## PAGE 271

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၁၅

ချ၍လည်း “အဖူးမြော်ခံကြွပါ” ဟု ပင့်သူကပင့်ကြ၏။ တစ်နေ့ငါးကြိမ် ခြောက်ကြိမ်
သင်္ကန်းအသစ် လဲရလေသည်။ ကြာသော်-

“ငါ့မှာ ဝမ်းမနာဘဲ ကုဋီသွားရ၊ မသာမရှိဘဲ အသုဘရှု ကြွကြွနေရတယ်” ဟု
မိန် ့တော်မူ၏။

ဆွမ်းမရသောအခါ ရေဖြင့်သာ ရောင့်ရဲနေ၏။ ဆွမ်းကိုလည်း တစ်နေရာတည်း
တစ်ခွက်တည်း (ဧကာသနိက်ဓုတင်အရ) ဘုဉ်းပေး၏။ သွားနာတတ်၍ သက်သတ်လွတ်
အမြဲဘုဉ်းပေး၏။ မြင်းသရိုက်နှင့် သလိပ်ပန်းနာရှိ၍ ထမင်းရည် သင့်မြတ်သည် ဆိုသဖြင့်
ကပ္ပိယများက ရှာ၍ ကပ်ရသည်။ သိန္ဓောဆား အနည်းငယ်ထည့်၍လည်း ကပ်ကြ၏။

ရဟန်းငယ်များအား စာသင်ရန် တိုက်တွန်း၍ ရဟန်းကြီးများအား တောရဝင်ရန်
တိုက်တွန်းလေ့ရှိသည်။ ရောက်လေရာ အရပ်တိုင်း ဒကာ, ဒကာမများက တစ်သုတ်ပြီး
တစ်သုတ် အချိန်ဆွဲ၍ ငါးပါးသီလချီးမြှင့်ရန် လျှောက်ထားတတ်ကြရာ ဆုပေးကို တိုတိုပေး၍
“နမောတဿဆို” စသည်ဖြင့်အဆိုခိုင်းသည်။ ပြီးလျှင် “ကဲ- သွားကြ၊ သွားကြ” ဟု နှင်
လေ့ရှိ၏။ အကျွမ်းတဝင် မပြောဟော။ လူအိုနှင့် လူမျိုးခြားများ ပါလာသော် တရားအနည်းငယ်
ဟောလေ့ရှိ၏။ ဘုန်းတော်ကြီး၏ အလေ့အထကို သိထားသူတို့က လူအိုနှင့် လူမျိုးခြားများကို
ရှေ့ဆောင်ခေါ်သွားတတ်ကြ၏။ တရားဟောပြန်လျှင်လည်း-

“သူ့အသက်မသတ်နဲ့၊ သန်းဥမတုပ်နဲ့ ၊ ငရဲကြီးတတ်သည်” စသည်ဖြင့် ရတနာ
သုံးပါးကို အလေးအမြတ် ပြုရန် အခြေခံကို တိုတိုတုတ်တုတ် မမေ့နိုင်အောင် ဟောလေ့ရှိ၏။
ရံခါ “ရူပက္ခန္ဓာ အနိစ္စာ” စသည်ဖြင့် ချပေးတတ်၏။ ဘုန်းတော်ကြီးနှင့် သုံးနှစ်ခန့်
လိုက်ဖူးသော ဆရာတော်ကြီး တစ်ပါးက-

“ဘုန်းတော်ကြီး အမြဲလက်သုံးပြုသော တရားကား ငါတို့သိသော နည်းနှင့် မကွာ
လှ၊ လုံ့လကြီးမား၍ ရိုးသားဖြောင့်စင်းခြင်းသာ ကွာလေသည်” ဟု ဆို၏။

ဘုန်းတော်ကြီး ဦးသီလ ရောက်ရာအရပ်၌ ပစ္စည်းလာဘ်လာဘများ အံ့သြလောက်အောင်
များပြား၏။ ရသမျှ ရဟန်းသံဃာများကိုသာ လှူပစ်သည်။ မိမိမှာမူ သပိတ်တစ်လုံး၊
သုံးထည်သော သင်္ကန်းဖြင့်သာ တစ်တောထွက်ဝင် လှည့်လည်တော် မူလေသည်။

အန္တ ရာယ်အမျိုးမျိုးနှင့် တွေ့ကြုံတော်မူရခြင်း

ဘုန်းတော်ကြီးသည် အသက်ရှင်သမျှ ကာလပတ်လုံး တစ်တောထွက်ဝင် လှည့်လည်၍
အရညဝါသီ (တောရဆောက်တည်) နေတော်မူရာ ဘုန်းတော်ကြီး မနေဖူးသော တောတောင်များ
မရှိသလောက်ဖြစ်၏။ တောကြီး မျက်မည်းတွင် သားရဲတိရစ္ဆာန်များကား ပေါများလှပေသည်။
အန္တ ရာယ်လည်း ကြီးမားလှပေသည်။ သာမန်လူတို့အတွက် အန္တရာယ်ဟု ထင်ရသော
အရာများသည် ဘုန်းတော်ကြီးအတွက် မိတ်ဆွေများသဖွယ် ဖြစ်နေသည်ကို တွေ့ကြရလေသည်။
“ဘေးရန်ဟူသည် သူတော်ကောင်းများထံမှ မဖြစ်၊ သူယုတ်မာတို့ထံမှသာ ဖြစ်ပေါ်


## PAGE 272

၂၁၆


ဓမ္မာစရိယ ဦးဌေးလှိုင်

လာ၏။ ထို့ကြောင့် သူတော်ကောင်းများ၌ ဘေးရန်မရှိချေ။” (ဥပရိ၊ ဗဟုဓာတုကသုတ်။)

ကျား

ဘုန်းတော်ကြီးသည် ၁၂၈၈-ခုနှစ်က ကျိုက်ဒေးယျ ဘုရားကြီး အနောက်တောင်ဘက်
ပိန်းအင်းတောရ လေးတိုင်စင်ကျောင်းငယ်တွင် သီတင်းသုံးရာ ယင်းဌာနကား ကျားများ
ကျက်စားရာဌာနဖြစ်၏။ ကျောင်းအောက်နှင့် ကုဋီသွား လမ်းတစ်လျှောက် ကျားများညစဉ်
ဟိန်းဟောက်နေ၏။ ဘုန်းတော်ကြီးကား ကြောင်အလား, နွားသဖွယ် အောက်မေ့တော်
မူသည်။

တစ်ချိန်ကမူ ပဲခူးချောင်းဖျားရှိ ကမ်းမြင့်ရွာ သုသာန်ဇရပ်၌ တစ်ည တည်းခိုတော်မူ၏။
ထိုရွာ၌ ကျားဆိုးတစ်ကောင်သည် ညစဉ် နွားများကို ကိုက်သတ်လေ့ရှိသဖြင့် ရွာသားများမှာ
ဘုန်းတော်ကြီးအတွက် စိတ်မကောင်း ဖြစ်နေကြသည်၊ ညအခါ သွား၍လည်း မလျှောက်ရဲကြ။
နံနက်မိုးလင်းမှ “ကျားစာ ဖြစ်ရော့မည်” အထင်နှင့် သွားကြရာ လမ်းတွင် ဆွမ်းခံကြွလာသည်နှင့်
ပက်ပင်းပါ ဖူးတွေ့ရ၍ ရွာပြန်ပြီး ဝမ်းသာအားရ ဆွမ်းလောင်းကြ၏။ ဆွမ်းခံအပြန်
လိုက်ပါကြည့်ကြရာ ဘုန်းတော်ကြီးနှင့် ကျားဆိုးကြီးမှာ သုံးတောင်ခန့်သာ ဝေးသည်ကို
တွေ့ကြရသည်။

ဒေးစွန်ပါတောရ၌ နေစဉ်ကပ္ပိယ ဦးအာကာလည်း အဖော်လိုက်နေ၏။ ကပ္ပိယကြီးကား
ဆောင်းအခါလည်း ဖြစ်သဖြင့် မီးလှုံရန်နှင့် ကျားများ မလာစေရန် ရည်ရွယ်၍ နေ့ခင်းက
ထင်းခွေထားပြီး ညအခါ မီးထည့်လှုံလေ့ရှိ၏။ ကျားကြီးတစ်ကောင်သည် မီးဖိုရှိရာသို့
တည့်တည့်ကြီး ဝင်လာ၏။ ဘုန်းတော်ကြီးကား လေးတိုင်စင် ကျောင်းပေါ်၌ ရှိနေ၍
အော်လည်း မအော်ရဲ။ မရဲသော်လည်း ပြေးခဲစေ လုပ်နေရ၏။ မီးဖိုမှာပင် ရွတ်ဖတ်ပွားများရင်း
တထိတ်ထိတ် ဖြစ်နေ၏။ ကျားကြီးလည်း မီးဖိုသို့ပင်လာ၍ ဝပ်နေ၏။ အတန်ငယ်ကြာလျှင်
ကျားကြီးမှာ မီးပုံအနီး ပါးစပ်ဟလျက်သား မှိန်းသွားသဖြင့် ကပ္ပိယကြီးမှာ စိတ်သက်သာရာ
ရသွား၏။ ကျားကြီး ပါးစပ်အဟောင်းသားနှင့် အိပ်ပျော်သွားခိုက် ကပ္ပိယကြီးသည်-

“ဒီမီးကျီးခဲတွေကော်ပြီး ကျားကြီးပါးစပ်ထဲ ထည့်လိုက်ရ ကောင်းမှာပဲ´´ ဟု

ကူးမိရာ ထိုခဏပင် ကျားကြီး ဟိန်းလေတော့သည်။

..

စိတ်

“ကပ္ပိယကြီး ဘာလို့ မကောင်းကြံပြီး ပြစ်မှားရသလဲ။ ကိုယ့်အလုပ် ကိုယ်လုပ်တာ
မဟုတ်ဘူး၊ တောင်းပန်လိုက်” ဟု ဘုန်းတော်ကြီးက ကျောင်းကလေးပေါ်မှ အသံမြှင့်၍
ခပ်ဆတ်ဆတ် ပြောလိုက်၏။ တောင်းပန်ပြီး မေတ္တာပွားလိုက်မှသာ ကျားကြီး ငြိမ်ကျ သွားတော့
သည်။ (ကော့ကရိတ်နယ် တောများထွင်လည်း ကျောင်းလှေကားရင်းထိ ကျားများ လာအိပ်
ကြသည်ကို တွေ့ကြရ၏။)


## PAGE 273

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၁၇

ဆင်

ဘုန်းတော်ကြီးသည် ကျိုက်ကိုနှင့် သုံးမိုင်အကွာ ကင်ပွန်းစခန်းဘေးရှိ သက်ငယ်ကျင်း
ရွာတောရ၌ ၁၂၅ဝ-ပြည့်နှစ်လောက်က သီတင်းသုံးဖူးသည်။ ထိုရွာ၌ သီတင်းသုံးရန်..
ပင့်သော ဒကာသုံးယောက်နှင့်အတူ မောင်းတောင်တောမှ လာကြရာ ရွာအနီး တစ်မိုင်ခန့်
လောက် အရောက်တွင် လူများစွာ နင်းသတ်ဖူးသော ဆင်ရိုင်းတစ်ကောင်ကို တွေ့ ရ၏။
ဆင်နှင့် ရင်ဆိုင်တွေ့လျှင် ဒကာသုံးယောက်မှာ ထွက်ပြေး၍ တစ်ယောက်မှာ သစ်ပင်ပေါ်
တက်နေ၏။ ဘုန်းတော်ကြီးကား ရှေ့မတိုး၊ နောက်မဆုတ်။ ရပ်မြဲရပ်နေ၏။ ဘုန်းတော်ကြီးဆီသို့
အားကုန် ပြေးလာသော ဆင်ကြီးသည် အနားရောက်လျှင်ပင် အလိုလို ပုဆစ်တုပ်ပြီး
ကျသွား၏။ ဘုန်းတော်ကြီးကလည်း မတုန်လှုပ်။ ဆင်ရိုင်းကြီးမှာ ပုဆစ်တုပ်ပြီး မျက်ရည်များ
တတွေတွေကျကာ ခေါင်းငုံ့ပြီး နောက်လှည့်ထွက်သွားသည်ကို မြင်ကြရလေသည်။

အလားတူပင် ၁၂၅၇-ခုနှစ်လောက်တွင် ကျိုက်ထို အင်းစိုင်မောင် တောရ၊ သထုံ၊
မြေနီကုန်းတောရ၊ ခရွဲတောင်ပေါ်တောရ ကျောင်းများ၌ နေစဉ်ကလည်း ဆွမ်းခံလမ်းတွင်
တောဆင်ရိုင်းများနှင့်တွေ့ ရာ ဆင်ရိုင်းများကပင် ရှောင်ပေးကြရ၏။ ကျောင်းဝင်းအတွင်း၌
တောဆင်အုပ် ဝင်လာရာတွင်လည်း “သင်တို့ မနှောင့်ယှက်ကြနှင့်” ဟု မိန့်တော်မူရာ လူ့
စကား နားလည်သကဲ့သို့ ထွက်ခွာသွားကြဖူး၏။

တစ်ဖန် ကော့ကဒွတ်ရွာ တောကျောင်း၌ နေစဉ် ကျိုက်ထိုမြို့ အရှေ့ ဘုရားသုံးဆူတောရမှ
ရဟန်းခံကိစ္စအတွက် ညအခါ တစ်ပါးတည်း ကြွလာ၏။ လမ်းခုလတ် ဇရပ်တစ်ခုတွင်
လှည်းသမားများ လှည်းဝိုင်းချ၍ နားနေကြရာ ဒကာတစ်ယောက်မှာ ကျိုက်ထိုသို့ လိုက်လိုသဖြင့်
ဘုန်းတော်ကြီးနောက် သပိတ်လွယ်၍ လိုက်ပါခဲ့၏။ လသာသာ တောလမ်းခရီးတွင် တော
ဆင်အုပ်ကြီ. လာနေသည်ကို အဝေးမှပင် မြင်နေရ၏။

“အရှင်ဘုရား နောက်ပြန်ဆုတ်ပါ” ဟု အကြိမ်ကြိမ် လျှောက်သော်လည်း မရသဖြင့်
ဒကာမှာ သပိတ်အပ်ပြီး နောက်ကြောင်းပြန် ထွက်ပြေးလေ၏။ ဘုန်းတော်ကြီးကို လှမ်း၍
ကြည့်လိုက်ရာ မတုန်မလှုပ် ဆင်အုပ်ထဲ မြုပ်သွားသည်ကို မြင်နေရ၏။ လှည်းဝိုင်းရောက်၍ .
ထိုဒကာက အခြားသူများအား-

“ခုလောက်ဆို ဘုန်းတော်ကြီးမှာ အစအနတောင် ရှာရတော့မှာ မဟုတ်ဘူး” ဟု
ပြောဆိုရာ လူအများက “အဲဒါ ဘုန်းတော်ကြီး ဦးသီလ ဖြစ်လိမ့်မည်။ ဒီဘုန်းတော်ကြီးက
ဆင်မနင်း ကျားမကိုက်ဘူး” ဟု ပြောကြ၏။ ထိုဒကာလည်း နံနက်မိုးလင်းလျှင် ဘုရား
သုံးဆူတောင်သို့ သတင်းမေး လိုက်သွားကာ ပြစ်မှားမိသမျှ သည်းခံရန် ဝန်ချတောင်းပန်
လေသည်။

ဘုန်းတော်ကြီး တောဆင်ရိုင်းများနှင့် အကြိမ်ကြိမ် တွေ့ ရရာတွင် ကျိုက်ထီးရိုးလမ်း
မိုးပေါရွာ တောရ၌နေစဉ်က တွေ့ ရသော ဖြစ်ရပ်မှာ ပို၍ အံ့ဖွယ်ကောင်းလေသည်။ တွေ့ပုံ
မှာ မိုးပေါရွာမှ သက်ငယ်တောင်သို့ ကျိုက်ထီးရိုးလမ်းဖြင့် ကြွတော်မူရာ ပဲခူးပန်းလှိုင်

