## PAGE 334


၂၇၈

ဓမ္မာစရိယဦးဌေးလှိုင်

ဈာန်အဘိညာဉ်ရ ခီဏာသဝရဟန္တာ အရိယာ အရှင်မြတ်ကြီးတို့ကား အဆက်ပြတ်တော်
မမူကြကုန်။ သန္ဒိဋ္ဌိက ·အကာလိက ဂုဏ်တော်ကို ထုတ်ဖော်၍ သက်သေမူကြလေကုန်ပြီ။
ပါရမီနှင့် ခေတ်ကိုပုံချ၍ “အပ္ပါက္က” (ကြောင့်ကြမဲ့) မနေ၊ အခွင့်ကောင်းကြီးကို
လက်မလွှတ်စေသင့်ကြပြီတကား။

မှတ်ချက်။ ။မထေရ်နှစ်ပါးတွင် အငယ်မထေရ်သည် ဝိပဿနာလုပ်ရာမှ တစ်စုံတစ်ခုသော
တွယ်တာမှု၊ ဆွဲဆောင်ခံရမှုကြောင့် လောကီထဲ ထိုးဆင်းသွားသည်ကို သတိပြုရန်
ဖြစ်ပါသည်။ သံသရာမှ ထွက်ကြောင်း အလုပ်ကို မည်မျှ ချောင်ကျသော
အရပ်၌ လုပ်စေကာမူ အမွှေဓာတ် အဖော်ရတတ်၏၊ နှစ်ဦးအတူလုပ်လျှင်လည်း
တစ်ဦးကို ဖဲ့၍ ထုတ်ကာ အနီးကပ်ရန်သူ လုပ်စေတတ်သည်။ ကြပ်ကြပ်
သတိမူကြပါကုန်။]

## PAGE 335


လယ်တီဆရာတော်
( ၁၂၀၈ - ၁၂၈၅ )

မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်ကို ရေးရာ၌ လယ်တီဆရာတော်အကြောင်း
မပါဝင်လျှင် ပြည့်စုံသော သာသနာဝင်တစ်စောင် မဖြစ်နိုင်ပေ။ လွန်ခဲ့သော အနှစ်တစ်ရာကျော်က
“လယ်တီဆရာတော်” ဟူ၍ မပေါ်ပေါက်ခဲ့ပါလျှင် ယနေ့ မြန်မာနိုင်ငံ သာသနာဝင်သည်
ယခုကဲ့သို့ ရှိကောင်းမှရှိပေလိမ့်မည်။ ဆရာတော်၏ ပဋိပတ် လုပ်ငန်းမှာလည်း အံ့ဘနန်း
ရှိလှပေ၏။ ဤအတ္ထုပ္ပတ္တိကို ဖတ်ပြီးလျှင်မူ ပရိယတ္တိမျှဖြင့် ထိတွေ့သိမှီဖူးသူများပင်
နောင်တ ဖြစ်ကောင်း ဖြစ်ပေမည်။

လယ်တီဗီ မျိုးစေ့

လယ်တီဆရာတော်၏ အလောင်းလျာသည် ဒီပဲရင်းမြို့ တောင်ဖက် စိုင်ပြင်ကြီးရွာတွင်
၁၂၀၈-ခုနှစ် နတ်တော်လဆန်း ၁၃-ရက် အင်္ဂါနေ့နံနက် တစ်ချက်တီးကျော် အချိန်၌
ဖွားသန့်စင်ခဲ့၏။ အဖ ဦးထွန်းသာ၊ အမိ ဒေါ်ကျုံးတို့၏ သားဦး ရတနာ ဖြစ်သည်။
နောင်အခါ ဦးတက်စွာ၊ ဦးတက်ပွား (ဦးကုမာရ) ဦးတက်ထွား (ဦးကိတ္တိ) နှင့်ဒေါ်မလေး
ဟူ၍ မွေးချင်း ငါးဦးရှိသည်။ ဆရာတော်လောင်းလျာ၏ အမည်မှာ မောင်တက်ခေါင်
ဖြစ်၏။ ထိုအမည်မှာ မွေးဖွားစဉ်ကဖြစ်ပေါ်လာသော နိမိတ်ကိုအစွဲပြု၍ ခေါ်သော အမည်
ဖြစ်သည်။

သတို့သားကို မွေးဖွားသော အချိန်တွင် အိမ်ခေါင်းရင်း ခေါင်တိုင်အခြေမှ အရောင်မျိုးစုံ
ပါဝင်သော နို့သက်တင်ရေး အလင်းရောင်တန်းကြီးသည် အိမ်ခေါင်မိုးကိုပင် ထိုးဖောက်
တက်သွား၏။ တစ်အိမ်လုံး ရောင်စုံယှက်သန်းနေတော့သည်။ သတို့သားကိုလည်း “မောင်
တက်ခေါင်' ဟုပင် မှည့်ခေါ်ကြ၏။ အခါမဲ့ မိုးလည်း ထစ်ကြိုးဟိန်းဟောက်၍ ရွာသွန်း
သည်။ အိမ်နောက်ဖေး မန်ကျည်းပင်ကြီး၌ စုပြုံထောင်ထားသော ဝါးလုံးစည်းကြီးမှာလည်း
တဟည်းဟည်း ပြည်ဟိန်းကာ ဝါးစည်းအထဲမှ ဝါးလုံးတစ်လုံးမှာ ကောင်းကင်သို့ ပျံတက်
သွားသည်။

ပို၍ထူးခြားသည်မှာ မီးဖွားချိန်တွင် မိခင်တစ်ဦးတည်းသာ အိမ်မှာရှိနေ၏။ အာဝေဏိက
ဒုက္ခကြောင့် မိခင်ကြီးမှာ သတိလစ်နေခိုက် မိခင်နှင့် ကလေးကို ဝတ်ဖြူစင်ကြယ်နှင့်
လူသူတော်ကြီးတစ်ဦးက အနားမှ စော့ရှောက်လျက်ရှိသည်။ ကလေးငိုသံကြောင့် ဆွေမျိုးများ
လာရောက် ကြမှသာလျှင် လူသူတော်ကြီး ပျောက်ကွယ်သွား၏။ ဘုန်းကံကြီးမားသော
ပုဂ္ဂိုလ်တို့၌ ယုံကြည်နိုင်ခက်သော ဖြစ်ရပ်များကား ဖြစ်ရိုးဖြစ်စဉ်ပေတည်း။ သတို့သားငယ်သည်
နူးညံ့အေးဆေးသော ရုပ်လက္ခဏာ ကြန်အင်နှင့်လည်း ပြည့်စုံ၏။ အရွယ်နှင့် မလိုက်အောင်

## PAGE 336

၂၈ဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

အသိ အလိမ္မာလည်း ကြွယ်ဝသည်။

ကိုရင်လူထွက်ကို ဆွဲဆောင်ခြင်း

ရှစ်နှစ်သားအရွယ်တွင် ဖျောက်ပင်ကျောင်းဆရာတော် ဦးနန္ဒဓဇထံ အပ်နှံ၍
ဆယ့်ငါးနှစ်သားတွင်ရှင်သာမဏေပြုသည်။ ဉာဏ်ရည်ဉာဏ်သွား ထက်မြက်လှ၍ ရှင်ဉာဏဓဇ
ဟု ဘွဲ့မည်ပေး၏။ ရှင်ဘဝနှင့် သင်ရိုးပိဋက ကုန်သဖြင့် ဆရာ၏ မြှောက်စားခြင်း၊
အားထားခြင်းကို ခံရသည်။ သို့သော် ရှင်ဉာဏသည် ပိဋကသင်ရိုး ကုန်၍ “အသစ်အဆန်း
မတွေ့တော့' ဟု ယူဆကာ စာ၌ ငြီးငွေ့ လာသဖြင့် ဆယ့်ရှစ်နှစ် အရွယ်တွင် ရှင်လူထွက်၏။
ဆရာသမားနှင့် မိဘတို့ကား ယူကျုံးမရ၊ ဖခင်ကြီးကမူ စိတ်နာနာဖြင့် လယ်လုပ်ခွင်၌
လက်တွေ့ ဒုက္ခကို ပြလိုက်၏။ လယ်ကန်သင်း ဆယ်ခြင်း၊ 'လယ်ထွန်ခြင်း အလုပ်ခွင်၌
လာဘ်မြင်၍ အလုပ်တွင်သည်ကိုမြင်ရသော အခါ ဖခင်ကြီးမှာ စိတ်မဆိုးနိုင်ရှာဘဲ ကျိတ်၍
ချီးကျူးနေမိပြန်သည်။

တော်သူသည် အရာရာ၌တော်၍ ညံ့သူသည် အရာရာ၌ ညံ့မြဲပင်တည်း။

ဖျောက်ပင်ဆရာတော်သည် မိမိ၏တပည့်အတွက် စိတ်မကုန်နိုင်ဘဲ ရှိနေစဉ် ထိုရွာမှ
မြင်ထင်ကျောင်းဆရာတော် ဦးဓမ္မသာရနှင့် စကားလက်ဆုံကျရာ မောင်တက်ခေါင်၏
ရုပ်ရည်၊ အသိဉာဏ်နှင့် လယ်ယာလုပ်ငန်းကို တွေးမိတိုင်း ရင်ထုမနာ ဖြစ်ရ၏။ သို့နှင့်
နှစ်ပါးသဘောတူ ရှင်လူထွက်ကို ကျောင်းသို့ ခေါ်၍ နားချကြသည်။ မောင်တက်ခေါင်ကား
သင်္ကန်းပြန်၍ မဝတ်လိုကြောင်း အကြိမ်ကြိမ် တောင်းပန်လျှောက်ထားရာ ဆရာတော်နှစ်ပါးလုံး
ကြံရာမရ ဖြစ်ကြရ၏။

မြင်ထင် ဆရာတော်သည် အတန်ငယ် စဉ်းစားပြီးနောက်-

“ဒါလောက်တောင် စိတ်ကုန်နေရင်လဲ ငါတို့က အတင်းအကျပ် မတိုက်တွန်းလိုပါ
ဘူးကွာ။ ဒါပေမယ့် မင့်ရဲ့ရုပ်ရည်၊ မင်းရဲ့ အသိဉာဏ်နဲ့ ဒီတောင်သူ. လုပ်ငန်းနဲ့ တော့
မတော်ပါဘူး၊ မင်းလဲ ပညာရေးဝါသနာထုံသူ ဖြစ်တဲ့အတိုင်း ဗေဒင်သင်လိုက်ရရင် ကြာမှာ
မဟုတ်ဘူး။ ဖြန်းဖြန်းကွဲ တတ်လာမှာ။ ပညာနဲ့ အသက်မွေးရတော့ ကောင်းတာပကွယ်။
ရဲထွက်ရွာက တို့မိတ်ဆွေ ဦးဂန္ဓမာဟာ ပိဋကနဲ့ ဗေဒင်မှာ နှစ်ပါးမရှိဘူးကွယ့်” ဟု အမိန့်
ရှိရာ မောင်တက်ခေါင်သည် တစ်မိုးတွင်း ကြုံတွေ့ရသော လယ်ယာဒုက္ခကို ခံစားရပြီး
ဖြစ်သည့်အလျောက် အသက်မွေး လွယ်ကူသော ပညာတစ်ရပ်ကို သင်ယူရန် ဝန်ခံလိုက်ရ၏။
ပညာအသစ် အဆန်းရမည် ဖြစ်၍လည်း အလွန်သဘောခွေ့သွားသည်။

ထိုအချက်ကို ရိပ်မိသော မြင်ထင်ဆရာတော်သည် စဏ္ဍဝဇ္ဇီကိုယ်တော်က မောဂ္ဂလိ
ပုတ္တတိဿ လုလင်အား သာသနာ့ဘောင်သို့ ရောက်အောင် ပရိယာယ်ဖြင့် ဆွဲဆောင်သည့်
နည်းတူ-

"

“အေး-တစ်ခုတော့ရှိတယ်။ ဘုန်းကြီး ဦးဂန္ဓမာဟာ လူဝတ်ကြောင်ကိုတော့ ပညာ

