## PAGE 265


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၀၉

ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ဦးဘိုးကျော် (ဦးဘိုးကျော်မှာ ရဟန်းငယ်ဘဝ နှစ်ဝါ
အရတွင် ပျံလွန်ခဲ့၏။) ဘုန်းတော်ကြီး၏ အဘိုးမှာ မြန်မာဘုရင်လက်ထက် “ဘန်းကြီး
ဆောင်းရ အမှုထမ်း တစ်ဦးဖြစ်၏။

မယ်တော်ကြီး ဒေါ်ချိုမှာ ဘုန်းတော်ကြီးအလျာ ကိုယ်ဝန်ရှိစဉ် သီလသီတင်း နေ့စဉ်
စောင့်ထိန်းလိုခြင်း၊ သားလွတ်စားလိုခြင်း ချင်ခြင်းများဖြစ်၍ ထိုအတိုင်းပင် ကျင့်သုံးခဲ့၏။
“ဆူးသည် ဖြစ်စကတည်းက ချွန်သည်” ဟူသကဲ့သို့ ဘုန်းတော်ကြီး အလောင်းလျာသည်
သိတတ်သော အရွယ်မှစ၍ ခါးဝတ်မြဲ၏။ ရှက်ကြောက်သေဝပ်၏။ အစားအသောက်
ချေးမများ၊ စားစရာရှိလျှင် အဖော်နှင့် ဝေငှစား၏။ တောင်းလျှင် မသိုမဝှက် ရက်ရော၏။
ဆဲဆို ရိုက်ပုတ်ခြင်း မရှိ၊ ဘုန်းကြီးလုပ်တမ်း ကစားလေ့ရှိသည်။ သူငယ်ချင်းတို့အပေါ်
လွန်စွာ သည်းခံ၏။

ဆယ်နှစ်သားတွင် ပဲခူးအနောက်မြောက် ကျိုက်ဒေးယျံ ဘုရားအနီး ကော့ပြင်းရွာ
ဘုန်းကြီး ဦးမှူးထံ ကျောင်းနေ၍ ၁၂-နှစ်တွင် ရှင်ပြု၏။ ဘွဲ့ ရှင်သီလသာရ၊ ၁၂၁၃-ခုနှစ်
တပို့တွဲလ တံငါကျိုက်ဒေးယျုံ ဘုရားကုန်းရှိ သိမ်၌ ပီလခတ်ရွာ ဘုန်းကြီးကို ဥပဇ္ဈာယ်ပြု၍
ရဟန်းပြုသည်။ နှစ်ဝါရလျှင် ဘုန်းကြီးပုံ (ဘွဲ့-ဦးစန္ဒာလင်္ကာရ) ထံ၌ ငါးဝါရသည့်တိုင်
ပရိယတ္တိသင်ယူသည်။ ဘုန်းကြီးပုံ၏ကျောင်းတိုက်မှာ ယခုပဲခူးဈေးကြီးအနီး အရှေ့
မြောက်ထောင့်၌ ကျောင်းရံများစွာနှင့် ထောင့်ကျောင်းခေါ် ကျောင်းတိုက်ပင်တည်း။ ထိုစဉ်ကပင်
အဟောအပြောကောင်း၏။ ပြတ်သား၏။

၁၂၁၈-ခုနှစ် ငါးဝါအရတွင် ရန်ကုန်မြို့ (ယခု ကျိုက်ထီးရိုး ကျောင်းတိုက်)
ပုဇွန်တောင် တောင်လုံးပြန် ရွှေကြက်ယက်ဘုန်းကြီး ဦးမေဓာဝီထံ စာသင်သည်။
တစ်ဝါနေပြီးနောက် ပဲခူးသို့ပြန်၍ တစ်ရွာတည်းသား ဖြစ်သော ကလျာဏီတောရ ဘုန်းကြီး
ဦးဝဏ္ဏထံ တစ်ဝါနေ၍ စာသင်၏။ (ထိုစဉ်က ကလျာဏီ ဟင်္သာကုန်း စသည့်
ဌာနများကား ဆင်နေကျားအောင်းဖြစ်၏။ ရွှေသာလျောင်းဘုရားသည်ပင်လျှင် မြေပို၍
ကုန်းမြင့်ဖြစ်ကာ လှည်းများပင် ကျော်ဖြတ်မောင်းရ၏။ ၁၂၄၃ ခုနှစ်မှ ရုပ်ပွား ပေါ်တော်
မူခဲ့သည်။)

၁၂၂ဝ-ပြည့်နှစ် ခုနစ်ဝါအရတွင် အဖော်နှစ်ပါးနှင့်အတူ စစ်ကိုင်းတောင်ရိုး အရိယဝံသ
ရေငုံတိုက်၌ တစ်ဝါစာသင်ပြန်သည်။ ထိုမှ မန္တလေးအရှေ့ပြင် စလင်းတိုက်၌ တစ်ဝါနေ၍
စာပေသင်ယူပြန်၏။ ဘုန်းတော်ကြီးသည် ရှစ်ဝါကျော် ကိုးဝါရထိ စာပေ ပရိယတ္တိကို
သင်ယူခဲ့ပြီးနောက် တောရဆောက်တည်လေတော့သည်။ ရောက်လေရာ တောတောင်တို့၌
ပြောင်းရွှေ့ သီတင်းသုံးလျက်က စာသင်တိုက်ကြီးများကို တဘက်ကတည်ထောင်၍ ပရိယတ္တိ
သာသနာတော်ကြီးကို ချီးမြှောက်တော်မူခဲ့၏။ မိမိမှာမူ ရာသက်ပန်အရညဝါသီ တောပျော်
ယောဂီကြီးအဖြစ် သီတင်းသုံးတော်မူခဲ့လေသည်။


## PAGE 266

၂၁၀


ဓမ္မာစရိယ ဦးဌေးလှိုင်

သုသာန်ဓုတင် တောရဝင်ခြင်း

၁၂၂၂-ခုနှစ် ကိုးဝါအရတွင် ဘုန်းတော်ကြီးသည် စာပေပရိယတ္တိဒဏ်နှင့် ဘဝပေး
ပါရမီကံ၏ နှိုးဆော်ချက်အရ ကျန်းမာရေး ချို့တဲ့သဖြင့် နေရပ်သို့ ပြန်ကြွလာတော်မူရ၏။
အတော်အသင့် ကျန်းမာလာလျှင် ပဲခူးအနောက်ဘက် လာကမွတ်ရွာ၊ တောင်ဘက်ဈေး
ညောင်ပင်ရွာ၊ ကျိုက်ပတိုင် ကုန်းတန်းရွာတို့၌ တစ်လှည့်စီ ခေတ္တရွှေ့ပြောင်း၍ သီတင်းသုံးသည်။
ထိုသီတင်းသုံးရာတွင်လည်း ကျောင်းမဟုတ်။ ထိုရွာများ၏ သုသာန်တို့သာ ဖြစ်ကြ၏။
ထိုသုသာန်များသည် တောရမခေါ်လောက်သဖြင့် ရွာနှင့်တာ ၅ဝဝ (ငါးဖာလုံခန့်) ဝေးကွာသော
တောထဲမှာပင် နေတော်မူသည်။

အတူစာသင် ကြွဘက်ဖြစ်သော ကလျာဏီဦးဝဏ္ဏ၊ ဈေးညောင်ပင်သား ဦးသုမန
တို့လည်း ကလျာဏီတောနှင့် အရှေ့ ရွှေနံ ့သာသို့ အသီးသီး တောဝင်ကြ၏။ မန္တ လေးမှ
အတူလိုက်ပါလာသော ဦးအာစရလည်း ဦးဝဏ္ဏနှင့်အတူ တောရဝင်၍ နောက် ကြခတ်ဝိုင်းသို့
ရွှေ့ပြောင်းနေတော်မူသည်။

´ ဘုန်းတော်ကြီးနှင့် ကလျာဏီဦးဝဏ္ဏတို့သည် ထိုစဉ်က အလွန်ထင်ရှား၍ တပည့်
အင်အားကောင်းသော ထောင့်ကျောင်းကြီး ဂိုဏ်းအုပ် ဆရာတော်ကြီး ဘုန်းကြီးပုံအား
တောရဝင်ရန် လှုံ့ဆော်ကြ၏။ ဘုန်းကြီးပုံကား မူလကတည်းက သဒ္ဓါဝီရိယရှိသူဖြစ်သည်။
ဆရာလည်း ဖြစ်ခဲ့၏။ ထိုစဉ်က ဘုန်းတော်ကြီး အချို့မှာ လှည်းနွားထောင်၊ ဗေဒင်ဟော၊
ဆေးကုငွေစုခြင်း စသော သာသနာတော်နှင့် မအပ်မရာ (အနေသန, မိစ္ဆာဇီဝ, ကုလဒူသန)
များ အတုယူ ပြိုင်ဆိုင်နေကြသည်ကို တောရ ရဟန်းငယ်များ စိတ်မကောင်းရှာကြ။
အထူးသဖြင့် “ခေါင်” ဖြစ်သူ ဆရာ (ဘုန်းကြီးပုံ) ကစ၍ ဖြိုရန် စဉ်းစားရင်း တစ်စတစ်စ
နားဖောက်ကြ၏။ ဆွဲဆောင်ကြ၏။ ဘုန်းကြီးပုံလည်း ဂါမဝါသီရဟန်း၏ အမူအကျင့်
အလေ့ဆိုးများ၊ တဏှာအနှောင်အဖွဲ့၏ လှည့်စားဖမ်းမျိုးပုံ၊ အတုမြင် အတတ်သင်ကာ
လူကျင့်လူကြံ ကျင့်ကြံ၍ အလဇ္ဇီ, ဒုဿီလ တွေသာ ဦးရေများလာပုံတို့ကို မြင်လာတော့သည်။

“ငါသည် သံဃာများစွာကို အုပ်ချုပ်၍ ဂိုဏ်းအုပ်ကြီး လုပ်ကာမျှနှင့် မပြီးသေး။
သာမန်ကုသိုလ်မျှသာ ရှိသေး၏။ ဂိုဏ်းအုပ်ကြီးကား အပါယ်ဘေးမလုံချေသေး” ဟု
မိမိဘာသာ စဉ်းစား၍ တောထွက်ရန် ဆန္ဒများ ကြီးထွားလာခဲ့၏။

ဆရာ့ပစ္စည်းကို မီးရှို့၍ ကျေးဇူးဆပ်ခြင်း

ထိုအတောအတွင်း ဘုန်းတော်ကြီး ဦးသီလကလည်း မိမိငယ်ဆရာအတွက် အမျိုးမျိုး
အကြံထုတ်၍ ဆရာလုပ်ရာ မရောက်အောင် ကြံဆောင်ရလေတော့သည်။ တစ်နေ ့သောအခါ
တောထဲမှ သပိတ်လွယ်၍ ဘုန်းကြီးပုံ ကျောင်းဆီသို့ ကြွလာခဲ့၏။


## PAGE 267


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဟု

၂၁၁

မိမိငယ်စဉ်ကာလ ဝိနည်းမတတ်မီက ဘုန်းကြီးပုံထံတွင် ရဟန်းငါးဝါ့ထိ နေခဲ့ရ၍
သာမှု နာမှု သွားရန် ကိစ္စပေါ်လျှင် မိမိကိုယ်တိုင် လှည်းဦးစီးလုပ်ခဲ့ရပုံကို မြင်ယောင်မိလေ၏၊
မိမိပင်ကိုယ် အလေ့ ဝါသနာအရ အရာရာတွင် သေသပ်ခြင်း၊ လူကြီး စိတ်ချလောက်အောင်
ဆောင်ရွက်တတ်ခြင်း စသည်တို့ကြောင့် ဘုန်းကြီးပုံက “ဦးပဉ္စင်း လှည်းမောင်းပုံက
ခရီးလည်းတွင်၊ နွားလည်းသက်သာပေ၏” ဟု ချီးကျူးခံရကာ အဝေးသို့ သွားစရာ ရှိသမျှ
ဦးပဉ္စင်း ဦးသီလသည် လှည်းဦးစီးချည်း လုပ်ခဲ့ရလေ၏။ ထိုအမူအကျင့်တို့ကား
ဝိနည်းတတ်လာသော ဦးပဉ္စင်း ဦးသီလအား ထောင့်ကျောင်းကြီးမှ ထွက်ခွာစေတော့၏။
ငယ်စဉ်က အဖြစ်အပျက်များကို စဉ်းစားရင်း လျှောက်ခဲ့ရာ ဘုန်းကြီးပုံ ကျောင်းကြီးတိုက်
သို့ ရောက်လာ၏။ သို့သော် တိုက်ထဲသို့ကားမဝင်။ ကျောင်းအပြင်ရှိ ဇရပ်၌သာ စတည်းချ
လေ၏။ သားရေနွယ်ကိုခင်းကာ မေတ္တာစသော ကမ္မဋ္ဌာန်းဘာဝနာကို ပွားလိုက်၊ လျှောက်ထား
ရန် စဉ်းစားလိုက်နှင့် နှစ်ရက်ခန့် ကြာသွား၏။ “အလဇ္ဇီ ရဟန်းတစ်ပါးသည်လည်း
လဇ္ဇီရဟန်းပေါင်း အရာအထောင် ပြန့်စေ့နိုင်သေးလျှင် လဇ္ဇီရဟန်းတစ်ပါးသည်လည်း
လဇ္ဇီရဟန်းပေါင်း အရာအထောင်မက ပြန့်ပွားစေရမည်” ဟုလည်း အားခဲတော်မူထား၏။

ကျောင်းတိုက်ထဲသို့ မဝင်ဘဲ နေခဲ့ခြင်းမှာလည်း အများအားဖြင့် ရဟန်းများ
မအပ်မစပ် ကိုယ်တိုင် ဒီမံခန့်ခွဲ ဆောက်လုပ်စေမှု (ပယောဂ) များ ပါဝင်တတ်ရာ ဝိနည်း
လေးစားသော ရဟန်းတို့သည် ကျောင်းတိုင်း၌မနေ။ ဘုရားစေတီတိုင်း ဦးမချကြ။
မအပ်စပ်သော ကျောင်းကန်ဘုရားကား တစ်သာသနာလုံးနှင့်ပင် မအပ်၊ ထိစပ်သမျှ
အာပတ်သင့်စေတော့သည်။ ပညာနည်းသော အလှူရှင်တို့လည်း အကျိုးနည်းကြရလေတော့၏။
ဤသဘောကို မသိသူတို့က “ကြီးကျယ်လိုက်တာ” ဟု ထင်မှားတတ်ကြလေသည်။

ဘုန်းကြီးပုံလည်း ဇရပ်၌ ဦးသီလ ရောက်နေသည်ကို သိရသဖြင့် ကိုယ်တိုင်
ကြွလာ၏။

“ဦးပဉ္ဇင်း၊ ဘာဖြစ်လို ့ ကျောင်းပေါ် မလာဘဲ ဒီမှာနေရသလဲ။ တို့များမှာ
ဘယ်လိုအပြစ်များ မြင်လို့လဲ” ဟု ဘုန်းကြီးပုံက မေးရာ......

“ဆရာဘုရားသည် အများတပည့်၏ ကျေးဇူးရှင်ကြီး ဖြစ်ပါသည်။ ဆရာသမား၏
ကျေးဇူးကြောင့်ပင် ဝိနည်းကျမ်းဂန်များ တတ်မြောက်ခဲ့ရပါသည်။ ဝိနည်းပြစ်မကင်းသော
အရာများတွေ့ရ၍ ကျေးဇူးဆပ်မည်အကြံဖြင့် အခါအခွင့်ကို စောင့်လင့်နေခြင်း ဖြစ်ပါသည်
ဘုရား” ဟု လျှောက်ထားလိုက်ရာ ဘုန်းကြီးပုံမှာ စိတ်မခုသည့်အပြင် ဝမ်းမြောက်သွား၏။
“ဦးပဉ္စင်း၊ တို့များမှာ တပည့်အများရှိသော်လဲ ဦးပဉ္စင်းကိုသာ အားထားသည်။
မသင့်လျှင် ပြုပြင်ပါ၊ တို့များကို ပစ်မထားပါနှင့်၊ တို့များ အားလုံးအခွင့်ပေးသည်” ဟု
မိန့် တော်မူသဖြင့်-

“ဤသို့ခွင့်ပြုပါလျှင် သာသနာနှင့် မစပ်သော လှည်းယာဉ်၊ လှေလောင်းမှအစ
သုတ်သင်ပါရစေ ဘုရား” ဟု လျှောက်၏။

ဆရာကလည်း ကျေကျေနပ်နပ်ကြီး ခွင့်ပြုသဖြင့် . မအပ်မရာ ပစ္စည်းအားလုံး ရ၍

