## PAGE 277


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ကိုယ်နှင့်ရင်း၍ သက်သေထူပြလိုက်ပေပြီ။

၂၂၁

ဗုဒ္ဓလက်ထက်တော်က ပြိတ္တာမသားအမိ တစ်တွေကို သတိရမိပေသည်။ ပြိတ္တာမကြီး
တစ်ဦးသည် သမီးငယ် “ဥတ္တရာ” ကို ချီ၍ သားကြီး “ပုနဗ္ဗသု” ကို လက်ကဆွဲလျက် ဇေ
တဝန်ကျောင်း ပတ်ဝန်းကျင်၌ စားကြွင်းများ၊ နှပ်၊ ချွဲများကို စားသောက်ရန် လှည့်လည်ရှာဖွေ
နေ၏။ ဘုရားရှင်လည်း ရဟန်းများကို တရားဟောနေ၏။ ပြိတ္တာမကြီးသည် ရဟန်းတော်
အစုအဝေးကို မြင်ရသဖြင့် တစ်စုံတစ်ခု စားသောက်ဖွယ် ဝေခြမ်းနေသည် အထင်နှင့်
ရောက်သွား၏။ မြတ်စွာဘုရားရှင် တို့၏ အသံသည် ပရိသတ်အပြင်သို ့ ထွက်ရိုးထုံးစံ မရှိ
သဖြင့် တရားပွဲဟု မထင်ပေ။ အနားသို့ရောက်မှ တရားဟောနေမှန်း သိ၏။

.

ပါရမီ ဓာတ်ခံကြောင့် ဘုရားရှင်၏ တရားသံသည် သူမအား လွန်စွာ စွဲငြိစေ၏။
“သားရော သမီးရော တိတ်တိတ်နေကြနော်၊ မေမေတို ့ ဒီစကားမျိုး ကြားရတာ
နောက်တောင်ကျနေပါကောလား သားရယ်၊ လောကမှာ လင်သားနှင့် သမီးသားဟာ
အချစ်ဆုံးပဲ၊ တရားဟာ အဲဒီလောကအချစ်ဆုံးတွေထက် ချစ်စရာကောင်းတယ်နော်၊ တိတ်တိတ်
နေကြ” ဟု ချော့မော့ ပြောဆို၏။

“ဟုတ်တယ်မေမေ၊ သားလဲ သိပ်နားထောင်ကောင်းတာပဲ။ သား မဆူဘူး၊ ညီမလေးလဲ
မဆော့ပါဘူး၊ ငြိမ်နေရှာသားပဲ၊ မေမေကြိုးစားပြီး မှတ်သားပါနော်” သားကြီး ပုနဗ္ဗသုက
ဝန်ခံတိုက်တွန်းရှာသေး၏။ သားအမိကား တရားပိုက်ကွန်၌ မိကြလေပြီ။

တရားပွဲဆုံးလျှင် (တိဟိတ်ဇာတိ ဖြစ်ကြသည့်အတိုင်း) သားအမိ နှစ်ယောက်မှာ
သောတာပန် ဖြစ်သွားကြ၏။ သမီးငယ် ဥတ္တရာကား ငယ်လွန်း၍ နားမလည်ရှာသေး
သောကြောင့် တရားထူး မရသော်လည်း ဇေတဝန်ကျောင်းတွင် နေရာ ဗိမာန်ရနေသဖြင့်
ဘုရားရှင်အား ဖူးမြော်ခွင့် ရသွားလေသည်။ (သဂါထာဝဂ္ဂသံယုတ်၊ ပုနဗ္ဗသု သုတ်။)

အဋ္ဌကထာ ဆရာတို့သည် သီဟိုဠ်ခေတ် အရိယာပုဂ္ဂိုလ်တို့၏ အဋ္ဌပ္ပတ်များဖြင့်
ဘုရားရှင် ဒေသနာတော်အား ထောက်ခံထားသကဲ့သို့ ဘုန်းတော်ကြီး၏ ဖြစ်ရပ်များလည်း
ယုံကြည်နိုင်ခက်သော ဗုဒ္ဓဒေသနာအား အားဖြည့်ပေးလျက် ရှိပေပြီ။

သင်ခန်းစာ ယူကြစို့

ကျိုက်ထိုနယ်တွင် မောင်းတောင်သည် အလွန်တောကြမ်းသည်ဟု နာမည်ကြီးလှ၏။
မကြာခဏ မောင်းတီးသံများ ကြားရတတ်သဖြင့် မောင်းတီးတောင်ဟုလည်း ခေါ်ကြလေသည်။
မည်သူမျှ မနေဝံ့၊ မသွားဝံ့ကြ။

သို့စင် တောကြမ်း၍ လူသူမနေ၊ မသွားဝံ့ကြသဖြင့် ဆိတ်ငြိမ်အေးချမ်းလှသည်။
ဘုန်းတော်ကြီး ဦးသီလအတွက် နေရာကောင်းတစ်ခု ဖြစ်ခဲ့၏။ ဘုန်းတော်ကြီးကား
ထိုတောင်၌ မည်သည့်ဘေးရန်နှင့်မျှ မကြုံတွေ့ရ။

ပါဋလိပုတ်ပြည်သား ဝိသာခမထေရ် သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နေစဉ် လေးလ


## PAGE 278

JJJ


ဓမ္မာစရိယ ဦးဌေးလှိုင်

ပြည့်လျှင် နေရာသစ် တစ်နေရာသို့ ပြောင်းရွှေ့မြဲ ထုံးစံအရ စိတ္တလတောင်၌ လေးလပြည့်၍
ကြွတော့မည်ဟု စိတ်ကူးလျက် လျောင်းခိုက်-

“အရှင်ဘုရား ကြွလျှင် တပည့်တော်တို့အချင်းချင်း မေတ္တာပျက်ပြား အငြင်းပွား၍
ရန်များ ပါတော့မည်။ မကြွပါနှင့်” ဟု ရုက္ခစိုးနတ်က ငိုယို တောင်းပန်သဖြင့် ပရိနိဗ္ဗာန်
စံသည်အထိ သီတင်းသုံးရကြောငင်း “ဝိသုဒ္ဓိမဂ်” ၌ ဆို၏။ သူတော်ကောင်းတို့ နေရာဌာနသည်
ချမ်းသာရမည်။

နတ်ချစ်ခံရသူသည် ထာဝစဉ် အကောင်းချည်း တွေ့ရ၏။

(ဒေဝတာ' နုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ။ မဟာဝဂ်။)
မေတ္တာပွားခြင်းသည် သမာဓိရလွယ်သော ကမ္မဋ္ဌာန်းလည်းမည်၏။ သတ္တဝါအများ၏
ချစ်ဆေးလည်းမည်၏။ အန္တ ရာယ်အကာအကွယ် (ပရိတ်) မန္တန်လည်း မည်၏။

တောရပုဂ္ဂိုလ်များအား မေတ္တာမပွားမီက ခြောက်လှန် ရန်ပြုခဲ့ကြသော တောစိုးနတ်
တို့သည် ရဟန်းတို့ မေတ္တာပွားသောအခါ တံမြက်လှည်း၊ နေရာခင်း၊ နင်းနှိပ်ပေး၊ ရေနွေး
ကျို စသည်ဖြင့် အကျိုးဆောင်လာကြကြောင်း “သုတ္တနိပါတ် အဋ္ဌကထာ' ၌ ပြဆို၏။
ဤမေတ္တာကဲ့သို့သော အကျိုးအာနိသင်မျိုးကို အခြားမည်သည့် ကမ္မဋ္ဌာန်းတွင်မျှ ဟောတော်
မမူသည်ကို သတိပြုသင့်၏။ ဘုန်းတော်ကြီးဦးသီလ၏ တန်ခိုးသည် အဘယ်အရာ
ဖြစ်သည်ကို ဉာဏ်မျက်စိဖြင့် ကြည့်ရှု၍ အတုယူသင့်ကြသည်။

မာရ်နတ်ပရိယာယ်၊ သိမကြွယ်၊ အန္တရာယ်လူတို့ပြု

ပဲခူးမြောက် ကလိရွာ တပ်ကလေးတောရ၌ နေစဉ် ဘိုးသူတော် ကပ္ပိယများလည်း
လိုက်ပါ၍ ဝတ်ကြီးဝတ်ငယ် ပြုနေကြ၏။ ထိုတွင် ဘိုးသူတော်ကြီး ဦးကျားဖြူသည်
စိတ်မြန်လက်မြန်ရှိ၏။ တစ်ခုသောည ဘုန်းတော်ကြီးသည် သစ်တစ်ပင်အောက်၌ အေးဆေး
ငြိမ်သက်စွာထိုင်၍ တရားရှုမှတ်နေ၏။ ဦးကျားဖြူလည်း ကပ္ပိယအဖော်တစ်ယောက်
ဖြစ်မည်ထင်၍ ခေါ်ရာ မထူးသဖြင့် ခေါင်းကိုလက်သီးဖြင့် ထိုး၏။ မလှုပ်သဖြင့် စမ်းကြည့်
ရာ ခါးပန်းကြိုးအသီးကို စမ်းမိ၍ ဘုန်းတော်ကြီးမှန်း သိသဖြင့် ထွက်ပြေးမည်ပြု၏။
အဖော်များက-

“ထွက်ပြေးလို့ အပြစ်ကလွတ်မှာမဟုတ်ဘူး ဦးသူတော်၊ ဘုန်းတော်ကြီးကို ကန်တော့
လိုက်ပါ” ဆို၍ ကန်တော့သည်။ ကြီးစွာသော သံဝေဂဖြစ်၍ ဦးကျားဖြူ ရဟန်းပြုသွား
လေတော့သည်။

၁၂၆၂-ခုနှစ်လောက်က ဘုန်းတော်ကြီးသည် နောက်ပါရဟန်းသုံးပါး နှင့်အတူ
ရန်ကုန်မြို့ ကန်တော်ကြီးလမ်း၌ ကိစ္စတစ်ခုအတွက် ခြေကျင်ကြွတော်မူ၏။ လူသူရှင်းသော
လမ်းဖြစ်၍ မြင်းရထားတစ်စီးသည် အကြမ်းမောင်းနှင်လာရာ တိုက်မိမည်စိုး၍ ဘုန်းတော်ကြီး
ကပင် လမ်းဖယ် ပေးလိုက်ရသည်။ ထိုရထား ဝါးနှစ်ပြန်ခန့် လွန်သွားသောအခါ ဝုန်းခနဲ


## PAGE 279

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၂၃

အသံကြား၍ လှည့်ကြည့်လိုက်ရာ ရထားမှောက်၍ ရထားမောင်းကုလားသည် ဒလိမ့်ကောက်ကွေး
ကျနေသည်ကို တွေ့ကြရ၏။

ကေလာသတောင် တိုက်ကုလားတောရ၌ နေစဉ်က ရွာနေဘုန်းကြီး အချို့သည်
ဘုန်းတော်ကြီး အပေါ် မနာလိုဝန်တို စိတ်ထားဖြင့် အရက်သမားတစ်ဦးအား ပိုက်ဆံပေး၍
ဘုန်းတော်ကြီးအား ရန်ပြုစေကြ၏။ ထိုအရက်သမားသည် ဘုန်းတော်ကြီး ဆွမ်းခံကြွရာလမ်းမှ
ကြို၍ ဘုန်းတော်ကြီးအား ခေါင်းနှင့်တအား ဝင်တိုက်၍ ဝှေ့၏။ ဘုန်းတော်ကြီး၏
မေတ္တာ၊ သီလကြောင့် သူ၏ခေါင်းဒဏ်ကို မြေကြီးက ကိုယ်စားခံယူလိုက်သည်။ အရက်သမား
လည်း အရှိန်ပြင်းစွာ ထိုနေရာ၌ပင် လဲကျသွား၏။

အရှေ့ဘက် နယ်တစ်နယ်တွင်လည်း “ဘုန်းတော်ကြီးအား ဆွမ်းမလောင်းရ' ဟု
အမိန့်ထုတ် တားမြစ်မိသော ဘုန်းကြီးတစ်ပါးသည် ဝေဒနာတစ်ခု စွဲကပ်၍ ဆွမ်းပွဲမြင်တိုင်း
လန့်အော်နေရ၏၊ ထိုရောဂါဖြင့်ပင် ပျံလွန်ရရှာသည်။

“မူလပဏ္ဏာသ၊ မာရတဇ္ဇနီယသုတ်' ၌ ဟောတော်မူသည့်အတိုင်း သိနိုင်ခက်သော
မာရ်နတ် ပူးဝင်ခြင်းခံရ၍ သူတော်သူမြတ်များနှင့် ရန်သူအဖြစ် ယှဉ်ပြိုင်ရသော အဖြစ်မျိုးသည်
အထိနာလေစွာ့၊ ကြောက်ဖွယ်ကောင်းလေစွာ့။

ယင်းသုတ်အဖွင့်၌ မာရနှင့်စပ်၍ ဖွင့်ပြသည်မှာ အလွန်မှတ်သားဖွယ် ကောင်းလှ၏။
မာရသည် ပူးဝင်ရုံမျှသာမက ယောဂီနှင့်ရန်သူကြားတွင် အမြင်မှား၊ အကြားမှားများ ဖြစ်
အောင် ကြံဆောင်လီဆယ်သော အာရုံလိပ်များ ကိုလည်း ဖန်တီးတတ်လေသည်။

ဥပမာ တရားထိုင်နေသော ရဟန်းအနီး၌ မာတုဂါမ နှင့် မရှင်းမလင်း ဖြစ်လေဟန်၊
တရားရှုပွားနေသော်လည်း မတော်မတည့် လုပ်နေလေဟန် အာရုံလိမ်များ ဖန်တီး၍
ပြသောအခါ လူမိုက်တို့သည် ထိုမတော်မတည့်သည်ကို ကိုယ်တိုင်တပ်အပ်ပင် မြင်ရတတ်သဖြင့်
ယောဂီနှင့်ရန်သူအဖြစ် ရင်ဆိုင်ရဲကာ ငရဲကြီးကြရရှာလေ၏။ လူမိုက်တို့ ငရဲမကြီးစေရန်
ယောဂီတို့ကိုယ်တိုင်ကလည်း ထိုသဘောကို သိမြင် ဆင်ခြင်ကြရာ၏။

"

၁၂၅၅-ခုနှစ်လောက်က ဘုန်းတော်ကြီး သထုံသို့ ကြွရာတွင်လည်း ဆွမ်းသုံးရက်
မဘုဉ်းပေးရ။” “တောကောင်ဝင်လျှင် မြို့ရွာနာသည်” ဟု ရွာနေဘုန်းကြီး အချို့၏
လှုံ့ဆော်ချက်အရ မြို့ရွာလူကြီးများက “ဘုန်းတော်ကြီးအား ဆွမ်းလောင်းသူ ဒဏ်ငွေငါးကျပ်”
ဟု တားမြစ်ကြ၏။ သုံးရက်တိုင်တိုင် ဘုန်းကြီးနှင့် ရွာလူကြီးများကို ကြောက်၍ ဆွမ်း
မလောင်းရဲကြ။

နောက်တစ်နေ့ နံနက်တွင် ခြံအလုပ်ရှင် ကိုဝိုင်းသည် ခြံမှအပြန် မိမိဇနီးအား-
“ရှင်မရေ..တို့ခြံထဲက သစ်ပင်အောက်မှာ ဘုန်းတော်ကြီးကို တွေ့ခဲ့ရတယ်။
ကြည်ညိုစရာ ကောင်းပါဘိသနဲ ့။ ဆွမ်းမစားရတာ သုံးရက်တောင်ရှိပြီ ကြားရတာဟုတ်မှာပဲ။
ခြံဘေးက စမ်းထဲကိုသွားပြီး ရေစစ်နဲ့ သပိတ်ထဲရေစ်ထည့်ပြီး သောက်နေတာတွေ့ရတယ်။
နက်ဖြန် တို့ဆွမ်းလောင်းလှူကြရအောင်၊ ဒဏ်ငွေငါးကျပ် တပ်ချင်တပ်ပစေ” ဟု ပြောဆို
လောင်းလှူကြ၏။ အချို့လည်း ချုံကွယ်၍ လှူကြရ၏။ မကြာမီ တစ်မြို့လုံး အုတ်အုတ်

