## PAGE 259


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၀၃

“ကြံစည်စိတ်ကူးသော စိတ်ကအစ လှုပ်ရှား ထိတွေ့ ရသမျှ ပြုပြင်သမျှ ကိုယ်အမှုအရာ
အားလုံးကို ရှုမှတ်၍ ရှုမှတ်၍ နေသည်ကို တရားရှုမှတ်သည် မည်၍ ထိုရှုမှတ်သိမြင်မှု
(သမ္ပဇည သတိပဋ္ဌာန) သဘောများ အလိုလို တည်ရှိနေသော အရိယာ သူတော်ကောင်းတို့၏
သဘောတော်ကား ဤသို့ပင်တည်း” ဟု ကောင်းစွာ နားရည် မဝသေးဘဲ ရှိနေကြရာ
ဆရာတော် တစ်ပါးတည်း ကိန်းအောင်းရာ အခန်းထဲအထိ ချောင်းမြောင်း၍ ကြည့်လိုသော
စိတ်များပင် ဖြစ်ပေါ်ကာ ဖူးကြည့်၍ မဝနိုင်ကြပေ။

ဘုရားလက်ထက်တော်က ဝိသာခါ ကျောင်းအမကြီးသည် သမီးများ၊ မြေးများနှင့်
ခွဲခြား၍ မရအောင် အပြိုင်လှသူဖြစ်၏။ မြင်ရသူစိတ်၌ ဝိသာခါ ငုံ ့နေလျှင် မော့သွားမှာ
စိုးရိမ်ကြ၏။ မော့နေလျှင်လည်း ငုံသွားမှာ နှမြောနေကြသည်။ မိမိမြင်ရတိုင်းသော အမူ
ဟန်ပန်ကလေးများ အနေအထား ပြောင်းလဲမသွားဘဲ အလှအရသာကို ခံစားလိုကြသောကြောင့်
ဖြစ်၏။ စင်စစ် ဝိသာခါ၏အလှသည် ပကတိအလှသာ မဟုတ်ချေ။ ဘယ်တော့မှ
ရိုးမသွားနိုင် သော အမြဲတမ်း လှပစေသည့် အလှမှာ အရိယာတို့၏ အလှ၊ သတိပဋ္ဌာန် .
အလှတစ်ခုသာ ရှိပေ၏။ (လှချင်သူတိုင်း တရားအားထုတ်ကြလေ။).

“ဂေါတမဗုဒ္ဓဟာ ဆွမ်းစားတာတောင် အလွတ်မစားပါဘူး။ ဆွမ်းလုတ်တိုင်း
ဆွမ်းလုတ် တိုင်းမှာ ရည်ရွယ်ချက် ရှစ်မျိုးနဲ ့ပဲစားတော်မူပါတယ်” စသည် ဘုရားရှင်အား
အသေးစိတ် လေ့လာသူ ဥတ္တရလုလင်က သူ၏ဆရာ ဗြဟ္မာယုပုဏ္ဏားကြီးအား ဘုရားရှင်၏
အသေးစိတ် ကြည်ညိုဖွယ်များကို ပြန်လည် ပြောပြသကဲ့သို့ ဆရာတော် ဆွမ်းဘုဉ်းပေးသည်ကို
ကြည်ညို၍ (ကြည့်ကောင်း၍) တမင် ဆွမ်းလာကပ်သူများလည်း မနည်းချေ။

ဆရာတော်သည် အသက်တော် အတန်ထောက်လာသောအခါ တပည့်သံဃာ
လေးဆယ်ကို တိုက်အုပ် ဘုန်းကြီး ဦးသုဒဿနအား လွှဲအပ်၍ မိမိမှာမူ အပ္ပမာဒသတိပဋ္ဌာန်
အလုပ်ဖြင့် အချိန်ပြည့် မွေ့လျော်တော်မူ၏။

သက်တော် ရှစ်ဆယ်ကျော်လျှင် သောတပသာဒ ချွတ်ယွင်း (နားမကြား) ၍ စာဖြင့်
ရေးသားလျှောက်ထားရသည်။ ဆွမ်းပွဲပြင်ပြီး၍ ပင့်လျှင်လည်း ဦးသုဒဿန ဆရာတော်က
ဆရာတော်အခန်းသို့ ဝင်ပင့်ရ၏။ အခန်းမှ ထွက်ကြွလာလျှင်လည်း သင်္ကန်းများ အဝန်းညီစွာပင်
သပ္ပာယ်၍ ဒုကုဋ်သင်္ကန်းကြီးကို လက်ဝဲပခုံးထက်တင်ကာ ထိုင်နေရာတွင်လည်း ညင်သာစွာ
ထိုင်တော်မူ၏။ အခန်းတွင်းသို့ ပြန်ဝင်ရာ၌လည်း ထို့အတူပင် ညင်သာစွာ လှမ်းကြွ
ဝင်စံတော်မူ၏။

မာန်လည်ဆရာတော် အိပ်မက်ရ ကန်တော့ခန်း

၁၂၆၈-ခုနှစ်တွင်ကား သက်တော်ခုနစ်ဆယ် ရှိပြီဖြစ်၍ ကလျာဏီ ပွဲစားကြီး ဦးသာ
ဒေါ်စောတို့ သီးသန့်ဆောက်လှူသော တစ်ထပ်တိုက်၌သာ အမြဲရှုပွား၍ နေတော့၏။
သက်တော် ရှစ်ဆယ်ခန့်အထိ ညအခါ သုသာန်သို့ ကြွတော်မူသည်။


## PAGE 260


၀၄

မ္မာစရိယ ဦးဌေးလှိုင်

၁၂၈၁-ခုနှစ်က မာန်လည် ဆရာတော်သည် ပုသိမ်သို့ ကြွရောက်လာ၏။ ရွှေမုဋ္ဌော
ဘုရားကြီး၌ လျှပ်စစ်မီး ပူဇော်ရာ ပုသိမ်ဦးပဒုမနှင့် အပ်-မအပ် အငြင်းပွား၍ ဝိနည်းတရား
ဆုံးဖြတ်ရန် ကြွလာခြင်း ဖြစ်သည်။ ဘုရားရင်ပြင်ပေါ်၌ပင် သီတင်းသုံးကာ ဒကာ
ဒကာမများအား တရားဟောပြရင်း အဓိကရုဏ်းကို ငြိမ်းပြတ်စေခဲ့သည်။

တစ်ညသောအခါ မာန်လည်ဆရာတော်၌ အိပ်မက်ဆန်းတစ်ခု မြင်မက်၏။ အလွန်
သပ္ပာယ် ကြည်ညိုဖွယ် ကောင်းလှသော ဆရာတော်ကြီးတစ်ပါး မိမိ၏ နဖူးပြင်အထက်၌
စင်္ကြံကြွလျှောက်နေသည်ဟု မြင်မက်၍ အိပ်မက်အရ ပုဂ္ဂိုလ်ထူးများကို စုံစမ်းသောအခါ
မိဂဒါရုံဆရာတော်ကြီးအကြောင်း ကြားသိ ကြည်ညိုရသဖြင့် လှူဖွယ်ပစ္စည်းများဖြင့် သွားရောက်
ကန်တော့၏။ ဆရာတော်ကြီးကလည်း လှူဖွယ်ပစ္စည်းများ တုံ့ ပြန် စွန့် လှူကာ သာသနာရေး
ဆွေးနွေးဦးချပြီး ပြန်လာခဲ့သည်။

ကျောင်းတိုက်အဝသို့ ရောက်ခါမှ ဆရာတော်ကြီးအား ဖူးမြော်ရသည်မှာ အားမရ၍
တစ်ကြော့ပြန်ပြီး ဖူးပြန်သည်။ ခရီးသွားရင်း လှူရသဖြင့် ထိုက်တန်မွန်မြတ်အောင်
လှူဒါန်းပူဇော်ခွင့်မရ၍ မာန်လည်ဆရာတော်၏စိတ်၌ အားရကျေနပ်တော် မမူလေ။ သို့နှင့်
ရုတ်တရက် အကြံရသဖြင့် မိမိကိုယ်၌ ရုံလွှမ်းလာသော အလွန်အဖိုးတန် ကောင်းမြတ်သည့်
ကတ္တီပါ သင်္ကန်းကြီးကို အလှူခံတော်မူရန် လျှောက်ထားဆက်ကပ်ပြန်သည်။

“မာန်လည်ဆရာတော်ကား ဘုန်းကံကြီးမားသော ပညာရှိ - ယောက်ျားကောင်း
တစ်ဆူဖြစ်တော်မူတယ်။ ဒါ့ကြောင့် သူလှူတဲ့ သင်္ကန်းကြီးဟာ ငါတို့ဆင်မြန်းရန် မထိုက်တန်ဘူး။
သိမ်တော်ကြီးထဲမှာ သီတင်းသုံးတဲ့ လျောင်းတော်မူဘုရား ကိုယ်တော်မြတ်ကြီးအား
သွားရောက်တင်လွှမ်းပြီး လှူဒါန်းကြချေ” ဟု မိန့်တော်မူသဖြင့် အနီးရှိ ဒကာများက
ရုပ်ပွားကိုယ်တော်မြတ်ကြီးအား သွားရောက် တင်လှူကြရသည်။

သာသနာပိုင်၏ ကိုယ်ပိုင်ဘဝ

မိဂဒါရုံဆရာတော် ဘုရားကြီးသည် ပရိယတ္တိဘက်ကလည်း ပြည့်စုံတော်မူလှ၏။
ဒသသီလဝိနိစ္ဆယကျမ်း၊ ဝန္ဒနာဒိဝိနိစ္ဆယကထာ၊ သက္ကာယဒိဋ္ဌိကထာ၊ သြဝါဒကထာစာတန်း၊
ယထာဝိနယဝပနာယိကစာတန်း(ပ၊ဒု) စသော ကျမ်းများကိုလည်း ၁၂၇၁-ခုနှစ်
အတွင်းက ပြုစုတော်မူခဲ့သည်။

ပထမ, ဒုတိယ ဒွါရသာသနာပိုင်းများ ဖြစ်တော်မူကြသော အုတ်ဖိုဆရာတော်နှင့်
လက်ပံတန်း မဟာဗောဓိဝန် ဆရာတော်တို့ ၁၂၆၀-ခု၊ ၁၂၇၅-ခုနှစ်များ၌ အသီးသီး
ပျံလွန်တော်မူကြရာ ဆရာတော်ဘုရားကြီးအား ၁၂၇၅-ခုနှစ်မှစ၍ တတိယဒွါရ သာသနာပိုင်
အဖြစ် တင်မြှောက်ခဲ့ကြသည်။ သို့ရာတွင် ဆရာတော်ဘုရားကြီးကား သတိပဌာန်
အာနာပါန မိမိ၏ ပဓာနအလုပ်၊ ဘုရားရှင် အလိုတော်ကျ သာသနာ့ အလုပ်ကိုသာ
ရာသက်ပန် အားထုတ်တော်မူလေသည်။


## PAGE 261


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၀၅

မိမိကိုယ်ကို ပိုင်နိုင်အောင် လုပ်ခြင်းလောက် ကောင်းသော ပိုင်ဆိုင်မှုသည် မရှိချေ
မိမိကိုယ်ကိုမှ (ဝါ) မိမိ၏ မျက်စိ၊. နား၊ နှာ၊ လျှာ၊ ကိုယ်စိတ်ကိုပင်သော်မျှ ပိုင်နိုင်သသူ
မဟုတ်ပါသေးဘဲလျက် အခြားသက်ရှိ သက်မဲ့များအပေါ် ပိုင်နိုင်သူ လုပ်ရတာလောက်
ကြောက်ဇရာဘဝ မရှိပြီ။

သရီ (သ+ဤရ=ပဝတ္တန) သယံဝသိ=ကိုယ့်သဘောကျ. ကိုယ်စိုး... ကိုယ်ပိုင်
ကိုယ့်ကိုယ်ကို နိုင်နင်းအောင် လုပ်ဆောင်နိုင်ခြင်း” သည် လောက၌ အရေးကြီးလှပေသည်။
လူများစုကား ကိုယ့်ကိုယ်ကို (ကိုယ့်စိတ်ကိုယ်) မစိုးပိုင် မနိုင်နင်းကြသဖြင့် မြင်လျှင်
မြင်ရာနောက်သို့၊ ကြားလျှင် ကြားရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါနစ်မျော
နေကြရလေသည်။ အလွယ်တကူ အာရုံ တစ်စုံတစ်ခု မရောက်မရလျှင်လည်း ထိုင်နေရင်း
အလုပ်ရှုပ်ကာ အာရုံကို လိုက်လံရှာဖွေ ကြံစည်နေကြရသည်။

မြင်တိုင်း ကြားတိုင်း လိုက်ပါနေကြသဖြင့် မြင်သမျှ ကြားသမျှကို နာမ်အာဟာရအဖြစ်
မသုံးဆောင်နိုင်ဘဲ (မရှုမှတ်နိုင်ဘဲ) ကောင်းမကောင်း အာရုံအလိုက် ထိခိုက်ရိုက်ပုတ်ခြင်း
ခံရကာ လောကဓံ ဒီလှိုင်းတွင် အချိန်ရှိတိုင်း နှစ်တုံပေါ်တုံ ဖြစ်ကြရကုန်၏။

ထူးဆန်းသော အလောင်းတော်

ဆရာတော်ဘုရားကြီးသည် သက်ရွယ်တော် ကြီးရင့်ကာ အချိန်အခါကို ကြိုတင်
သိမြင်တော်မူသည့် အလျောက် ၁၂၇၉-ခုနှစ် လောက်မှစ၍ အုတ်လိုဏ်ဂူတစ်ခုကို
စိတ်တိုင်းကျ ပြုလုပ်စေတော်မူ၏။ စကားကိုလည်း နည်းနိုင်သမျှ နည်းကာ တစ်ပါးတည်း
ကိန်းအောင်းတော်မူသည်။

၁၂၈၂-ခုနှစ် သီဟိုဠ်မှ ပင့်ဆောင်စိုက်ပျိုးထားသော လင်းလွန်းပင်ကြီးနှင့် ဦးသာ
တိုက်ကျောင်းကလေး ရှေ့၌ရှိသော ပိတောက်ပင်ကြီး သုံးပင်လုံးမှာ အကိုင်းအခက်များ
ခြောက်သွေ့ကာ အလိုလို သေကုန်ကြသည်။ ဆရာတော် ဘုရားကြီးလည်း-

“ငါသေရင် အလောင်းကို မီးမသင်္ဂြိုဟ်ကြနှင့်။ ပွဲလမ်းသဘင်တွေလဲ မလုပ်ကြနှင့်၊
ဒီလိုဏ်ဂူထဲမှာ သွင်းထားကြ” ဟု မိန့်မှာတော်မူကာ ၁၂၈၃-ခုနှစ် တန်ခူးလပြည့်ကျော်
၁၂-ရက်နေ့ (သက်တော် ၈၉-နှစ်) တွင် မည်သည့်ရောဂါ . ဝေဒနာကိုမျှ ပြင်းထန်စွာ
ခံစားရသည်မရှိဘဲ အပ္ပမာဒသတိဖြင့် စုတိချုပ်ငြိမ်း ခန္ဓာဝန် သိမ်းတော်မူလေ၏။

အလောင်းတော်မှာ နုပျိုပကတိ ရွှန်းအိသပ္ပယ်တော်မူသဖြင့် ထိုနှစ်တပေါင်းလ
အထိပင် အများရှင်လူ အပူဇော်ခံရလေသည်။ အကြည်ညိုလွန်ကြသဖြင့် မျက်နှာတော်နှင့်
ဦးခေါင်းတော်ကို ရွှေချပူဇော်ကြပြန်သည်။ အလောင်းတော်ကို ခိုးယူမှု ရှိသဖြင့် နောက်ဆုံး
တပေါင်းလဆန်း ၁၂-ရက်တွင် အန္တိမပူဇော်ပွဲပြု၍ ကျွန်းသားခေါင်း၊ ကြေးခေါင်းနှင့်
မှန်ခေါင်း သုံးထပ် ပူဇော်ထည့်သွင်းလျက် ဂူသွင်းကြလေသည်။ ကျောင်းဒကာ ဦးသာကလည်း
မည်သူမျှ မခိုးယူနိုင်အောင် ဂူကို ပိုမိုခိုင်ခံ့စွာ အုတ်ပြာသာဒ်ခံ၍ အပေါ်၌ စေတီပေါက်ကာ

