## PAGE 280


၂၂၄

ကျက်ကျက် လောင်းလှူကြရာ လှည်းများဖြင့်ပင် တိုက်ပို ့ရလေသည်။

ဓမ္မာစရိယဦးဌေးလှိုင်

ဘုန်းတော်ကြီး၏ တိုက်တွန်းချက်အရ ဓမ္မိကာရာမခေါ် စာသင်တိုက်ကိုလည်း
တည်ထောင်ကြသည်။ သံဃာ သုံးလေးဆယ် အရှိတွင် ဆွမ်းမလှူရေး လှုံ့ဆော်သူများကြောင့်
သံဃာများ တစ်ကြိမ် ဆွမ်းဒုက္ခ ရောက်ခဲ့ကြရသေး၏။ ယခုသော် စည်ကား တိုးတက်လျက်။
ဦးဝိုင်းခြံနေရာကိုလည်း ၁၂၆ဝ-ပြည့်နှစ် လောက်တွင် ဦးဘလိပ်-ဒေါ်ဘွားစုံတို့က ခြံဝယ်၍
ဦးဇာနုတ္တရအား ကျောင်းဆောက်လှူကြသည်။ တောင်ဝိုင်းကြီးတောရ ပင်တည်း။

ကျည်ဆန်မ၊ စက်ရပ်ရ၊ စွမ်းလှဘယ်ဓာတ်နည်း

အခါတစ်ပါး ဘုန်းတော်ကြီးသည် ကျိုက်ဒေးယျံ၊ တောချုံထူထပ်ရာ၌ ငြိမ်သက်စွာ
ထိုင်၍ တရားရှုမှတ်နေရာ ရွှေလှေရွာသား မုဆိုးကြီးဦးကော်သည် သားသမင်ထင်၍
သေနတ်ဖြင့်ပစ်၏။ သုံးကြိမ်တိုင် မီးမကူး၍ သေနတ်ကို အပေါ်ထောင်ပစ်ရာ ကျည်ဆန်
ထွက်သွား၏။ “ချုံထဲက သားသမင်သည် သေနတ်သံကြားလျက် အဘယ့်ကြောင့်
မပြေးပါလိမ့်” ဟု အနီးသို့ သွားကြည့်ရာ ဘုန်းတော်ကြီး ဖြစ်နေသည်ကို တွေ့ ရသဖြင့်
ထိတ်လန့် တုန်လှုပ်ကာ တောင်းပန်လေ၏။

“မိမိအပြစ်ကို မြင်၍ တောင်းပန်ကုစားခြင်းသည် ကောင်း၏။ နောင်ကြီးပွားကြောင်း
ဖြစ်သည်။ ငါသည်းခံ၏” ဟု မိန့်တော်မူရာ ဦးကော်အား နတ်ရေစင် သွန်းချလိုက်သကဲ့သို့
ရွှင်လန်းစေ၏။ “အသက်ထက်ဆုံး ဤမကောင်းမှုမှ ရှောင်ကြဉ်ပါမည်” ဟု လျှောက်၍
အိမ်သို့ ပြန်လာခဲ့သည်။ မကြာမီ ရသေ့ပြု၏။ နောင်ဘုန်းတော်ကြီးကဲ့သို့ပင် ရဟန်းပြု၍
ဓုတင်များဆောင်ကာ တောရဆောက်တည် လေတော့သည်။ ၁၂၆၃-ခုနှစ်တွင် တိုက်ကုလား
တောင်ခြေ ကျောက်တစ်လုံး တောရ၌ ဝါကပ်လေသည်။

၁၂၄၇-ခုနှစ် ပါတော်မူခေတ်တွင် စစ်တောင်း မရမ်းချောင်းဘုန်းကြီး၊ ကျောက်ကလပ်
ဘုန်းကြီးတို ့သည် ဗိုလ်လုပ်၍ အင်္ဂလိပ်အစိုးရအား တော်လှန်နေချိန် ဖြစ်၏။

ရွှေကျင်မြို့ကို ဝင်စီးရာတွင် ပန်ချာပီ စစ်ကုလားတို့၏ လက်ချက်ကြောင့် လက်ရုံးဗိုလ်
ကိုဘားကြီးကျဆုံး၍ တပ်ပျက်ပြေးကြရသည်။ ပန်ချာပီတပ်ကလည်း လိုက်၍ နှိမ်နင်းလျက်ရှိ၏၊
တစ်နေ့တွင် တောတစ်ခုအတွင်း ဘုန်းတော်ကြီးလည်း တရားထိုင်နေစဉ် ပန်ချာပီ စစ်သားများက
ရန်သူဘက်သားဟု ယူဆ၍ လေးဘက်လေးတန် သေနတ်ဖြင့် ဝိုင်းပစ်သတ်ကြ၏။
သေနတ်မီး မထွက်သဖြင့် ဘုန်းကြီးမှန်းသိကာ အနီးသို့ လာရောက်ဝန်ချ တောင်းပန်ကြ၏။
ခြေတော်၌ ဦးခေါင်းနှင့်ပွတ်ကာ ဆလံပေးကြသည်။

၁၂၆၂-ခုနှစ် တန်ဆောင်မုန်းလ ညောင်လေးပင်တောရ စာပြန်ပွဲနှင့် `ရှမ်းရွာ သိမ်
သမုတ် ကိစ္စကြွရင်း ပြွန်တန်ဆာ၊ ဒိုက်ဦး၊ ဥက္ကံရွာများသို့ လှည့်လည်တော်မူ၏၊
လမ်းအကြားတွင် မီးရထားနှင့် ရင်ဆိုင်တိုးမိစဉ် မီးရထားသည် ချက်ချင်းရပ်သွား၍
လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ စက်ဗိုလ်နှင့် ခရီးသည်တို့လည်း သူ့ထက်ငါ ဘုန်း


။

## PAGE 281


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၂၅

တော်ကြီးအား ပူဇော်ကြကုန်၏။ မီးရထား ထွက်သည့်တိုင်အောင်ပင် ကိုယ်တစ်ပိုင်းထုတ်၍၊
ခေါင်းပြု၍၊ အော်၍ ရှိခိုးကြသည်။

သင်္ကန်းကျွန်းမှ ဒလဘက် ကွမ်းခြံကုန်းသို့ ကြွစဉ်တုန်းကလည်း ထိုနည်းအတိုင်း
ကြုံခဲ့ဖူး၏။

၁၂၄၄-ခုနှစ် လောက်တွင် ရွှေကျင် ဆိတ်ကလေးတောရကျောင်း၌ နေစဉ် ဝမ်းအနှိမ်ရွာသို့
ဆွမ်းခံကြွရ၏။ တစ်နေ့သော် ဆွမ်းခံကြွရင်း သားငှက်များကို ထောင်သော ညွှတ်ကွင်း၌
ခြေထောက်စွပ်မိ၍ ရှေ့မတိုးဘဲ ရပ်နေတော်မူ၏။ ညွှတ်ထောင်ထားသူမြင်လျှင် ကြောက်လန့်
နေ၍ အနားသို့မကပ်ဝံ့ချေ။ အခေါက်ခေါက်လာရောက် ချောင်းမြောင်းကြည့်၏။ ဘုန်းတော်ကြီး
ကား ရပ်လျက်သာ။ ညွှတ်သမားလည်း ကြီးစွာ သောကဖြစ်နေရှာ၏။ လာ၍လည်း
မဖြုတ်ဝံ့၊ ကြာသော် အခြားသူတစ်ယောက်အား အဖြုတ်ခိုင်း၏။ ဘုန်းတော်ကြီးက
ဆိုလာသူအား-

"

“ဒကာ ဒါနှင့်ညွှတ်ကွင်းလား” ဟု မေး၏။

“မဟုတ်ပါ” ဟု လျှောက်၍-

ဟု

“သူတစ်ပါး ညွှတ်ကွင်းကို မဖြုတ်နှင့်” ဟု ပယ်မြစ်တော်မူ၏။

ကိုယ်တိုင်လည်း ဝိနည်းအရ မဖြုတ်အပ်။ မဆိုင်သူဖြုတ်သော်လည်း ခွင့်မပြုထိုက်။
သို့နှင့် ထိုသူက ညွှတ်ကွင်းရှင်အား-

“မင်းတော့ခက်တာပဲ၊ မွန်းလည်းတည့်လုပြီ၊ ဆွမ်းမစားရလို့ သေသွားရင် မင်းတော့
အဝီစိပ်” ဟု ပြန်၍ပြောရာ ညွှတ်ရှင်လည်း ဝမ်းနည်းကြေကွဲစွာ . ငိုယို၍ လာရောက်
ဖြုတ်ရတော့၏။ “နောင်ဒီလို မလုပ်တော့ပါ၊ သည်းခံပါဘုရား” ဟု ညွှတ်ကွင်းပါလှူ၍
ကန်တော့၏။ ဘုန်းတော်ကြီးကား ဆွမ်းတစ်နပ် လစ်လပ်လေပြီ။

ဘုရားရှင်စသော သူတော်ကောင်းတို ့သည် မာရ်နတ်ကြောင့် ဆွမ်းလစ်လပ်ရသော
အခါမျိုးတွင် ပီတိဘက္ခ=တရား ပီတိကိုသာ စား၍နေသော ဗြဟ္မာကဲ့သို့ ဝမ်းမြောက်ဝမ်းသာပင်
နေတော်မူကြမြဲဖြစ်၏။ (ညွှတ်ကွင်းကို ဖြုတ်လျှင် မိထိုက်သော သားကောင်အတွက်
ဘဏ္ဍာစားထိုက် (လျှော်ရ) ၏။ ပြန်ထောင်ထားခဲ့ပြန်လျှင်လည်း ပါဏာတိပါတ မလွတ်။
ဝိနည်း။)

မသေနိုင်သောဓာတ်

ဘုန်းတော်ကြီးကား ရထား၊ သေနတ်၊ တိရစ္ဆာန် စသော သေဝနီးပါး ဘေးရန်
များနှင့် အကြိမ်ကြိမ် ကြုံခဲ့ရသော်လည်း အသက်အန္တ ရာယ်မရှိခဲ့၊ ကားစင်တင်ခံရသော
ဥတ္တရသာမဏေ၊ မိခင်အလောင်း မီးရှို့စဉ် ဝမ်းတွင်း၌ ရှိသော ရှင်ဒဗ္ဗ၊ ငါးဝမ်းထဲနေခဲ့ရသော
ရှင်ဗာကုလ စသူတို့ကဲ့သို့ ဤဘဝတွင် တရားထူး ဧကန်ရရမည့်သူသည် သေရိုးထုံးစံမရှိ။
“ဉာဏဝိပ္ပာရဣဒ္ဓိ” ခေါ်သည်။ အတိတ်ကံထူးသူများ၊ အမတေခေါ် မသေဓာတ်ပါသည့်
သတ္တဝါများလည်း မသေကြ။

## PAGE 282

၂၂၆


ဓမ္မာစရိယ ဦးဌေးလှိုင်

နိဗ္ဗာန်ဟူသော အသင်္ခတ အမတဓာတ်အား (မသေဓာတ်ဆွဲအား) သည် မည်မျှ
ကြီးမားကြောင်း သတိပြုရာ၏။

အားကြီးသူနှင့် ယှဉ်ပြိုင်ရသော အရှုံး

ဘုန်းတော်ကြီးအား မနာလိုဝန်တိုလျက် ဆန့်ကျင်ဘက် ပြုသူများနှင့် စပ်၍
မှတ်သားဖွယ် ရှိပေသေး၏။ မိမိထက် မြင့်မြတ်သူများနှင့် ဖက်၍ ရန်သူလုပ်ရသည်မှာ
ကြောက်ဖွယ်ကောင်းလှ၏။ ဂုဏ်ကြီးသလောက်၊ သည်းခံသလောက် ဆန် ့ကျင်သူမှာ
နှစ်၏။ နာ၏။ လေညာလေဆန်ဘက်သို့ ပစ်လွှင့်သောဖုန်မြူများမှာ ပစ်သူထံ နှာ၊ ခံတွင်း၊
မျက်စိ၌သာ ပြန်ဝင်ကျမြဲဖြစ်သည်။ ဝေဒနာခံစားရခြင်း စသော ပျက်စီးခြင်း အမျိုးမျိုး
(ဒဏ်-၁၀ ပါး) နှင့် ရင်ဆိုင်ရတတ်၏။ “စိမ်ရေသင့်သည်” ဟု လောက၌ ခေါ်ကြသည်။
“မဇ္ဈိမပဏ္ဏာသ - ဥပါလိသုတ်' တွင် မနောကံ တန်ခိုးကြီးပုံ ကို ပြရာ၌ ကိသဝစ္ဆရသေ့
ကို ပစ်မှားကြ၍ ဒဏ္ဍကီပြည်ကြီး လက်နက်မိုး၊ ပြာပူမိုးရွာ၍ တောအတိ ဖြစ်ရကြောင်း
လာ၏။

“ဧကာဒသနိပါတ်” ဓမ္မနတ်သား ဝတ္ထုတွင်လည်း ဓမ္မနတ်သားသည် တပည့် အခြွေ
အရံနှင့်တကွ ဇမ္ဗူဒီပါကို လက်ယာရစ် လှည့်လျက် ကောင်းမှုပြုရန် လူတို ့အား နှိုးဆော်၏။
အဓမ္မနတ်သားလည်း ထို့အတူလက်ဝဲရစ် လှည့်ကာ မကောင်းမှုပြုရန် နှိုးဆော်၏။ ယင်းသို့
သွားကြစဉ် ကောင်းကင်လမ်းခရီး၌ ရထားချင်းဆုံကြရာ သူရှောင် ငါရှောင် အချေအတင်
ဆိုကြသည်။ နောက်ဆုံး ဓမ္မနတ်သားကပင် သည်းခံအရှုံးပေးသဖြင့် ရထားမောင်းနှင်
ထွက်ခွာပေးရာ အဓမ္မနတ်သားသည် ရထားမှကျ၍ အဝီစိသို့ ရောက်လေ၏။ မမြင်ရသော
(အဓိဝါသန) ခန္တီ၏အားကား ကြီးမားလေစွာ့။

အခါတစ်ပါး ပုဏ္ဏားတစ်ယောက်သည် “သူ့ အစ်ကိုအား ရဟန်းပြုပေးရကောင်းလား”
ဟု ဘုရားရှင်အားစိတ်ဆိုး၍ လာရောက် ဆဲရေးခြိမ်းခြောက်၏။ သူ့ နာမည်ကား အက္ကောသက
ဘာရဒွါဇ ဖြစ်၏။ ထိုအခါ ဘုရားရှင်က-

"

“ပုဏ္ဏား သင့်အိမ်ကို ဧည့်သည်များလာ၍ စားဖွယ်သောက်ဖွယ် တည်ခင်းပေးကျွေး၍
ဧည့်သည်က မစားမယူဘဲထားလျှင် ဘယ်သူခံယူရသနည်း” ဟု မေးရာ-

46

“အကျွန်ုပ်တို့ပင် ခံယူကြပါသည်” ဟု ဖြေ၏။

“ပုဏ္ဏား ယခုလည်း သင်၏ဆဲရေး ခြိမ်းခြောက်ခြင်းကိ ငါလက်မခံ။ သင့်ဟာသင်သာ
ရှိပါစေတော့” ဟု မိန်
 ့တော်မူရာ မြတ်စွာဘုရားက သူ့အား ကျိန်လိုက်သည်ထင်၍ အလွန်
ထိတ်လန့်သွား၏။ လောကီတန်ခိုးရှင်တို့ကား မိမိတို့တတ်သော မန္တန်တန်ခိုး။ သမာဓိစုန်းတန်ခိုး
ကျိန်စာတိုက်ခြင်း (ကျိန်ဆဲခြင်း) စသည်တို့ဖြင့် မလိုသူတို့အား ဒုက္ခရောက်စေနိုင်ကြသည်ကိ
ဘာရဒွါဇ သိထားပြီး ဖြစ်၍ ထိတ်လန့်ခြင်း ဖြစ်၏။ နောက် အမှားဂန်ခံ၍ ရဟန်းပြုလေသည်။
(သဂါထာဂဂ်၊ အက္ကောသကသုတ်။)
