## PAGE 301


တတိယပိုင်း

ဗြိတိသျှခေတ်မှ မျက်မှောက်ခေတ်ထိ


## PAGE 302


တိုက်ဆိုင်လာသော ကျေးဇူးတုံ့ဖွယ်

မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် “ရဟန္တာပုဂ္ဂိုလ်ထူးများ” အကြောင်းကို ရေးသား
ခဲ့ရာတွင် စာဖတ်သူများ၏ အမှန်လိုလားသော ဆန္ဒ၊ အားပေးခဲ့ကြသော စေတနာ၊ စာတစ်
တန်, လူတစ်တန် ထက်သန်သော တိုက်တွန်းမှုများအရ မကျန်းမာသည့်ကြားကပင်
ကြိုးစား၍ ပြုစုခဲ့ရာ တတိယပိုင်းကို တင်ပြလာနိုင်ပါသည်။

ယခုကဲ့သို့ ကျေးဇူးတုံ့ပြန် နိုင်သည်ကိုပင် ဝမ်းသာရပါသည်။ အထိုက်အလျောက်
ကျေနပ်မှု ရကြလိမ့် ည်ဟု မျှော်လင့်ပါ၏။

အရိယာ သူတော်ကောင်းကြီးများ၏အကြောင်း အတ္ထုပ္ပတ်ကို ဖော်ပြရာ၌ ဖတ်ရှုကြားနာ
ရသမျှ အဖြစ်မှန်အတိုင်း မထိန်မချန် မချဲ့မကား တင်ပြထားပါသည်။ စာဖတ်သူတို့ကိုယ်တိုင်
ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်ရန်လည်း ရည်ညွှန်းပါသည်။

1

ယင်းသို့ တင်ပြရာတွင် သာဓုခေါ် ကြည်ညိုရရုံမျှသာမက စာရှုသူ ယောဂီတိုင်း
မိမိတို့ဘဝနှင့် ထင်ဟပ်၍ သုံးသပ်ကျင့်ပွားနိုင်ကြပါစေရန် “အလုပ်ခွင် သင်ခန်းစာ” ရယူမှု
ကို ပဓာနရည်ညွှန်းထားပါသည်။ ထို့ကြောင့် ဂိုဏ်းဂဏ မလို၊ ပုဂ္ဂိုလ်စွဲမထား၊ တရားသဘော
အရသာ ရှုမြင်သုံးသပ် ကြစေလိုပါသည်။

ကျွန်ုပ်တို့မသိ၍ ကြွင်းကျန်ရစ်သော ပုဂ္ဂိုလ်ထူးများ၊ ဖော်ပြပြီးသမျှတွင်လည်း
သိမှတ်ဖွယ် အရေးကြီးသော အကြောင်းအရာများ များစွာ ကျန်ရှိနိုင်ပါသေးသည်။

တစ်ကျမ်းတစ်ဖွဲ့အဖြစ် ရှိသင့်သည်မှာ ကြာပြီ ဖြစ်သော သူတော်ကောင်းကြီးများ၏
အကြောင်းအရာများကို ရှာဖွေစုဆောင်းရသည်မှာလည်း မလွယ်ကူလှပါ။ အတ္ထုပ္ပတ္တိများ
များစွာ ရရှိပြန်ပါသော်လည်း “မြင့်မြတ်စင်ကြယ်သော ကျင့်ဆောင်မှု” ကိုသာ ဤ၌ လိုအပ်သဖြင့်
တအံ့တသြ ပြောတိုင်း ရေးတိုင်းလည်း မထည့်သွင်းနိုင် ရှိရပြန်ပါသည်။

“အတ္ထုပ္ပတ္တိတွေ စုဆောင်းပြီး ဖတ်ကောင်းအောင် ရေးရင် ပြီးတာပဲ” ဟု သာမန်အားဖြင့်
ထင်စရာ ရှိသော်လည်း လက်တွေ့ တွင်ကား ထိုသို့မဖြစ်သင့်ပေ။ လောက၌ ထူးဆန်းအံ့သြဖွယ်
တို့ကား များပြားလှပေသည်တကား။

မည်သို့ဖြစ်စေ၊ သက်ဆိုင်ရာ အတ္ထုပ္ပတ္တိများတွင် အမှန်တကယ်လည်း ပါရှိ၍ တမင်
ချဲ့ကားခြင်းလည်း မပြုဘဲ လုပ်ငန်းခွင် ဥပဒေသဖြစ်စေရန် စွမ်းအားရှိသမျှ ငုပ်ကွယ်နေသော
သဘာဝများကို ဖော်ဆောင် ထွန်းပြရသဖြင့် ယောဂီများ မိမိတို့၏ ဘဝနှင့် ထင်ဟပ်၍
ရှောင်အပ်၊ ဆောင်အပ်သည်များကို ကွဲကွဲပြားပြား ခွဲခြားသိမြင်တော် မူကြလျက် ကျင့်ပွားကြရာ၌
အဖော်တစ်မျိုး အားကိုးတစ်ခု ဖြစ်သည်ဟုယူဆကြပါမူကား ကြိုးစားတင်ပြရကျိုး
နပ်ပါပြီ။

ဤတတိယပိုင်းကို ဇာတိဌာန တောရပ်ရွာသို့ပြန်၍ အသက် ၈၃-နှစ်ရှိ မယ်တော်ကြီး
အား လူနာပြုစုရင်း စတင်ရေးသားခဲ့ရာ ဤစာရေး၍ ပြီးဆုံးလုဆဲဆဲ ၁၃၃၇-ခုနှစ်


## PAGE 303


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

သီတင်းကျွတ် လပြည့်ကျော် ၁၂-ရက်နေ့တွင် မယ်တော်ကြီး ကွယ်လွန်ခဲ့ပါသည်။

၂၄၇

ထိုမှတစ်ပါး စာရေးသူ၏ ပရိယတ္တိဖခင်ကြီး ဖြစ်တော်မူ၍ စာရေးသူအသက် ၂၆-
နှစ်သားမှ ယနေ့အထိ စာရေးတော်အဖြစ် ချီးမြှင့်ခဲ့သော သက်တော် ၉၆-နှစ်ရှိ ‘အဘိဓဇ
မဟာရဋ္ဌဂုရု ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး လည်း မယ်တော်ကြီးနှင့် တစ်ရက်
တည်းပင် ပျံလွန်တော် မူခဲ့ပါသည်။

ရေးပြီးသမျှ (ဒုတိယပိုင်းအထိ) စာအုပ်များကိုလည်း ကျေးဇူးရှင်ကြီးများအား
ဖတ်ပြစေခဲ့ရာ မယ်တော်ကြီးက “ငါ့သားက စာတွေတတ်လိုက်တာ” ဟု ချီးကျူး၍
ဆရာတော်ဘုရားကြီးကမူ “မင်းရေးရင် လူတွေနားလည်မယ်” ဟု အားပေးခဲ့၏။ “မောဃရာဇ
သုတ်ကို ငါကြည်ညိုချင်တယ်၊ ဘာသာပြန်ရော အဓိပ္ပာယ်ပါ ရေးဦးကွာ၊ ငါ ငွေသုံးရာဆုချမယ်၊
သူများလဲ ဖတ်ရတာပေါ့” ဟု မကြာမီရက်ပိုင်းကပင် ဆရာတော်ဘုရားကြီးက တာဝန်
ပေးတော်မူခဲ့ပါသေးသည်။

မူကြလေပြီ။

တတိယပိုင်းကား ပြီး၏။

နာကြားအားပေးမည့် ကျေးဇူးရှင်ကြီးများကား တစ်နေ့တည်း မျက်နှာလွှဲတော်

ဘဝတစ်သက်တာတွင် အခိုက်အတန့်မျှ တွေ့ကြုံရသော ထိုအနန္တ ကျေးဇူးရှင်ကြီး
နှစ်ဦးအား ဤစာဖြင့်ကျေးဇူးတုံ့ကာ ပူဇော်ရပါတော့သတည်း။

:

နှမအကြိ
