါ။ နာခံပါမည်” ဟု
လက်အုပ်ချီလျက် ဝန်ခံတော်မူ၏။

၏”

“မကျန်းမမာ ဂိလာန ဖြစ်လျှင် အပြစ်မဆိုသာပေဘူး။ တပည့်တော်ဖြင့် ကျန်းမာသေး
ဟု မိန့်တော်မူသတတ်။

ထိုအခါ ဘုန်းတော်ကြီး (ဦးသီလ) ဝန်ခံလျက် နေပုံမှာ ဘုရားအနီး ထုထားသော
ရဟန္တာရုပ်တုတော်ကဲ့သို့ ငြိမ်သက်လှသဖြင့် မြင်ရသူတို့ မှာ မျက်တောင်မျှ မခတ်နိုင်ကြကုန်။
ဘုန်းတော်ကြီးကိုစင်လျက် အပြစ်တင်စကား ရဲဝံ့စွာ မိန့် ကြားသော ပခန်းဆရာတော်ကြီး၏
သီလဂုဏ်တော် သမာဓိဂုဏ်တော် စသည်တို့ကိုလည်း တကယ့် အနန္တ ဟု သောင်းသောင်းဖြဖြ
အံ့သြချီးမွမ်းကြသည်မှာ ပဲ့တင်ထပ်မလောက်ဖြစ်ကုန်၏။ ပခန်းဆရာတော်ကြီး ပြန်ကြွ
သောအခါ သပိတ်သင်္ကန်း စသည်နှင့် စားသောက်ဖွယ် အမြောက်အမြား လှည်းတစ်စီးတိုက်မျှ
လှူလိုက်လေသတတ်။]

ဆရာတော်သည် သက်တော် ၉၁-နှစ်၊ ၁၂၈၁-ခုနှစ်တွင် ပျံလွန်တော်မူသည်၊
ဆရာတော် ရေးသားပြုစုခဲ့သော ကျမ်းနှစ်ကျမ်း ရှိပေသည်။ လွန်ခဲ့သော အနှစ်ငါးဆယ်ခန့်က
မန္တ လေးဓားတန်း ဂုဏဝတီ ပုံနှိပ်တိုက်မှ တစ်ကြိမ်၊ ၁၃၂၂-ခုနှစ်က သုဓမ္မဝတီတိုက်မှ
တစ်ကြိမ် ရိုက်ဖူး၏။ ဒုတိယ အကြိမ်ကား ရန်ကုန် ရွှေကြက်ယက်ကျောင်း ဆရာတော်
ဦးဝိသုဒ္ဓ “ဂူဖြူဆရာတော်ကြီး၏မြေးတော်” က ရိုက်နှိပ် လှူဒါန်းရာ ဓာတ်ပုံကိုပါ ဖူးတွေ့ရ
ပေသည်။

ကျမ်းအမည်မှာ “ဒိဋ္ဌိဝိစ္ဆေဒ ပကာသနီ’-နှင့် “ဓာတုဘေဒဝိနိစ္ဆယ” ကျမ်းများ

ဖြစ်သည်။

JAZ


## PAGE 257


ပုသိမ် ဝိဂဒါရုံ ဆရာတော်

(

၁၁၉၄ - ၁၂၃၈ )

နှစ်ပေါင်းသုံးဆယ်ကျော် ရှိခါမှ ထူးဆန်းစွာ အလောင်းတော် ဖူးတွေ့ရသဖြင့်
ပုသိမ်မြို့ မိဂဒါရုံဆရာတော်ဘုရားကြီး (ဘွဲ့ ဦးသုမနာစာရ) အကြောင်းကို ကြည်ညိုကြရ
ပေသည်း

ဆရာတော်ကား အမရပူရမြို့ ဇာတိ၊ ပုဏ္ဏားမျိုး ဓာတ်မှ ဖွားမြင်သည်ဟု ဆိုသည်။
ရှမ်းကလေးကျွန်း ဆရာတော်နှင့် နာမည်ကျော် သိလရှင်ဆရာကြီး ဒေါ်ကင်း တို့ အဆက်အနွယ်
မဏိပူရ ကသည်းလူမျိုး ဖြစ်ဖွယ်ရှိလေသည်။ ၁၁၉၄-ခုနှစ် နယုန်လဆန်း ၁ဝ ရက်
သောကြာနေ့ နံနက် တစ်ချက်တီးကျော်အချိန်၌ ဖွားမြင်သည်။

ဒုတိယ မောင်းထောင် သာသနာပိုင် ဆရာတော် (အရှင်ဉေယျဓမ္မ) နှင့် ရှမ်းကလေးကျွန်း
ဆရာတော်များ ထံ၌ ပိဋကစာပေများ သင်ကြား တတ်မြောက်တော် မူခဲ့သည်။

တနင်္သာရီ၊ ရေး၊ မြိတ်၊ ထားဝယ်မြို့များ၌ သာသနာပြု ကြွရောက်၍ ထိုမှတစ်ဖန်
ရန်ကုန်၊ လက်ပံတန်း၊ ဟင်္သာတမှ တစ်ဆင့် ပုသိမ်မြို့ သို့ ရောက်တော်မူလာ၏။ ၁၂၃၈-
ခုနှစ်လောက်တွင် ပုသိမ်မြို့ သို့ ရောက်တော်မူဟန် ရှိသည်။

ဖြိုးကွင်းဆရာတော်

ဆရာတော်သည် ပုသိမ်သို့ ရောက်လျှင် ယခု မိဂဒါရုံ ကျောင်း၏ မြောက်ကန်သုံးဆင့်
အနီးအပါးတွင် တစ်ပါးတည်း တောရဆောက်တည်တော်မူ၏၊ ထိုစဉ်က ထိုဒေသသည်
လူသူကင်းဝေးကာ ဆင်နေကျားအောင်း ပုပြောင်း ထူထပ်သော တောအရပ်ပင် ရှိသေးသည်။
အသည် ကြီးကုန်း အရပ်များသို့ ဆွမ်းခံတော်မူရသည်။

တစ်နေ့သောအခါ တောရကျောင်းကလေး အနီးတွင် တောင်ယာခုတ်ထွင် လုပ်ကိုင်သော
ဒကာတစ်ဦးက အမှိုက်များကို မီးရှို့ရန် အခြောက်ခံ စုပုံထားရာ ဆရာတော်လည်း
နံနက်စောစော ထိုအမှိုက်ပုံကြီး အနီးကပ်၍ တရားရှုမှတ်တော်မူနေ၏။ တောင်ယာလုပ်သူ
ဒကာက အမှိုက်ပုံကြီးကို မီးတင်ရှို့၍ လှည့်ပတ်ကြည့်ကာမှ ဆရာတော်အား မီးတောက်
မီးလျှံများဟပ်ကာ ပတ်ပတ်လည် မီးဝိုင်းနေသည်ကို ဖူးတွေ့ ရလေသည်။ မီးများကို
ကမန်းကတန်း ငြိမ်းသတ်သော်လည်း မရ။ ဆရာတော်ကိုသာ ဇွတ်ဝင် ပွေ့ချီကာ
မီးလွတ်ရာသို့ ပင့်ရတော့သည်။ ဒကာလည်း အလွန်စိတ်ထိခိုက်ကာ အမျိုးမျိုး ဝန်ချ
တောင်းပန်ရှာ၏။

“ဟဲ့...ဒကာ၊ ငါ့မှာ ဘာမှ မဖြစ်ပါဘူး။ ငါသည်းခံပါတယ်။ သင်မသိလို့
လုပ်မိတာကပဲ” ဟု မိန့်တော်မူကာမှ စိတ်သက်သာရာ ရလေ၏။


## PAGE 258

၂


ဓမ္မာစရိယ ဦးဌေးလှိုင်

ကောလာဟလကြောင့် ရွှေ့ပြောင်းရ

ယင်းသို့လျှင် ဆရာတော်သည် ထိုအနီးတစ်ဝိုက်၌ သမထ, ဝိပဿနာတရား
ပွားများ အာထုတ်၍ နေရာ တစ်ရပ်ကွက်လျှင် သုံးရက်မျှသာ ဆွမ်းခံတော်မူ၍ သုသာန်ဓုတင်
စသော ဓုတင်များကိုလည်း ဆောင်တော်မူ၏။

"

“ရဟန္တာ ဆွမ်းခံကြွလာတော်မူမည်” စသော အိပ်မက်နှင့် ကောလာဟလများကြောင့်
လှူဒါန်း ဖူးမြင်သူများ အဆမတန် မျးပြားလာသဖြင့် တရားအလုပ်ပျက်၍ ပုသိမ်အရှေ့ပိုင်း
သစ်ညိုကုန်း၊ မြို့ချောင်း၊ တကုန်းကြီး၊ ကိုးသောင်း၊ ရေတွင်းကုန်း၊ ရေကျော်ကြီးစသော
ရပ်ရွာအသီးသီး တစ်နေရာပြီး တစ်နေရာ မနားတမ်း ပြောင်းရွှေ့တော်မူနေရ၏။

တစ်စတစ်စ တရားစကား. အနည်းငယ် ဟောပြော၊ ဆုံးမတော်မူလျက် နေခဲ့ရာ
၁၂၄၂-ခုနှစ်တွင် ပုသိမ်မြို့ ဦးကုလားနှင့် အသည်ကြီးရပ် ပွဲစားကြီး ဦးရန်စိုက် ဒေါ်ချင်းမတို့က
မှန်ကျောင်းကြီး ဆောက်လှူကြသဖြင့် တောရနေရာမှ ယခု မိဂဒါရုံ ကျောင်းသို့ ကြွရောက်
သီတင်းသုံးရသည်။ ကျောင်းဒကာကြီး ဦးရန်စိုက်မှာ အသည်ကြီးရပ်မှ ကျောင်းရှိရာ
ကုန်းရပ်ကွက်အထိ နှစ်မိုင်ကျော် သုံးမိုင်ခရီးကို နေ ့စဉ်မလပ် လာရောက်လေ့ရှိသည်။
တရားအားထုတ်နေသော ဆရာတော်၏ ကိုယ်မှ အရောင်အဝါများ ထွက်ပေါ် ကွန့် မြူးသည်ကို
ကြည်ညို၍ မဝနိုင်သောကြောင့် ဖြစ်၏။

ရောင်းရေးဝယ်တာ အိမ်မှုကိစ္စများကို ကျောင်းအမကြီး ဒေါ်ချင်းမအား လွှဲအပ်ထားရာ
ဒေါ်ချင်းမမှာလည်း တစ်ပုတ်တစ်တောင်း ရောင်း၍ကောင်း၊ ရောင်းလို ့မကုန်သော ဆန်များ၊
ဆူဝေလျှံကျသော ဆီအိုးများကို ကြည့်ကာ ဒိဋ္ဌဓမ္မ ဝေဒနိယ (လက်ငင်းအကျိုးပေး) ကံကို
သဘောပေါက်လာရ၏။ ၁၂၄၃-ခုနှစ်တွင် ပိဋကတိုက်ကြီး တစ်လုံးကိုပင် ထပ်မံ၍
ဆောက်လှူနိုင်ကြပြန်သည်။ ထိုတိုက် ရေစက်ချပွဲသို့ အုတ်ဖိုဆရာတော်ကြီးသည် နောက်ပါ
သံဃာများနှင့်အတူ ကြွရောက်ချီးမြှောက်ကာ တစ်ဝါတွင်း သီတင်းသုံးတော်မူ၏။

ကြည့်တိုင်းသပ္ပာယ် ကြည်ညိုဖွယ် သတိပဋ္ဌာန် အလှ

တစ်နေ့တစ်ခြား ဆရာတော်၏ လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးလုံး
ကြည်ညိုဖွယ်ချည်း ဖြစ်နေ၏။

ဆရာတော်သည် မျက်လွှာချ၍ အမြဲနေတော်မူခြင်း၊ စကားအပို မပြောခြင်း၊
မည်သည့်အခါမျှ သင်္ကန်းကိုယ်ရုံ၏ .. အတွင်းသားများကို အတွင်းနေ တပည့်များပင်
မမြင်စဖူးအောင် ဆိတ်ကွယ်ရာ၌ပင် သင်္ကန်းကို သေသပ်ပိရိစွာ ဝတ်ရုံတော်မူလေ့ ရှိခြင်း၊
ဆွမ်းဘုဉ်းပေးသောအခါတွင်လည်း ဆွမ်းလုတ်ယူတာ၊ စားတာ၊ မျိုတာ၊ ဇွန်းပန်းကန်
ကိုင်တွယ်တာမှအစ- ညင်သာသိမ်မွေ့ခြင်း စသည်တို့ကြောင့် ဖူးမြင်ရသူတိုင်း မျက်စိတွင်
ငြိမ်းကြည် အေးချမ်းမှုဓာတ်များ ကူးစက်နေတော့၏။ ဖူး၍ မဝနိုင်ကြလေ။

