## PAGE 295

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၃၉

ပရိနိဗ္ဗာန်ခရီးနှင့် ဓာတ်တော်များ

ဘုန်းတော်ကြီးသည် ၁၂၆၈-ခုနှစ် ဝါကို ဘီလူးကျွန်း ကွမ်သဲတောရ၌ ဝါဆိုတော်မူ၏။
မြစ်ဝကျွန်းတစ်လျှောက်မှ သိမ်သမုတ်ရန် ဆယ်ဌာနပင့်ထားကြ၏။ ရန်ကုန် သင်္ဘောမစီးမီ
မော်လမြိုင် ပုဂံတောင်ကျောင်းတိုက်၌ ခေတ္တနေခိုက် ကျုံဒိုးတောရမှ ဘုန်းကြီး ဦးဉာဏုတ္တရလည်း
သိမ်သမုတ်ရန် လာပင့်၏။ အခန်းအတွင်း၌ ဘုန်းတော်ကြီး တစ်ပါးတည်း ကိန်းအောင်းစဉ်
ဦးဉာဏုတ္တရ ဝင်၍ ခြေဆုပ်လက်နယ် ဝတ်ပြုသည်။ အရိုးပေါ် အရေတင်နေသည်ကို တွေ့ ရ
သဖြင့် စိတ်မကောင်းချေ။

“တပည့်တော်၏ အသွေးအသားတွေလဲ ဆွေးကုန်ပြီ။ ပင့်သူတွေကတော့ ကျန်းမာတယ်
ထင်ကြမှာပဲ၊ မကျန်းမာတော့ဘူး ဦးဉာဏုတ္တရ၊ သေရင်လည်း မြို့ထဲရွာထဲမှာ မသေချင်ဘူး၊
တောထဲမှာပဲ သေချင်တယ်” ဟု မိန် ့တော်မူသဖြင့် ပို၍ စိတ်မကောင်း ဖြစ်ရပြန်၏။

“ဦးဉာဏုတ္တရ သိမ်အတွက်လဲပြည့်စုံအောင် လုပ်ထားပေါ့၊ ပြန်ရောက်နိုင်ကောင်းပါရဲ့”
ဟု နှစ်သိမ့်စကား မိန့်တော်မူမှ အတန်ငယ် အားတက်သွားသည်။ “မြို့ ရွာထဲ မသေချင်ဘူး”
ဟူသော စကားကိုမူ နားထဲက မထွက်။

နောက်တစ်နေ့တွင် ရန်ကုန်ထွက်မည့်သင်္ဘောကို တပည့်များနှင့်အတူစီးရာ လက်မှတ်
ယူသူက မယူမိ၍ ကုန်းပတ်က စီးရသည်။ ပြန်ဆင်းမည်အပြု ကုန်းဘောင်နုတ်နေပြီ ဖြစ်၍
ကြုံသလို လိုက်ပါရလေ၏။ သက်တော်လည်း ၇၅-နှစ်သို့ ရောက်၍ ဒူလာ သွေးဝမ်း
ရောဂါကလည်း ပို၍ပြင်းထန်နေချိန် မာရ်နံတ်သည် မလွတ်တမ်းဒုက္ခပေးနေ၏၊ ရန်ကုန်
ရောက်လျှင် ပန်းတနော်သင်္ဘော ပြောင်းစီး၍ ဝဲ့ထောင့်ရွာ, ဒေါဝါရွာ, အင်းမရွာ,
ဆိပ်ကြီး, ခရွဲခဖိုသိမ်များကို သမုတ်ပေးတော်မူခဲ့၏။ တန်ခူးလ ရာသီကလည်း ပူပြင်းလှသဖြင့်
ခန္ဓာကိုယ်မှာ ယဲ့ယဲ့မျှသာ ရှိတော့သည်။

ထို့နောက် ညောင်တုန်း ရွှေဟင်္သာတောရသို့ ဝင်ပြီးလျှင် ဓနုဖြူမှ ဇလွန်သိမ်သမုတ်ပွဲသို့
ကြွရလေသည်။ လမ်းခရီး တစ်လျှောက် ရက်အားမရှိ ချီးမြှောက်တော်ရမူ၏။ ဇလွန်သို့ကြွရန်
ပင့်ဆောင်ရေးအဖွဲ့များ ရောက်နေကြ၏။ သွားနေကျ ကျွန်းပတ်သင်္ဘောပျက်နေ၍ ဓနုဖြူတွင်
စောင့်နေရသည်။ ဒူလာသွေးဝမ်းလည်း တတွေတွေ ကျနေ၏။ အာဟာရလည်း မဝင်တော့ပြီ။
အနှိပ်သည် တစ်ယောက်က-

“ဘုန်းတော်ကြီးမှာ အသွေးအသားကပ်ကုန်ပြီ၊ ဘယ်နေရာကိုင်ကိုင် အရိုးချည်းပဲ၊
ဓာတ်တွေပျက်ကုန်ပြီ” ဟု ပြော၏။ မျက်နှာတော်ကား ကြည်လင်ငြိမ်းချမ်းလျက်ပင်။

၁၂၆၉−ခုနှစ်၊ ကဆုန်လပြည့်ကျော် သုံးရက်နေ့အဝင် ညနှစ်နာရီတွင် ဇလွန်သို့
ဆိုက်ရောက်သည်။ ဥသြသံကြားရလျှင် တစ်မြို့လုံးထွက်၍ ကြိုကြသည်။ ဦးပုစင်တော်ကြီး
ရုံပွဲကပြခိုက်ဖြစ်၍ ပွဲပင် ရပ်လိုက်ရလေသည်။ ထွက်နေကျ သင်္ဘော ပြင်မပြီးသေးသဖြင့်
သင်္ဘောတစ်စင်း အစားထွက်၍ လိုက်ပါခဲ့ရာ ထိုသင်္ဘော၏အမည်မှာ “နိဗ္ဗာန်” ဖြစ်နေ
တော့သည်။ ဇလွန်မြို့ သုသာန်ကျောင်းသို့ရောက်လျှင် အချိန်မဆိုင်းဘဲ နေ့ချင်း သိမ်သမုတ်


## PAGE 296


ဓမ္မာစရိယ ဦးဌေးလှိုင်

ပေးတော်မူသည်။

ထိုနေ့တစ်နေ့လုံး အဖူးအမြော်ခံ၍ ညတွင် ဒူလာသွေးဝမ်းမှာ အကြိမ်ပေါင်းများစွာ
ဆင်းလေ၏။ ဆေးဝါးများကိုပင် ပယ်မြစ်တော်မူ၏။ သင်္ကန်းများပေကျံ၍ အသစ်လဲရန်
သင်္ကန်းကိုဆွဲရာ မလွှတ်ဘဲဆုပ်ထားသည်။ “ဒီသင်္ကန်းလဲ ပံ့သုကူသင်္ကန်းပါ၊ ဗိန္ဓုလဲ ထိုး
ပြီးပါပြီဘုရား” ဟု လျှောက်မှ လဲခွင့်ပြုလေသည်။ လေးရက် တနင်္လာနေ့ နံနက် ခုနစ်နာရီ
သက်တော် ၇၅-နှစ် အရတွင် သတိသမ္ပဇညအပြည့်ဖြင့် ခန္ဓာဝန်ကို အပြီးတိုင် စွန့်တော်မူသည်။
သူတော်ကောင်းကြီးတို့ကား သာသနာအတွက် သတ္တဝါများအတွက် ခန္ဓာကိုယ်ကို
နောက်ဆုံးမိနစ်အထိ အသုံးပြုတော်မူသွားကြမြဲ ဖြစ်၏။

အသင်္ခတနိဗ္ဗာနဓာတ်၏ ထာဝရ အတုမဲ့ငြိမ်းအေးခြင်းကို သိတော်မူပြီးသော ရဟန္တာ
အရှင်မြတ်တို့သည် ပရိနိဗ္ဗာန် စံဝင်ရသည်ကို အတုမရှိ ဝမ်းမြောက်တော် မူကြကုန်၏။

“မြို့ထဲရွာထဲ မသေချင်’ သည့်အတိုင်း သုသာန်တောရ၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပြီ။
ပရိနိဗ္ဗာန် ပြုခြင်းနှင့် လူတို့သေရခြင်း၊ ထာဝရ အငြိမ်းဓာတ်ကြီး ရရှိခြင်းနှင့် အတည်မကျ
ဘဝသစ်ဒုက္ခ တစ်ခုခုရခြင်းကို နားမလည်ရှာကြသော ရဟန်းရှင် လူတို့ကား ကြည်ညိုသလောက်
မျက်ရည်မကျန် အသံကုန်အောင် ငိုကြွေးရှာကြကုန်၏။

သဘာပအ

ကပအမှန်ကို သိသော နတ်ဗြဟ္မာ သူတော်ကောင်းတို့ကား အမျိုးမျိုးသော
ဝမ်းသာခြင်း အထိမ်းအမှတ်ကို ပြကြကုန်၏။ ဇလွန်နယ်မြေ တစ်ပြင်လုံး သိမ့်သိမ့်တုန်မျှ
ငလျင်တော်လည်း ပဲ့တင်ဟည်းကာ မဟာပထဝီမြေကြီး၏ ကောင်းချီးသာဓုသံကိုလည်း
ကြာ.ကြရသည်။ အမျိုးမျိုးသော အပ်ညာဏက သစ်ပင်တို့လည်း အလုအယက် အပြိုင်အဆိုင်
အခါမဲ့ သီးပွင့်ပုဇော်ကြကုန်၏။

66

မဖြစ်နိုင်၊ ချဲ့လွန်းသည်" ဟု ထင်ရသော ပိဋကစာပေလာ ဖြစ်ရပ်တို့သည်
“နည်းတောင် နည်းပါသေးကလား ” ဟု ပညာရှိ သူတော်ကောင်းတို့၌ တအားတက်ကြ
ရလေသည်။

ဘုန်းတော်ကြီး ခန္ဓာဝန်ချသည်မှာ ဇလွန်မြို့ငယ်ကလေး ဖြစ်၍ ဘုန်းတော်ကြီး
ဂုဏ်နှင့် မတန်ဟု ယူဆကာ ရန်ကုန်မြို့ ဒကာ, ဒကာမများက သင်္ဘောစင်းလုံးငှား၍
အလောင်းတော်ကို တောင်းကြ၏။ နောက်ဆုံး ဆရာတော်ကြီးများ အမိန့် အရ စစ်တပ်များ၊
ပုလိပ်များဖြင့်ပင် အကြပ်ကိုင်ရန် စီစဉ်ကြလေတော့သည်။

"

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံစဉ်ကကဲ့သို့ မလ္လာနယ်သား ဇလွန်သားတို့သည်လည်း
သောကနှင့် ဒေါသမွှန်ကာ “ အသက်နှင့်လဲမည် ” ဟု ကစ်ခဲနက် အုံကြွလာကြကုန်၏။
ကုန်းတော်ကြီး သီတင်းသုံ·ဖူးရာ အရှေ့ဘက်တစ်လွှားမှ ရဟန်းရှင်လူများကလည်း ကိုယ့်
အကြောင်းပြနှင့်ကိုယ် တောင်းဆိုလာကြ၏။ ဇလွန်သားတို့က မပေး။ “အရိုးပြာတောင်
ဖြစ် အရှေ့ဘက် လေမလွင့်စေရဘူးဟေ့” ဟု ဘုန်းကြီးရော လူပါ သံဝေဂအသွင် မာန
ဝင်နေကြသဖြင့် တစ်နိုင်ငံလုံးက လက်လျှော့လိုက်ကြရသည်။ ကုသိုလ်ပွဲတွင် ငရဲကြီး
ကုန်၏။

နဝမအကြိ

## PAGE 297

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၄၁

အလောင်းကို ခိုးယူမည်စိုး၍ ကြေးသေတ္တာခေါင်းလုပ်ပြီး လူမမီအောင် အမြင့်၌ ဆွဲ
ထား၏။ လူလေးယောက် အစောင့်အမြဲချထားသည်။ ဘုန်းတော်ကြီး၏ နှမနှင့် အနယ်နယ်မှ
လူများက အလောင်းတော်ဘေးတွင် ဇလွန်အား ထိပါး စောင်းချိတ်၍ ပြောငို ငိုကြရာ
“ဘယ်လိုငိုငို၊ အလောင်းမပေးရ ပြီးတာပဲ” ဟု ကျေနပ်နေကြလေသည်။

ဈာပနပွဲကို ထိုနှစ် တပို့တွဲလတွင် ကျင်းပရာ အဆောက်အအုံ အလှူအတန်း
လိုလေသေး မရှိ။ ပျားပန်းခတ် စည်ကားလှသည်။ ဇလွန်သားတို့လည်း သဒ္ဓါတရားကို
အစွမ်းကုန် ဖော်ပြခွင့် ရကြလေ၏။ လောင်တိုက်များတွင် ဘုန်းတော်ကြီး၏ ဘဝဖြစ်စဉ်များကို
ပန်းချီကားချပ် ရေးဆွဲထားရာ လူတိုင်း မျက်ရည်မဆည်နိုင်ရှာကြ။ နေ့ညမစဲ အရပ်သူယိမ်း
အဆိုအငို အဖွဲ့များကလည်း ဘဝဖြစ်စဉ်ကို ဖော်ကျူးသီဆိုကြရာ ဘုန်းတော်ကြီးများပင်
ခေါင်းငုံ့၍ ငိုကြရ၏။ ကျေးဇူးဂုဏ်တို့ကိုလည်း ယခုမှပင် အကုန်အစင် သိကြရလေသည်။

အလောင်းတော်ဘေး လေးဘက်လေးတန်၌ ဖယောင်းတိုင်များ ထွန်းညှိထားရာ
အရပ်လေးမျက်နှာမှ လေဆိုင်၍ တိုက်ပေးသကဲ့သို့ မီးလျှံများ အလောင်းတော်သို့ စောင်းငဲ့
ဦးညွတ်လျက် တောက်လောင်၏။ ကြေးခေါင်းတော်တွင် ဘုန်းတော်ကြီးတစ်ပါး သပိတ်ပိုက်
ကြွ၍ နောက်မှ နတ်ဗြဟ္မာတစ်ဦး ထီးမိုးလိုက်ပါပုံကို တရိပ်ရိပ် မြင်ကြရသည်။ တစ်ဦးတလေ
မဟုတ်၊ လူအများပင် မြင်ကြရ၏။

ပွဲတော်အတွင်း၌ ခိုက်ရန်ဒေါသမဖြစ်၊ အပျောက်အရှ မရှိ၊ ဒေါနပန်း၊ ရေမွှေး
ရောင်းမလောက်။ တပို့တွဲလပြည့်ကျော် နှစ်ရက်နေ့ သင်္ဂြိုဟ်မည် ဆုံးဖြတ်ထားရာ ယိမ်း
အဖွဲ့များ၏ အဆိုအငိုကို လူကြိုက်များပြီး အချိန်ကုန်သွား၏။ နောက်ရက် နံနက်
ရှစ်နာရီမှ သင်္ဂြိုဟ်ရသည်။ အလောင်းတော်မှ အနံ့နံခြင်းမရှိ။ မီးတင်လှူပြီး နံ့သာဖြူ
သနပ်ခါးတုံးများ လှည်းငါးစီးတိုက် ကျန်နေသေးသည်။

အရိုးပြာများကို သံသေတ္တာနှင့် ထည့်ပြီးလျှင် ပရိသတ်အား ယူလိုရာ ယူရန်
ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် သူ့ ထက်ငါ ယူကြရာ မီးသွေး ရာဇမတ်ဝါးများ ကုန်၍ မြေကြီး
ပင် တွင်းကြီးဖြစ် ကျန်ရစ်၏၊ အရိုးပြာရသူများ ရေမွှေးပုလင်း၌ ထည့်၍ ကိုးကွယ်ကြရာ
ပြာမှ အလုံးကလေးများ ဖြစ်လာကာ တက်ချည်ဆင်းချည် ကွန့်မြူးနေသည်ကို ဖူးတွေ့ကြရ၏။

အရိုးပြာများကို ဈာပနအဖွဲ့က မီးခံသေတ္တာများဖြင့် အထပ်ထပ် သော့ခတ်၍
ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ထားကြ၏။ အသက်နှင့်လဲ၍ ထိန်းသိမ်းနေကြရ၏။ ဖွင့်၍
ကြည့်ကြသောအခါ  ့ ငွေဖလားနှင့် ထည့်ထားသော ပြာများသည် ပြာမဟုတ်တော့ဘဲ
အလုံးအလုံး ဓာတ်တော်များ ဖြစ်နေသည်ကို အံ့အားသင့်စွာ ဖူးတွေ့ ကြရကုန်၏။ ထိုအခါ
လက်ပွန်းတတီး နေခဲ့ကြရသူများပင်လျှင် ဤမျှ မြင့်မြတ်သော ပုဂ္ဂိုလ်ဟု မထင်ဘဲ
ပေါ့ပေါ့ဆဆ နေခဲ့မိသူအချို့ နောင်တကြီးစွာ ဖြစ်ကြရကုန်၏။

ဈာပနပွဲ ပြီးသွားသော်လည်း အချိုင်းတော်တွင်–မီးလုံးကြီးများ ပျံတက်ကြွသည်”
ဟု ကျော်ကြားကာ တစ်နွေလုံး ပွဲကြီး ဖြစ်နေတော့၏။ ဆွမ်းဆန်စိမ်း လောင်းပွဲကြီးများ
လှည်းပေါင်း တစ်ထောင်ကျော်သဖြင့် ဈာပနပွဲတုန်းကထက် စည်ကားနေပြန်၏။ ထိုနေရာ၌

