## PAGE 328

၂၇၂


ဓမ္မာခရိယ ဦးဌေးလှိုင်

အကုန်ရပြီး ဒုက္ခနယ်ကလွတ်ဖို့ရာလဲ အမှန်ဖြစ်တဲ့အတွက် အကောင်းဆုံးလို့ ဆုံးမတော်
မူခဲ့ပါတယ်။

တန်ဖိုးပယ်ရွာ ဝိပဿနာကူး

“လူဆိုရင် ငါးပါးသီလ၊ အာဇီဝဋ္ဌမက သီလ၊ ရဟန်းဆိုရင် စတုပါရိသုဒ္ဓိ သီလ
ရှိရင်ပဲ ဘယ်အထိ အကျိုးများပြီး တန်ခိုးကြီးတယ်ဆိုတာ သဗ္ဗညုတဉာဏ်တော်နဲ့ မြင်
တော်မူလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ ဝိပဿနာကူးကြတဲ့အခါ လောကကြီးထဲမှာ
ပုထုဇဉ်တို့ သဘာဝ စွဲလမ်းတပ်မက်ဖွယ်ဖြစ်တဲ့ စာတန်ခိုး၊ ငွေတန်ခိုး၊ အာဏာတန်ခိုး၊
အဘိညာဉ် တန်ခိုးတွေအားလုံး “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုပ်ရှုပ်'
ဆိုတဲ့အတိုင်း ဒုက္ခသစ္စာ တွေချည်းပါကလားလို ့ ဆင်ခြင်ရပါလိမ့်မယ်။

“ငါဟာ သစ္စာလေးပါး အမှန်မြင်ပြီး တကယ့်နိဗ္ဗာန်ချမ်းသာ အစစ်ကြီးကို ဧကန်
ရတော့မယ်လို့ လေးလေးနက်နက် ယုံကြည်ရပါမယ်။ ဒုက္ခတွေက လွတ်တော့မယ်ဆိုပြီး
မာန်မာနတွေချ။ စိတ်ကိုပျော့ပျော့ထားရမယ်။ ကိုယ်နှုတ် အမူအရာတွေအားလုံး နူးညံ့သိမ်မွေ့
စေရပါမယ်။

“ထုံးစံအတိုင်း ပရိကံကိုလုပ်ပြီး နှာသီးဖျားမှာ ထွက်လေဝင်လေ တရိပ်ရိပ်နှင့်
ဖြစ်၍ဖြစ်၍ ပျောက်ပျက် ပျောက်ပျက်ပြီးသွားတဲ့ အနိစ္စအချက်ကို မြင်အောင် ရှုနိုင်ရင်
အာနာပါနဟာ သမထအဖြစ်က ဝိပဿနာကူးတော့တာပါပဲ။

“အာနာပါနကို တစ်ချို့ က သမထပါကွာလို့ အရမ်းမဲ့ စွပ်စွဲကြပါတယ်။ မဟုတ်ပါဘူး။
စွယ်စုံရတဲ့ ကမ္မဋ္ဌာန်းကြီးပါ။ ဘုရားရှင်တိုင်းသွားတော်မူတဲ့ လမ်းရိုးကြီးပါ။ အာနာပါနဿတိ
သုတ်မှာ “အနိစ္စာနုပ=မမြဲတဲ့ သဘောကို မြင်အောင် ကြည့်ရမယ်။ ဝိရာဂါနုပဿီ=
တပ်မက်စရာတွေ ကင်းအောင်ရှုရမယ်” လို့ အာနာပါနကိုပဲ ဝိပဿနာလို့ တိုက်ရိုက်ဟောတော်
မူပါတယ်။ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးကလဲ အာနာပါနကိုပဲ သမထအဖြစ်
ပထမထူထောင်ပြီး ပထမဈာန်ကဖြစ်စေ၊ ဒုတိယဈာန်ကဖြစ်စေ၊ တတိယဈာန်က ဖြစ်စေ
ခုန်ကျော်ပြီး ဒီအာနာပါနကိုပဲ ဝိပဿနာအဖြစ် ကူးနိုင်တယ်လို့ အတိအလင်း ရေးတော်မူပါ

တယ်။

“သို့ပါသော်လဲ ကျေးဇူးရှင်ကြီးများ ဆုံးမပါတဲ့အတိုင်း ထွက်လေဝင်လေတို့၏
အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်ကို မြင်အောင်ထင်အောင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်
ရှုပြီးလျှင် စိတ်ကို ငယ်ထိပ်မှာထား၊ စိုက်ပြီးရှုး ကျပ်ပြားဝိုင်းလောက် နေရာမှာ ပူမှုအေးမှ
တေဇောဓာတ်ကြီးသဘော၊ မာမှုပျော့မှု ပထဝီဓာတ်ကြီးသဘော စသည်ဖြင့် ရုပ်ဓာတ်တစ်ခုခု
မိအောင်ဖမ်းရလိမ့်မယ်။ လှုပ်လှုပ်လှုပ်လှုပ်၊ ရုရွရွရွ၊ ဖွာဖွာဖွာဖွာ တစ်ဖျစ်ဖျစ်မြည်ပြီး
တစ်ဖြည်းဖြည်း တစ်ကိုယ်လုံးနယ်ကျယ်ကာ ဖြစ်-ပျက်’ချုပ်’ပျောက် နေတာကို ဉာဏ်မျက်စိမှာ
မြင်ရပါလိမ့်မယ်။ ရုပ်က မသွားဘဲလဲ နတပ်ကကြိုပြီး ရှေ့ရောက်မနေစေရဘူး။


## PAGE 329

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၇၃

တစ်ဖြည်းဖြည်းချင်း ချဲ့သွားတာကို မီအောင် လိုက်ပြီး ရှုမှတ်ရမယ်၊ ဖောဋ္ဌဗ္ဗဓာတ်နဲ့
ကာယပသာဒတို့ တွေ့ထိဖြစ်ပျက်တာကို နာမ်က သိသိနေပြီး ထိတဲ့ ရုပ်ရော သိတဲ့ နာမ်ပါ
ထိုနေရာမှာဘဲ အပ်တစ်စိုက်စာမျှ မရွေ့ ၊ ဖြစ်ပြီးလျှင် ချုပ်-ပျက်တာကို မြင်ရပါလိမ့်မယ်။
ထွက်လေ ဝင်လေထဲမှာတင်ဘဲ ပထဝီစတဲ့ ဓာတ်ကြီးများကို ရှုမှတ်လိုက ရှုမှတ်နိုင်ပါတယ်။
(သံဃာများ ဘက်သို့လှည့်၍) “အရှင်မြတ်များ သည်အတိုင်း ရှုမှတ်လို့
ထင်ပါရဲ့လားဘုရား” ဟု လျှောက်ရာ ဒေးစွန်ပါမထေရ်ကြီးနှစ်ပါးက ယခုပင် ထင်ကြောင်း
ဆရာကြီးအား ပြန်လည်ပြောပြကြသည်။

66

“ကောင်းလှပါသည်ဘုရား။ ယခုလို ကြားရတာ ဝမ်းမြောက်လှပါတယ်။ သင်္ဂြိုဟ်
ကျမ်းကြီး အဘိဓမ္မာကျမ်းကြီးများမှာလာတဲ့အတိုင်း ရုပ်တွေအားလုံး သိဖို့မလိုပါဘူးဘုရား၊
အဘိဓမ္မာ ဒေသနာတော်ကတော့ သဗ္ဗညုတဉာဏ်တော်ကြီးအရာ၊ ပဋိသမ္ဘိဒါပတ္တ အရာတွေသာ
ဖြစ်ပါတယ်။ ရုပ်တစ်လုံး နာမ်တစ်လုံးရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်ကို
လင်းလင်းထင်ထင် ဉာဏ်မျက်စိမှာ မြင်လျှင် အသင်္ခတခေါ်တဲ့ နိဗ္ဗာန် အငြိမ်းဓာတ်ကြီးသို့
ဆိုက်ရောက်နိုင်ပါပြီ။ ကျေးဇူးရှင် လယ်ကီဆရာတော် ဘုရားကြီးကလဲ သည်အတိုင်းဘဲ
မိန့်မှာရေးသားတော် မူပါတယ်။

“အထူးသဖြင့် သတိထားကြရမှာကတော့ တစ်နေရာက ရခဲ့၊ တစ်ချိန်က သိခဲ့တဲ့
ပရိယတ္တိအသိတွေ၊ စိန္တာမယ သုတမယ အသိတွေကို ခဏဖယ်ထားကြဖို့ အရေးကြီးပါတယ်။
“သည်အတိုင်း အားထုတ်ကြတာ စာမတတ်တဲ့ သူများမှာ တစ်ပတ်နှစ်ပတ်နဲ့
ကျေနပ်အားရစရာ တွေ့ ရပါတယ်။

“ဒါကြောင့် မဟာသတိပဋ္ဌာနသုတ်မှာ ရက်အကန့်အသတ်နဲ့ ရဲရဲကြီး အာမခံတာကိုးလို့
သဗ္ဗညုတ ဉာဏ်တော်ကြီးကို ကြည်ညိုမဆုံးနိုင်ပါ။ ယောဂီများအားလုံး အလုပ်လုပ်တဲ့
အချိန်မှာ သေနတ်လေးမြားပစ်တဲ့လူဟာ မျက်စိကို တစ်ဘက်မှိတ်ပြီး ပစ်ရသလို ဒီအာရုံတစ်ခုထဲ
ထားရမယ်။ ငြိတွယ်စရာတွေ အကုန်ဖြတ်ပြီး ကိုယ်နဲ့အသက် မငဲ့ကွက်ဘဲ သက်စွန့် ကြိုးပမ်း
အားထုတ်နိုင်ကြပါစေ”

နံနက်ပိုင်း တရားကို အဆုံးသတ်လိုက်၏။ အားလုံး သာဓုခေါ်ကြသည်။

ကုသိုလ်သုံးဖြာ သာသနာသုံးလိ ငါးမည်ပဟာန်

ဝိပဿနာကူး၍ သုံးလေးရက် ရသောအခါ ဆရာကြီးသည် ရွှန်လန်းတက်ကြွစွာ
တရားစစ်မေး ဟောပြောပေးသည်။ ရံခါ လက်ခုပ်လက်ဝါးတီး၍ပင် ဟောပြော၏။
လယ်တီဆရာတော်ရှိရာ မှန်း၍လည်း လက်အုပ်ချီလိုက်သည်။

“ဒီနေ့တော့ သီလ၊ သမာဓိ၊ ပညာအကြောင်း ယောဂီများကိုဟောပါမယ်။ အရှင်မြတ်များ
ကလဲ အမှားပါရင် ပြင်ပေးတော်မူကြပါဘုရား။ သီလ၊ သံမာဓိ၊ ပညာဆိုတာ ကာမကုသိုလ်၊
မဟဂ္ဂုတ်ကုသိုလ်၊ လောကုတ္တရာ ကုသိုလ်သုံးပါးကို ဆိုလိုတာပါပဲ။ တစ်ခုနဲ့တစ်ခု အနု
အရင့် ကွာခြားပုံကို သိမှ ကိုယ့်တန်ဖိုးကို ကိုယ်သိကြမှာ ဖြစ်ပါတယ်။


## PAGE 330

၂၇၄


:

၁။

၂။

၃။

၄။

၅။

ဓမ္မာစရိယဦးဌေးလှိုင်

“အနုသာသနီ ပြာဋိဟာ၏ အစ
အစ သီလသာသနာကြီး ထူထောင်မိတယ်
ဆိုရင်ပဲ အနာဂတ် ကိလေသာတွေ ခွာရှဲသင့်သလောက် ခွာရှဲပါပြီ။ ကိုယ်နှုတ်
နှစ်ပါးကို ထိန်းထားလိုက်ပါတယ်။ ဝီတိက္ကမတွင်းကြီးကို “တဒင်္ဂပဟာန်’
အားဖြင့် ပိတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ ကာမာဝစရ ကုသိုလ်ပါ။

“ရူပါဝစရ၊ အရူပါဝစရ ကုသိုလ်ခေါ်တဲ့ ဈာန်သမာဓိကတော့ ဝီတိက္ကမ
တင်မက မနောဒုစရိုက်ခေါ်တဲ့ ထကြွလာမယ့် ကိလေသာတွေကိုပါ စိတ်ထဲမှာ
အလာမခံဘဲ “ဝိက္ခမ္ဘနပဟာန်’ အဖုံးကြီးနဲ ့ ပရိယုဋ္ဌာန တွင်းကြီးကို
ပိတ်လိုက်တာပါပဲ။ အဲဒီ သမာဓိသာသနာ ထူထောင်မိပြီဆိုရင် ဈာန်
အဘိညာဉ်တွေ ရ၊ ဒါနဲ့ပဲသေရင် ရူပဘုံ အရူပဘုံမှာ ပုထုဇဉ် ဗြဟ္မာမင်းကြီးတွေ
ဖြစ်ကြရမယ်လို ့ ဆိုလိုပါတယ်။ ဒါပေမယ့် ဒီမဟဂ္ဂုတ်ကုသိုလ်အစွမ်းဟာ
-အမြစ်မပြတ်၊ ခွာရုံသာ ခွာထားလို ့ မခိုင်မြဲပါဘူး။ ဆန် ့ကျင်ဘက် အာရုံနဲ့

တွေ့ ရင် ပရိယုဋ္ဌာန မနောကံ တွင်းကြီးတွင်မက ဝီတိက္ကမ ကာယကံ ဝစီကံ
တွင်းကြီးထဲပါ ကိလေသာတွေအပြည့် ဒုံရင်းအတိုင်း စီးဝင်မြဲ ဝင်လာကြတော့
တာပဲ။ ဈာန်ကစားတဲ့ မောင်ရှင် ကာန်းမနဲ့ ညားတာကို ကြည့်ပါ။

“ဒီလို သာသနာတော် အတွင်းမှာ သီလကို အခြေခံပြီး တက်တဲ့
သမာဓိ တန်ခိုးတောင်မှ ဒီလောက် ပျက်လွယ်သေးရင် သီလမပါ မေတ္တာစစ်
မထုံဘဲ တစ်စုံတစ်ခုသောအတတ် (သိပ္ပ)နဲ ရလာတဲ့ လောကာယတ
သမာဓိတန်ခိုးတွေဟာ သတ္တဝါတွေကို ဘယ်လောက် ဒုက္ခပေးမယ်၊ ဝါးသီးဟာ
ဝါးပင်ကိုသတ်သလို တန်ခိုးရှင်ကို ဘယ်လိုသတ်နိုင်တယ်ဆိုတာ သဘောပေါက်
စရာ ကောင်းလှပါတယ်။ ဒါကြောင့် ဒီသမာဓိသာသနာ မဟဂ္ဂုတ်ကုသိုလ်နဲ့လဲ
ရောင့်ရဲပြီး မနေသင့်ပါဘူး။ အန္တရာယ် ပိုကြီးလှပါတယ်။

"

“ခုလို သာသနာတော်နှင့် ကြုံခဲ့ ကြုံရတဲ့ အခိုက်မှာ လောကုတ္တရာ
ကုသိုလ်ကြီးကို ဦးတည်ဆည်းပူးမှ သံသရာအတွက် စိတ်ချရမှာပါ။ ဒါ
ပညာသာသနာပါပဲ။ ဒီမဂ်ပညာမှ သံသရာက ပါခဲ့တဲ့ အကိန်းဓာတ်
အငုပ်ဓာတ် အနုသယ ကိလေသာတွင်းကြီးကို ‘သမုစ္ဆေဒပဟာန်” နဲ့
ပြန်လမ်းမရှိ အမြစ်ပြတ် ပိတ်ဆို ့နိုင်ပါတယ်။

“ဖိုလ်ကုသိုလ် ဖိုလ်ပညာကလဲ အနုသယ ကိလေသာတွင်းကြီးကို
အရှိန်အငွေ့မှ မထွက်ရအောင် “ပဋိပ္ပဿဒ္ဓိပဟာန်” နဲ့ ထပ်မံပြီး ငြိမ်းဖိပေး

ပါတယ်။

“အဲဒီအခါမှာ တစ်မဂ်တစ်ဖိုလ်ရ အရိယဘုံကို ရောက်ပြီဖြစ်လို ့ နိဗ္ဗာန
ချမ်းသာကြီးကလဲ ကိလေသာတွေကို . ထိုပုဂ္ဂိုလ်နဲ့ မနီးရလေအောင်
'နိဿရဏပဟာန်နဲ ကျွတ်ကျွတ်လွတ်လွတ်ကြီးဖြစ်ဖို ့ ထပ်မံပြီး အပြီးသတ်
ခြုံ၍ ပေးထားပါတယ်။ အတုမရှိ အလွန်ချမ်းသာလှပါတယ်။ ဒါကြောင့်

