## PAGE 322


7

ဒေးစွန်ပါတောင်မှ
ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်ထူးနှစ်ပါး

(အနာဂါမ် ဆရာသက်ကြီး၏ ဟောပြချက်အတိုင်း ဖော်ပြပါသည်။)

တစ်ခုသော တန်ဆောင်မုန်းလပြည့် ညဦးယံအချိန်။ ပဲခူးမဟာစေတီ ရင်ပြင်သို့
ကောင်းကင်ယံမှ ဈာန်အဘိညာဉ်ဖြင့် ရဟန်းတော်နှစ်ပါး ကြွလာကြ၏။ မဟာစေတီကို
ဝတ်ပြုပြီးနောက် ကလျာဏီသိမ်ဘက်သို့ နှစ်ပါးအတူ လျှောက်လာကြသည်။

အရွယ်တော်အားဖြင့် ငါးဆယ်ကျော် မတိမ်းမယိမ်း ဖြစ်ကြ၏။ နေလည်းဝင်စ
လရောင်လည်း သာဆဲ၊ နှစ်ပါးအတူ ကလျာဏီသိမ်ထဲသို့ ဝင်သွားကြသည်။ ခဏကြာလျှင်
ပြန်ထွက်လာကြ၏။ ရဟန်းတော်တို့၏ ထုံးစံ ဝိနည်းကံအရ ဥပုသ်ပြုရန် လာကြခြင်း ဖြစ်
သည်။ ရွှေသာလျောင်းကုန်းတော် အရောက်တွင် မြောက်စူးစူး အရပ်သို့ ကောင်းကင်ခရီးဖြင့်ပင်
ပြန်ကြွတော် မူကြ၏။ တန်ဆောင်မုန်းလပြည့်ည လသာသာတွင် ဖူးမြင်လိုက်ရသူတိုင်းအဖို့
ရာသက်ပန်မမေ့နိုင်သော “ဒဿနာ နုတ္တရိယ” (အကောင်းဆုံးအမြင်) မင်္ဂလာကြီး တစ်ခု
ပင်တည်း။.

ရဟန်းတော်နှစ်ပါးသည် ဒေးစွန်ပါတောင်သို့ အရောက်တွင် တစ်တောင်စီခွဲ၍
သက်ဆင်းတော်မူကြ၏။ အချိန်းအချက်ထား၍ နှစ်ပါးအတူ ကြွကြသော်လည်း များစွာ
စကားပြောဆိုခြင်း မရှိကြ၊ ကိုယ့်တရားကိုယ် နှလုံးသွင်း၍ ကြွတော်မူကြ၏။ အဘိညာဉ်
ရတော်မူကြသော်လည်း အရိယာစခန်းသို့ မရောက်နိုင် ရှိနေ၍ အချိန်ရှိသမျှ မအိပ်မနေ
ရှုပွားတော်မူကြသည်။ ပဓာနအလုပ်ကြီး မပြီးဆုံးသေးသဖြင့် ရရှိသောတန်ခိုးကိုပင် အထူး
သိုဝှက်၍ နေတော်မူကြရ၏။ လောဘ၊ ဒေါသ၊ မာန်မာန ထူပြောသော ပုထုဇဉ်ဘဝဖြင့်
ရရှိထားသော တန်ခိုးသည် တန်ခိုးရှင်ကိုပင် ပြန်၍ အန္တရာယ်ပြုနိုင်ကြောင်း ကောင်းစွာ
နှလုံးပိုက်တော် မူကြသည်။

မှန်လှ၏။ ဒေဝဒတ် ရဟန်း အဝီစိသို့ ကျရာတွင် တန်ခိုးသည် အကြောင်းတစ်ရပ်အဖြစ်
ပါဝင်၏။ (ဝိနယ၊စူဠဝဂ်-၃၆၆။ ဣတိဝုတ်-၂၅၃။) ထို့ကြောင့် သာမန် ယောဂီထက်ပို၍
သက်စွန့်ကြိုးပမ်းတော် မူကြသည်။ ပါရမီဓာတ်ခံ ပရိယတ်အသိဉာဏ် ခေါင်းပါးသော
သူတို့သည် ထိုအရှင်မြတ်တို့၏ တန်ခိုး စွမ်းအင်ကို အပုံတစ်ရာပုံ တစ်ပုံမျှလောက်ရလျှင်ပင်
ဆရာကြီးတစ်ဆူအဖြစ် တံခွန်ထူကြမည်ဖြစ်သော်လည်း ထိုအရှင်မြတ်နှစ်ပါးကား ထိုတန်ခိုး
ရခြင်းကြောင့်ပင် ပို၍ ထိတ်လန့်ကာ လောကမှ ထွက်ရပ်လမ်းအစစ်ကို မအိပ်မနေ စူးစမ်း
ရှာဖွေကြရ၏။ -

မချသော လုံ့လဖြင့် အတူတကွ အားထုတ်ရာမှ-

“ငါ့ရှင်……..ငါတို့နှစ်ပါးဟာ အဘိညာဉ်ရပြီးတဲ့နောက် မဂ်ပေါက်ဖိုလ်ပေါက် ဖြစ်အောင်


## PAGE 323

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၆၇

မဆုတ်နစ်သော လုံ့လဖြင့် ဆွေးနွေးလိုက် အားထုတ်လိုက် လုပ်ခဲ့ကြတာ တစ်နှစ်တောင်
ကျော်ခဲ့ပြီ။ ဒီကနေ့ကစပြီး လမ်းခွဲကြစို့၊ ငါ့ရှင်က ဒီတောင်မှာ နေရစ်၊ တပည့်တော်က
ဟိုဘက်တောင်ကိုရွှေ့မယ်။ အလွန်အကြောင်းထူး ကိစ္စရှိပါမှ နေ့အခါ တုံးခေါက်၊ ည
ဖြစ်လျှင် မီးထွန်း၍ အချက်ပေး” ဟု မထေရ်ကြီးက အမိန့်ရှိရာ-

“ကောင်းလှပါပြီ အရှင်ဘုရား၊ ဒီလိုသာသနာနဲ ့ တွေ့ရပြီး၊ ပရိယတ် အသိရှိထားပြီးမှ
ပုထုဇဉ်ဘဝနဲ့ အသက်ရှည်လှတဲ့ဗြဟ္မာကြီး ဖြစ်ရမှာ ကြောက်စရာ ဖြစ်ပါတယ်” မထေရ်ငယ်
က ပြန်လျှောက်၏။ ယင်းသို့ ကတိထားကြပြီးနောက် ဒေးစွန်ပါ တောင်တန်းတွင်
တစ်တောင်စီ ခွဲ၍ သီတင်းသုံးကြသည်။ နှစ်လသုံးလအတွင်း ဥပုသ်အတူပြုကြသည်မှ အပ
အချက်ပေးခြင်း၊ ဆွေးနွေးခြင်း ရှိတော်မမူကြကုန်။

သူတော်ကောင်း နတ်ကောင်းမ

1

တစ်ခုသော ညသန်းခေါင်ကျော် အချိန်လောက်တွင် မထေရ်ကြီးနေသော တောင်၌
အမွှေးနံ့များ တစ်တောင်လုံးသင်းပျံ့နေ၏။ မထေရ်ကြီးကား တောင်ထိပ်လွင်ပြင် တစ်နေရာ၌
“အမ္ဘောကာသိကတင်” (လွင်တီးခေါင်၌နေခြင်းအကျင့်) ဖြင့် စင်္ကြံကြွရင်း အားထုတ်တော်မူခိုက်
ဖြစ်သည်။ ကိုယ်ရောင်ကိုယ်ဝါများ လင်းချင်းနေသော နတ်မင်းကြီး တစ်ဦးသည် မထေရ်ကြီးအား
မတ်တပ်ရပ် ရှိခိုးလျက်-

“အရှင်ဘုရား၊ သဒ္ဓါဝီရိယ ကြီးမားတော်မူသည်ကို ကြည်ညို၍ လာရောက်ခြ
ဖြစ်ပါသည်။ ယခုလို စာပေကျမ်းဂန်တွေ တတ်ပြီး သဒ္ဓါဝီရိယရှိတိုင်း ပဋိပတ် လုပ်ငန်းတွင်
မပြီးသေးပါ။ ဆရာကောင်း အမှီရလျှင် မကြာမီ တရားထူးရနိုင်တဲ့ အခြေခံ လုံလောက်
နေပါတယ်။ ဒီအတိုင်း အားထုတ်နေကြလို ့ကော့ အရှင်ဘုရားများ ရည်ရွယ်မှန်းထားတဲ့တိုင်း
ပေါက်မြောက်ရန် မလွယ်ပါ။ တစ်ခြားဟစ်နေရာကို ကြွမှ ဖြစ်မယ်” ဟု လျှောက်ထား၏။

"

:

မထေရ်ကြီး ဣန္ဒြေမပျက် နားထောင်ရင်း လျှောက်ထားသော စကားမှာ တဖြည်းဖြည်း
မာကျောလာသဖြင့် “သင် ဘယ်သူလဲ” ဟု ခပ်မာမာပင် မေးလိုက်သည်။ “တပည့်တော်
ဒေးစွန်ပါတောင်ကို စောင့်နေတဲ့ နတ်ကြီးပါ” ဟု လျှောက်လျှင် “ဘာလဲ၊ သင်၏တောင်ပေါ်မှာ
မနေစေချင်လို ့လား” ဟု မထေ့ရ်ကြီးက ထပ်၍ မေး၏။

“မဟုတ်ပါဘူး၊ တပည့်တော် အရှင်ဘုရားတို့ကို အမြဲစောင့်ရှောက်နေတာပဲမဟုတ်လား၊
အဘိညာဉ်တန်ခိုးမာန် ပရိယတ္တိမာန်တွေ ချထားပေမဲ့ မသိမသာ မာနာနုသယတွေ
ခုခံနေ တာကိုသတိပြုမိကြရဲ့လား” ဟုထပ်၍လျှောက်လျှင် မထေရ်ကြီးမှာ သက်ပြင်းတစ်ချက်
ချ၍ စကားဆိတ်နေစဉ် တောင်စောင့်နတ်က -

“ဒီအလုပ်ဟာ ဆရာကောင်းရဖို့ အရေးအကြီးဆုံးပါဘုရား။ တပည့်တော် ညွှန်တဲ့
နေရာကို စိတ်ချလက်ချ ကြွတော်မူကြပါ” ဟု ဆက်၍ လျှောက်၏။

“ကောင်းပါပြီ၊ ဘယ်ကြွရမှာလဲ”


## PAGE 324


၂၆၈

ဓမ္မာဇရိယ ဦးဌေးလှိုင်

“အရှင်ဘုရားတို့ အကျိုးပါ၊ ဟောဒီကနေ့ တောင်စူးစူးအရပ်ကို ကြွပါ။ တွံတေးနယ်
ဒလ ပျော်ဘွယ်ကြီးရွာဆိုတာ ရှိပါတယ်။ အဲဒီမှာ ကမ္မဋ္ဌာန်းပြတဲ့ ဆရာက လူပုဂ္ဂိုလ်ပဲ။
အထင်မသေးကြပါနဲ့။ အရှင်ဘုရားတို့အဘိညာဉ်နဲ့လဲ ဝေဖန်တော်မူကြပါဦး” ဟု လျှောက်ထား
ရင်း ကွယ်ပျောက်သွားတော့၏။

ကမ္မဋ္ဌာန်းဆရာကြီးကား အခြားမဟုတ်၊ အနာဂါမ်ဟု သမုတ်ခံရသော “ဆရာသက်ကြီး
ပင် ဖြစ်သည်။ လယ်တီဆရာတော်၊ သေကျတောင် ဆရာတော်၊ သိမ်တောင် အင်းမကြီး
ဆရာတော်တို့၏ တပည့်ဖြစ်၏ လယ်တီဆရာတော်ကိုယ်တိုင် တရားပေး တရားစစ်မေး၍
အားရတော်မူသဖြင့် တရားပြ ဆရာလုပ်ရန် အထူးတိုက်တွန်း ချီးမြှောက်ခြင်း ခံရသူဖြစ်သည်။
ရဟန်းရှင်လူတပည့်ပေါင်း ခြောက်ထောင်ကျော် တရားပေးခဲ့သော ပုဂ္ဂိုလ်ထူးကြီးပင်တည်း။
(‘ဆရာသက်ကြီး” စာအုပ်၌ အပြည့်အစုံ ဖတ်ရှုကြည်ညိုကြပါရန်။)

မထေရ်ကြီးသည် တောင်စောင့်နတ်ကြီး ကွယ်ပျောက်သွားလျှင် ခဏမျှ စဉ်းစားတော်မူပြီး
ရုတ်တရက် အကြံတစ်ခုရသဖြင့် မီးဖိုလိုက်၏။ “အကြောင်းထူးရှိလျှင် အသိပေးစတမ်း”
ကတိအရ တစ်ဘက်တောင်မှ မထေရ်ငယ်အား အချက်ပေးလိုက်ခြင်း ဖြစ်သည်။ သို့ရာတွင်
မထေရ်ငယ်ကား တစ်ဘက်တောင်မှ မီးရောင်ကို သတိမပြုလိုက်မိပေ။ မရှေးမနှောင်းပင်
တောင်ထိပ်သစ်တစ်ပင်အောက်၌ ရုက္ခမူဓုတင်ဆောင်ရင်း တရားရှုမှတ်နေရာ တစ်စုံတစ်ယောက်
က မိမိအား လူမမြင်ရဘဲ လာရောက်စကားပြောနေသည်နှင့် ကြုံရ၏။ အခြား ဘာကိုမျှ၊
မသိ၊ သတိမပြုမိ၊ ယခင်နည်းအတိုင်း တရားအားထုတ်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။
“အရှင်ဘုရား၊ စိတ်ကူးမလွဲနဲ့။ ကြွဖြစ်အောင် ကြွပါ။ တပည့်တော် အရှင်ဘုရားတို့ကို
အမြဲတမ်း ကူညီစောင့်ရှောက်နေတဲ့ တောင်စောင့်နတ်ကြီးပါ” ဟု ဆိုကာ အသံပျောက်
ကွယ်သွား၏။ (ဒေဝတာသံယုတ် စသည်၌ နတ်များ အကူအညီပေးပုံ များစွာ။)

..

လျှော့လိုက်တင်းလိုက် ဝေဖန်ပြောကြားသော နတ်မင်း၏ စကားများကို အစဉ်းစားရ
ခက်နေ၏။ မာနာနုသယ စသည့် သိမ်မွေ့သောကိလေသာ တစ်စုံတစ်ရာ အခုအခံ ဖြစ်နေ
တတ်ကြောင်း ဝေဖန်သတိပေးသော နတ်မင်း၏ စကားမှာ လန့်ဖျပ်မတတ် တာသွားလှပေသည်။
မထေရ်ငယ်လည်း တစ်ပါးတည်း ခေါင်းညိတ်လျက် မထေရ်ကြီးအား အချက်ပေးရန် ထ၍
မီးဖိုလိုက်၏။ သို့သော် မထေရ်ကြီးသည် သူအချက်ပြသည်ကို မမြင်လေ။

အကြောင်းမှာ မထေရ်ငယ်အလာကို မစောင့်တော့ဘဲ အရေးကြီးလှသဖြင့် ကိုယ်တိုင်
ပြောပြရန် သပိတ်ကိုလွယ်၊ သားရေနွယ်ကို ပခုံးတင်လျက် မိမိတောင်ပေါ်မှ ဆင်းလာခဲ့တော့၏။
မထေရ်ငယ်ကလည်း မီးအချက်ပြပြီးလျှင် မိမိတာဝန်အရ မထေရ်ကြီးအား လျှောက်ထားရန်
ထို့အတူတောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။ အရုဏ်လည်း တက်လေပြီ။ ဆောင်းကာလဖြစ်၍
ရိုးမ,တစ်ကြောလုံးနှင်းများဝေနေ၏။ စိတ်ကူး ကိုယ်စီဖြင့် ကြွလာတော်မူကြရာ နှင်းမှုန်
နှင်းဖွဲများအကြား လမ်းခုလတ် တောင်ခြေမြေပြန့်တွင် ဆုံမိကြလေ၏။

နှစ်ပါးဆုံမိလျှင် ရုတ်တရက် အံ့အားသင့်သွားကြ၏။ မြေပြန့် တစ်နေရာတွင်
သားရေနွယ်ကို ခင်း၍ ထိုင်ပြီးလျှင် အကျိုးအကြောင်းကို ပြောဆို ဆွေးနွေးကြသည်။

