## PAGE 286


၂၃ဝ

မေးကြည့်ရာ ဦးမှိန်က-

..

ဓမ္မာစရိယ ဦးဌေးလှိုင်

“တပည့်တော်လဲ ဘုန်းတော်ကြီးမှန်း မသိပါဘူး၊ ညက အိပ်မက်မက်တယ်၊ အဲဒီကို
ဆွမ်းလောင်းသွားချေ၊ ရဟန္တာတစ်ပါး ကြွလာလိမ့်မယ်တဲ့၊ အိပ်မက်မက်တာ မှားသည်ဖြစ်စေ၊
မှန်သည်ဖြစ်စေ ဆွမ်းလောင်းတာ ကုသိုလ်ရတာပဲလေဆိုပြီး လာခဲ့တာပဲ ဆရာတော်” ဟု
လျှောက်ရာ ပို၍ပင် အံ့အားသင့်သွားပြန်၏။

အခြားသူများကို မေးကြည့်ပြန်ရာတွင်လည်း ဦးမှိန်ကဲ့သို့ အိပ်မက်မြင်မက်၍၊ အိမ်
နှီးချင်းကပြော၍ ဘုမသိဘမသိ လာကြခြင်းဖြစ်ကြောင်း သိရလေသည်။ လူအုပ်ကြီးမှာ
ဆွမ်းကြီးလောင်းပွဲတမျှ စည်ကားလှပေ၏။ ကျောင်းအုပ်ဆရာတော်ကြီးကား ရွှေအောင်ရိုး
ဆရာတော်ကြီးပင် ဖြစ်ပေတော့သည်။

ဆရာတော်ကြီးသည် ယခင်ကအထင်လွဲပုံများကိုနောင်တကြီးစွာ ဖြစ်၍ ရဟန်း
သံဃာများအား တရားဟော စာချတိုင်းလိုလို အမိန့်ရှိတော်မူ၏။ မကြာမီ တောရ
ဝင်တော်မူလေသည်။

ဘုန်းတော်ကြီးကဲ့သို့သော သူတော်သူမြတ်တို့ မည်သည်ကား တစ်လောကလုံး
ဒိုးယိုပေါက် ဟင်လင်းပွင့်အောင် သိမြင်တော်မူကြသည်၌ ယုံမှားဖွယ် မရှိအပ်။ သို့သော်
သိမြင်တိုင်း မိန့်တော်မူမည်ဟု မထင်မှတ်သင့်။ ရွှေအောင်ရိုးဆရာတော်ကဲ့သို့ နောက်ပါ
တပည့်များနှင့် ကိုယ်ကျင့်တရားမြတ်ကို ကျင့်သုံးမည့် အလားအလာ အကျိုးအာနိသင်ကိုပါ
သိမြင်တော်မူမှ အရိပ်အမြွက် အသိပေးတော်မူလေ့ ရှိကြသည်။

ထန်းလျက် ကမ္မဋ္ဌာန်း

ဘုန်းတော်ကြီး ဘီလူးကျွန်း ကျိုက်ကွဲတောင်တောရ၌နေစဉ် လူများ ကန်တော့လာ
ကြရာ မရမ်းရွာမှ ကုလား ကိုဘိုးအား-

“ဒီဒကာ အသက် ၆ဝ-ရှိပြီ၊ ဥပုသ်စောင့်ဖျင်းသည်၊ ကိုယ့်အိမ်ကိုပင် အမှိုက်မလှည်း၊
ရေကြီးသောအခါ ရေက လှည်းပေးရသည်” ဟု မိန့် တော်မူရာ “အနိမ့်ထဲ အိမ်ဆောက်သည်ကို
ဘယ်လိုသိပါလိမ့်” ဟု အံ့သြကြ၏။

ရွာလွတ်ရွာသားတို့လည်း ဘုန်းတော်ကြီးအား ကျိုက်ကွဲတောင်မှ ရွှေ့၍ ကျိုက်ဒိုးတောင်၌
သီတင်းသုံးရန် ပင့်ကြရာ တောင်ပေါ်သို့ ရောက်သောအခါ ရေဆာ၍ ပင်ပန်းမောဟိုက်
နေကြ၏။ ရေလည်းမတွေ့ ၊ ယူလည်း မယူမိခဲ့ကြ။ ထိုအခါ “ဒကာတို့ ဟိုသစ်ပင်အောက်
သွားပြီး ရေခပ်ကြစမ်း” ဟု ခိုင်းသည့်အတိုင်း သွားခပ်ကြရာ စမ်းရေရသဖြင့် “ဘုန်းတော်ကြီး
မရောက်ဖူးဘဲ ဘယ်လိုသိပါလိမ့်” ဟု အံ့သြကြရပြန်သည်။

ဘုန်းတော်ကြီးလုပ်သော ရေလော၊ နဂိုကရှိနှင့်နေသော ရေကို ထိုးဖောက်သိမြင်
ခြင်းသော မဆိုနိုင်။

ကညွတ်ကွင်းကိုရင်ကြီး ဦးပဏ္ဍိတ၏. ကိုယ်တွေ့မှာ ပို၍ အံ့ဖွယ်ကောင်းလှ၏။

## PAGE 287


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၃၁

ကျိုက်ထို မောင်းတီးတောင်၌နေစဉ် ဦးစန္ဒနှင့် ရသေ့ကြီး ဦးပဏ္ဍိ (ထိုစဉ်က ရသေ့ဝတ်သာ
ရှိသေးသည်) တို့လည်း ဘုန်းတော်ကြီးနှင့်အတူ လိုက်နေကြရာ ရသေ့ကြီးမှာ “လိုလျှင်ရစေ၊
ကြိုးလိုခွေ ဟူသော ရှေးလူကြီးပီပီ အရာရာကို ကြောင့်ကြတတ်၏။ တစ်နေ့ ဘုန်းတော်ကြီးအား
ဝတ်ပြုရန် သွားသောအခါ-

“ဟဲ့ရသေ့၊ နင် ထန်းလျက်ကို ခေါင်မိုးထိုးပြီး ဘောက်မဲ့ သိမ်းဆည်းထားရသတုံး”
ဟု ့မေးလျှင် “သိနေမှတော့ မထူးပါဘူး” ဟု ယူဆကာ-

“လိုလျှင် ရအောင်လို့ပါဘုရား” ဟု ရှေ့တိုး၍သာ လျှောက်ထား ဝန်ခံရတော့သည်။
အင်း....နင် ကမ္မဋ္ဌာန်း စီးဖြန်းတဲ့အခါ ငါ့ထန်းလျက် ကြွက်စားမလား၊ ရှဉ့်စားမလားနဲ့
ကြောင့်ကြပြီး နင့်ကမ္မဋ္ဌာန်းဟာ ထန်းလျက် ကမ္မဋ္ဌာန်း ဖြစ်နေမယ်။ မထားနှင့်” ဟု
မိန့်တော်မူရာ ရသေ့ကြီးမှာ ပြုံးစိစိနှင့် အံ့သြသွား၏။

တစ်ခါတွင် ဦးပဏ္ဍိသည် မကျန်းမမာ၍ ထပ်ကေးရွာ ဆရာထွန်းနှင့် ဆေးကုခံရန်
စဉ်းစားမိသော်လည်း ဘုန်းတော်ကြီးအား ငဲ့၍မသွားဖြစ်။ ရောဂါလည်းမသက်သာ၊ နောက်ဆုံး
သွားမှဖြစ်မည်ဟု စဉ်းစားကာ ဘုန်းတော်ကြီးအား လျှောက်ထားရန် သွား၍ ဦးချစဉ်ပင်
“ဟဲ့ရသေ့၊ နင်ငါ့ကို ငဲ့မနေနှင့်၊ ထပ်ကေးရွာ ဆရာထွန်းဆီ သွားလိုတဲ့နေ့ သွားတာပေါ့”
ဟု ဆီး၍ မိန့်လိုက်ရာ ရသေ့ကြီး ဦးပဏ္ဍိ လှည့်၍ ပြန်လာရတော့သည်။

အကျင့်သာမြတ်၊ စာမတတ်၊ ထင်မှတ်မှားလေခြင်း

ရွှေကျင်မြို့ ကျောက်လုံးကြီး ကန်ဘေးအိုင်အထက် မဟာသောင်တောရ၌ နေစဉ်
ပျဉ်းမနားမှ ဒကာများ ဘုန်းတော်ကြီးအား ဖူးမြော်လိုသဖြင့် ရွှေကျင်မှ ဦးသာထူးစသော
မိတ်ဆွေများက လိုက်ပို့ကြရာ ကန်ဘေးအိုင်ရွာမှ ဆွမ်းခံအပြန် လမ်းမှာပင် ဖူး တွေ့ကြရ၏။
ဒကာများ သပိတ်ကိုယူ၍ ကျောင်းသို့ နောက်မှလိုက်ပါလာကြသည်။ ကျောင်းသို့ ရောက်လျှင်
ဒကာများအား ဤသို့ သြဝါဒတရား ဟောကြားတော်မူ၏။

“ဒကာတို့၊ အလွန်ဆန်းကြယ် ခက်ခဲတဲ့ တန်ဆောင်း ပြာသာဒ်များ ဆောက်တဲ့အခါ
လက်မှုပညာသာ တတ်၍ စူးဆောက် တန်ဆာပလာ မရှိလျှင် ဖြစ်နိုင်မလား။ လက်နက်သာရှိပြီး
ပညာမတတ် မကျွမ်းကျင်လျှင်ကော ဆောက်လို ့ ရပါ့မလား”

“မရနိုင်ပါ ဘုရား”

“အေး..လက်နက် ကိရိယာရော၊ လက်မှုပညာပါ၊ ကျွမ်းကျင်မှသာ ဖြစ်နိုင်သည်

မဟုတ်လား”

“မှန်လှပါဘုရား”

“ဒီဥပမာအတိုင်းပဲ သာသနာလုပ်ငန်းမှာလဲ သဒ္ဓါရော ပညာပါ နှစ်ပါးစုံမှသာ
ဆောင်ရွက်လို ့ရတယ်။ တစ်ခုခု လိုနေလို ့မရဘူး။ ဒါကြောင့် ကုသိုလ်ကိစ္စအဝဝမှာ သဒ္ဓါ၊
ပညာ စုံလင်အောင် ကြိုးစားကြ” ဟု မိန့်တော်မူသည်။

## PAGE 288


၂၃၂

ဓမ္မာစရိယ ဦးဌေးလှိုင်

တရားနာအပြီး ဒကာများ ဦးချ၍ ပြန်ခဲ့ကြ၏။ လမ်းသို့ရောက်သောအခါ ပျဉ်းမနားက
ဒကာတစ်ဦးမှာ ဝမ်းသာ ဝမ်းနည်း ဖြစ်ကာ-

“ဘုန်းတော်ကြီးဟာ အဘိညာဉ်ရတဲ့ အရိယာပုဂ္ဂိုလ်ကြီး ဆိုတာ မယုံကြည်စရာ
မရှိပါဘူးဗျာ။ ဟောလိုက်တဲ့ တရားက ကျွန်တော့်ကို ဆုံးမတာပဲဗျ” ဟု ဆို၍ အားလုံးက
စိတ်ဝင်စားပြီး အကျိုးအကြောင်းကို မေးကြ၏။

“ကျွန်တော်တို့အလာက ဘုန်းတော်ကြီးနောက်မှ လိုက်လာကထဲက ကျွန်တော့စိတ်ထဲမှာ
စိတ်ကူးပြီး လိုက်လာခဲ့တာ။ “အင်း…….ဘုန်းတော်ကြီးဟာ အကျင့်သီလ ပဋိပတ်တော့
ပြည့်စုံပါရဲ့၊ စာပေ ပရိယတ္တိအရာမှာတော့ မထင်ရှားလေဘူး။ စွယ်စုံပုဂ္ဂိုလ်ကား အရှားသားပဲ”
လို့ တစ်လမ်းလုံး ကျွန်တော်စဉ်းစားပြီး လိုက်လာတာ ဘုန်းတော်ကြီး ဒါကိုသိလို့
တမင်ဆုံးမတာဗျ” ဟု ရှင်းပြလေသည်။

ဤနေရာ၌ သူတစ်ပါးစိတ်ကူးအကြံကို သိမှုနှင့်စပ်၍ သတိပြုဖွယ်တစ်ရပ်ကို အနည်းငယ်
တင်ပြလိုပါ၏။

သူတစ်ပါးအကြံကို သိသည်မှာ “ပရစိတ္တဝိဇာနန အဘိညာဉ်” ဖြစ်၏။ ထိုအဘိညာဉ်
ရမှသာ သိသည်မဟုတ်။ သမာဓိအား ကောင်းလျှင်လည်း အထိုက်အလျောက် သိနိုင်ပေ၏။
သို့သော် မစင်ကြယ်၊ မပြတ်သား၊ မတိကျ။ အကျင့်သီလ (ဗြဟ္မစရိယ) နှင့် မစပ်သော
အခြားနည်းလမ်းများ အကူအပံ့များဖြင့်လည်း သိနိုင်ကြလေသည်။ ထိုသို့ သူတစ်ပါး
စိတ်အကြံကိုသိတိုင်း အရိယာမဟုတ်။ မဟုတ်ရုံသာမက သီလမျှပင် ပြည့်စုံသူဟု မဆိုနိုင်
သေးချေ။ ဘုန်းကြီးလည်းဖြစ်၊ ထိုသို့ ဤသို့သော ထူးခြားချက် အချို့လည်း ရှိနေပြန်သဖြင့်
အသိဉာဏ်နည်း၍ ထူးကဲခြင်းကိုသာ အထင်ကြီးတတ်သူတို့၌ အရိယာမှန်း အတ္တလွန်ကဲလှ
သော မဟာယာန ဘုန်းကြီး (ထွက်ရပ်လမ်း ဆရာ) မှန်း မခွဲခြားနိုင်ရှာကြ။

စာသင်တိုက်ကြီးများ တည်ထောင်ပေးခြင်း

ဘုန်းတော်ကြီးသည် အောက်မြန်မာပြည် အရပ်ရပ် မြို့ကြီးများ၌ ပရိယတ္တိ -စာသင်
တိုက်ကြီးများ ဖြစ်မြောက်အောင်လည်း … တည်ထောင် … ဆောင်ရွက်ပေးတော်မူခဲ့သည်။
ပရိယတ္တိ ကျေးဇူးဂုဏ်ကို များစွာ သိတော်မူခြင်းပင် ဖြစ်၏။

ကိုယ်တော်တိုင်ကမူ တစ်တောဝင် တစ်တောထွက် သစ်ပင်တစ်ပင်မှ တစ်ပင်သို့
ပြောင်းရွှေ့၍ ရာသက်ပန် တောထဲမှာပင် ပျော်တော်မူ၏။ ပဋိပတ်၏ ချမ်းသာကို သန္ဒိဋ္ဌိက
(ကိုယ်တွေ့) ခံစားတော်မူရာ ထိုချမ်းသာမျိုး သားစဉ်မြေးဆက် ရှင်သန်ပြန်.ပွား ထွန်း
ကား စေရန် များစွာ လိုလားတော်မူ၏။ ထိုမဂ်ဖိုလ်ချမ်းသာမှန်များကို ထိန်းသိမ်းထားနိုင်သော
အရာကား ပရိယတ္တိမှတစ်ပါး အခြားမရှိပေ။

ကန်ဘောင်ရှိမှ ရေတည်နိုင်သကဲ့သို့ ရေရှိမှလည်း ကြာတင့်နိုင်ပေသည်။ ပရိယတ်၊
“ပဋိပတ်၊ ပဋိဝေဓဟူသော သာသနာသုံးရပ် သည်လည်း ထိုဥပမာအတိုင်းပင်တည်း။ ထို့ကြောင့်

