## PAGE 268


၂၁၂

ဓမ္မာစရိယဦးဌေးလှိုင်

ရေနံလောင်းပြီး ဘုရားအား မီးပူဇော်လိုက်သည်။ ဘုန်းကြီးပုံလည်း တပည့်များကဲ့သို့ပင်
တောရဝင်ရန် အစစ စီမံလေတော့၏။ “တပည့်ငယ်က ဆရာလုပ်သည်’ ဟု မမြင်း၊
အရှင်သာရိပုတြာအား သင်္ကန်းတရွတ်ဆွဲသည်ကို လျှောက်တင်သော သာမဏေထုံး နှလုံးမူ၍
ကြည်ဖြူစွာပင် လက်ခံတော်မူသည်မှာ သာသနာတွင် တစ်ဥဒါန်းပင် တွင်ရစ်လေတော့သည်။
(ဧဝံ သံဝရာ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမညဝစနေန, အညမည
ဝုဋ္ဌာပနေန-ဝိနည်း။)

လူပေါင်း, ပေါင်း၍ ဝမ်းကျောင်းသော ရဟန်း

ဘုန်းကြီးပုံ တောထွက်ရာ၌ အထူးခြားဆုံးကား ပဗ္ဗာဇနိယကံ ဆောင်ခြင်း (ဝါ)
နှင်ထုတ်ခံရခြင်းပင် ဖြစ်၏။ ထိုအပြစ်ကို သံဃာက စွပ်စွဲဖော်ထုတ်၍ ခံရခြင်းမဟုတ်။
မိမိဘာသာ ကိုယ့်ကိုယ်ကို အဆိုးထား၍ ထိုကံကို ပြုစေခြင်းပင် ဖြစ်၏။ ထိုပဗ္ဗာဇနိယကံ၏
သဘောအချုပ်မှာ ရဟန်းဖြစ်လျက် ဒကာ, ဒကာမ များထံမှ ပစ္စည်းရယူမှုအတွက်
သစ်သီးပေးခြင်း၊ မြှောက်တရား ဟောခြင်း၊ ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း စသော ၂၁-
မျိုးသော လာဘ်ဆွယ် (အနေသန, ကုလဒူသန) နည်းများဖြင့် လာဘ်ရအောင် လုပ်လျှင်
ထိုပစ္စည်းများ ပြုလုပ်သူသာမက မည်သည့်ရဟန်းနှင့်မျှ မအပ်။ မသုံးထိုက်၊ စွန့် ပစ်ရသည်။
မြင်သမျှ ကြားသမျှ ရဟန်းတို့က နောင် ဤသို့ မလုပ်ရန် ဆုံးမ, ရ၏။ သုံးကြိမ်ဆုံးမ၍မှ
မရလျှင် ပဗ္ဗာဇနိယကံ ပြုရသည်။ (နှင်ထုတ်ရသည်။) ထိုကျောင်း၊ ထိုပစ္စည်းများသာမက
ထိုဒကာ ထိုရွာတို့၌ပင် အလှူမခံရတော့ချေ။ အလွန်ကြီးလေးသော မတရား လာဘ်ရှာမှုကြီး
ပင် ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ဤသို့ ရဟန်းဆိုးများက လူနှင့်ရောနှောကာ ပစ္စည်းမရ.
ရကြောင်း နည်းမျိုးစုံဖြင့် ပေါင်းသင်းရယူခဲ့သော ထိုပစ္စည်းကို သုံးစားမိ (ကျောင်းဖြစ်လျှင်)
နေမိသော ရဟန်းကောင်းတိုင်းအား အာပတ်သင့်စေ၏။ လူဒကာတို့လည်း ထိုသို့ ဆက်ဆံရေး
မလုပ်သော သူတော်ကောင်း ရဟန်းများအား ပေးလှူလိုခြင်း မရှိကြတော့သဖြင့် သာသနာတော်၌
ကြီးစွာသော အန္တ ရာယ်ကြီးတစ်ခု ဖြစ်လာတော့သည်။ ဒကာ၌လည်း အကျိုးပေး မထက်သန်
တော့ချေ။ ထို့ကြောင့် လူပေါင်း,ပေါင်း၍ ဝမ်းကျောင်း လာဘ်ရှာ သဒ္ဓါဖျက် ရဟန်းမျိုးကို
နှင်ထုတ်ရသော စည်းကမ်းတစ်ခု ပညတ်ခဲ့ရလေသည်။

ဘုန်းကြီးပုံကား ဤအပြစ်မျိုး မရှိ။ မသန် ့ရှင်းဟု ထင်သမျှ ကျောင်းမှစ၍ စွန့်ပစ်
လိုက် ပေပြီ၊ သို့ရာတွင် ဘုန်းကြီးပုံသည် မိမိကိုယ်ကို အဆိုးထား၍ သံဃာထံ၌ ထိုကံကို
ခံယူခဲ့သည်။

“ဂိုဏ်းအုပ်ကြီးဖြစ်လျက် ပဗ္ဗာဇနိယကံ ပြုသည်ကို ခံရသလားဟု မေးလျှင်
ကုလဒူသန(ဒကာတို ့ သဒ္ဓါကိုဖျက်ဆီးမှု) ကြောင့် ခံရသည်ဟု ပြောရစ်ကြပစေ” ဟု
နောက်သားတို့ သတိရရှောင်နိုင်ကြစေရန် သာသနာအတွက် မိမိဂုဏ်ကို အနစ်နာခံခဲ့ပေသည်။


## PAGE 269


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

.၂၁၃

လောကီပစ္စည်းကို မစုံမက်အပ်။ နှစ်သက်ဖွယ်ဂုဏ်ကား တောထဲမှာသာ ရှိသည်ကိုလည်း
သားစဉ်မြေးဆက် သင်ခန်းစာပေးလိုပေသည်။

မိမိကျူးလွန်မိသည်ထက် အပြစ်ဒဏ်ကို ပို၍ ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကို သာ
လျှင် မိုက်ရာထား၍ သာသနာ ပြုခြင်းမှာလည်း အံ့ဖွယ်သရဲ ဖြစ်ပေ၏။ အချို့ကား
မိမိကျူးလွန်မိသည်ကို ဖြေဖျောက်ပစ်ရန် မရိုးသားသော စိတ်ဖြင့် ဘုရားဟောကိုပင်
မတည့်,တည့်အောင် ဖာထေး၍ ဖုံးကွယ်လိုကြ၏။ “မိုးကြိုးပစ်ထန်းလက်ကာ' ဟူသကဲ့သို့
မိမိအပြစ်ကို ဘုရားဟော ပါဠိတော် ထန်းလက်ကြီးက လုံခြုံအောင် ဖုံးကာ ပေးနိုင်လောက်သော
ဆွဲဆန့် ယူခြင်း မရှိနိုင်ခဲ့သော် ပါဠိတော်ကိုပင် အမှားဖြစ်အောင် ဆက်လက်၍ ကောက်ကျစ်
စဉ်းလဲ ကြတော့သည်။ နောက်ဆုံး “အပြစ်မရှိ ဝါဒီ”(အနဝဇ္ဇသည််) ဘဝမှ ငရဲ၊ နတ်ပြည်
ပင် မရှိစေလိုသော မိစ္ဆာဒိဋ္ဌိပန်းတိုင်ထိ ကေရာဋိယပက္ခ (စဉ်းလဲမှု) ကြောင်လိမ်
လှေကားကြီးကို ထောင်၍ တက်မိမှားကြရှာတော့သည်။

ဘုန်းကြီးပုံ တောထွက်ခန်း

ဘုန်းကြီးပုံကား မရှိသောအပြစ်ကိုပင် အရှိလုပ်၍ သာသနာကို စင်ကြယ်စေခဲ့သည်မှာ
သဒ္ဓါရှိသော ပညာတတ်သူတော်ကောင်းကြီး ပီသပါပေစွား၊ အပြစ်ကို ထုတ်ဖော်ဝန်ခံခြင်းသည်
သာသနာတော်လည်း စင်ကြယ်၍ မိမိလည်း တရားထူးရကြောင်း သူတော်ကောင်း
လက္ခဏာပင် ဖြစ်ပေသည်။

ဘုန်းတော်ကြီးပုံသည် ဂါမဝါသီ (ရွာနေ) ရဟန်းတို့၏ အမူအကျင့် အနံ့အသက်များ
အားလုံးကို ဆေးကြောသုတ်သင်နေစဉ် တပည့်သံဃာ ဒကာဒကာမတို့သည် အမျိုးမျိုး
အကြောင်းပြလျက် တောမထွက်ရန် တားကြ၏။ ဖျက်ကြ၏။

“မတားချင်ကြနှင့်တော့ တပည့်တို့၊ တို ့များပရိသတ်မွေး၍ ပရိယတ်တာဝန်လည်း
ထမ်းခဲ့ပြီ၊ တိုများ ၆၇-နှစ် သေဝပါးနီးရှိပြီ။ သင်တို့အား မချစ်၍မဟုတ်။ နိယျာနိက
(ထွက်မြောက်ရေး) သာသနာတော်ကြီးနှင့် ကြုံလို့မှ တစ်မဂ်တစ်ဖိုလ် မရလျှင် ကြုံရကျိုးမနပ်”
ဟု အေးအေးသာသာဖြင့် နှစ်သိမ့်ရင်း ကျောင်းကြီးပေါ်မှ ဆင်းလာခဲ့တော့၏။ ပိုက်ကွန်
မိမှန်းသိသော ငါး၏ တိုးထွက်ခြင်းကဲ့သို့လည်းကောင်း၊ လောင်စာအားကောင်းသော မီး၏
မဆုတ်မနစ် ရှေ့တိုး၍ လောင်ခြင်းကဲ့သို့ လည်းကောင်း တပည့်ပရိသတ်များ အကြားမှ
တိုးထွက်၍ အလာ သပိတ်၊ တောင်ဝှေးနှင့် တိစီဝရိက် သင်္ကန်းသုံးထည်ကို ကျောင်းဝိုင်းအဝမှပင်
ပံ့သုကူကောက်ယူ ရရှိလေသည်။

အဘိသိက်ခံအံ့သော မင်းဧကရာဇ်သည် မင်းမြောက်တန်ဆာ ငါးပါးရသကဲ့သို့
ပံ့သုကူရသော သင်္ကန်းများဖြင့် ကျောင်းအဝမှာပင် လဲလှယ်ဝတ်ရုံ၍ တပည့် ဒကာ, ဒကာမ
တို့ မျက်ရည်ပြည့်သော မျက်စိတို့ဖြင့် ကြည့်ကြကုန်စဉ်၊ တောင်းပန်ခယ ငိုကြွေးကြကုန်စဉ်
ကလျာဏမိတ္တလည်းဖြစ် တပည့်လည်းဖြစ်ကြသော ဦးဝဏ္ဏနှင့် ဦးသီလတို့အား နောက်ပါခေါ်၍


## PAGE 270

၂၁၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ကလျာဏီတောသို့ ဝင်တော်မူလေ၏။ (ဘုန်းကြီးပုံ ၁၁၅၉-ခုဖွား၊ ၁၂၂၆-ခု တောထွက်။
ဘုန်းတော်ကြီး ဦးသီလကား ၁၃-ဝါ ရလေပြီ။ ဦးဝဏ္ဏကား ဦးသီလထက် ၄-နှစ် ကြီး၏။)

ထိုအခါမှစ၍ အောက်မြန်မာနိုင်ငံတွင် “တောရဂိုဏ်း' ဟူ၍ ထင်ရှားလေ၏။
ဘုန်းတော်ကြီးများကလည်း ကြုံရာ စပ်ရာ ဟောပြောတိုက်တွန်းတော် မူကြသည်။

ဘုန်းကြီးပုံသည် ကလျာဏီကျောင်းတိုက် တောင်ဘက် သစ်စေးပင် လေးတိုင်စင်
ကျောင်း၌လည်းကောင်း၊ ဘုန်းတော်ကြီး ဦးသီလကား ထိုအနောက်ဘက် ကျောင်းငယ်တစ်ခု၌
လည်းကောင်း သီတင်းသုံးတော်မူကြ၏။ ဝါလကျွတ်သော် ဘုန်းကြီးပုံသည် ရွှေဟင်္သာကုန်းသို့
ကြွ၍ ဘုန်းတော်ကြီး ဦးသီလလည်း ၁၂၂၈-ခုနှစ်တွင် အတူလိုက်၍ ဝါကပ်လေသည်။
ထိုစဉ်က ဆင်နေကျားအောင်း ပုပျောင်းထူထပ်သော တောအရပ်ပေတည်း။

တစ်နေ့တခြား တောရဂိုဏ်းကြီး ထင်ရှားတိုးပွားလာသဖြင့် ဘုန်းကြီးပုံကို
နာယကထား၍ ၁၂၃၃-ခုနှစ် တန်ဆောင်မုန်းလမှစ၍ ဦးဝဏ္ဏ၏ လှုံ့ဆော်ချက်အရ
ကြခတ်ဝိုင်း၌ ဝိနည်း စာပြန်ပွဲကြီး ပြုလုပ်ခြင်း၊ ၁၂၅၃-ခုနှစ်မှစ၍ ပဝါရဏာပွဲကြီး
ကျင်းပခြင်းများ ပြုလုပ်နိုင်ခဲ့၏။ အထက်မြန်မာနိုင်ငံတွင် ရွှေကျင်ဂိုဏ်းကဲ့သို့ ဂိုဏ်းနေ
သံဃာငယ်များလည်း ရောင်ပြန်ဟပ်ကာ ဒိဌာနဂတိ (အတုလိုက်ခြင်း) အားဖြင့် ယခုတိုင်
သေဝပ် ကျစ်လျစ်တော် မူကြပါပေ၏။

ဘုန်းတော်ကြီး၏ အလေ့အထများ

ဘုန်းတော်ကြီး ဦးသီလသည် ဆရာနှင့်အတူ နှစ်နှစ်တာမျှ လိုက်ပါဝါကပ်၍
နောက်ကာလတွင် နေရာအနှံ့အပြား တစ်ပါးတည်း တစ်တောထွက်ဝင် အရညကင်
ဆောင်တော်မူ၏။ ပဲခူးပတ်ဝန်းကျင်နှင့် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ မုဒုံ၊ ဘီလူးကျွန်း
စသည်ဖြင့် ဝါဆိုစဉ်ရန် မတတ်နိုင်အောင် ရှိလေသည်။ သွားလေရာ ပိတ်မိုးကျောင်းထိုး၍
နေ၏။ အမြဲနေရာမရှိ။ စောင်ဟူ၍မရှိ။ ချမ်းလျှင် သားရေနွယ်အခင်းကို ခြုံ၏။

ဘုန်းတော်ကြီး၏ အရပ်မှာ ငါးပေခွဲခန့် ပျပ်ပျပ်ပါးပါး ရှိ၏။ အသားတော် ဖြူဝါ၍
ဝင်းနေ၏။ သာသနာရေးနှင့် စပ်လျှင် ပင့်ရာသို့ ကြွရောက်ချီးမြှောက်၏။ စိတ်အလွန်ထက်၏။
ဖြောင့်စင်း၏။ ပဋိပတ်အရာ၌ သိုဝှက်၏။ စာသင်တိုက်ကြီးများ ဖြစ်ထွန်းစေလို၏။
ခရီးသွားသည့်အခါ ကပ္ပိယ၊ သူတော် စသည်အဖော်ပါသည့် အခါလည်း ပါ၏။ မြေလမ်း၌
ခြေဖြင့်သာကြွ၍ ရောက်လေရာ၌ အဝတ်ပုဆိုး ခင်းကြသဖြင့် မြေဝယ်ခြေမကျ။ ခင်းထား
သော်လည်း “နိဗ္ဗာန်မဂ်ဖိုလ်အတွက် ချီးမြှောက်ပါ” ဟု လျှောက်မှသာ နင်းကြွ၏။
ဆံပင်များခင်းထားသည်ကိုမူ မနှင်း။ သာသနာရေး ကိစ္စရှိ၍ လူသိခံ ကြွရသော ဌာနတိုင်းတွင်
ပျားပန်းခတ်မျှ ကြိုဆိုကြ၏။ ၇၀-ကျော်သောအခါ ထမ်းစင်၊ မီးရထားဖြင့် ကြွသည်။

ပံ့သုကူ ဓုတင်ကိုလည်း အမြဲဆောင်မှန်း သိကြသဖြင့် အချို့လည်း သင်္ကန်းကို
သုသာန်၌၊ လမ်းဘေး၌ ချ၍ “အသုဘရှု ကြွပါဘုရား” ဟု ပင့်တတ်ကြ၏။ ကုဋီလမ်း၌

