## PAGE 325

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၆၉

“ဘုရားရှင် လက်ထက်တော်က ပေါဋ္ဌိလ မထေရ်ကြီးဟာ ပရိယတ်မာန် ခံနေလို့
ရှင်သာမဏေငယ်ထံမှာ နည်းခံပြီးမှ ရဟန္တာဖြစ်တော်မူရတယ် ငါ့ရှင်၊ မဟာနာဂ မထေရ်ကြီးလဲ
အဘိညာဉ်တွေရပြီး ရဟန်းကိစ္စ ပြီးပြီထင်လို့ တပည့်ကပဲ ပရိယာယ်နဲ့ တရားလာပြပေးရ
ဖူးတယ်။ တို့များလဲ ဒီအတိုင်း ဖြစ်နေပြီ။ ယခုလို သူများထံမှ နည်းခံဖို့ရာ စိတ်ကူးမျှ
မထည့်ခဲ့မိကြဘူး။ အင်း.....ယခု သွားရမယ့် ဆရာကြီးကလဲ တပည့်ခံထိုက်တဲ့ ဆရာကြီးပဲ။
တောင်စောင့်နတ်ကြီး ကျေးဇူးလဲ ကြီးပါပေရဲ့။ ကဲ-ငါ့ရှင် သွားကြစို့” ဟု မထေရ်ကြီးက
ပြောဆိုကာ အလယ်ရိုးမအလိုက် တောင်ဘက်သို့ ကောင်းကင်မှ ကြွတော်မူလာကြ၏။

ရွှေတိဂုံ စေတီတော်အား ခေတ္တမျှ ဝင်ရောက် ဖူးမြော်ကြပြီးလျှင် ဒလပျော်ဘွယ်ကြီး

ရွာသို့ ရောက်ကာ သပိတ်လွယ်ပြီး ရွာရိုးတစ်လျှောက် ကြွလာ၏။ အိမ်တစ်အိမ်ရှေ့တွင်
ရပ်တန့်တော်မူကြကာ “ဒကာကြီး ဆရာသက်အိမ် ဘယ်အိမ်လဲ” ဟု မေးတော်မူရာ
ထိုအိမ်သည်ပင် ဆရာကြီးအိမ် ဖြစ်နေ၏။ ဆရာကြီးလည်း ဘုရားခန်းမှ ဆင်းလာခိုက်နှင့်
ပက်ပင်းတွေ့ဆုံ၍ “အရှင်မြတ်များ ဘယ်ကကြွလာတော် မူကြပါသလဲ” ဟု ပဋိသန္ဓာရစကား
ပြောကြားပြီးနောက် ဤအရပ်မှာ မွေ့လျော်သလောက် သီတင်းသုံးရန်၊ ဆွမ်းကွမ်း
ဝေယျာဝစ္စ ပြုခွင့်ပေးရန် လျှောက်ထားသည်။ ရွာလယ်ရှိ တရားပြရာဇရပ်၌ ကြွရောက်
သီတင်းသုံးရန် ´ အမောအပန်း ဖြေရန်လည်း လျှောက်ထားပြီး ဦးဘသိန်းအား
မထေရ်ကြီးနှစ်ပါးကို ဇရပ်သို့ ပင့်စေသည်။ အချိန်ကား နံနက် ၈-နာရီမျှသာ ရှိသေး၏။
ထုံးစံအတိုင်း ဆရာကြီးကား ၁ဝ-နာရီမှ ယောဂီများရှိရာ ဇရပ်သို့ကြွ၍ တရားစစ်ဆေး
ဟောပြောလေသည်။

သမထတန်ဖိုး ဒုက္ခသစ္စာ

ဆရာကြီးသည် ထိုနေ့ ၁၀-နာရီခွဲတွင် ဇရပ်သို့ ကြွလာ၏။ ယောက်ျားမိန်းမ
လူယောဂီသုံးဆယ်ခန့် ဘုရားခန်းနှင့် သံဃာစင်ရှေ့တွင်စီတန်း၍ နေနှင့်ကြသည်။ သံဃာတော်
ဆယ်ပါးခန့်ကမူ အမြင့်သံဃာစင်၌ သီတင်းသုံးနေကြ၏။ ဆရာကြီးမှာ ယောဂီများရှေ့
သံဃာစင်အောက်၌ထိုင်၍ အရေးကြီးသော ယောဂီများအား တစ်ဦးစီ စစ်မေးတော်မူ၏။
အနည်းငယ် ဟောပြောသည်။ ဒေးစွန်ပါမထေရ် နှစ်ပါးရှိရာ သံဃာစင်ဘက်သို့ လှည့်၍
လက်အုပ်ချီကာ-

“ယနေ့ကြွလာသော ဒေးစွန်ပါ အရှင်မြတ်နှစ်ပါး ချမ်းသာမျှတ ကြပါရဲ့လား၊
အားထုတ်မြဲ အာနာပါနကိုပဲ သုံးရက်လောက် ဆက်လက်ရှုပွားတော် မူကြပါဦး၊ တပည့်တော်
ယောဂီများကိုလည်း လိုအပ်သလို ဆုံးမကြပါဘုရား” ဟု လျှောက်ထားပြီး ဆရာကြီး
အိမ်သို့ ပြန်ကြွသည်။ လေးရက်အရတွင် ဝိပဿနာသို့ ကူးပြောင်းပေး၏။

နံနက် ၁၀-နာရီခွဲလျှင် တရားဌာနသို့ ဆရာကြီး ကြွလာ၏။ ခါတိုင်းနေရာတွင်
ထိုင်ပြီး ထုံးစံအတိုင်း ဘုရားနှင့် သံဃာများကို ဦးချကန်တော့၍ တရားစစ်မေးသည်။


## PAGE 326


၂၇ဝ

ဓမ္မာစရိယဦးဌေးလှိုင်

“ယနေ့ ဝိပဿနာကူးရမယ့် အရှင်မြတ်နှစ်ပါးနှင့် လူယောဂီငါးဦး ရှိပါတယ်။ ဒီမှာ
အားထုတ်ကြတဲ့ ယောဂီတွေဟာ အများအားဖြင့် သုံးရက်လောက် သမထလုပ်ပြီး သမာဓိ
ထူထောင်လိုက်ရင် ဥဂ္ဂဟ နိမိတ်၊ ပဋိဘာဂ နိမိတ်တွေ ရတာများတဲ့အတွက် ဝိပဿနာကို
ကူးပေးရပါတယ်။ ဝိပဿနာမကူးဘဲထားရင် တစ်ချို့ ယောဂီတွေဟာ အရောင်အလင်း
နိမိတ်တွေသာမကဘဲ နတ်တွေ၊ ဥစ္စာစောင့်၊ ပြိတ္တာတွေ၊ တစ္ဆေတွေ ဝိဇ္ဇာဇော်ဂျီတွေနဲ့လဲ
စကားပြောရ ကိုယ်ထင်ရှားတွေ့ရ၊ အကူအညီပေးတာတွေလဲရှိ၊ မစင်ကြယ်တဲ့ အကြားအမြင်
အထင်တွေ ရတဲ့လူရကြ၊ ကြာလျှင် ဘယ်တော့ ဘာဖြစ်တော့ မလိုလိုနဲ ့ မိမိတို့ အာနာပါန
မူလသမထ ကမ္မဋ္ဌာန်းပါ ပျောက်ပြီး ကယောင်ချောက်ချား ဖြစ်သွားတတ်ကြလို ့ ဝိပဿနာ
ကူးပေးရပါတယ်။ ဈာန်အဘိညာဉ် လမ်းကို လိုက်တဲ့ ပုဂ္ဂိုလ်များကျတော့ ဒီလိုလောကာယတ
(သံသရာကြောဆွဲ) ပုဂ္ဂိုလ်ထူးတွေနဲ့တွေ့ရလဲ နှစ်သက်မနေဘဲ ကိုယ့်တရားကိုပဲ ဆက်ရှုကြ
ပါတယ်၊ ကဲ....ကိုသာဦးတို့ သဘောပေါက်ကြပါတယ်နော်” ဟု လူယောဂီများအား
နာမည်ခေါ်၍လည်း သတိပေးသည်။

စင်စစ် ကိုသာဦးဆိုသူသည် ထွက်ရပ်ပေါက် ဝိဇ္ဇာတစ်ဦးနှင့် ကူးလူးဆက်သွယ်နေသည်ကို
ဆရာကြီး သိမြင်ပြီး ဖြစ်သည်။ ကိုသာဦးမှာ ထိတ်လန့်သွား၏။ ဆရာကြီးက ဆက်၍ ....
“အထူးသဖြင့် ပရိယတ်တတ်တဲ့ အရှင်မြတ်များ သိတော်မူပြီးဖြစ်ပါတယ်။ ယခု
ယောဂီဒကာများကို ဟောပြောနေတာ ဖြစ်လို့ အရှင်မြတ်များက သည်းခံပြီး နားထောင်တော်
မူကြပါ။ မှားရင်လဲ ပြင်ပေးတော် မူကြပါဘုရား။

*သမထအစွမ်းနဲ့ရတဲ့ မစင်ကြယ်တဲ့ အကြားအမြင်ကို မဆိုထားနဲ ့။ ရူပအရူပ
ဈာန်အဘိညာဉ် တန်ခိုးများကိုပင်လျှင် အရိယာ သူတော်ကောင်းကြီးများ ဦးစားပေးတော်
မမူကြပါဘူး။ တန်ခူးဆိုတာ ဒုက္ခသစ္စာပါပဲ။ ပကာသန တန်ခိုးပြတဲ့ ရှင်ပိဏ္ဍောလကို
ပြည့်တန်ဆာမနှင့် နှိုင်းပြီး ရှုတ်ချတော်မူဖူးပါတယ်။ တန်ခိုးဖန်ဆင်းပြလျှင် ဒုက္ကဋ်အာပတ်လို့လဲ
ပညတ်တော်မူပါတယ်။ အဘိညာဉ်တန်ခိုးဟာ ရခဲသလောက် ပျောက်ပျက်လွယ်ပါတယ်။
စောင့်ရှောက်ခက်ပါတယ်။

“ ယခုအခါကဲ့သို့ ဓမ္မအဘိညာဉ်ခေါ်တဲ့ သစ္စာလေးပါး သိမှု၊ အရိယာဖြစ်မှု ဖြစ်ခွင့်မရှိတဲ့
သာသနာပ ပုဂ္ဂိုလ်များကျတော့ တန်ခိုးကြောင့် ပိုပြီးဒုက္ခရောက်ကြ၊ တန်ခိုးကြောင့်
သံသရာရှည်ကြပါတယ်။ ပုထုဇဉ်သားတွေ ဖြစ်လေတော့ တန်ခိုးချင်းပြိုင်ကြ၊ တန်ခိုးအားကိုးနဲ့
သတ္တဝါတွေကို ကျိန်စာတိုက်ကြ၊ ဒုက္ခပေးကြတာ အနမတဂ္ဂပါပဲ။

“ဘုရားအလောင်းတော် နာရဒရသေ့ကြီးပင်လျှင် ဒေဝီလရသေ့ကို ဆံကျစ်နင်းမိ၍
ဒေါသ၊ မာနဖြစ်ကြရာမှအစ ကျိန်စာတိုက်ခဲ့မိဖူးပါတယ်။ ကံငါးပါးကိုတောင် မလုံတဲ့
ဂန္ဓာရီဝိဇ္ဇာ လောကာယတ တန်ခိုးရှင်တွေဆိုရင် ပိုပြီးဆိုးနိုင်ပါသေးတယ်။ ဇာတ်တော်တွေမှာ
အထင်အရှားပဲ။ ယခုလဲ ရှိကြတာပါပဲ။”

“စာတတ်တဲ့လူက စာမတတ်တဲ့လူကို၊ ပိုက်ဆံရှိတဲ့လူက ပိုက်ဆံမရှိတဲ့လူကို၊
အာဏာရှိတဲ့လူက အာဏာမရှိတဲ့လူကို ကိုယ့်တန်ခိုးလေးနဲ့ကိုယ် နှိပ်စက်ကြသလိုပါပဲ။


## PAGE 327


´ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၇၁

ဒါ့ကြောင့် သူတော်ကောင်းကြီးများ စက်ဆုပ်တော်မူကြပါတယ်။ တန်ခိုးဟာ ဝိပဿနာ
အန္တ ရာယ်ကြီး တစ်ခုပဲလို့ ဟောတော်မူပါတယ်”

“လောကတန်ခိုးတွေထဲမှာ အထွတ်အထိပ် ဖြစ်တဲ့ အဘိညာဉ်တန်ခိုးကိုပင်လျှင်
ဓမ္မအဘိညာဉ်ခေါ်တဲ့ အရိယာအဖြစ်နဲ့ မထိန်းချုပ် မကွပ်ကဲနိုင်ရင် မခိုင်မြဲဘဲ ဒုက္ခသစ္စာထဲကိုသာ
ဝဲလှည့်စုပ်ယူသွားတတ်တယ်။ ဒါပေမယ့် လူသာမန်တွေကတော့ အထင်ကြီးကြတာ ထုံးစံပါပဲ။”

တန်ခိုးဖြင့် စည်းရုံးမည့်အကြံ

“မြတ်စွာဘုရားလက်ထက်က နာဠာမြို့ မှာ ကုဋေလေးဆယ် ကြွယ်ဝတဲ့ ကေဝဋ
ပုဏ္ဏားကြီး ဟာ သာသနာကို ကြည်ညိုလွန်းလို ့ လူတွေပိုပြီး သဒ္ဓါတရားဖြစ်အောင်
ရဟန်းတစ်ပါး,ပါးအား တန်ခိုးပြခွင့် ရာထူးပေးဖို့ ဘုရားကိုလျှောက်တော့ ဘုရားရှင်က
မသိနိုးနားပြုပြီး နေတော်မူပါတယ်။ သုံးကြိမ်လျှောက်တော့ မနေသာဘူး၊ တန်ခိုးပြာဋိဟာ
သုံးမျိုးကို အကျိုးအပြစ်နဲ့ ဟောပြတော် မူခဲ့ရပါတယ်”

ဆရာကြီးသည် လူယောဂီများဘက်သို့ မျက်နှာမူထားသော်လည်း ဒေးစွန်ပါ
မထေရ်ကြီးနှစ်ပါးဘက်သို့ မကြာမကြာ လှည့်၍ကြည့်သည်။

“သံဃာတော်အရှင်မြတ်များဂ ပိုပြီးသိတော်မူကြပါတယ်။ တပည့်တော်များ စာလုံးဝ
မတတ်ပါဘူး။ ကျေးဇူးရှင် လယ်တီဆရာတော်ကြီးများပေးတဲ့ သြဝါဒကို ဖောက်သည်ချရပါ
သဖရား” ဟု ညှပ်၍ညှပ်၍ စကားခံကာ တရားကို ဆက်ဟောသည်။ ဆရာကြီး ယနေ့
ဟောပုံမှာ ထူးခြားလွန်း၍ ယောဂီဟောင်းများ အထူးစိတ်ဝင်စားကြ၏။

“ပြာဋိဟာ သုံးမျိုးကတော့-

၁။ “ဣဒ္ဓိပါဋိဟာရိယ = အမျိုးမျိုး ဖန်ဆင်းပြတာ ခေါ်ပါတယ်။ ဒကာပုဏ္ဏားကြီး-
တဲ့။ ဒီလိုတန်ခိုးပြရင် သဒ္ဓါတဲ့လူတွေ ပိုပြီး ကြည်ညိုလာကြပေတဲ့၊ မသဒ္ဓါတဲ့သူတွေက
“ဒါ ဂန္ဓာရီဝိဇ္ဇာပါ” ဆိုပြီး ကဲ့ရဲ့ကြလိမ့်မယ်တဲ့။ ဂန္ဓာရီဝိဇ္ဇာ တန်ခိုးရှင်တွေကလဲ ဒီလိုပဲ
တန်ခိုးပြနိုင်လေတော့ ဒွေးရောယှက်တင် သံသယဝင်ပြီး စင်ကြယ်မြင့်မြတ်တဲ့ ဒုက္ခလွတ်ကြောင်း
တရားကောင်းကြီးတွေ ထိခိုက်လိမ့်မယ်လို့ ဆိုလိုပါတယ်။

၂၈ “နောက်တစ်ခုက အာဒေသနာပါဋိဟာရိယ = သူများစိတ်အကြံကို သိပြီး
အတပ်ဟောတဲ့ တန်ခိုးပါပဲ။ ဒီတန်ခိုးကိုပြရင်လဲ လောကမှာ မဏိကာခေါ်တဲ့ သူများ
စိတ်အကြံကိုသိပြီး အတပ်ဟောနိုင်တဲ့ အတတ်မျိုးတွေ ရှိနေလေတော့ သာသနာဂုဏ်ငယ်ပြီး
ရောနှောသွားမှာစိုးလို ့ ခွင့်ပြုတော်မမူဘူး။

၃။ “နောက်ဆုံး “အနုသာသနီ ပါဋိဟာရိယ” ခေါ်တဲ့ မြတ်စွာဘုရားတရားတော်
သီလ၊ သမာဓိ၊ ပညာခေါ်တဲ့ တန်ခိုးအစစ်အမှန်ကိုသာ အားကိုးကြဖို ့တိုက်တွန်းတော် မူပါ
တယ်၊

“ဒီ သီလ၊ သမာဓိ၊ ပညာတန်ခိုးသာလျှင် လောကီနယ်အတွက်လဲ လိုချင်တာ

