## PAGE 349


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၉၃

ဈာန်အဘိညာဉ် ရနေလေပြီလော” ဟု လည်း ထင်ဖွယ်ရှိ၏။ “ မေတ္တေယျ လက်ထက်ကျမှ”
ဟု အဆုံးသတ် လျှော့ချထားသည်မှာ ဖတ်ရသူအတွက် ဟင်ကနဲဖြစ်စေ၏။

စင်စစ် နောက်ဘုရား ဝါဒသည် လယ်တီ ဆရာတော်၏ ပင်ကို စိတ်ထားမဟုတ်။
အရပ်ရပ် သူ့စာများနှင့်လည်း မညီ။ ထိုအဆုံးသတ် အတွေးအကြံ အာရုံသည် အာရုံလိမ်ကြီးသာ
ဖြစ်ရာ၏။ ထိုနှစ် တပေါင်းလတွင် မုံရွာမှ အဘိဓမ္မာ ဆရာသဲကြီးတို့ ပင့်လျှောက်ချက်အရ
မုံရွာသို့ ပြန်လည် လိုက်ပါတော် မူရပြန်၏။ ၁၂၅၉-၁၂၆ဝ၊ နှစ်နှစ်ပတ်လုံး လယ်တီတိုက်
ကြီးအတွင်း အတောင်ခြောက်ဆယ်ရှိ စင်္ကြံကြီး၌ ဝါကပ်တော်မူသည်။ ထို၌ “လက္ခဏဒီပနီ၊
ပုဏ္ဏောဝါဒဒီပနီ” ကျမ်းများကို ရေးတော်မူ၏။

လယ်တီအား မုံရွာသံဃာများ ကန့်ကွက်

၁၂၅၉-ခုနှစ် မုံရွာသံဃာများက လယ်တီဆရာတော်အား ဆုတောင်းပြည့် ကျောက်စာနှင့်
စပ်၍ တစ်မြို့လုံး ဥက္ကောဋေယျ ဖြစ်အောင် အတိုက်အခံလုပ်ကြ၏။

အကြောင်းကား မုံရွာမြို့ ဆုတောင်းပြည့် စေတီတော်ကြီးသည် ၁၂၅၄-ခုနှစ်က
ပြိုကွဲ ပျက်စီးတော်မူခဲ့ရာ ပြင်ဆင်မည့်သူမရှိ၍ လယ်တီဆရာတော်က ဂေါပက လူကြီးများ
နှင့် ဦးဆောင်ပြုပြင် အောင်မြင်ရာ ကျောက်စာထိုးသောအခါ မိမိကိုယ်ကို “ပိဋကပါရဂူ’
ဟု ရေးထိုး၍ မြို့နေသံဃာစုက ကန့်ကွက်ကြသည်။ ပိဋကပါရဂူ မဖြစ်နိုင်ဟု ယူဆကြဟန်
တူ၏။ ကျောက်စာကို ဖျက်ဆီး၍ ချင်းတွင်းမြစ်၌ ပစ်ချရန် အသံပေးကြသည်။ ဆရာကွဲ၍
ဒကာများလည်း ကွဲကြ၏။ သူ့ဘက်ကိုယ့်ဘက် အလျှော့မပေးကြ။ လယ်တီဘက်ကလည်း
အဟုတ်တတ်၍ ပိဋကပါရဂူ ရေးထိုးကြောင်း တင်း၍ ခံနေကြ၏။ ဆရာတော် ဆုံးမသည်ကိုပင်
မနာယူကြတော့။

“တကယ့် ပိဋကပါရဂူ ဟုတ်, မဟုတ် သိရောပေါ့၊ ရဟန်းရှင်လူပရိသတ်ထဲ အရှက်
ကွဲစေ့မယ်” ဟု ကြိမ်းဝါးကြကာ ပိဋက သုံးပုံမှ အခက်အခဲ ပြဿနာများကို မေးမည်ဟု
အသံလွှင့်လိုက်ကြပြန်၏။ “ကဲ...မေးချင်ကြလဲ ဖြေရပေသာပ” ဟု ဆရာတော် ကိုယ်တိုင်ပင်
ဖျန်ဖြေရာမှ ရှေ့တိုးထွက်ရသော အခြေသို့ ဆိုက်ခဲ့၏။

၁၂၅၉-ခု၊ ကဆုန်လပြည့်ကျော် ငါးရက်နေ့။ မုံရွာမြို့တွင် မဏ္ဍပ်ကြီးထိုးကာ
နှစ်ဖက်သံဃာများကို ပင့်ဖိတ်၍ ဆွမ်းကျွေးကြ၏။ သံဃာရှစ်ကျိပ်ကျော်နှင့် လူပရိသတ်
အများအပြား လာရောက်ကြသည်။ တစ်ဘက်ကလည်း စ နှင့်မနိုင်လျှင် နိုင်သည့်နည်းဖြင့်
ဖိရန် နောက်ပိုင်းမှ လျှို့ဝှက်စီစဉ်ထားကြ၏။ လယ်တီဆရာတော်သည် (“နာဘာသမာနံ
ဇာနန္တိ၊ မိဿံ ဗာလေဟိ ပဏ္ဍိတံ” ဟူသည့်အတိုင်း) ဆိုရေးရှိကဆိုအပ်လှသဖြင့် ကျရောက်
သည့် အခြေအနေအတိုင်း ရင်ဆိုင်ရန် သံဃာ့ ပရိသတ်အလယ်၌ ထယ်ဝါခန့်ညား ရွံ့ရှား
`ခြင်းကင်း ရဲတင်းတည်ငြိမ်စွာ ထိုင်နေတော်မူ၏။

အတိုက်အခံခေါင်းဆောင် ဆရာတော်ဦးပုလဲကြီး၊ ဦးဥတ္တမတို့ကား မိမိတို့ တပည့်များ


## PAGE 350


၂၉၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ခြံရံလျက် ဟန်ကိုယ့်ဖို့ လုပ်ကာ ရှေ့သို့မတိုးဘဲ မရွံ့မရဲ ထိုင်နေကြသည်။ လယ်တီဆရာတော်က
တည်ကြည်ပြတ်သား ခန့်ညား ရိုးဖြောင့်သော အသံဖြင့် “ဆရာတော် အရှင်မြတ်များနှင့်
ဒကာ ဒကာမ အပေါင်းတို့၊ ပိဋကသုံးပုံမှ ခက်နိုးရာ ပြဿနာများကို စစ်မေးမည် ဆိုရာ
မည်သူမဆို မေးလိုရာ မေးကြပါ” ဟု စိန်ခေါ်လိုက်ရာ ပရိသတ်မှာ ရင်တဖိုဖိုနှင့် သူ့
ကိုယ်ကြည့် .. ကိုယ့်သူကြည့် ဖြစ်နေကြသည်။ အတိုက်အခံ ဘုန်းတော်ကြီးများလည်း
တက်ကြွသောဒေါသမှ ဆုတ်နစ်သော ဒေါသသို့ ကူးပြောင်းကာ မရဲသော်လည်း ပြေးခဲစေ
မတုန်မလှုပ် ရှိကြလေ၏။

..

ထိုအခိုက် အသက်သိက္ခာကြီးရင့်သော မထေရ်ကြီး တစ်ပါးသည် လူပရိသတ်များကို
ကျော်ဖြတ်၍ စည်းဝေးမဏ္ဍပ် သံဃာစင်သို့ ရုတ်တရက်ဝင်လာရာ ပရိသတ်အားလုံး
အတွေးကိုယ်စီနှင့် ထိုဆရာတော်ကြီးအား ကြည့်နေကြ၏။ ထို (အမည်မသိ ထူးခြား
သိခက်လှသော) ဆရာတော်ကြီးကား မထိုင်ဘဲ မတ်တတ်ရပ် လက်ညှိုးထိုးလျက် “ဟေ့-
ဟို သံဃာ့အလယ်က ရဲရင့်တည်ကြည်စွာ ထိုင်နေတာ ဘယ်ပုဂ္ဂိုလ်လဲ” ဟု မေးလိုက်ရာ
ပရိသတ်မှာ လန်သွားသည်။ လယ်တီဆရာတော်ကား အသက်သိက္ခာကြီးသော ဆရာတော်ကြီး
ကြွလာသဖြင့် မူလနေရာမှ ရွှေ့ကာ လက်အုပ်ချီနေ၏။

ထိုဆရာတော်ကြီးက ဆက်လက်၍-

“ကိုင်း-ကိုယ်တော်တို့ သံဃအလယ်က ရဲတံခွန်အောင်လံကြီး ပြိုလဲသွားပါပြီ။ ပုစ္ဆာ
မေးမယ့် ပုဂ္ဂိုလ်တွေကလဲ ကိုယ့်ကျောင်းကိုယ်ပြန်ပြီး ဓုရနှစ်ပါး ကိုယ့်တရားကိုယ် အား
ထုတ်ကြ။ ပိဋကပါရဂူ ကိုယ်တော်ကလဲ ပိဋကတော်ကို ကမ်းတစ်ဖက်ရောက် တတ်မြောက်တဲ့
အတိုင်း မိမိတပည့်များကို တတ်မြောက်အောင် သင်ကြားပေးရမည်” ဟု မဆုတ်မဆိုင်း
အမိန့် ရှိလိုက်ရာ သံဃာများ လက်အုပ်ချီ၍ ပြန်ကြွကြရ၏။ ကေသရာဖန်ဂူကို ရန်သူဝက်ဝံတို့
ရွှံ့ညွန်ဖြင့် ပွတ်ပက်ခါမှ အရောင်သည် ပိုထွက်လာတော့သည်။ (အမွှေဓာတ်ကို သတိပြုရန်။)

မှန်ပါသည်၊ ၁၂၇၃-ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကို လည်းကောင်း၊ ၁၂၈၃-
ခုနှစ်တွင် “ဒီ-လစ် ပိဋကတ္တယပါရဂူ” ဘွဲ့ကို လည်းကောင်း ဆက်လှူခံရသည်။ ထို ဘွဲ့ထူး
ကြီးများကိုပင် ကိုယ်တိုင်ကြွရောက်၍ ယူတော်မမူခဲ့။

ကျောက်လုံးကလေးများသည် တောင်ထိပ်မှသည် ချောင်းရိုး မြစ်ရိုးတစ်လျှောက်
ထိပါးခြင်းဒဏ်ကို ခံရရာမှ ချောမွေ့ လုံးမွတ်၍ လာသကဲ့သို့ လူသားတို့၏ ဘဝသည်လည်း
အနှောင့်အယှက် အတိုက်အခံများနှင့် တွေ့ရသောအခါ မခံချည့်မခံသာ ရှိစေကာမူ တုပ၍
မရနိုင်သော အရည်အသွေးတို့ကား ဒုက္ခနှင့် တွေ့တိုင်း တက်၍ တက်၍ လာမြဲဖြစ်သည်။

ဋီကာ စစ်ပွဲကြီး

လယ်တီဆရာတော်အတွက် ကျောက်စာနှင့် စပ်၍ အထုအနှက်ခံရမှုသည် ကွက်ကွက်
ကလေးမျှသာတည်း။ မြွေဟောက်ကို မထိခလုပ် တုတ်နှင့်တို့ခြင်းသည် သူ၏ ဗီဇစွမ်းအင်ကို


## PAGE 351


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

နှိုးဆွလိုက်သကဲ့သို့ ဖြစ်၏။

၂၉၅

၁၂၅၉-ခုနှစ် တန်ဆောင်မုန်းလတွင် သင်္ဂြိုဟ်ကျမ်းအဖွင့် “ပရမတ္ထဒီပနီ” မဟာဋီကာ
ကျမ်းကြီးကို ရေးသားပြီးသည်။ စံကျောင်းတိုက်ကြီး မီးသင့်ရာမှ ငုပ်ကွယ်ခဲ့သော ဆန္ဒသည်
ပြည့်ဝလေတော့၏။

နိဒါန်းကစ၍ ဋီကာကျော်နှင့် မဏိမဉ္ဇူကျမ်းကြီးကို ဖွဲအိတ်ကြီးဖြစ်အောင် ပယ်ပယ်
နယ်နယ် ဝေဖန်ထား၏၊ “တံ နသုန္ဒရံ၊ ဒီအချက်သည် မကောင်း၊ အမှား” စသော စကား
လုံးပေါင်းများစွာ ပါ၏၊ မြန်မာတစ်ပြည်လုံး ပညာရှိလောက၌ တုန်ဟည်း သည်းထန်စွာ
ဂယက်ရိုက်သွားသည်။

သာသနာဝင်တစ်လျှောက် “ဋီကာလှ ဋီကာကျော်” ဟု အမွမ်းတင် ယုယခဲ့ကြသော
ကျမ်းကို ဝေဖန်၍ ဆတ်ဆတ်ခါ နာကြည်းနေကြ၏။ ဋီကာကျော်ဘက်မှ ပြန်လည်
ချေပကြသည့် ပါဠိရေး ဋီကာကျမ်းတို့လည်း အလျှိုအလျှို ထွက်ပေါ်လာခဲ့ကြသည်။ အချို့
မခံချင်စိတ်ဖြင့် ထ၍ ရေးကြရာ (ဝါ) ပညာရှိ တိုက်ပွဲဝင်ကြရာ တစ်ပိုင်းတစ်စနှင့် ပြတ်၍
ကျန်ခဲ့သူများလည်း မနည်းချေ။ အချို့လည်း ထိုအခါက ကျမ်းတတ်အကျော် ာန်လည်း
ဝိသုဒ္ဓါရုံဆရာတော်ကြီးများကို ချေပရန် လျှောက်ကြရာ လယ်တီဘက်မှ ထောက်ခံ
မိန့်ကြားကြသဖြင့် အားမလို အားမရ ဖြစ်ကြရသည်။ ရန်ကုန်သံဃာထုကမူ လယ်တီဋီကာ
ကန့်ကွက်ပွဲကြီး စည်းဝေးပြုလုပ်ကြ၏။ လယ်တီအား ပရိသတ်ရှေ့၌ ဋီကာကျော်အပေါ်
စွပ်စွဲချက်များကိုပင် တစ်ခုချင်း အရှင်းခိုင်းမည်ဟု ... တာစူနေကြ၏။

အဘိဓမ္မာအကျော် မြို့ပြင်ကြီး ဆရာတော်ကြီးက အမှန်ရပ်တည် ဖြေရှင်းသော အခါ
မှ အားလုံး ရှဲသွားကြ၏။ “ငါတို့က ဋီကာကျော်အမှား ၆ဝ-၇ဝ လောက်ပဲ တွေ့တာ၊
လယ်တီတောရ ဘုန်းကြီးက ၂၃၀-ကျော်တောင် တွေ့ တယ်” ဟုလည်း မိန် ့တော်မူသည်။
အမှားများကို အစဉ်အဆက် မစစ်မဆေး ငေးမော သိမ်းပိုက်နေခဲ့ကြရာမှ လယ်တီဋီကာ
ထွက်လာသောအခါ ပညာရှိများပင် ကယောင်ကတမ်း ဖြစ်ကုန်ကြ၏။ နောက်ဆုံး
ဋီကာစစ်ပွဲကြီး ပြေငြိမ်း၍ လယ်တီဋီကာသာလျှင် ‘ဋီကာမော်’ဟု ကင်ပွန်းတပ် ခံရ
လေတော့သည်။ ထွင်းဖောက်နိုင်ပေစွာ။ အမှားကို အမှားဟု ပြောရဲပေစွာ။

သဒ္ဒါဘက်တွင်လည်း “နိရုတ္တိဒီပနီ” ဟု ပါဠိဘာသာဖြင့် ရေးသားခဲ့ရာ အဘိဓမ္မာရော
သဒ္ဒါပါ၊ အရေးအသားရော အဟောအပြောပါ ဆိုဖွယ်ရာမရှိ (ဝါ) ပြိုင်ဘက်မရှိ ကဝိ
တစ်ဆူ တံခွန်ထူတော်မူလေပြီ။

မြေပြင်မထိ ဈာန်ပီတိ

ဆရာတော် ပုသိမ်မြို့သို့ တရားဟောကြွစဉ် နာမည်ကျော် ဦးပဒုမ၏ တပည့်မတစ်ဦ

သည် ဆရာတော်ထံ လက်ဖက်အုပ်ကို ကိုင်၍ ရောက်လာပြီးနောက်-

"

“အရှင်ဘုရား ရေးတော်မူတဲ့ ဋီကာကြီးထဲက မရှင်းလင်းတဲ့ အချက်တွေ

