## PAGE 313


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၅၇

ခရီးဖင့်နှေး လေးလံစေ့သော ဝန်ထုပ်ဝန်ပိုးမျှသာတည်း။ ဆရာတော် ဆွမ်းခံကြွလျှင် ဝမ်း
အသာဆုံးသူများကား ကိုရင်ငယ်လေးများ ဖြစ်ကြ၏။ သူတို့သည် ဆရာတော် မည်သည့်
ရပ်ကွက်၌ ဆွမ်းခံကြွမည်ကို စနည်းနာနေကြ၏။ ဆရာတော်ကို မြင်လျှင် အပြေးလိုက်၍
လာကြသည်။ ဆရာတော် မမြင်မြင်အောင် အနည်းငယ်လွန်၍ သွားပြီးလျှင် လှည့်ကြည့်
လှည့်ကြည့် လုပ်နေတတ်ကြရာ ထိုအခါ ဆရာတော်က လက်ယပ်ခေါ်၍ ဟင်းသုံးလေးခွက်နှင့်
တစ်ပါးစာ ဆွမ်းအပြည့် ထည့်လှူတတ်သည်။ မနိုင်မကန် လောင်းလှူကြသော ဆွမ်းများကို
တစ်မြို့လုံးရှိ ရှင်ငယ် ရဟန်းငယ်များအား တစ်ဆင့် လောင်းလှူရသော ဒုက္ခကား မသေး
ငယ် လှပါချေ။

အခါတစ်ပါး ဆွမ်းခံကြွရာ ဆွမ်းသာမက “ဖို ့ဒ်” ကား တစ်စီးပါ အလှူခံရဖူးသည်။
အကြောင်းမှာ ဝမ်းဟိုက်အင်္ကျီကုမ္ပဏီမှ တရုတ်လူမျိုးတစ်ဦးသည် သမီးငယ်အပြင်းအထန်
မကျန်းမာရှိနေစဉ် အိပ်မက်ထဲ၌ ဘုန်းကြီးတစ်ပါးအား ဆွမ်းလောင်းလှူရ၍ ကျန်းမာကာ
စီးပွားတက်ကြောင်း မြင်မက်သောဟူ၏။ နံနက်မိုးလင်းလျှင် အိမ်ရှေ့လမ်းတွင် ဆရာတော်
ဆွမ်းခံရက်ကျ၍ ကြွလာသည်ကိုတွေ့ ရာ အိပ်မက်ထဲက ဘုန်းတော်ကြီးဖြစ်နေ၏။ ဝမ်းသာ
အားရ ဆွမ်းလောင်းလှူကြသည်၊ သမီးငယ်လည်း နေကောင်း၊စီးပွားရေးလည်း တိုးတက်
လာသဖြင့် ကားဟူ၍ ပေါ်ဦးစတွင်ပင် ဖို့ဒ်ခေါ်သော ကားတစ်စီးကိုပါ လှူလေသည်။
ဆရာတော်ကား သဒ္ဓါငဲ့၍ အလှူခံထားရသော်လည်း အသုံးမပြု။ (ပျံလွန်တော်မူမှသာ
အလောင်းတင်ကားအဖြစ် အသုံးပြုကြရလေသည်ဟု ဆိုသည်။)

ရေစကြိုဆရာတော် လေးစားမှု

မဟာဝိသုတာရာမ ကျောင်းတိုက်ကြီးကို ဦးစွာတည်ဖန်သော ရေစကြိုဆရာတော်ကြီး
ဦးဂန္ဓသာရကား ပရိယတ္တိမာန် ကြီးလှ၏။ ပျံလွန်ခါနီး နာရီပိုင်းအထိ ပရိယတ်စာပေကို
ပို့ချသည်။ ရွှေစက်တော် ဘုရားဖူးကြွရာ၌ပင် လှေပေါ်၌ စာပလွေ ဖြန့်ခင်း၍ စာပို့ချတော်မူ၏။
ပရိယတ် အာဇာနည်ကြီးတည်း။

ပထမသော် ဆရာတော်ဦးကြည်အား “တောကျီးကန်း’ ဟု ကွယ်ရာ၌ပြောဆို
သုံးနှုန်းလေ့ရှိ၏။ အထင်မကြီး၊ နောင်သော အခါတွင်ကား “ကိုကြည် ကျုပ်တို့ကို ပစ်
မထားနဲ့နော်” ဟု ပြောဆိုကာ တရင်းတနှီး ချစ်ခင်လေးမြတ်တော် မူကြသည်။ မကြာ ခဏ
တရားစာပေ ဆွေးနွေးလေ့ ရှိကြရာ အလွန်ခေါင်လှသော ဧရာဝတီ အနောက်တစ်ရိုးတွင်
ပရိယတ်၊ ပဋိပတ် မျိုးစေ့ကို ချပျိုးတော် မူခဲ့ကြကုန်၏။

ဆရာတော်ကား အမြဲပံ့သုကူ တိစီဝရိက် ဓုတင်ဆောင်၍ သင်္ကန်းသုံးထည်ဖြင့်သာ
နေတော်မူ၏။ သင်္ကန်းတွင် သန်းများ၊ အိပ်ရာတွင် ကြမ်းပိုးများ စွဲကပ် နေသော်လည်း ရှင်း
လင်းခွင့် မပြုချေ။ စားမှု၊ နေမှု၊ ဝတ်မှုတွင် အလွန်ခြိုးခြံ၍ ခေါင်းပါးစွာ ကျင့်ကြံတော်
မူလေ့ရှိသည်။ အသင်္ခတနိဗ္ဗာန ဓာတ်ကြီးနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သော အရိပ်လက္ခဏာများ


## PAGE 314


၂၅၈

ဓမ္မာစရိယ ဦးဌေးလှိုင်

ပေါ်လွင်လှပေ၏။ လာဘ၊ သက္ကာရ၊ သိလောကဟူသော လာဘ်ရခြင်း၊ အပူဇော်ခံရခြင်းနှင့်
ကျော်ဇောသတင်း ဂုဏ်များကို ပကတိဖြူစင်သော စိတ်ဓာတ်ဖြင့်ပင် ကျော်လွန်နိုင်သည်မှာ
ထင်ရှားလှပေသည်။ ပကတိမဟုတ်လျှင် ကြာရှည် ဟန်ဆောင်နိုင်သော အရာမဟုတ်ချေ။
အများစုကား သက္ကာရ၊ သိလောကကို မဆိုထားဘိ၊ လာဘ်ရခြင်း ကန္တာရမှပင် မကျော်တက်နိုင်း၊
ထို၌သာ နစ်ကျွံ၍ သွားကြကုန်မြီး၊

အိန္ဒိယ သီဟိုဠ်မှ သံဝေဂ

ဆရာတော် ဦးကြည်သည် ၁၂၅၅-ခုနှစ်တွင် အိန္ဒိယသို့ ဘုရားဖူး ကြွတော်မူသည်။
တရားဦးဟောရာ မိဂဒါဝုန်စသော ဌာနများသို့ ကြွရောက်ဖူးမြော်၏။ ၁၂၅၈’ခုနှစ်တွင်လည်း
သီဟိုဠ်ကျွန်းသို့ ကြွရောက်၍ မဟာစေတီနှင့် စွယ်တော်စသည်များကို ဖူးမြော်တော်မူ၏။
အိန္ဒိယမှအပြန် ဗောဓိပင်ပျိုတစ်ပင်ပင့်ဆောင်၍ ပခုက္ကူ၊ ပုထိုးကျောင်းတိုက်ဦး၌ စိုက်ပျိုး
ပူဇော်ထားကြသည်။ အထူးသဖြင့် အိန္ဒိယသို ့ ကြွတော်မူသောအခါ ကြီးစွာသော ဓမ္မသံဝေဂ
ဖြစ်တော်မူသည်။ နောက်ပါဘုရားဖူးရဟန်း တပည့်ဒကာများကိုလည်း “သိုလကို ကြိုးစား
ဆောက်တည်ကြ။ မေတ္တာပို့ အမျှဝေကြပါ” ဟု မကြာခဏ တိုက်တွန်းတော်မူ၏ ။

အိန္ဒိယပြည် ဘုရားပွင့်တော်မူရာ ဗောဓိပင် ရွှေပလ္လင်ဌာနမှစ၍ ဗုဒ္ဓဘာသာ အဓိကရ
ဌာနကြီးတိုင်းမှာပင် အမြင်မတော်သော ရုပ်တုများ၊ ဟိန္ဒူဘုန်းကြီးများကိုချည်း တွေ့နေရ
လေသည်။ “စာထဲမှာ စိတ်ကူးနှင့် ဖူးရတာကမှ ကောင်းသေးတယ်” ဟုပင် လူသာမန်တို့
ညဉ်းတွားလောက်အောင် အပြောင်းအလဲကြီး ပြောင်းလဲနေသောကြောင့် ဖြစ်၏။

ဗုဒ္ဓဘာသာ စတင်ပေါ်ထွန်းလာရာ မိခင်ဒေသကြီး၌ သာသနာ အငွေ့အသက်မျှသာ
တွေ့ရတော့သဖြင့် ဘုရားဖူးများများစွာ သံဝေဂ ဖြစ်ကြရ၏။ “မည်သည့် ဘာသာက
မတရားဝါဒဖြင့် နှိပ်စက်၍၊ မည်သည့်ဘာသာက ဓားဝါဒဖြင့် ဖျက်ဆီး၍' ဟု အတိတ်ကို
လှန်ကာ သံဝေဂအသွင် ဒေါသ-ဒေါမနဿ ဝင်ကြ၊ ပြောဆိုကြ၏။

က

“မည်သည့်ခေတ်က မည်သူမည်ဝါတို့က ဗုဒ္ဓဘာသာကျောင်းများကို မီးရှို့၍ ရဟန်းတော်
ပေါင်းများစွာကို သတ်ဖြတ်ကြကြောင်း' ဘုရားဖူးအဖွဲ့ဝင် တပည့်အချို့က စိတ်မချမ်းမြေ့ဖွယ်ရာ
ဇာတ်ကြောင်းလှန် ပြောဆိုနေကြသည်ကို ဆရာတော် ကြားတော်မူလျှင်-

“အင်း....ကုသိုလ်ရအောင် ကြိုးစားလာခဲ့ကြရတာ၊ အကုသိုလ် ပါမလာကြစေနဲ့၊
မြတ်စွာဘုရား ပွင့်တော်မူတဲ့ အိန္ဒိယ တိုင်းပြည်ကြီးမှာ သာသနာကွယ်ခဲ့ရတာ တစ်ခြားဘာသာ
တစ်ခြားရန်သူတို့ကြောင့် မဟုတ်ဘူး၊ ဘုရားရှင်ရဲ့ အမွေခံသားတော်တွေ ကိုယ်တိုင်က
ကိုယ့်သန္တာန်မှာ ကိုယ်ပိုင်သာသနာ အားနည်းကြလို ့ပဲ၊ သီလ မေတ္တာ ခေါင်းပါးကြလို ့ပဲ၊
သူများကို အပြစ်ရှာတာ မမှန်ကန်ဘူး၊ (သံယုတ် ပါဠိတော်၊ အင်္ဂုတ္တရပါဠိတော်) ကြီးတွေ
မှာ နောင်ကာလသာသနာတော် ဘယ်လို ဆုတ်ယုတ်မယ်ဆိုတာ ဟောထားတာ အလွန်
ကျယ်ဝန်းတယ်၊ လိုရင်းချုပ်လိုက်တော့ သူများကြောင့် မဟုတ်ဘူး၊ “ဘယ်သူမပြု မိမိမှု'


## PAGE 315


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

JSC

ဆိုသလို ကိုယ်တရားပျက်လို့ မာရ်နတ်က အခွင့်သာတာပဲ၊ သီလကြိုးစား ဆောက်တည်ပြီး
မေတ္တာပို့ အမျှဝေကြ၊ ကိုယ့်သာသနာ မံပျက်ကြစေနဲ့” ဟု ဆုံးမတော်မူ၏။

ကိုယ်တော်တိုင်လည်း ဘုရားဖွားရာ၊ ပွင့်ရာ၊ တရားဦးဟောရာ စသော (အဝိဇဟိက
သံဝေဇနိယ) သမိုင်းဝင် ဌာနတိုင်း၌ ဝိပဿနာ ရှုပွားတော်မူသည်။

ဆရာတော်၏သြဝါဒမှာ တန်ဖိုးရှိလှပေ၏။ နောက်ပါ ဘုရားဖူးများလည်း ထိုအခါမှစ၍
မေတ္တာရှုပွားကာ ချမ်းချမ်းသာသာ လှည့်လည် ဖူးမြော်နိုင်ကြသည်။ အနိစ္စလက္ခဏာ
တင်နိုင်ကြ၏။ ကိုယ့်သီလ၊ သမာဓိ၊ ပညာ၊ မိမိ၏ ကိုယ်ပိုင် အဇ္ဈတ္တိက သာသနာသာလျှင်
ပဓာန ဖြစ်ကြောင်း ဆင်ခြင်နိုင်ကြလေတော့၏။ မှန်လှပေ၏။

ဘုရားဗျာဒိတ် သာသနာကွယ်ကြောင်းများ

(၁) ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အရှင်ကိမိလက ဘုရားရှင်အား အနာဂတ်
သာသနာရေးကို မျှော်တွေးလျှောက်ဖူး၏။

66

“ရှင်တော်ဘုရား၊ ပရိနိဗ္ဗာန် စံဝင်ကော်မူသည့် နောက်ကာလ၌ သာသနာ
အရှည် မတည်တံ့နိုင်ခြင်းသည် အဘယ်အကြောင်းများကြောင့်ပါနည်း”။ ထိုအခါ
ဘုရားရှင်က-

“ဘုရား-တရား-သံဃာ၌ မရိုသေ မလေးစားခြင်း၊ ကိုယ်ကျင့်တရားနှင့်
သမထ ဝိပဿနာတို့၌ မရိုသေ မလေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦး အရိုအသေ
တန်ခြင်း၊ ပဋိသန္ဓာရ (တရား,ပစ္စည်းဖြင့် အစေ့အစပ် လိုက်လျောညီထွေ
ပြုမူခြင်း) အမှု၌ မရိုမသေပြုမူခြင်း” များကြောင့် သာသနာ ကွယ်နိုင်ကြောင်း
(အင်္ဂုတ္တရ ပဉ္စက၊ ဆက္က၊ သတ္တက ကိမိလသုတ်များ၌) အတိအလင်း ဟောတော်
မူသည်။

(၂) ပဉ္စကနိပါတ် သဒ္ဓမ္မသမ္မောသ သုံးသုတ်တွင်လည်း “တရားတော်ကို ကျယ်ကျယ်
ပြန် ့ပြန် ့ အရိုအသေ သင်ကြား, နာယူဆောင်ထားခြင်းမရှိ၊ စဉ်းစား ကျင့်ပွား
ခြင်းမပြု၊ မှားယွင်းစွာ သင်ယူပို ့ချခြင်း၊ နှုတ်လှံထိုးခြင်း၊ သံဃာကွဲပြားခြင်း”
များ ကြောင့် သာသနာတော် မှေးမှိန်ရကြောင်း ဟောတော်မူသည်။
(၃) ထို ပဉ္စကနိပါတ်၌ပင် ‘သာသနာနောင်ရေး တွေ့ မည့်ဘေး” ဟု ဆိုထိုက်သော
အနာဂတဘယသုတ် လေးသုတ်ရှိရာ ဟောတော်မူ လိုရင်းကား ဤသို့ ဖြစ်သည်။

“ရဟန်းတို့သည် ခေါင်းပါး၍ အန္တရာယ်များလှသော တောထဲ၌ မနေလိုခြင်း၊
တရားဘာဝနာ မရှိသူ အဆက်ဆက်က ရဟန်းပြုပေးကြခြင်း၊ ကိုယ်ကျင့်ကွာ၍
ဘာဝနာ ဝေးခြင်း၊ ပညာသီလ (ဓမ္မ၊ ဝိနယ) နှင့်စပ်သော စကားကို မသိမြင်
တော့ခြင်း၊ လက်သစ် ခေတ်ပေါ် တရားဆန်းများကိုသာ နာယူလိုခြင်း၊
ဟောကြားလိုခြင်း၊ ဘုန်းကြီးအောင်လုပ်ခြင်း၊ သီလသိက္ခာ၌ လျှော့ဈေးတွက်ကာ

