## PAGE 307

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၅၁

"

တကယ့်တကယ် ရောက်တော့မယုံဘူး” ဟု အမိန့် ရှိရာ “တပည့်တော်တို့ခိုင်းတာ လုပ်ပါ့မယ်၊
ကျက်ဆိုကျက်ပါ့မယ်ဘုရား” စသည်ဖြင့် မျှော်လင့်တကြီး လျှောက်ထားကြ၏။ ကတိခံကြ၏။
“တို့များ လက်တွေ့ ဂါထာတွေ၊ တရားတွေက အလွန်လွယ်ပါတယ်ကွယ်။ ကျက်လဲမနေရပါဘူး၊
ရိုးလွန်းတော့ လူကြိုက်နည်းနေတယ်။ တကယ်လုပ်ရင် အဟုတ်စွမ်းပါရဲ့” ဟု မိန့်တော်မူလေ့
ရှိ၏။

ဆင်နင်း၍ မသေသော မဃ ဝတ္ထု၊ နာဠာဂီရိ ဝတ္ထု၊ ဆီပူလောင်း၍ မပူသော ဥတ္တရာ
သတို့သမီးအကြောင်း၊ လူ့အောက်တန်းစား ပြည်တန်ဆာမံ ဗန္ဓုမတီ ပင် သစ္စာဆို၍
မြစ်ရေ တန် ပုံ (မိလိန္ဒ)၊ သားငယ် မြွေဆိပ်မွှန်သောအခါ အနှစ်ခြောက်ဆယ် ရသေ့ဝတ်နှင့်
မပျော် ပိုက်သော ရသေ့ကြီး၊ လင်ကို ရွံမုန်းသော်လည်း မိဘမျိုးရိုးငဲ့၍ ပေါင်းသင်းခဲ့ရသော
မိခင်၊ မလှူလိုသော်လည်း မျိုးရိုးငဲ့၍ လူနေရသော ဖခင်သုံးဦးသား အမှန်အတိုင်း
သစ္စာဆိုကြပုံ၊ ခန္တီဝါဒီရသေ့ နှင့် သာသာနာပြု ရှင်ပုဏ္ဏ သည်းခံပုံ၊ (သက္ကသံယုတ်လာ)
သိကြားမင်းနှင့် အသုရာ တို့ကို ထောက်၍ အသိပညာ၊ အာဏာ၊ စီးပွား၊ ခွန်အား စသည်
ကြီးမားသာလွန်သူ ဖြစ်လျက် အားနည်းသူအပေါ် သည်းခံနိုင်မှ အားရှိသော ခန္တီဖြစ်ပုံများကို
မကြာခဏ ဟောတော်မူလေ့ရှိသည်။

"

“ရှေးရှေးက ဘုရားရှင်တွေဟာ တို့ဘုရားရှင်လို ဥပဒေဝိနည်းတွေ အများကြီးလဲ
မပညတ်ဘူး၊ ပိဋကသုံးပုံ ဆိုတာလဲ ထားတော်မမူခဲ့ကြဘူး။ လပြည့်လကွယ်နေ ့တိုင်း
“ခန္တီပရမံ တပေါ တိတိက္ခာ' သုံးဂါထာပဲ တစ်သက်လုံး ဟောသွားကြတာပဲ။ ဘာမဆို
မြေကြီးလို သည်းခံရမယ်။ သူတစ်ပါးကိုထိခိုက်နစ်နာအောင် ဘာမှမလုပ်ရဘူး။ အပြစ်ရှိတဲ့
အကုသိုလ်အလုပ်ဆိုရင် ပြုချင်ပေမယ့် ကြိတ်မှိတ်သည်းခံပြီး ရှောင်ရမယ်။ ကောင်းတဲ့
ကုသိုလ်အလုပ်ကို မလုပ်ချင်ပေမယ့် ကြိတ်မှိတ်သည်းခံပြီးလုပ်။ အစားအသောက်ကို
ချင့်ချိန်စားပြီး စိတ်ဓာတ် ဖြူစင်အောင် ဆိတ်ငြိမ်အေးချမ်းရာမှာ သမာဓိ ထူထောင်ရုံပဲ။
ဧတံ ဗုဒ္ဓါနသာသနံ=ရှေးကပွင့်တော်မူပြီး ဘုရားရှင် အဆူဆူတွေဟာ သည်အတိုင်းပဲ
ဟောကြား ဆုံးမတော်မူတယ်။ ပိဋကသုံးပုံ ချုပ်လိုက်ရင်လဲ ဒါပါပဲ။ ဒီလို အရိုးခံတရားတွေကို
ကျင့်တော့ ကျင့်နိုင်သလောက် အကျိုးကြီးကြတယ်။ တန်ခိုးကြီးကြတယ်။ သည့်ပြင်
မရှိပါဘူး” ဟု ဟောတော်မူ၏။

ကမ္ဘာ့နိယာမကို ချိုးဖောက်ခြင်း

'

တရားက ရိုးလွန်းအားကြီး၍ “အမြင့်တက် အမှည့်ရနိုးနိုး ဖြတ်လမ်းက သွားချင်သူများ
သက်ပြင်းချကြလေတော့၏။ သီလ၊ မေတ္တာ၊ သစ္စာ၊ ခန္တီ စသော အခြေခံတရားများ မပါဘဲ
ကမ္မဋ္ဌာန်းထိုင်၍ ခရီးမရောက်နိုင်ကြောင်း အများအားဖြင့် သဘောပေါက်ကာ
လိုက်နာကျင့်သုံးကြသူများလည်း များပြားကုန်၏။

“သည်းခံမှ နိဗ္ဗာန်ရောက်၏” စကားမှာ ဤနေရာ၌ သုံးရမည့် စကားဖြစ်သည်။


## PAGE 308

၂၅၂


ဓမ္မာစရိယ ဦးဌေးလှိုင်

အအိပ်၊ အနေ၊ အစား
အစား အားလုံးကိုသည်းခံရ၏။ နံနက် မိုးလင်းကတည်းက “ယနေ့
ငါသည်းခံခြင်းကို ကျင့်သုံးရမည်” ဟု တစ်ရက်စီ လီ၍ ကျင့်ရာ၏။

သီလ၊ သစ္စာ၊ မေတ္တာ တို့ကိုလည်း ထို့အတူ အဓိဋ္ဌာန်သံပတ်၍ အပြတ်အသတ်
လေ့ကျင့်ယူရသည်။ ကိုင်ပါများသောပုဆိန်ရိုးတွင် လက်ချောင်းရာများ အလှိုင်းလှိုင်း
ထင်လာသကဲ့သို့ အသား တက်မှန်းမသိ တက်လာပေလိမ့်မည်။ ဘုရားရှင်သည် အံကျိတ်၍၊
တက်ခေါက်၍ပင် အားထုတ်ရှာဖွေတော် မူခဲ့ရသည်။

“သဗ္ဗဂုဏာနံ အဓိဝါသံနဘူမိ”=သည်းခံခြင်း၊ အရာရာ အရှုံးပေးခြင်းသည် ဂုဏ်ကျေးဇူး
အားလုံးတို့၏ စုဝေးရာဖြစ်သတည်း။ (စရိယာပိဋက။)

ကမ္ဘာ့နိယာမကြီးများကို ချိုးဖောက် ပြောင်းလဲစေနိုင်သည်မှာ ခန္တီစသော သဘာဝ
ဥပဒေတော်ကြီးများသာ ဖြစ်၏။ မီးရှို့၍မရ၊ ရေချ၍မနစ်၊ ခုတ်ထစ်၍ မရှ၊ ထိုးဆွ၍
မပေါက်၊ အဆိပ်တောက်၍ မသေ၊ သေနတ်ပစ်၍ မီးမကူး၊ အထူးထူးသော ကမ္ဘာ့ဖြစ်ရိုးဖြစ်စဉ်
အမှန်တရားကြီးတို့ကို မှောက်မှား လွဲချော်သွားစေနိုင်၏။

ဤမျှတန်ခိုးကြီးမား၊ အကျိုးကြီးပွားစေသလောက် ကျင့်ကြံရာ၌ ငွေမကုန်၊ အလုပ်မပျက်၊
မခက်ခဲ။ ယုံကြည်ခြင်း အရင်းစိုက်ရန်သာ ခက်တတ်ပေသည်။

“သံသာရဝဋ္ဋ ဒုက္ခတော” မပါသော မှော်ဆရာ၊ စိတ်ပညာဆရာ၊ ဆာဒူးများ၊ ဖကီး
များပင်လျှင် ဤသီလ၊ မေတ္တာ စသော သဘာဝ ဥပဒေကြီးများကို မကျင့်နိုင်ပါဘဲလျက်
စိတ်တန်ခိုး၊ အတတ်တန်ခိုး၊ သမာဓိ စုန်းတန်ခိုး တစ်မျိုးမျိုးဖြင့် ကမ္ဘာ့နိယာမကြီးအချို့ကို
ချိုးဖောက်ပြနိုင် ကြပေသေး၏။

နည်းလမ်းမှန်မှန် အခြေခံခိုင်ခိုင်ဖြင့် သဒ္ဓါ၊ ဝီရိယသာ စိုက်ထုတ်နိုင်သော် မဖြစ်နိုင်သော
အရာမရှိတော့ပြီဟု အလေးအနက် ယုံကြည်ကြိုးစားနေသော ယောဂီများ တစ်နေ့တခြား
များပြားလာသည်မှာ ဤယနေ့ ပဋိပတ္တိသာသနာ၏ ထူးခြားချက်ပင်တည်း။

ဆရာတော်ဦးကြည်ကား တိရစ္ဆာန်ဆိုးများနှင့်သာမက လူဆိုးများနှင့်လည်း တွေ့ကြုံတော်
မူရ၏။ တစ်ခါက ဆွမ်းခံကြွရာတွင် ကုန်းစပ်ယာတော တစ်ခုအတွင်း၌ ပဒတ်ညွှတ်ကွင်း
ခြေ၌စွပ်မိလေ၏။ ဆရာတော်ကား ရှေ့သို့ဆက်၍ မကြွဘဲရပ်နေတော်မူသည်။ ဒကာတစ်ဦး
ခရီးသွားရင်း မြင်၍ ညွှတ်ကွင်းကို ဖြုတ်မည်ပြုရာ သူပိုင်ညွှတ်ကွင်း မဟုတ်၍ ဖြုတ်ခွင့်မပေး။
နောက် ညွှတ်ထောင်သူကို လိုက်လံရှာ၍ ဖြုတ်စေရသည်။

ဆရာတော်ကိုပြန်ပေးဆွဲခြင်း

“မာရပါသ” ခေါ် မာရ၏ညွှတ်ကို လွတ်အောင်ရုန်းကန်ရာ၌ သီလဟူသော အခြေခံ
မူလ ဝိနည်းဥပဒေကို အတိအကျ နာယူတော်မူမြဲပင်။

တစ်ရံရောကာလ လူဆိုးလေးငါးယောက် တောရကျောင်းတွင်းသို့ မဝံ့မရဲ ဝင်ရောက်
လာကြ၏။ ဝေါယာဉ် (ထမ်းစင်) တစ်ခုကိုလည်း ယူလာကြသည်။ အလွန် အကြံကြီးသူများ
ဖြစ်ကြ၏။ ဆရာတော်ကား ညနေချမ်း လူသူရှင်းချိန် ဖြစ်သဖြင့် သစ်တစ်ပင်ရင်း၌

။


## PAGE 309


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၅၃

အေးဆေးစွာ ကမ္မဋ္ဌာန်း ထိုင်နေခိုက် ဖြစ်သည်။ ထိုအခါ ဒကာတစ်ဦးက ဆရာတော်အား
ယုံကြည်လောက်အောင် တစ်စုံတစ်ခု အကြောင်းပြ လျှောက်ထား၍ ဝေါယာဉ်ဖြင့် ပင့်ကြသည်။
'အေး…အေး၊ မင်းတို့ လိုရာပင့်တာပေါ့” ဟု မိန့် ့ကာ ဝေါပေါ်သို့ တက်တော်မူ၏။
လူဆိုးများမှာ “အကြံပိုင်ပြီ” ဟု ဝမ်းမြောက်စွာ ထမ်း၍ပင့်ကြသည်။

66

အကြောင်းမှာ ဆရာတော်အား ပခုက္ကူတစ်မြို့နယ်လုံးမှ သူဌေးသူကြွယ်များ အသက်တမျှ
ကိုးကွယ်ဆည်းကပ်ကြရာ “ပြန်ပေးဆွဲလျှင် ရွှေငွေ လိုသလောက် ရမည်” ဟု ကိန်းသေထွက်၍
ပြန်ပေးဆွဲကြခြင်း ဖြစ်သည်။ လေးယောက်သား မမောနိုင်၊ မပန်းနိုင်။ ချွေးဒီးဒီးကျအောင်
ထမ်းကြရ၏။ တစ်နာရီကျော်ကျော် ကြာသောအခါ မိမိတို့ ကြိုတင်စီစဉ်ထားသော လုံခြုံ
သည့်စခန်းသို့ ရောက်ပြီဟုယူဆ၍ ဝေါကို မြေပြင်၌ချကြသည်။ ဝေါကိုချပြီး ပတ်ပတ်လည်
တောင်မြောက်လေးပါး စိတ်ချလောက်သော အခြေအနေ ရှိမရှိ အကဲခတ်ရင်း ကြည့်လိုက်ကြ၏။
တစ်နာရီကျော်ကျော် ချွေးဒီးဒီးကျအောင် ထမ်းခဲ့သော်လည်း ဆရာတော်၏ တောရကျောင်းဝင်း
ကလေးမှ အပြင်မရောက်။ ကျောင်းအတွင်းမှာပင် ချာချာလည်နေကြကြောင်း သတိရကြ
လေတော့၏။ ထိုအခါ လူဆိုးများ သက်ပြင်းချ၍ ချွေးသုတ်ရင်း ဝန်ချကန်တော့ကာ
ထွက်ပြေးကြလေတော့သည်။

“ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဓမ္မာ အစိန္တိယာ” (အပဒါန် ပါဠိတော်) ဟု ဟောတော်
မူသည့်အတိုင်း မြတ်စွာဘုရား ထိုးထွင်းသိမြင်သော သဘာဝတရားတို့သည် စိတ်ကူးဖြင့်
ထိတွေ့၍ မမှီ။ ကြံစည်၍ မရစကောင်းသော သဘောရှိကုန်၏။

ထို့ကြောင့်လည်း သဘာဝဥပဒေကို ယုံယုံကြည်ကြည် လိုက်နာကျင့်သုံးကြသော
ပုဂ္ဂိုလ်ကြီးများ၏ ဖြစ်ရပ်တို့သည် မိမိတို့၏ မျက်စိ၊ နားစသည်မှ ရသော အသိကိုသာ
အမှန်ဟု စွဲလမ်းနေသော လူသာမန်တို့အတွက် ဒဏ္ဍာရီများ ဖြစ်ကြရ၏။

“အစိန္တိယေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယော”၊ (ဣတိဝုတ်၊ အဂ္ဂပသာဒသုတ်)
အစိန္တေယျအရာ၌ ယုံကြည်ကျင့်ကြံသူတို့ ရရှိသောအကျိုးဖြစ်ရပ်သည်လည်း စိတ်ကူး၍
မရကောင်းသော အစိန္တေယျပင်တည်း။

ထိုမျှလောက် ရင့်ကျက်တော်မူသော ဆရာတော်ကြီးများကို မဆိုထားဘိ ကာမ
ဘောဂီ အိမ်နေသူ ဥပါသကာ အချို့၌ပင် အရေးကြုံလျှင် ယုံနိုင် ခက်လောက်အောင်
တရားတော်ကား အစွမ်းပြပါ၏၊ ယုံကြည်သလောက်၊ ကျင့်ကြံနိုင်သလောက် တုံ့ပြန်မြဲဖြစ်သည်။

ကြားဖူးသည်ကား အထက်အညာ ချပ်သင်းအရပ်တွင် “ဟေတုပစ္စယော” စသော
ပဋ္ဌာန်း ၂၄-ပစ္စည်းကို အိပ်ရာဝင်တိုင်းစည်းချ၍ အိပ်လေ့ရှိသူများသည်ဟုဆို၏။ (အရှေ့
အရပ်မှစ၍ လက်ယာရစ် အရပ်ရှစ်မျက်နှာရှိရာ တစ်ရပ်လျှင် ၃-ပစ္စည်းကျ ရွတ်၍
စည်းချရသည်။ ၃ × ၈= ၂၄ )။ တစ်နေ့သောည အိမ်တစ်အိမ်၌ သူခိုးဝင်၍ ခိုးရာ
အထုပ်ကြီးငယ်ထုပ်ပိုး၍ အိမ်မှအထွက် ထွက်ပေါက် ရှာမရသဖြင့် ခြံတွင်းမှာပင် တစ်ညလုံး
ချာချာလည်နေ၏၊ မိုးလင်းလျှင် အဖမ်းခံရသတတ်။

ယင်းသို့ဆိုသော် ဘုရားရှင်လက်ထက်တော်က ထင်းခွေသမား သားကလေး အကာသ
