## PAGE 316


၂၆ဝ

ဇမ္မာစရိယ ဦးဌေးလှိုင်

လျော့လျဲလျဲ လုပ်ခြင်း၊ ပစ္စည်းလေးပါး အကောင်းကြိုက်၍ ကိုယ်တိုင် ဆွမ်းခံ၍
စားခြင်း စသော ဓုတင် အကျင့်ကောင်း သူမြတ်လောင်းတို့၏ အလေ့များ
ကွယ်ပကာ ကာမဘောဂီတို့ကဲ့သို့ ဝတ်’စားနေထိုင်ခြင်း၊ မာတုဂါမ စသည်တို့နှင့်
ရောရောနှောနှော နေထိုင်ဆက်ဆံခြင်းတို့ ဖြစ်ကုန်၏။

(၄) ထိုမှတစ်ပါး နိဒါနဝဂ္ဂသံယုတ် ပါဠိတော်တွင် “နောင်တစ်ခေတ် သာသနာ
အကြောင်း အထူးပွင့်လင်းစွာ ဟောထားသော ဗျာဒိတ်ဒေသနာ ရှိပေသေးသည်။
အာလိသုတ်ဖြင့် “နောင်တစ်ခေတ် တရားတော်” အကြောင်း ဖော်ပြ၍ ကလိင်္ဂရသုတ်
ဖြင့် “ နောင်တစ်ခေတ်ရဟန်းတော်များ အကြောင်းကို ညွှန်ပြတော်မူခဲ့၏။
အာဏိသုတ်၏ ဆိုလိုရင်းကား-

(၅)

ရှေးအခါက ဒသာရဟခေါ် မင်းညီမင်းသားတို့ အာဏကခေါ် မင်္ဂလာစည်ကြီးကို
အသုံးပြုကြ၏။ တစ်ဆယ့်နှစ်ယူဇနာကပင် ကြားရသည်။ ကာလကြာသောအခါ
ထိုစည်ကြီး ပေါက်၍ အကြိမ်ကြိမ် ဖာကြထေးကြရာ နောက်ဆုံးတွင် မူရင်းစည်သား
မရှိတော့ဘဲ အဖာအထေးချည်းသာ ကျန်ရှိတော့၍ တစ်ဆယ့်နှစ်ယူဇနာ မဆိုထားဘိ၊
ဇရပ်အတွင်းမှာပင် သဲ့သဲ့မျှသာ ကြားရတော့သည်။

ထို ဥပမာကဲ့သို့ နောင်တစ်ခေတ်တွင် အစစ်အမှန် ဘုရားဟော တရားတော်များ၊
စာပေကျမ်းဂန်များကို နာယူမှတ်သား သင်ကြားလေ့လာလိုစိတ် မရှိကြ။
သာဝကများ၊ ဗာဟိရ အရေးအပြောကောင်းသူများ၏ ပါဌ်အနက် အဓိပ္ပာယ်
ဖြည့်စွက်ပယ်နုတ် ပြင်ဆင်၍ ကိုယ်လိုချင်သလိုဆွဲ၍ ရေးသောစာများ၊ အဆန်း
တကြယ် ရေးသား ဟောပြောသော သုတ္တန် လက်သစ်၊ တရား အတွေးအခေါ်
အဆန်းအပြားတို့ကိုသာ အရေးတယူ နာယူမှတ်သား ဖတ်ကြား လေ့လာလိုကြမည်။
ထိုအခါ အာဏက စည်ကြီးကဲ့သို့ တရားအကာ အဖာအထေး အလှေးအဖျင်းတို့သာ
ပြန့်ပွားကုန်လတ္တံ့၊ တရားအစစ်အမှန် ကွယ်လတ္တံ့ -ဟု ဟောတော်မူခဲ့သည်။
(အာဏိသုတ်၊ နိဒါန-၄၅၇-နှင့် တိက နိပါတ်၊ ကက္ကဋဇာတ်-၃ဝ၈။)

“နောင်တစ်ခေတ် ရဟန်းတော်များ နှင့်စပ်၍ ကလိင်္ဂရသုတ် ၌ ဟောတော်
မူသည်မှာ-

“လိစ္ဆဝီမင်းသားတို့သည် ပညာအတတ် သင်ယူမှု၌ မမေ့မလျော့ သစ်သားတုံး
ခေါင်းအုံး နေကြသဖြင့် အဇာတသတ် ကြံ၍မရနိုင်။ ကာလကြာသော် ထိုမင်းသားတို့
နူးညံ့သော ခြေလက် ရှိကုန်သည် ဖြစ်၍ နူးညံ့သော အိပ်ရာ၌ လဲမှို့ ခေါင်းအုံးကို
အုံးလျက် နေထွက်အောင် အိပ်ကြလတ္တံ့။” ထိုအခါ အဇာတသတ် အကြံအောင်
အခွင့်ရလတ္တံ့။

“ထို့အတူ ယခုအခါ ရဟန်းတို့သည် မလျှော့သောလုံ့လ အပ္ပမာဒ သတိတရား
ရှိကြကုန်၍ သစ်သားတုံး ခေါင်းအုံးနေကြသဖြင့် မာရ်နတ်အခွင့်မရလေ။
နောက်ကာလ ရဟန်းတို့သည်ကား နူးညံ့သော ခြေလက် ရှိကြကုန်သည်ဖြစ်၍


## PAGE 317


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၆၁

(၆)

နူးညံ့သော အိပ်ရာနေရာ၌ လဲမှို့ ခေါင်းအုံးကို အုံးလျက် နေထွက်အောင် အိပ်
ကုန်ကြ လတ္တံ့။ ထိုအခါ မာရ်နတ် ပူးဝင်ခွင့်သာလတ္တံ့ ” ဟု ရဟန်းတို့ ဘာဝနာ
သတိတရားနှင့် ဝီရိယ အားနည်းလျက် မာရ်ဆယ်တပ်ကို လက်ယပ်ခေါ်ရာ
ရောက်၍ သာသနာ ကွယ်ပျောက်ကြောင်း ဖြစ်သည်ဟု ဟောတော်မူလိုပေသည်။
ထိုနိဒါနဝဂ္ဂသံယုတ် ပါဠိတော် (၄၂၂) ၌ပင် တရားတု တရားယောင်တို့၏
အန္တ ရာယ်ကြောင့် သာသနာ ကွယ်ရပုံကို ဟောတော်မူသည်မှာ ပို၍ မှတ်သားဖွယ်
ကောင်း၏။ သုတ်၏ အမည်ကား သဒ္ဓမ္မပဋိရူပကသုတ် ဟု ခေါ်သည်။ ရှင်မဟာ
ကဿပက ဘုရားရှင်အား လျှောက်၍ ဟောတော်မူသော သုတ်တည်း။
ရှင်မဟာကဿပက-

“မြတ်စွာဘုရား၊ ရှေးအခါက ဝိနည်းပညတ်များ နည်းပါးသော်လည်း
တရားထူး ရသည့် ပုဂ္ဂိုလ်များ,များပြားကြပါသည်။ ယခုအခါ ဝိနည်းပညတ်များ
များပြား ပါလျက် အဘယ့်ကြောင့် တရားထူးရသည့် ပုဂ္ဂိုလ်များ နည်းပါး
လာရပါသနည်း” ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားက-

“လူတို့ သက်တမ်းတို၍ သာသနာ ကွယ်လုလတ်သော် ဤသို့ပင် ဖြစ်မြဲ၊
လောက၌ ရွှေအတု မပေါ်သေးသမျှ ရွှေအစစ် မကွယ်သကဲ့သို့ (ဈေးမကျသကဲ့သို့)
တရားအတု မပေါ်သေးသမျှ တရားစစ်များ မကွယ်ပသေး။ စင်စစ် ဝေဟပ္ဖိုလ်
ဗြဟ္မာ့ဘုံတိုင်အောင် ကမ္ဘာကိုဖျက်ဆီးနိုင်သော မြေ-ရေ-လေ-မီး အင်အား
အကြီးမားဆုံးသော ဓာတ်ကြီးလေးပါးတို့ပင်လျှင် ဤသာသနာတော်ကိုမဖျက်ဆီး
မကွယ်ပစေနိုင်။ (ဝါဒတစ်ပါး ဘာသာခြားကား ဆိုဖွယ်မရှိ။ ဋ က ၁။)

1 သာသနာတော်ကို ဖျက်ဆီးဖျောက်ကွယ်မည့် အချည်းနှီးသော ယောက်ျားကား

(သံကိုသံဖျက် သံချေးတက် ဟူသကဲ့သို့။ အဋ္ဌကထာ။) ဤသာသနာ ဘောင်
အတွင်း၌ပင် ရှိနေ၏။ သိက္ခာပုဒ် ပညတ်ချက်တို့ များပြားသော်လည်း ကုန်စည်
ဝန်ထုပ်များကို သယ်ဆောင်ရသော လှေသည် ဝန်များ၍ နစ်မြုပ်ရသကဲ့သို့
မဟုတ် ချေ။ (သိက္ခာပုဒ် များခြင်းနှင့်မဆိုင်။) ရတနာသုံးပါး၊ သိက္ခာ၊ သမာဓိ
တရားတို့၌ လေးစားတုပ်ပျပ်မှ မရှိခြင်းကြောင့်သာလျှင် သာသနာသက်လျော
ကွယ်ပျောက်ရချေသည်” ဟု ဟောတော်မူ၏။

ဤကား ထိုသုတ်၏ အကျဉ်းချုပ်ဟည်း။

အဋ္ဌကထာ ဆရာကား ဇင်းမယ်ပဏ္ဏာသ၊ လလိတဝိတ္ထာရတို့ကဲ့သို့သော
ကျမ်းစာအတုများကို ပရိယတ္တိ ကွယ်ကြောင်းဟု လည်းကောင်း၊ ပီတိပဿဒ္ဓိစသော
ဝိပဿနာ ညစ်ညူးကြောင်း ဆယ်ပါးကို ဝိပဿနာ အလုပ်ခွင်တွင် မဂ်ဖိုလ်နိဗ္ဗာန်ဟု
ထင်မှားတတ်သဖြင့် ပဋိပတ်အမှန်တရား ကွယ်ကြောင်းဟု လည်းကောင်း
ထပ်ဆင့် ဖွင့်ပြခဲ့လေသည်။

ဤကား ပိဋကသုံးပုံမှ တွေ့ရှိသမျှ ထုတ်နုတ်ဖော်ပြရခြင်း ဖြစ်ပေ၏။


## PAGE 318

၂၆၂


ဓမ္မာစရိယဦးဌေးလှိုင်

“ဖုဿထေရဂါထာ ပါဠိတော်' ၌လည်း ထိုသာသနာကွယ်ကြောင်း တရားများကို အချုပ်အားဖြင့်
ဖုဿမထေရ် ဟောတော်မူထားရာ မာန်လည်ဆရာတော်သည်ပင် နိဿယ မြန်မာပြန်သော
အားဖြင့် မြန်မာနိုင်ငံ ပဋိပတ္တိသာသနာအား သတိပေးတော် မူခဲ့ဖူးသည်။

ရတနာသုံးပါး၌ အရိုအသေတန်မှုသည် ကြီးစွာသော သာသနာကွယ်ကြောင်း
ဖြစ်သည်ကို အကြိမ်ကြိမ် ဟောတော်မူခဲ့ပြီ။ စေတီရုပ်ပွား ဘုရားရင်ပြင်တို့၌လည်းကောင်း၊
ပုံတော်များကို သုံးစွဲရာ၌ လည်းကောင်း၊ တရားနာရာ (အသံသွင်းစက်ဖြင့် နာခြင်းလည်း
ပါဝင်၏။) တရားဆွေးနွေးရာ၊ တရားစာအုပ် ကိုင်တွယ်ကြည့်ရှု ထားသိုရာ၌ လည်းကောင်း၊
ရဟန်းသံဃာများကို ဆက်ဆံတွေ့ဆုံရာ၌ လည်းကောင်း မည်သို့ နေထိုင်ခြင်း၊ ပြောဆိုခြင်း၊
ထားသိုခြင်းမျိုးသည် မရိုသေမလေးစားရာ ရောက်သည်ကို သတိပြုကြရာ၏။ ကိုးကွယ်လျက်က
ဖျက်ဆီးရာမကျအောင် အထူး သတိပြုအပ်၏။ သက်တော်ထင်ရှား ဘုရားရှင် ရှေ့မှာနေလျှင်
မိမိကိုယ်ကို မည်ကဲ့သို့ နေရမည်ကို ထောက်ရှု၍သာ နေကြရာ၏။ အဋ္ဌကထာ ဆရာတို့
ဖွင့်ဆိုကြသည်ကို မပြတော့ပြီ။

ခေတ်မီ သာသနာပြုချင်သူများ သတိ

သာသနာကွယ်ကြောင်းကို နေရာများစွာ၌ ဟောတော်မူသည်များကို အကျဉ်းချုပ်
လိုက်လျှင် သာသုနာဖျက်မည့် သူသည် အပြင်လောက၊ အပြင်ဘာသာဝါဒတို့၌ မရှိချေ။
လက်ညှိုးထိုးမလွှဲသင့်။ “အသားထဲက လောက်ထွက်၊ သံကို သံဖျက် သံချေးတက်” ဟူသကဲ့
သို့ သာသနာဖျက်ဆီးမည့် သူကား ဘုရားသားတော် ဥပါသကာ ဥပါသိကာ မိမိတို့သာလျှင်
ဖြစ်သည်ကို မြင်ရာ၏။ ဤတရားမှန် ကြေးမုံပြင် ရှေ့၌ ရပ်၍ တရားခံကို မြင်အောင်
ရှုရာ၏။

မိစ္ဆာဒိဋ္ဌိများကြောင့်၊ လောကီ စာသင်ကျောင်းများကြောင့်၊ သိပ္ပံပညာကြောင့် စသည်ဖြင့်
ခေတ်အဆက်ဆက် လက်ညှိုးထိုး လွဲခဲ့ကြပြီ။ထိုသို့အကြောင်းရှာမှားရာမှဒေါမနဿတို့ ကိုသာ
ဆက်၍ ထမ်းဆောင်ကြရပြန်၏။

ယုတ်လျော့သွားသော သာသနာကို အဖတ်ဆယ်ရန် ပြင်းထန်သော လုံ့လဖြင့်
ဘာသန္တ ရများကို သင်ယူကိုင်ဆောင်၍ အပြေးလိုက်ကြပြန်၏။ သာသနာလှေကြီး မျောသည်ကို
ကိုယ်ပိုင် သာသနာလှေဖြင့် မလိုက်မိ။ မိမိသာလျှင် ဝါဒမကာရ်း ထူပြောသော လောကမြစ်ပြင်၌
ခါးဆစ်ထိအောင် ကျွံနစ်ရပြန်၏။

..

“ကျောင်းသားကိုရင်မရှိ” ဟု ဆိုကာ ခေတ်ပညာကိုဗန်းပြ၍ သူတစ်ပါးကိုပင်
ကယ်ဆယ်ရန် ကြိုးစားကြပြန်၏။ “ကယ်တင်ခြင်းတပ်” များကို အားကိုးမှားကာ လူမှုဝန်
များကိုပင် ဝင်၍ ထမ်းမိကြပြန်သည်။ အကြောင်းရှာ မှားရာမှ သူတစ်ပါးကို ဆယ်ရင်း
လည်မျိုထိ နစ်မြှုပ်ကြလေ၏။ သို့ရာတွင် နောက်ဆုတ်ရန် သတိမမူမိ၊ သာသနာပြုလိုသော
ကရုဏာစိတ်က ရှေ့သို့သာ တွန်း၍ ပို့နေတော့သဖြင့် အခြားသူများကိုပင် အဖော်ညှိကြ


,
