## PAGE 352

၂၉၆


ဓမ္မာစရိယဦးဌေးလှိုင်

လျှောက်ပရစေဘုရား” ဟု လျှောက်ရာ

64

'ဟဲ့...ဒကာမ၊ ငါ့ဋီကာကြီးနဲ့ နင်နဲ့ ရာရာစစ၊ သွား အမိုက်မ” ဟု နှင်တော်မူရဖူး၏။
ကြွလေရာရာတွင် ဟိုနှယ် သည့်နှယ် မချေမငံ မတန်မရာ ကပ်ဖဲ့တိုက်သူများလည်း ပေါလှ

ပေ၏ ။

၁၂၆၀-ပြည့်နှစ်တွင် တပည့်ကြီးဖြစ်သူ သေက္ချတောင် ဦးတိလောက၏ ပင့်လျှောက်
ချက်အရ လယ်တီဆရာတော် ကျိုက်ထိုသို့ ကြွတော်မူ၏။ (အဘယ့်ကြောင့် ပင့်ကြောင်း
သေကျတောင် ဆရာတော် အခန်းတွင်မှ အကျယ်ရေးပါအံ့။) သေက္ချတောင်၌ တန်ဆောင်မုန်း
နတ်တော် နှစ်လခန့်ကြာ၏။ တပည့်ကြီး ဦးတိလောကကိုလည်း အလုပ်စခန်းနှင့်စပ်၍
သတိပေး တရားများ ဟောကြားတော်မူသည်။ ထို၌နေစဉ် တိုက်ကျောင်းကြီးများ၌ မနေ၊
သစ်ခက်တဲ၌ပင် အချိန်ပြည့် ရှုပွားတော်မူ၏။

တစ်ညနေတွင် ကပ္ပိယမောင်စမုံသည် ဖျော်ရည်ကပ်ရန် လယ်တီဆရာတော် သီတင်း
သုံးသော သင်္ခမ်းကျောင်းကလေးသို့ သွား၏။ ကျောင်းကလေးသို့ မဝင်မီ အထဲသို့ လှမ်း၍
ကြည့်လိုက်စဉ် မောင်စမုံ၏ ခြေလှမ်းများ အလိုလိုရပ်တန့်သွားသည်။ အတန်ကြာ တွေဝေ
ငေးမောသွားရာမှ သတိရလျှင် ဖျော်ရည် မကပ်တော့ဘဲ နောက်ကြောင်းပြန်လှည့်ကာ
ဆရာတော် ဦးတိလောကအား အကျိုးအကြောင်း သွား၍ လျှောက်၏။

ဦးနန္ဒမာလာ (ဝိသုဒ္ဓိမဂ် ဘာသာပြန်သူ)၊ ဦးဝိသုဒ္ဓ၊ ဦးဇဝန စသော တပည့်ကြီးများလည်း
ဆရာတော်နှင့်အတူ သင်္ခမ်းကျောင်းကလေးဆီသို့ တိတ်တဆိတ်တိုး၍ သွားကြ၏။ ခဏကြာ
လျှင် ဦးတိလောကက မျက်ရိပ် မျက်ခြည် ပြလိုက်သောအခါ အားလုံး ခြေသံမကြားအောင်
ပြန်လှည့်လာကြသည်။

အကြောင်းမှာ သင်္ခမ်းကျောင်းကလေးအတွင်း၌ ဆရာတော် တရားရှုမှတ်နေရာ
ခါတိုင်းကဲ့သို့ မဖူးတွေ့ ရဘဲ မျက်လွှာချ တင်ပလ္လင်ခွေလျက် ကောင်းကင်ထက် နှစ်တောင်ခန့်
အမြင့်တွင် တက်ကြွနေသည်ကို အဝေးကပင် မြင်ကြရ၏။

ကပ္ပိယပြောသည့်အတိုင်း အမှန်ပင်တွေ့မြင်ရသဖြင့် ဆရာတော် ဦးတိလောကက
ဖူးတွေ့ရသူ တပည့်များအားလုံးကို ခေါ်၍ “ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား
ရှိစဉ်အတွင်း ဒီအကြောင်း မည်သူ့ကိုမျှ မပြောကြရ။ ဆရာတော် အထူးတင်းကြပ်စွာ
တားမြစ်တယ်” ဟု နှုတ်ပိတ်လိုက်သည်။ စိတ်ဓာတ် ပြင်းထန်လွန်းသော သေတ္ထုတောင်
`ဆရာတော်အား တမင် ဈာန်ဝင်စား၍ ဆုံးမတော်မူခြင်း ဖြစ်လေမည်လားမသိ။ (ဥဗ္ဗေဂါ
ပီတိဖြင့် ပျံတက်သော ယောဂီများလည်း ယခုအခါ များစွာ ရှိပေမည်။)

နတ်တော်လဆန်း လေးရက်နေ့တွင် ဘီးလင်းမြို့သို့ကြွ၍ ကုသိနာရုံ ဘုရားကို
ဖူးမြော်တော်မူသည်။ ထိုဘုရား၌ ညအိပ်နားတော်မူရာ ထိုဘုရား၌ နေကြသော ရသေ့
သုံးလေးဦးလည်း ဆရာတော်အား လာရောက် ကန်တော့ကာ အာလာပသလ္လာပ စကားများ
လျှောက်ထား ဆွေးနွေးကြ၏။

ထိုတွင် ခေါင်းဆောင် ရသေ့က-


## PAGE 353


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၉၇

“ဆရာတော်ဘုရားကို ဖူးတွေ့ရတာ အလွန်ဝမ်းမြောက်ပါတယ်၊ တပည့်တော်လဲ
ရသေ့ပြုတာ ဆယ်နှစ်ရှိပါပြီ၊ သတ္တဝါတွေ ကိုယ်ကျင့်တရား ပျက်ပြီး ကပ်ဒုက္ခတွေ ဆိုက်
ရောက်နေတာ အလွန်သနားစရာဖြစ်လို ့ ယခု ၁၀၈-ရက် သက်လွတ်စားပြီးလို ့ ၄၅-ရက်
မီးလွတ်စားနေပါတယ်။ နေ့စဉ် သီလ၊ သစ္စာ၊ မေတ္တာပွား အဓိဋ္ဌာန်ထားပြီး အာနာပါန
တရားအားထုတ်ပါတယ်။ ရောက်တဲ့အခါ တပည့်များကိုလဲ ဆုံးမပါဘုရား” ဟု လျှောက်၏။

66

အကျင့်မှန်သော်လဲ ပန်းတိုင်လွဲ

အေး-ကောင်းပေတယ်။ သတ္တဝါတွေကယ်ဖို့ အထူး လုပ်နေရတာ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို ကုန်းပေါ် အရင်ရောက်အောင် ကယ်တင် ကူးမြောက်ပြီးမှ နစ်နေတဲ့ လူကို
ကယ်နိုင်တာ။ ခုလို ကိုယ့်တရားကိုယ် အားထုတ်နေတာဟာ သတ္တဝါတွေကို ကယ်နေတာပဲ၊
ဒါပေမယ့် နည်းလမ်းအခြေခံမှန်ဖို့ လိုတယ်၊ ဒကာရသေ့ ပြောတဲ့သီလ၊ သစ္စာအစရှိတဲ့
တရားတွေဟာ အခြေခံ ပဓာန ပါရမီတရားကောင်းကြီးတွေပဲ။ အသံအမည် တူသော်လဲ
အစစ်အမှန်ဖြစ်ဖို့ မလွယ်ဘူး။

“အစစ်အမှန် ဖြစ်စေဦး၊ “ပဏီဟိတ” မမှန်ရင်လဲ အကျိုးမများဘူး။ ပဏီဟိတဆိုတာ
ရည်ရွယ်မှန်းထားတာကို ခေါ်တယ်။ နိဗ္ဗာန်ကိုရည်ရွယ်ပြီး လုပ်မှသာ သမ္မာပဏီဟိတ ဖြစ်
ပြီး ဒုက္ခခံရကျိုး၊ သာသနာနှင့် တွေ့ရကျိုးနပ်တယ်။ သတ္တဝါတွေအတွက်ဟု ဆို၍ မြင့်မြတ်
တဲ့ သဘောလက္ခဏာ ဆောင်စေကာမူ ဝဋာဘိရတ လောကိယနယ်၌သာ တစ်စုံတစ်ခုသော
စာန်ဒိုအထူးဖြင့် ငြိတွယ်စေပြီး ဝင့်နွယ်ရှည်စေမယ့် သီလ၊ သစ္စာ၊ မေတ္တာ အဓိဋ္ဌာန်နဲ့
07 ခုဂါနတွေ ဖြစ်နေလျှင် ဝဋ်ဘဝ ကူးမြောက်ကြောင်း ပါရမီ ဆိုတဲ့ စကားနဲ့ တစ်ခြားစီ
ဖြစ်တယ်။ အသံမျှသာတူတယ် ဦးရသေ့။ အစွမ်းထက်လှတဲ့ဝရဇိန်လက်နက်ကို မူဆိုးလိုက်ရုံ
သုံးသလို ဖြစ်နေတတ်တယ်။

“သက်သတ်လွတ်၊ မီးလွတ်စားတဲ့ အကျင့်လဲ သာသနာတော် ကျင့်ထုံးမဟုတ်၊
သီလကအစ သမာဓိအဆုံး ဒါတွေအားလုံးဟာ “စရဏ” ပဲ။ ဒီစရဏ မမှန်ရင် ဝိဇ္ဇာဉာဏ်
မရနိုင်ဘူး။ ဒီစရဏ ပါရမီ မှန်မှန်နဲ့ သက်စွန့်ကြိုပမ်း ကမ္မဋ္ဌာန်းအားထုတ် သူများပင်လျှင်
နိဗ္ဗာန်ကို လိုချင်ကာ မတ္တနှင့် မရနိုင်ဘူး။ “ပဟိတတ္တော'=နိဗ္ဗာန် သို့ စေလွှတ်အပ်သောစိတ်
အမြဲရှိနေရမယ်လို့ ဟောတော်မူတာ။ ဒီဘဝနဲ့ ဒီအလုပ်ပဲ လို ့ တစ်ခါထဲ ငုတ်ရိုက်ထားတာကို
ပဟိတတ္တခေါ်တာပဲ။”

“ဓာတ်လုံးဝါသနာသန်တဲ့ ပုဂ္ဂိုလ်ဟာ သွားလဲဒီစိတ်၊ စားလဲဒီစိတ်၊ အိပ်လဲဒီစိတ်
ရှိနေသလို ရှိရမယ်ကွယ့်။ အခြေပါဒ စရဏကလဲ မခိုင်မာ၊ ရည်ရွယ်မှန်းထားချက်ကလည်း
သမ္မာပဏီဟိတ မဖြစ်၊ ပဟိတတ္တစိတ်ကလဲ မစွဲမြဲလျှင် မည်သို့ပင် ခြိုးခြံခေါင်းပါးစွာ
အနှစ်အရာ အထောင် ကျင့်ကြံသော်လဲ ပဋိဝေဓသို့ မဆိုက်ရောက်နိုင်ဘူး။ ကိုယ့်နှင့်အသက် -
ကို မငဲ့ကွက်ဘဲ သာသနာတော်ရိုးရာ စားဝတ်နေ ခြိုးခြံတာတွေင်လျှင် တဒင်္ဂပတာန်မျှသာ


## PAGE 354

၂၉၁


ဓမ္မာစရိယဦးဌေးလှိုင်

ဖြစ်၍ ဥပါဒါန် လွန်မြောက်နိုင်သော အလုပ်မျိုးမဟုတ်။ တောချုံပုတ်ကို ခုတ်ထွင်ခြင်းသည်
အသစ်တစ်ဖန် စည်ပင်ရန်ဖြစ်သလို နောက်ဘဝအတွက် ဥပါဒါန်ချုံပုတ်ကြီး ပိုပြီးစည်ကား
ပြုသလိုဖြစ်နေတယ်” ဟု မိန့်တော်မူသည်။

..

ဝိဇ္ဇာမဂ္ဂဒီပနီ ဖွင့်ဆိုရခြင်း

ဆရာတော် အမိန့်ရှိသည်ကို အထူးစိတ်ဝင်စားစွာ နာယူနေသော ရသေ့ာက-
“ဆရာတော် အမိန့်ရှိတော်မူလိုရင်းကို … တပည့်တော် ကောင်းစွာ သဘောကျ
ကျေနပ်ပါသည်ဘုရား။ အမှန်အတိုင်း ဝန်ခံရပါလျှင် အသက်ထောင်နှင့် ချီရှည်၍ သတ္တဝါတွေကို
ကယ်တင်ရင်း အရိယာဖြစ်တဲ့ ဝိဇ္ဇာကြီးများကို အားကျနေမိပါသည် ဘုရား” ဟု ဖွင့်ဟ၍
ရိုးသားစွာ ဝန်ခံလျှောက်ထား၏။

ဆရာတော်က-

“အင်း အသက်ထောင်ချီပြီး ရှည်တဲ့ နည်းကတော့ သာသနာပြင်ပမှာလဲ ရှိနိုင်တယ်။
သာသနာတော်မှာလဲ ဣဒ္ဓိပါဒ်ဆိုတာ ရှိတယ်၊ ဒါပေမယ့် သစ္စာလေးပါးကို မြင်ကြတဲ့
အရိယာသူတော်ကောင်းကြီးတွေဟာ တစ်ရက်နေရရင် တစ်ရက် ဒုက္ခခံရတာပဲလို ့ မြင်တော်
မူကြလို့ ပရိနိဗ္ဗာန် စံဝင်ရတာကိုပဲ အလွန်ဝမ်းသာလေ့ ရှိကြတယ်။ အသက်ရှည်တာကို
ပုံားတော်မမူကြဘူး။ ဆံချည်မျှင်ဟာ လက်ဝါးပေါ်မှာ ကပ်နေရင် မသိသာပေမယ့်
မျက်စိထဲဝင်ရင် အလွန်သိသာသလို ပုထုဇဉ်နဲ့ အရိယာတွေဟာ သင်္ခါရ ဒုက္ခကို မြင်ရာမှာ
သည်မျှမက ကွာခြားတယ်။

“အသက်ရှည်ချင်တဲ့ ဝါဒ၊ အရိမေတ္တေယျထိ အချိန်ဆွဲတဲ့ ဝါဒဟာလဲ မမှန်ကန်ဘူ "
“အရိယာ ဝိဇ္ဇာဆိုတာလဲ ဝေါဟာရတူပေမယ့် ဝိဇ္ဇာဇော်ဂျီတွေ လမ်းစဉ်နဲ့ ဖြစ်နိုင်တာမျို
မဟုတ်ဘူး။ ပိလိန္ဒဝစ္ဆနှင့် တစ်ခြားစီး၊ မယောင်နဲ့။

“အင်းနဲ့၊ ဆေးနဲ့၊ ဓာတ်နဲ့ ထွက်ကြတယ်ဆိုတဲ့ ဝိဇ္ဇာကြီးတွေ လောကမှာ အရိယာ
ဖြစ်ဖို့ဆိုတာ အလွန်မအပ်စပ်တဲ့ စကားပဲ။ ဒါပေဓယ့် သူတို့ကိုယ်သူတို့ အရိယာလို
အထင်ခံကြတယ်။ ဒါသည်ပင် အရိယာလို့ တင်နေတာလဲ ဖြစ်နိုင်တယ်၊ ကမ္မဋ္ဌာန်းတွေလဲ
ဟောတတ်ကြတယ်။ သမထလောက်ပဲ သူတို့လိုချင်တယ်။ သံသရာကထွက်မှာကို ကိုယ်တိုင်လဲ
ကြောက်တယ်။ သူများထွက်မှာလဲ မလိုလားကြဘူး။

“စင်စစ်တော့ ဦးရသေ့၊ မြတ်စွာဘုရားရှင်ရဲ့ အနတ္တသာသနာတော်ကြီးကို မှေးမှိန်အောင်
သတ္တဝါတွေအကြိုက် ဘန်းပြပြီး ဆွဲဆောင်နေကြတာ။ ဝိဇ္ဇာလမ်းစဉ်ဟာ အတ္တဝါဒကြီးပဲ။

“အရိယာ ဝိဇ္ဇာဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုသာ ခေါ်တယ်။ တကယ့်သီလကို
အခြေခံမှရတာ။ တန်ခိုးပြတဲ့နေရာမှာ ဆင်တူယိုးမှား ရှိသော်လဲ အခြေခံကအစ လုံးဝမတူကြဘူး။
အတ္တဝါဒုပါဒါန်ကြီး တန်းလန်းနဲ့ နေကြရတဲ့အတိုင်း အသက်ရှည် တန်ခိုးပြတဲ့ လောကာယတ
(သံသရာနယ်ချဲ့) လမ်းစဉ်မှားကြီးကို ပရိယတ် အသိဉာဏ် နည်းလျှင် နည်းသလောက်

