## PAGE 346


၂၉၀

ဆောင်ရွက်တော်မူ၏။

ဓမ္မာစရိယ ဦးဌေးလှိုင်

သုတ္တနိပါတ် ပါဠိတော်အရ မိဘသဖွယ် ဖြစ်သော ကျွဲ နွားတို့ကို သတ်ဖြတ်စားသောက်
ကြရာမှ ရောဂါများ များပြားလာရပုံကိုလည်း ကမ္ဘာဦးသမိုင်းချ်၍ ထောက်ပြတော်မူသည်။
“နွားမေတ္တာစာနှင့် ဂေါဏမံသဒီပနီ” တို့ကိုလည်း အကြိမ်ကြိမ် ရိုက်နှိပ်ဖြန့်ဝေခဲ့၏။
ထောင်ပေါင်းများစွာ ကတိဝန်ခံ၍ ကျွဲ နွားသား ရှောင်ကြဉ်သူများ နိုင်ငံအဝန်းဖြစ်သည်။
သို့ရာတွင် “နွားသားစားရမည် ဟု ကပ်ဖဲ့တိုက် ဟောကြားရေးသားသူများလည်း မနည်းချေ။
မာန်လည်ဆရာတော်ကို တုပြိုင်ခဲ့ဖူးသော ပုသိမ် ဦးပဒုမသည် အတိုက်အခံ ခေါင်းဆောင်
ဖြစ်ခဲ့၏။ ဆရာတော် ပုသိမ်မြို့သို့ တရားဟောကြွစဉ် ဦးပဒုမ၏ ဒကာများလည်း
လာရောက်ကာ-

“နွားသားကို အလှူခံလျှင် ကျန်သတ္တဝါတို့၏ အသားကို စားစေရာ ရောက်သဖြင့်
ဆရာတော့်မေတ္တာ မျှတပါရဲ့လား” ဟု လျှောက်ကြသည်။

"

အေး...ဟုတ်တယ်ကွယ့်၊ ငါ့မှာ ဒကာတို့သိတဲ့အတိုင်း စာရေးရ၊ စာချရ၊ အနယ်
နယ်လိုက်ပြီး ကပ်ရောဂါကြီးတွေကာကွယ်ပေးရ၊ တရားဟောရန် သည်ကြားထဲက နွားကလေး
တစ်ကောင်လောက်ကိုပဲ အနိုင်နိုင်ဆွဲရတယ်။ ကျန်တဲ့ ဆိတ်၊ ဝက်၊ ကြက်တွေအတွက်
ဒကာတို့ ဆရာတွေ ရှိသေးသားပဲ၊ လျှောက်ကြပါ၊ ကောင်းပါတယ်” ဟု မိန့်တော်မူလိုက်၏။
ဦးပဥ္စမ၏ လေသံများ ဖြစ်သည်ကိုလည်း သိတော်မူသည်။

"

တစ်ချိန်က မန္တ လေးမြောက်ပြင် သူရဲဈေးတွင် ဆရာတော် ညတရားဟောတော်မူရာ
လှည်းများဖြင့် လာရောက်နာကြသည်။ လှည်းသမားတစ်ယောက်က ပရိသတ်အစွန်မှနေ၍-
“နွားသားစား ဘာဖြစ်သလဲ။ ဘုရားကမှမဟောခဲ့တာ၊ လယ်တီဆရာတော်ကတရား
အဆန်းလုပ်ပြီး ဟောရသလား” ဟု မသိနိုးနားပြောလိုက်ရာ အနားမှာ ဝပ်နေသော သူ့နွား
ကပင် တအားထ၍ ဝှေ့လိုက်သဖြင့် နံရိုးကျိုး၍ ဆေးရုံပို့လိုက်ရသည်။ မတော်တဆ တိုက်
ဆိုင်ခြင်းမျိုးမဟုတ်။ တရားကိုနတ်စောင့်ပေ၏။ နွားတရားကို နွားကပင် ဆုံးဖြတ်လိုက်သည်။

ကမ္မဋ္ဌာန်းရှု၍ ကျမ်းပြုခြင်း

•

ဆရာတော်သည် လူသာမန်တို့ မကြံရဲသော စရဏဝတ်နိဗဒ္ဓ အလုပ်ကြီးများ၊
ပရိယတ်တာဝန်၊ ဟောပြောမှုတာဝန်များ အကြားမှ ကျမ်းစာ ရေးသားမှုကိုလည်း တစ်ဘက်က
ငန်းတိုက်၍ ပြုတော်မူခဲ့၏။ ကျောက်ထက်အက္ခရာတင်ပြီး ဒီပနီစသော ကျမ်းပေါင်း ၁၀၁-
ကျမ်း ရှိလေပြီ။ အများအားဖြင့် ညအခါတွင် ဖယောင်းတိုင်၊ ရေနံဆီမီးခွက်များဖြင့်
ရေးရသည်။ သဒ္ဓါဝီရိယကို အကဲဖြတ် အတုယူသင့်စွာ၊ ဦးပဉ္စင်း ဦးရေဝတသည် စာရေး
ရာ၌ အကူအညီပေးရသူဖြစ်၏။ ခဲတံ တစ်ရာ နှစ်ရာ ချွန်ပေးထားရ၏။ စက္ကူကိုလည်း
ဖြတ်၍ အထပ်လိုက် ပုံထားရသည်။ ညကရေးပြီးသား စာများကို ဦးရေဝတကပင် အချော
ကူးထားရ၏။


## PAGE 347

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ .


တစ်ညတွင် စာရေးကောင်းနေတုန်း ညနှစ်နာရီခန့် ရေနံဆီကုန်၍ ရပ်လိုက်ရသဖြင့်
မိုးလင်းသောအခါ ကပ္ပိယကိုခေါ်၍-

..

“မင်းတို့ဟာက မုဆိုးမအိမ်ကမီးခွက်လို ကရော်ကမယ် တော်စွလျော်စွာကလေးကစား
သလို လုပ်တာကိုး။ သံဖြူဆရာဆီသွား။ ရေနံဆီလေးထောင့်ပုံးကြီး တစ်လုံးကို မီးခွက်လုပ်ခဲ့၊
မီးစာလည်း တစ်လ နှစ်လခံအောင်တင့်။ ရေနံဆီလဲ အပြည့်ထည့်ပြီး ငါ့ခေါင်းရင်းမှာထား၊
ဒီလိုဆိုတော့ အခက်အခဲမရှိတော့ဘူးပေါ့ကွယ်” ဟု မိန့်တော်မူ၏။ ထိုအတိုင်း လုပ်ပေးရသည်
သက်ရွယ်တော် ကြီးရင့်သောအခါ မျက်စိရောဂါ ဖြစ်ရသည်မှာ ဖြစ်ထိုက်ပေစွာ။

စာရေးသောအခါ … ကျမ်းစာကိုမကြည့်။ အနီးအနားတွင် မထားချေ၊ ပြန်၍
မကြည့်ရအောင် ကျေပွန်စွာ လေ့လာထားပြီးဖြစ်သည်။ ပရိယတ္တိ ဉာဏ်တော်မျှဖြင့်ပင်
ရေး၍ မကုန်သည့်အထဲ ပဋိပတ္တိကိုလည်း စောက်ချ ဆောင်တော်မူသဖြင့် အသိဉာဏ်တို့သည်
လျှမ်းလျှမ်းတောက်လေတော့၏။

၁

“စာတိုက် ဗီရိုနားရေးလျှင် ပါဠိအကိုးအကားတွေနဲ့ စာတိုက်သံ၊ ဗီရိုသံတွေ .
ပါနေလို လူပြိန်းတွေ နားမလည်ဘူးကွယ့်။ ငါတို့က တောထဲတောင်ထဲမှာ ရေးတာဆိုတော့
ငါတို့ရေးတဲ့ စာတွေဟာ တောသံတောင်သံတွေ ထွက်ပြီး တောသူတောင်သား လူပြိန်းတွေ
နားလည်တယ်။ ကမ္မဋ္ဌာန်းအားထုတ်ရင်း ရေးတော့လဲ ငါ့စာဖတ်ရင် ကမ္မဋ္ဌာန်: အားထုတ်
နေရသလိုပဲ အရသာ ထွက်တယ်” ဟုလည်း မိန့်တော်မူလေ့ရှိ၏။

မှန်လှပေ၏။ ဆရာတော့် စာများတွင် ဘုရားလည်း တိုက်ရိုက်မဟော၊ အဖွင့်လည်
မရှိပါဘဲလျက် ရံခါ ရှိသည့် အဋ္ဌကထာ ဋီကာအဆိုများကိုပင်လျှင် ကျောပေး၍ ထုတ်ဖော်
ရဲပေ၏။ စကြဝဠာ အနန္တ ကလာပ်မှုန် ကလာပ်မွှားအထိ နှိုက်ချွတ် ထိုးထွင်းတော် မူနိုင်ခဲ့
သည်။ (နိယာမ ဒီပနီ-စသည်ရှု။)

ယင်းဉာဏ်တော်ကား အခြားမဟုတ်။ (ကိလေသရီဘာဝ၊ အပ္ပရဇိက္ခဇာတိ-)
ကိလေသာအနယ် အမှုန်အမြှေး မငြိသော ပဋိပတ် သမာ့ဓိ တန်ခိုးပင်တည် သွက်လက်သော
ပရိယတ်အခံတွင် ထက်မြက်သော ပဋိပတ်မံသဖြင့် ဆရာတော့်ဉာဏ်ကား ရေး၍မကုန်း
အစွမ်းကုန်လည်း ရေးတော်မူ၏၊ ရေးတိုင်းလည်း ကောင်းသည်ချည်း။ သို့ရာတွင် မထောက်မညှာ
ဆိုရသော် ထိုဟာသည်ပင် ဆရာတော့် ပဋိဝေဓဉာဏ်အတွက် ဟာနဘာဂိယ (အနုတ်)
လက္ခဏာပြသွား၏။ ဂန္ထ ပလိဗောဓကြီးပင်တည်း။ ကောင်းကားကောင်း၏။ အကောင်းဆုံး
မဟုတ်။ ဘဝ၏ လေးပုံတစ်ပုံ ကျမ်းပြုခြင်း၌ မြှုပ်နှံခဲ့ရပြီ။

မဟာဗောဓိမှ ဆပဂံ တောရသို့

၁၂၅၇-ခု တပို့တွဲလပြည့်ကျော် သုံးရက်နေ ့တွင် ဆရာတော်သည် နောက်ပါတပည့်
များနှင့် အိန္ဒိယ မဟာဗောဓိသို့ ဘုရားဖူးကြွတော်မူ၏။ မန္တလေး-ရန်ကုန် မီးရထားပေါ်၌
၁၃-ပိုဒ်ရှိသော ပဋိစ္စသမုပ္ပါဒ် လင်္ကာကြီးကို ရေး၍ ပြီးသည်။ သင်္ဘောငါးရက် လေးညခရီးနှင့်


## PAGE 348


၂၉၂

ဓမ္မာစရိယဦးဌေးလှိုင်

ဗုဒ္ဓရှင်တော်မြတ်၏ အဝိဇဟိတ သမိုင်းဝင်ဌာနများကို လှည့်ပတ်ဖူးမြော်ရင်း “ပဋိစ္စသမုပ္ပါဒ်
ဒီပနီ” ကျမ်းကြီ.ကို အပြီးရေးတော်မူခဲ့၏။ မဟာဗောဓိသွား ခရီးလမ်းတွင် ပဋိစ္စသမုပ္ပါဒ်
ကျမ်း ရေးသားတော်မူသည်မှာလည်း လိုက်ဖက်လှပေ၏။ မဟာဗောဓိအောင်မြေ၌ ရှင်တော်မြတ်
သည် ပဋိစ္စသမုပ္ပါဒ်ကို သုံးသပ်ရှုပွားခဲ့သည် မဟုတ်လော။ မဟာဗောဓိအောင်မြေ၌ ကုန်း
သတ္တဝါတို့၏ အသားကိုလည်း ဘေးမဲ့လှူခြင်းအားဖြင့် မဟာကရုဏာဉာဏ်တော်ကို ပူဇော်
ကျေးဇူးဆပ်တော် မူခဲ့သည်။ မဟာဗောဓိမှအပြန် မုံရွာသို့ မကြွတော့ဘဲ တွံတေးဒလ
တောကြီးတန်း ဆပဂံတော၌ ဝါကပ်တော်မူသည်။

ဗုဒ္ဓပွင့်ရာ မဇ္ဈိမဒေသ၌ သာသနာအမြစ်ပြတ်ခဲ့ရသည်ကို သံဝေဂတင်၍ ဈာန်
အဘိညာဉ်ရမှ သာသနာပြုရာ၌ ခရီးရောက်မည်ဟု အောက်မေ့တော်မူဟန် ရှိ၏။

ဆပဂံတောရ၌ တန်ခူးလမှစ၍ သမထကို စတင်အားထုတ်တော်မူ၏။ ပထမဆုံး
သြဒါတကသိုဏ်းကို ရွေးချယ်၍ အဖြူဝိုင်းတစ်ခုရှေ့မှာချလျက် “အဖြူ-အဖြူ” ဟု
စူးစိုက်ဆင်ခြင်ရာ ကသိုဏ်းအာရုံကို တစ်ဖြည်းဖြည်း ချဲ့ထွင်နှလုံးသွင်းသည်။ ပထမ
ဇီးဖြူသီးခန့် ၊ နောက် ဂုံညင်းတစ်လုံးခန့် ၊ နှစ်လုံးခန့် စသည်ဖြင့် ဖြန့်ချိပွားရာ ပင်လယ်ပြင်ကြီး
ကဲ့သို့ ကြည်လင်သန့်ရှင်းစွာ ပဋိဘာဂနိမိတ် ထင်၏။ သို့ရာတွင် ကသိုဏ်းဝန်း အာရုံ
ကျယ်လွန်းသဖြင့် နိုင်နင်းငြိမ်သက်ခြင်း မရှိ။

"

ထိုအခါ-

“ပဋိဘာဂ နိမိတ်တို့မည်သည် ငြိမ်သက်တည်ကြည်ရမည်ဟု ကျမ်းက ဆို၏။
ယခုမူ မငြိမ်သက်၊ လှုပ်ရှားသည်။ ပဋိဘာဂ ဟုတ်မည်မထင်။ အာရုံလိမ်ကြီးသာ ဖြစ်လေ
မည်” ဟု အထင်မှားသွားသည်။ ထိုအထင်မှားကိုပင် အတည်ပြု၍ ပဋိဘာဂနိမိတ်ကို
မပျက်ပျက်အောင် ဖိနှိပ်ဖျက်ဆီးပစ်၏။ လွယ်လွယ်နှင့် ဖျက်၍မရ။ တစ်ညလုံး မီးခွက်
များစွာ ထွန်းညှိပြီး အလင်းရောင် အစားထိုးရှုပွားမှ ပျက်သွားတော့သည်။ “အဲဒီ
နိမိတ်အတိုင်းသာ မဖျက်ဘဲ တက်သွားရင် အပ္ပနာကို ရောက်မှာပဲကွယ့်” ဟု မိန့်တော်မူဖူး၏။

မူလ

ထို့နောက် အာနာပါန ကမ္မဋ္ဌာန်းကို ဆက်လက်ထူထောင်ပြန်၏။ တစ်ဝါတွင်းပတ်လုံး
အာနာပါန ရှုပွားတော်မူရာ မည်မျှ ခရီးပေါက်ရောက်သည်ကို မခန့်မှန်းသာချေ၊ ဆပဂံတောမှာ
နေစဉ် တပည့်ကြီး လယ်တီဝဏ္ဏိတ (ယခု သထုံမြို့ ဆရာကြီး ဦးလှတင်) အား အောက်ပါ
တေးထပ်ကို ရေး၍ ပေးတော်မူ၏။

“သာသနာ နောက်ဖျား၊ ပေါက်ဖွားကြ ဆူဆူ၊ ယောက်ျားပငါလိုလူ၊ ဇမ္ဗူမှာ
ရှာစမ်း၊ အားလုံလ အလံထူ၊ စံမတူ ထိုးတော့ ဥဒါန်း၊ ယောဂီမှုထွေလာ၊ ပဒေသာ
ဉာဏ်ဆန်း၊ ကေသရာဉာဏ်အစွမ်းဟာမို့၊ ဈာန်လမ်းကိုပြီးတိုင်၊ ဝသီတော် အစုံငါး၊
အကုန်သား စိုးရပိုင်နိုင်း ဗြဟ္မာအောက် ထက်မိုးခရိုင်မှာ၊ တန်ခိုးမြိုင်မြိုင် အလံစိုက်လို့ ၊
စံလိုက်မယ်ပ အကျော်အမော်၊ ငြီးဘူး ပျော်ပျော်၊ မိတေးသခင့် အောင်ပွဲတော်မှာ
နောင်ရဲအမော် လုပ်စမ်းမယ်ပလေး”။

ဤတေးထပ်ပါ စကားတို့ကား သီဟနာဒ (ခြင်္သေ့ ကြုံးဝါးသံ) ဖြစ်၏။ “ယခုပင်
