## PAGE 283


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၂၇

နောက်ပုံတစ်ခုကား ကျွန်ုပ်တို့၏ ဓမ္မမိတ်ဆွေဖြစ်သူ မကွေးပေပင်စမ်းအရှင် ဝါယာမ
စာသင်သားဘဝ စာသင်ကြစဉ် မိတ်ဆွေရဟန်းတစ်ပါးက ကျီစယ်လို၍ “မည်သူမည်ဝါက
ဦးပဉ္စင်းကို တွေ့လို၍ ယခုလာခဲ့ပါတဲ့” ဟု နေပူကျဲကျဲ တစ်မိုင်ခန့် ဝေးသော ခရီးသို့
လွှတ်လိုက်၏။ မတွေ့၍ ပြန်လာသောအခါ ဦးဝါယာမ စိတ်ဆိုး၏။ ချက်ချင်း စိတ်ဖြေ၍
သည်းခံအောင့်အည်း နေလိုက်သည်။ နောက်တစ်ရက် ကျီစယ်သော ဦးပဉ္စင်းမှာ အကြောင်းမဲ့
မျက်စိနာ၍ အိပ်မရတော့ချေ။ “ဦးဝါယာမကြီး စုန်းတတ်သလား၊ တပည့်တော် မနေ့က
လုပ်မိတာ သည်းခံပါ” ဟု တောင်းပန်၏။ သိသိသာသာ ပျက်စိနာ ပျောက်သွားသည်။

ဤမျှသော စကားအစဉ်ဖြင့် အရိယူပဝါဒကံကို ခန့်မှန်းနိုင်လောက်၏။ သီလ,
သမာဓိ, ပညာဂုဏ်ကြီးလျှင် ကြီးသလောက် ပြစ်မှားသူအား ကျိန်စာတိုက်သကဲ့သို့ ဒုက္ခ
ရောက်စေတတ်ပေသည်။ သူတော်မြတ်တို့သည် သူယုတ်မာတို့အား မေတ္တာသည်းခံခြင်းဖြင့်
ဒဏ်တပ်၏။ မကောင်းမှုကို မတုံ့မပြန် လက်မခံခြင်းဖြင့် သူယုတ်မာတို့အား ပို၍
၏။ ဒက္ခိဏေယျဂ္ဂိ ဟူသော့ သူမြတ်အရိယာ ရဟန်းသံဃာတို့မှ လာသော မီးသည် ရှို့သူ
အားသာ မငြိမ်းနိုင်အောင် လောင်ကျွမ်းစေ၏။ သတိပြုကြပါလေ သူတော်ကောင်းတွေတို့။

မယ်တော်ကြီး ကွယ်လွန်ခြင်း

လေးစေ

ဘုန်းတော်ကြီး၏ မယ်တော်ကြီး ဒေါ်ချိုသည် ကပ်ကလေးတောရ၌ ဘုန်းတော်ကြီး
နှင့်အတူ ဝတ်ကြီးဝတ်ငယ်ပြုလျက် သီလရှင်ဝတ်နှင့်နေ၏။ ဘုန်းတော်ကြီးကား တစ်နေရာမှ
တစ်နေရာသို့ ပြောင်းရွှေ့ သော်လည်း မယ်တော်ကြီးကား တပ်ကလေးတောရ၌သာ တရားနှလုံး
သွင်း၍ နေရစ်၏။

၁၂၄၁-ခုနှစ် ဘုန်းတော်ကြီး ရွှေကျင်တောရ၌ သီတင်းသုံးခိုက် မယ်တော်ကြီး
သီတင်းသုံးရာ တပ်ကလေးတောရ၌ ဓားပြလူဆိုးများ ဝင်ရောက်လာကြ၏။ ဥက္ကံရွာသမီးဖြစ်သူ
ဒေါ်သူဇာထံမှ ငွေသုံးထောင်နှင့် ရွှေအစိတ်သား အပ်ထားသည်ဟု သတင်းရ၍ လာတိုက်ခြင်း
ဖြစ်သည်။ ဓားပြများက ထိုပစ္စည်းများကို တောင်းကြ၏ ။ သီလရှင်ကြီးက “မရှိရပါကလား
မောင်တို့ရယ်” ဟုပြောပြ၏။ ထိုသတင်းလည်း စင်စစ်မဟုတ်ချေ။ သို့သော် လူဆိုးများက
မယုံကြ။ “သီလရှင်ကြီး လိမ်ပြောသည်” ဟု ထပ်တလဲလဲ ရိုက်နှက်ကြ၏။ သီလရှင်ကြီးသည်
“ငါ့အား အတိတ်ကံ စီမံလေပြီ” ဟု အောက်မေ့လျက် “သားတော်ကြီး၏ မယ်တော်ပီပီ
အားတင်းခံတော့မည်” ဟု စိတ်ကိုဆုံးဖြတ်၍-

"

66

“ငါ့သားကြီးဦးသီလ၏ ဆရာ-မြတ်စွာဘုရားကို ကိုးကွယ်ပါ၏ဘုရား။ သားတော်ကြီး
နှင့် မြတ်စွာဘုရား၊ သားတော်ကြီးနှင့်.....မြတ်စွာဘုရား၊ သားတော်...."မယ်တော်
သီလရှင်ကြီး၏ အသသည် လူဆိုးများလက်နက်အောက်တွင် တဖြည်းဖြည်း အားလျော့
သေးသိမ်ကာ သားနှင့် ဘုရားကို တ,လျက် ဝိညာဉ် ချုပ်ရရှာလေ၏။

ထိုအခါ ဘုန်းတော်ကြီးအား ရွှေကျင်တောင်ဘက်ရှိ ဆိတ်ကလေးတောရသို့ လိုက်၍

နဝမ

## PAGE 284

၂၂၈


ဓမ္မာစရိယ ဦးဌေးလှိုင်

"

ပင့်ကြရသည်။ ဘုန်းတော်ကြီးသည် မယ်တော်ကြီးအလောင်းကို မီးသင်္ဂြိုဟ်၍ ပြာကျသည့်
ဘိုင်အောင် အသုဘ ဘာဝနာ ပွားတော်မူ၏။ မီးမငြိမ်းမီပင် မီးသင်္ဂြိုဟ်ရာမှ ရွှေကျင်သို့
ပြန်ကြွတော်မူ၏။

ကံတရားတို့သည် ဆန်းကြယ်ကုန်ဘိသည်။ ထူးခြားသည့် ပုဂ္ဂိုလ်တို့၏ ပတ်ဝန်းကျင်၌
အဖြစ်အပျက်တို့သည် ဖြစ်ရိုးဖြစ်စဉ် မဟုတ်တတ်၊ ကောင်းကောင်းဆိုးဆိုး ထူးခြားလွန်း
တတ်သည်။ ကြွေးများကို အပြတ်ရှင်းရသော ဘဝဖြစ်၍ ထိုပုဂ္ဂိုလ်ထူးများနှင့် အကြောင်း
ပစ္စည်းမကင်းသူတိုင်း ကျရာဘဝဇာတ်တွင် ပါဝင်ကြရမြဲ ဖြစ်သည်ကို သတိမူသင့်ကြ၏။
မမြင်ရသော အမွှေဓာတ်ကိုလည်း မျက်ခြည်မပြတ်သင့်။ သူတော်ကောင်းတို့၏ ပတ်ဝန်းကျင်
တွင် အကောင်းချည်း ဖြစ်လာလိမ့်မည် ဟုကား မယုံစားသင့်။

ဤ၌ ယောဂီတို့ အထူးသတိပြုရမည်မှာ- မိမိနေသော ပတ်ဝန်းကျင်၊ မိမိလုပ်နေသော
အလုပ်နှင့် ထိုက်တန်အောင် နေရမည်။ ပေါ့ပေါ့ဆဆ မနေရ။ ယောဂီ၏ ဝတ္တရားအတိုင်း
ခန္ဓာကိုယ် ဘုရားလှူ အပြစ်ဟူသမျှ ဝန်ချတောင်းပန်၊ မေတ္တာနာနာပွား သည်းခံ၊ အမျှပေး
ဝေ။ နေ ့စဉ်ဝတ် မချွတ်စေရ။

သူတစ်ပါး စိတ်အကြံကို သိပုံ

ဘုန်းတော်ကြီးအား (ဖော်ပြလတ္တံ့သော ကာယကံရှင်တို့၏ ကိုယ်တွေ့ သာဓက
များအရ) သူတစ်ပါး စိတ်အကြံသိသည်၊ ပရစိတ္တဝိဇာနန အဘိညာဉ် ရတော်မူသည်ဟု
ယုံကြည်ကြလေသည်။

အခါတစ်ပါး ပဲခူးမဟာစေတီ ဆရာတော် ဦးဂုဏသည် နောက်ပါ ဦးပဉ္စင်း
ဦးဂန္ဓမှာကို ခေါ်၍ ဘုန်းတော်ကြီးထံ အဖူးမြော်သွား၏။ ဘုန်းတော်ကြီးသည် မိမိထံ
ရောက်လာသော ဦးပဉ္စင်းများအား ပစ္စည်းတစ်စုံတစ်ရာ မချီးမြှင့်ဘဲ မပြန်ရ။ အမြဲတမ်း
ပေးလှူလေ့ရှိသည်။ ပစ္စည်းလိုချင်၍ သွားသည်ဟုပင် အပြောခံရလောက်အောင် ချီးမြှောက်
လေ့ရှိသဖြင့် ဦးဂန္ဓမာသည် မိမိဆရာခေါ်သော်လည်း မလိုက်ချင်။ ဘုန်းတော်ကြီးက
သင်္ကန်းစသည်စွန့်၍ ယူလာရလျှင် ထိုသို့အထင်ခံရမည်ကို ရှက်၏။ တစ်လမ်းလုံး
“ဘုန်းတော် ကြီး ဘာမှ မစွန့် ပါစေနှင့်” ဟု စိတ်ထဲက တောင့်တရင်း လိုက်ပါလာ၏။

ဘုန်းတော်ကြီးထံ ဆရာတပည့်နှစ်ပါး ရောက်သောအခါ … ဘုန်းတော်ကြီးသည်
ကိုယ်ကျင့်တရားများကိုသာ များစွာဟော၍ ပစ္စည်းတစ်စုံတစ်ရာ မစွန့်ဘဲ “ကဲ-ပြန်ကြ”
ဟု မိန့်တော်မူ၏။ ဦးပဉ္စင်း ဦးဂန္ဓမာကား စိတ်တောင့်တ,တိုင်း ပြည့်ဝကျေနပ်၏။
“ဘုန်းတော်ကြီး စိတ်အကြံ သိလေသလား” ဟု လည်း သံသယ ဝင်လာလေသည်။

တစ်ဖန် ဦးဂန္ဓမာသည်ပင် ဝမ်းပတောသို့ ရောက်ခိုက် ဘုန်းတော်ကြီးလည်း ကျိုက်ထိုမှ
ဝမ်းပတောသို့ တပည့်သံဃာများနှင့် ရောက်လာ ကြုံကြိုက်၏။ ဦးဂန္ဓမာသည် ဘုန်းတော်ကြီး
ခရီးပန်းလာသဖြင့် ဝတ်ဖြည့် (နှိပ်နယ်) ပေးရန် စိတ်ကူးမိသည်။ ယခင်သံသယ ရှိထား

## PAGE 285

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


ဖူးသဖြင့် စုံစမ်းလိုသော အကြံလည်း ဝင်လာ၏။ ထို့ကြောင့်-

:၂၉

“ငါ့အား အလွယ်တကူဝတ်ဖြည့်ခွင့် ပြုပါစေ။ ဦးပဉ္စင်း ဘယ်သူလဲ ဘယ်ကလဲ
စသည် မမေးပါစေနှင့်” ဟု ပတ္ထနာ ပြု၏။ သူရောက်သွားလျှင် ဘုန်းတော်ကြီး ခြေဆင်း
လျက် အလွယ်တကူပင် ဝတ်ဖြည့်ခွင့်ရ၏။ ဘာမျှမမေး။ နှစ်နာရီခန့်ကြာသော် “တော်လောက်ပြီ၊
သွားတော့” ဟု လွှတ်လိုက်၏။ ဦးဂန္ဓမာ (နောင် မဟာစေတီ ဆရာတော်) ကား ယခင်
သံသယကို ဖယ်၍ တကယ်ပင် သိသည်ဟု ဆုံးဖြတ်လျက် ဝမ်းသာနေရပေသည်။

အထင်မကြီးသော ဆရာတော်၏ နောင်တ

အခါတစ်ပါး ပဲခူးမြို့ရှိ ကျောင်းတိုက်ကြီး တစ်တိုက်မှ နာယက ဆရာတော်ကြီး
တစ်ပါးသည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဘုန်းတော်ကြီး၏ သတင်းဆန်းများကို
ကြားနေရ၏။ အထူးသဖြင့် သွားလေရာရာတွင် လှည်းနှင့်တိုက်ရလောက်အောင် လာဘ်လာဘ
ပေါများခြင်းမှာ ဒလံလုပ်ပြီး ဝါဒဖြန့်ကြ၍သာ ဖြစ်ရမည်ဟု ထင်နေ၏။

တစ်နေ့သောအခါ နံနက်သုံးနာရီ ကျောင်းတံခါး ခေါက်သံကြားရ၍ တံခါးကို
ဖွင့်ပေးလိုက်ရာ ဘုန်းတော်ကြီး ဖြစ်နေသည်ကို တွေ့ ရသဖြင့် အလွန်အံ့အားသင့်သွား၏။
နေရာထိုင်ခင်းပေး၍ ဘုန်းတော်ကြီးအား ဝတ်ပြုနေရာ ဘုန်းတော်ကြီးက ကိုယ်ကျင့်တရားများကို
ကြိုးစားရန် ထ၍မရအောင်ဖိ၍ ဟောတော်မူသည်။ ကျောင်းအုပ်ဆရာတော်ကြီး၏ စိတ်ထဲတွင်
ဘုန်းတော်ကြီး ဆွမ်းခံစားလေ့ရှိရာ ဒကာ, ဒကာမများကို ကြိုတင်စီမံ နှိုးဆော်ချိန်
မရသဖြင့် စောစောစီးစီး နံနက်ဆွမ်း (လောင်းဆွမ်း) ကို အဆင်ပြေပြေ ရနိုင်ရန်ကိုသာ
စိတ်စောနေ၏။ ဘုန်းတော်ကြီး ဟောနေသည်ကိုပင် ဘာတွေ ဟောနေမှန်း မမှတ်မိ။

“တတ်နိုင်ပါဘူးလေ၊ အရုဏ်တက်လို့ ဘုန်းတော်ကြီး ဆွမ်းခံကြွမှ ကျောင်းသား
တစ်ယောက်ကို မုန့်သေတ္တာ သွားပြီး တစ်နေရာရာက အလောင်းခိုင်းမှပဲ” ဟု ကျောင်းရှိ
လှူဖွယ်ရာကိုသာ စိတ်ထဲက စီမံ စဉ်းစားနေမိလေသည်။ ဘုန်းတော်ကြီးကား အရုဏ်တက်လျှင်
သပိတ်ကို ကောက်လွယ်လျက်-

“ကဲ....တော်လောက်ပြီ၊ ဆွမ်းခံသွားရဦးမယ်” ဟု မိန့်ကာ ကြွသွားတော်မူ၏
ကျောင်းအုပ်ဆရာတော်လည်း နောက်မှလိုက်ပါ၍ ကျောင်းဝင်းတံခါးကို ဖွင့်ပေးလိုက်ရာ
ဆွမ်းလောင်းရန် ဘယ်အချိန်က ရောက်နေကြသည်မသိ၊ လူပေါင်းများစွာ စီတန်းစောင့်နေ
ကြသည်ကို တွေ့ရသဖြင့် တစ်သက်နှင့်တစ်ကိုယ် မေ့မရအောင် အံ့အားသင့်သွား၏။
ဘုန်းတော်ကြီးအပေါ် မိမိ အထင်မှားခဲ့သည်ကို ရုတ်ခြည်း သတိရ၍ ဝမ်းသာရရာမှ စိတ်
မကောင်း ဖြစ်လာရ၏။

“အာကဇေယျသုတ်” ၌ ဟောတော်မူသည့်အတိုင်း ပစ္စည်းလာဘ် လာဘနှင့်စပ်၍
“သီလ၏ ဆွဲငင်အား’ ကို သတိပြုကြရာ၏။

0:

ဆွမ်းလောင်းသည့်အထဲတွင် ကျောင်းဒကာကြီး ဦးမှိန်လည်း ပါလာသည်ကို တွေ့ရသဖြင့်
