## PAGE 331

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၇၅

မြတ်စွာဘုရားက ဓမ္မပဒပါဠိတော်မှာ သီလနဲ့ အားရမနေကြနဲ့၊ သမာဓိမျှနဲ့
တစ်စခန်းချ နားမနေကြနဲ ့လို့ ဟောတော်မူပါတယ်။

စာလို အသေးစိတ် သိဖို့မလို

သံဃာတော်များဘက်သို့လှည့်ပြီး လက်အုပ်ချီလျက် “အရှင်မြတ်များ ဟုတ်ကြပါရဲ့လား
ဘုရား” ဟု လျှောက်ရင်း ရုပ်တစ်လုံး နာမ်တစ်လုံး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောသို
ရောက်အောင် ရှုဖို့ တိုက်တွန်းပြီး ခဏ စကားရပ်ထားသည်။

“ဟိုသမထလုပ်စဉ်က ဈာန်အင်္ဂါငါးပါးနဲ့ ပြည့်စုံတာ ပထမဈာန်ခေါ်တယ်။ ဝိတက်၊
ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဖြစ်အောင် သတိထားရမယ်လို့ ဆရာပြောခဲ့သလား။
(မပြောခဲ့ပါဘူးဟု ဖြေကြ၏။) အေး-ဒါက စာတတ်တဲ့ ဆရာသမားတွေက နာမည်
တပ်ပေးတော်မူကြတာဗျ။ နိရဝဏ ငါးပါးဆိုတာလဲ ကျက်ထားစရာ မလိုဘူး၊ ရှုရင်းနဲ့ သူ

ကင်းကွာသွားတဲ့သဘော။ ယောဂီတာဝန်ကတော့ ထွက်လေဝင်လေကိုပဲ မလွတ်အောင်
ကြည့်နေရုံပဲမဟုတ်လား။ ပထမဈာန်ကနေ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်
သူ့ဘာသာ တက်တက် သွားတာပါပဲ။ ကြိုတင်ကျက်မှတ်ထားလို့ ရတာမျိုး မဟုတ်ပါဘူး။ .
“ယခု ဝိပဿနာပိုင်းမှာလဲ ဒီအတိုင်းပါပဲ။ ပရိယတ္တိအရာ ပဋိသမ္ဘိဒါ အရာဖြစ်တဲ့
ခန္ဓာငါးပါး၊ အာယတနက တစ်ဆယ့်နှစ်ပါး ဓာတ်က တစ်ဆယ့်ရှစ်ပါး၊ နာမ် တေပညာသ၊
ရုပ် အဋ္ဌဝီသတွေ အကုန်လုံးသိထားမှ၊ ရထားမှ၊ ဝိပဿနာ ဉာဏ်တွေရမှာပဲလို့ မထင်မှတ်ကြနဲ့၊
ရုပ်တစ်လုံး နာမ်တစ်လုံးကို ပိုင်ရင် ဉာဏ်စဉ်ဆယ်ပါးဟာ သူ့ အလိုလို တက်လာတော့တာပါပဲ။
ဒီဉာဏ်ပြီးရင် ဒီဉာဏ်ဖြစ်အောင်ဆိုပြီး လုပ်ယူရတာမျိုးမဟုတ်ပါဘူး။ ထွက်လာတဲ့နေဟာ
အနောက်မှာဝင်ရသလို ရန်ကုန်က ရထားစီးသွားရင် မန္တလေးနဲ့ကြားကဘူတာတွေကို
သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အလိုလိုတွေ့တွေ့ပြီး ကျော်ကျော်ပြီး သွားရသလိုပါပဲ၊
သူက မရောက်ဘဲနဲ့ ရောက်အောင် စိတ်နဲ့တမင်ကလာ ညွတ်ပြီးလုပ်ရင် ဘာဝနာမယ
မဖြစ်ဘဲကြားဖူးသိဖူးတဲ့ ပရိယတ်အသိတွေဟာ ဒီမှာချမထားရင် ဘာဝနာ ဉာဏ်ကြီးကို
ဆွဲထားခိုင်းတာနဲ့ တူနေတတ်ပါတယ်။

ဒါက ဘာဉာဏ် ညာဉာဏ် ဆိုတာက ပရိယတ်သိတော်မူတဲ့ အရှင်မြတ်တွေက
နာမည်တပ်ပေးကြတာပါ၊ ယောဂီကတော့ ဒီလမ်းသွားမှာဖြင့် ဒီရထားကို မမှားအောင်၊
မကျအောင် လိုက်ပါသွားဖို့ပါပဲ၊ သမာဓိဖြစ်ပြီး နေမှတော့ ယထာဘူတဉာဏ် ဖြစ်ပါစေလို့
တောင့်တ စေ့ဆော် စောင့်မျှော်နေဖို့ မလိုဘဲ သစ္စာလေးပါး အမှန်တရားတွေ အလိုလိုမြင်၊
ဉာဏ်စဉ်တွေ အလိုလို တက်လာပါလိမ့်မယ်။ သီလ အခြေခံ ခိုင်မာပြီးရင် အဓိပ္ပဋိသာရ၊
ပါမောဇ္ဇ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ၊ ယထာဘူတဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ ဝိမုတ္တိဉာဏ်တွေဟာ
ရေမြောင်းဖွင့်လွှတ်သလို အလိုလို တောက်လျှောက်သွားတော့တာပါပဲ။

“ဒသကအင်္ဂုတ္တိုရ်၊ စေတနာကရဏီယသုတ်၊ ဘာဝနာသုတ်တွေမှာ .ဒီအတိုင်းပဲ


## PAGE 332


၂၇၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ဘုရားဟောတော်မူပါတယ်။ ဒါ့ကြောင့် သီလသာသနာ ကာမာဝစရကုသိုလ်ကြီးကို တင်းတင်း
ရင်းရင်းနဲ ့ ဦးစွာ ထူထောင်ပြီးရင် စိတ်အချရဆုံးဖြစ်တဲ့ မဂ်ကုသိုလ်ကြီး ပေါက်အောင်
မရပ်မနားဘဲ ရှုပွားကြပါလို့ ဒီကနေ့ တိုက်တွန်းရပါတယ်။” (အားလုံး သာဓုခေါ်ကြသည်။)

ဣစ္ဆာသယပတ္တမြားဖြင့် တရားပူဇော်

ဒေးစွန်ပါ မထေရ်ကြီးနှစ်ပါးသည် ဆရာကြီးထံ၌ ဆယ်ရက်ခန့်ကြာသွားသောအခါ
တစ်ညနေတွင် ဆရာကြီးအား ဓမ္မာရုံတရားဌာနသို့ အထူးပင့်ခေါ်ထားကြ၏။ ဆရာကြီးအား
ကျေးဇူးဆပ်ရန် ဖြစ်သည်။ ထိုနေ့တွင် ဆရာကြီးသည် မထေရ်ကြီးနှစ်ပါး အမိန့်အရ
လင်ဗန်းငယ်တစ်ခုတွင် ကတ္တီပါအနက်ခင်း၍ ဝါဂွမ်းဆိုင် တစ်မိုက်ခန့်ထည့်ပြီး တပည့်တစ်ဦး
နှင့်အတူ ဓမ္မာရုံသို့လာ၏၊ ဘုရားနှင့် သံဃာတော်များအား ဝတ်ဖြည့်လျက် ထိုင်နေစဉ်
မထေရ်အငယ်က-

66

“ဆရာကြီး ဘယ်လိုမှ မအောက်မေ့ပါနဲ့။ ဆရာကြီးကျေးဇူး ကြီးမားလှပါတယ်။
နက်ဖြန် ဘုန်းကြီးတို့ကို ပြန်ခွင့်ပြုပါ၊ မပြန်မီ ကျေးဇူးဆပ်ရအောင် ဆိုပြီး ယခုလို
ပင့်ခေါ်ရတာပါ၊ ကဲ....ဆရာကြီး ဒီပတ္တမြားနှစ်လုံးကို ကြည့်ပါဦး” ဟု ပြောပြောဆိုဆို
သပိတ်ထဲမှ ကျောက်နှစ်လုံးယူပြီး ဆရာကြီး လက်ထဲသို့ ထည့်လိုက်သည်။ အရွယ်အားဖြင့်
ကြက်တညင်ဥခန့်၊ ဂေါ်လီလုံးခန့်ရှိ၏။ ဆရာကြီးက ကိုင်ကြည့်ရင်း-

“ဒါ ဘယ်ကရပါသလဲ” ဟု မေးရာ-

“ပတ္တမြားတောင်က ကတိနဲ့ ခဏယူပြီးပြတာပါ” ဟု ပြောကာ အကြီးတစ်လုံးကို
လင်ဗန်းပေါ်၌တင်ပြသည်။ တစ်မိုက်ခန့် ဝါဂွမ်းထုမှာ ချင်းချင်းနီဆင်းသွား၏။ နောက်တစ်လုံးကို
တင်ပြရာ ပထမအလုံးတစ်ဝက်မျှသာ အရည်အသွေးပြန့်ပွားသည်ကို မြင်ရသည်။ ဆရာကြီးကား
မည်သို့မျှ အမူအရာမပြောင်း။ အေးဆေးငြိမ်သက်စွာပင် . ပြုံး၍ကြည့်နေသည်။ နောက်
ရေဖန်ခွက်၌ ပတ္တမြားကို ထည့်လိုက်ရာ တစ်ဖန်ခွက်လုံး ရဲရဲတောက်သွား၏။ ဒုတိယ
အလုံးမှာ ထိုဟာ တစ်ဝက်မျှသာ တောက်ပသည်ကို တွေ့ရ၏။

“ဆရာကြီး ဒီပထမအလုံးက မနောမယပတ္တမြား ဖြစ်ပါတယ်၊ ကြံစည်တိုင်း
ပြည့်စုံပြီး သာသနာပြုလို ့မကုန်နိုင်တဲ့ တန်ခိုးရှိပါတယ်။ ဒီပတ္တမြားကို ထားရင် ကန်တော့ပွဲ
သုံးပွဲ ထားပေးရပါတယ်၊ ဒုတိယ ပတ္တမြားကတော့ စည်းစိမ်ဥစ္စာ မယုတ်လျော့ မပျက်စီးဘဲ
အန္တ ရာယ်အမျိုးမျိုးကို ကာကွယ်တဲ့သတ္တိ ရှိပါတယ်။ ဒီအလုံးကို ထားရင် အနည်းဆုံး
ကန်တော့ပွဲတစ်ပွဲ ပေးရပါတယ်၊ ဆရာကြီးရဲ့ပညာပါရမီကို ပူဇော်သောအားဖြင့် ကျေးဇူး
ဆပ်ပါရစေ၊ ကြိုက်နှစ်သက်ရာ တစ်လုံးလုံး ဆရာကြီး လက်ခံပါ” ဟု မထေရ်အငယ်က
အမိန့်ရှိသည်။

ဆရာကြီးကား တစ်ခဏမျှ စဉ်းစားပြီး ပြုံးရွှင်ကြည်လင်သော မျက်နှာဖြင့်-
“ယခုလို ချီးမြှောက်၍ ကျေးဇူးဆပ်တာ၊ မမြင်စဖူး မြင်ရတာပင် ဝမ်းမြောက်လှပါပြီ


## PAGE 333


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၇၇

ဘုရား၊ တပည့်တော် လက်မခံပါရစေနဲ့၊ သည်းခံပါ၊ လောက ဒုက္ခတွေ ကျယ်ပွားလာမှာလဲ
မလိုလားပါ၊ ယခု အရှင်မြတ်များ ပြန်ကြွသွားတဲ့နောက် ရဟန်းကိစ္စပြီးကြတဲ့အထိ
မချသောဝန်ဖြင့် အားသွန်ကြိုးပမ်းပြီး ကမ္မဋ္ဌာန်းတရားနဲ့ ကျေးဇူးဆပ်တာကိုသာ ဝမ်းမြောက်
နေပါရစေဘုရား” ဟု လျှောက်ပြီး အိမ်သို့ ပြန်လာခဲ့သည်။

ဘဝ မတူသူတို့၏ နောက်ဆုံးလမ်းခွဲ

မထေရ်ကြီး နှစ်ပါးလည်း နောက်တစ်နေ့ နံနက် အရုဏ်ဆွမ်းအပြီးတွင် သပိတ်ကို
လွယ်၍ သပ္ပာယ်တည်ငြိမ်စွာ ဓမ္မာရုံမှ ထွက်ခွာကြွသွားတော် မူကြ၏။ မထေရ်ငယ်မှာ
မြောက်စူးစူးအရပ်သို့ ပြန်ကြွ၍ မထေရ်ကြီးမှာ ပျော်ဘွယ်၏အရှေ့မြောက်အရပ်သို့ လမ်းခွဲ၍
ကြွတော်မူကြသည်။ ဆရာကြီး၏ တပည့်ယောဂီသုံးလေးဦး လိုက်၍ပို့ကြ၏။ လယ်
ငါးကွက်ခန့်မျှ ရောက်လျှင် ပြန်၍ လွှတ်လိုက်သည်။ ရိုးပြတ်လယ်ကွင်းများကို ဖြတ်၍
ကြွတော်မူကြရာ လိုက်ပို
 ့သောယောဂီများ ပြန်၍လှည့်ကြည့်သောအခါ မမြင်ကြရ တော့ပြီ။

မထေရ်ကြီးကား ပျော်ဘွယ်ကြီး အရှေ့မြောက် နွားစုရွာသို့ ရောက်တော်မူ၏၊ နွားစု
ရွာသားများ လွန်ခဲ့သော သုံးရက်လောက်ကမှစ၍ “ရဟန္တာကြွလာလိမ့်မည်’ ဟူသော
အိပ်မက်ကောလာဟလများ ဖြစ်နေနှင့်သည်။ မထေရ်ကြီး ကြွလာလျှင် ဆွမ်းကွမ်းများ
လောင်းလှူရန် အသင့်စောင့်နေကြလေ၏။ မထေရ်ကြီး ရောက်လာလျှင် ထ,ခုန်မတတ်
ဝမ်းမြောက်ကြသည်။

ဒကာတစ်ဦးက “အရှင်ဘုရား ဘယ်က ကြွလာပါသလဲ” ဟု လျှောက်ရာ
“ပျော်ဘွယ်ကြီး ကမ္မဋ္ဌာန်းဌာနက လာခဲ့တာ” ဟု မိန့်တော်မူ၏။ “ဘယ်အရပ် ဘယ်ကျောင်းက
ပါလဲဘုရား” ဟု လျှောက်လျှင်-

“တို့မှာ ဘယ်အရပ်၊ ဘယ်ကျောင်းရယ်လို့ မရှိဘူး။ သင့်တော်ရာ သီတင်းသုံးရတာပဲ”
ဟု မိန် ့တော်မူသည်။

ထိုအခါ ရုတ်တရက် အကြံရကာ မထေရ်ကြီးအား နွားစုရွာ၌ပင် သီတင်းသုံး
ချီးမြှောက်ရန် ဝိုင်း၍ လျှောက်ထားကြသည်။ ထိုရွာ၌ ဘုန်းကြီးကျောင်းပင် မရှိသေးသဖြင့်
ထိုရွာနှင့်ထိုဆရာသည် လွန်စွာကံစပ်ကြလေ၏။ ရွာကန်ဘောင်၌ပင် ရှင်းလင်း၍ ချက်ချင်း
သီတင်းသုံး၍ရအောင် ကျောင်းငယ်တစ်ဆောင်ကို ဆောက်လှူကြသည်။ သုံးနှစ်ခန့် မထေရ်ကြီး
၏ တရားအဆုံးမကို ရရှိကြ၏။ သုံးနှစ်ခန့် ရှိလျှင် ထိုကျောင်းငယ်၌ ဘဝကို စွန့်တော်
မူသည်။

အလောင်းတော်ကို မီးသင်္ဂြိုဟ်ကြသောအခါ ဓာတ်တော်များ အလုံးအလုံး ကျကုန်၏၊
ကြိုတင်ထင်မြင်ကြသည့်အတိုင်း ဟုတ်မှန်နေသဖြင့် ဝမ်းနည်းဝမ်းသာ ထိုကန်ဘောင်၌ပင်
စေတီ တည်ထားကိုးကွယ်ကြရသည် ဆို၏။

မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌ ဤအရှင်မြတ်ကဲ့သို့ လူသိနည်းပါး
မကင်ရှားသော

