## PAGE 355


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အားကိုးမှားမိ ရှာကြတယ်” ဟု ဟောပြတော်မူသည်။

၂၉၉

ဆရာတော်က လောကာယတ တန်ခိုးရှင်အချို့သည် တစ်စုံတစ်ခုသော ရောဂါဘေး
အန္တ ရာယ်ကို ဦးစွာဖန်တီး၍ ကယ်တင်ရှင်လုပ်ပြီး ဆွဲဆောင်တတ်ပုံ စသည်တို့ကို ပွင့်ပွင့်
လင်းလင်းကြီး ရှင်းပြတော်မူသည်။ လောကီဝိဇ္ဇာ အမျိုးမျိုးနှင့် အရိယာဝိဇ္ဇာ ခြားနားပုံကိုလည်း
ရင်းပြတော်မူ၏။ ပတ္တမြားတောင်ကို ရောက်ပြီးခါမှ ဖိုခနောက်ကျောက်ကို မကောက်မှားရန်
ဆုံးမ၍ အကြည်ဓာတ်ခြောက်ပါးကို ဟောတော်မူသည်။ (မကြာမီ “ဝိဇ္ဇာမဂ္ဂဒီပနီ” ကျမ်း
ကိုလည်း ရေးသား ချီးမြှင့်တော်မူ၏။)

ထိုအခါမှစ၍ ရသေ့ဆရာများလည်း လှည့်စားသော အာရုံနိမိတ်၊ အိပ်မက် အထင်
ဝိပလ္လာသများ ကင်းစင်လျက် မဂ္ဂင်လမ်းမပေါ်သို့ ပြန်လည် တက်ရောက်လာကြလေတော့၏

ဂန္ဓာရီဝိဇ္ဇာကြီးတို့ နောင်တဖြစ်ရှာကြ

ယခုအခါတွင်လည်း အသိဉာဏ်နည်းပါးသူတို့သည် အလွန်တရာ မြင့်မြတ်လှစွာသော
သာသနာတော်ကြီးနှင့် တွေ့ခဲတွေ့ကြုံရပါလျက် ရှင်ဒေဝဒတ်ကဲ့သို့ မပြောပလောက်သော
တန်ခိုးထူး အနည်းငယ်မျှဖြင့် လမ်းခုလတ်၌ ဘဝခါးပြတ် ကြရရှာ၏။ (သြရမတ္တကေန
ဒိသေသာဓိဂမေနအန္တ ရာ ဝေါသာနံ အာပါဒိ။ ။ စူဠဝဂ်-ဒေဝဒတ် ဝတ္ထု-၄၆၆။)

အချို့ ထွက်ရပ်ပေါက် ဝိဇ္ဇာကြီးများသည် “ဝိဇ္ဇာကို အားမကိုးကြနဲ့၊ မ,မနိုင်ဘူး"
ဟု လေသံပစ်ကာ အထင်ကြီးအောင် တန်ခိုးပြလျက် နောက်ဆုံး သူတို့ဝါဒဘက်ကိုသာ ဆွဲ
ဆောင်သွားကြ၏။ သို့ရာတွင် ရိုးဖြောင့်ဖြူစင်၍ ဗဟုသုတအမြင် ကြီးမားကြသော ထွက်
ရပ်ပေါက် ပုဂ္ဂိုလ်ကြီး တော်တော်များများကမူ-

"

“ငါတို့ကို အားမကျကြနဲ့။ သူများကို ကယ်တင်ကာ အရိယာအဖြစ်နဲ့ နိဗ္ဗာန်ဝင်ရမယ်
ထင်ပြီး ဂန္ဓာရီလမ်း လိုက်မိခဲ့တာ မှားကုန်ပြီ။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊
ခုတော့ သူတို့ (မိမိထက်ကြီးသော တန်ခိုးရှင်ကြီးများ) ခိုင်းရာလုပ် နေရတယ်။ မင်းတို့
မမှားကြလေနဲ့” ဟု နောင်တကြီးစွာ၊ ကရုဏာ ကြီးစွာဖြင့် ပွင့်ပွင့်လင်းလင်းကြီး ပြောဆို
နေကြသည်ကို မကြာခဏ ကြားနေကြရသည်။ ကျေးဇူးတင်ထိုက်ပေစွာ။

ကမ္ဘာ့အရိုးစွဲ အတ္တဝါဒကြီးနှင့် ယင်းကို အမာခံထားသော မဟာယာနဝိဇ္ဇာဓရ ဘေး
ကြီးကား ကြောက်ဖွယ်ကောင်းလေစွာ့။ သတိပြုကြပါလေ သူတော်ကောင်းတွေတို့။
ထို့ကြောင့် “အရိယာဝိဇ္ဇာမဂ္ဂ အလင်းပြကျမ်း' ကို ရေးသားတော်မူသော သိမ်တောင်
ဆည်ကြီးာရ ဆရာတော်ဘုရားကြီးက-

..

“ကောက်ကျစ် စဉ်းလဲသော လောကီ ဝိဇ္ဇာဓိုရ်ကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွှဲ
တန်ခိုးအမျိုးမျိုးပြ၍ နဂါးကို ဂဠုန် သုတ်သကဲ့သို့ အုံပြုတ်အောင် စုပ်ယူနေကြသည်။
အရိယာဝိဇ္ဇာအစစ် မဖြစ်ကြသေးသည့်အတွက် စိတ္တ၀ိပလ္လာသ ဖုံးအုပ် နေကြသောကြောင့်
ခံနေကြရသည်။ သို ့အတွက် အရိယာဝိဇ္ဇာအစစ် သောတာပန်(စသည်) ဖြစ်


11

## PAGE 356

၃ဝဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

အောင် အားထုတ်ကြကုန် သူတော်ကောင်း အပေါင်းတို့” ဟု အစစ်အတုကို ခွဲခြား
နိုင်သော ကိုယ်တွေ့ပညာ၊ ကြီးမားသော ကရုဏာဖြင့် သတိပေးတော် မူခဲ့ဖူး၏။”
(ယင်းကျမ်း=၃၆၈။)

တောရိုင်း ဆင်၊ ကျား၊ မြွေဆိုးများ

ထို့နောက် ဆရာတော်သည် ကျိုက်ထီးရိုးတောင်သို့ လယ်တီပဏ္ဍိတ၊ ဦးတိလောကတို့နှင့်
အတူကြွတော်မူ၏။ လမ်းခုလတ်၌ တောဆင်ရိုင်းကြီး တစ်ကောင်သည် ရှေးရှုရင်ဆိုင်
ပြေး၍လာရာ တပည့်နှစ်ပါးမှာ သစ်ပင်ပေါ်သို့ တက်ပြေးကြလေ၏။ ဆရာတော်ကား
မတုန်မလှုပ်။ မေတ္တာကိုသာ ပွားပို့ တော်မူသည်။ (ဦးတိလောကအခန်း၌ အကျယ်ကြည့်ပါဦး။)

ကျိုက်ထိုမှပြန်လျှင် ၁၂၆၁-ခုနှစ် ဝါကို မုံရွာမြို့ အရှေ့တောင် လယ်စဉ် ရွာကျောင်း၌
ဝါကပ်တော်မူ၏။ ထို၌ “နိဗ္ဗာနဒီပနီ” ကို ရေးတော်မူသည်။

၁၂၆၂-ခုနှစ် ဝါကား မောင်းထောင်ကြီးရွာ မြောက်ဘက် မဟာမြိုင်တောကြီးခေါ်
ဝက်ရဲတော၌ ဝါကပ်တော်မူ၏။ ဆရာတော်၏ ငယ်တပည့်ကြီးဖြစ်သူ ကြောင်ပန်း
ဆရာတော်က ပင့်လျှောက်၍ ဖြစ်သည်။ ကြောင်ပန်း ဆရာတော်ကား ထိုတော၌ ကိုးနှစ်ခန့်
ရှိလေပြီ။ ကြောင်ပန်းဆရာတော် မကျန်းမာသဖြင့် တစ်ပတ်မှ တစ်ရက်သာ ဆွမ်းခံကြွနိုင်၏။
လယ်တီဆရာတော်က ဆွမ်းခံကျွေးရသည်။ အလုပ်နှင့် စပ်သော သြဝါဒတရားများကိုလည်း
ဟောကြားပေးတော် မူရ၏။

ဟိမဝန္တာ၏ လက်မောင်းဖြစ်သော ထိုတောစ,သည် တောကြီးမျက်မည်း သားရဲတိရစ္ဆာန်
ပေါများလှ၏။ ထန်းနှစ်ရပ် သုံးရပ်ရှိ အင်ပင်၊ ကျွန်းပင်ကြီးများလည်း တစ်တောလုံး
အုပ်ဆိုင်းနေသည်။ ကြောင်ပန်းပင်ငယ်များလည်း ချုံပုတ်ကဲ့သို့ ထွေးရှုပ်နေတော့၏။

ဆရာတော်နှင့် ကြောင်ပန်းဆရာတော်တွင်မည့် ဦးဣန္ဒကတို့သည် ရံခါ ကျွန်းပင်ကြီး
များ၏ သစ်ခေါင်းများတွင် လည်းကောင်း၊ ရံခါ ကြောင်ပန်းချုံအတွင်း၌ လည်းကောင်း
နေတော်မူကြ၏။ ရံခါ ထန်းလုံးခန့်ရှိ မြွေဆိုးများ၏ နှာမှုတ်သံများ၊ တောခွေး၊ သစ်ကျားတို့၏
အသံများမှာ ကြက်သီးထခမန်း ရှိသည်။ ဆရာတော်သည် အာနာပါန ကမ္မဋ္ဌာန်းကိုပင်
ရှုမှတ်တော်မူ၏။

နတွေဝ သုပိတုံ ဟောတိ၊
ရတ္တိ နက္ခတ္တ မာလိနီ။
ပဋိဇဂ္ဂိတု' မေဝေသာ၊

ရတ္တိ ဟောတိ ဝိဇာနတံ။

(ထေရဂါထာ၊ ဌ၊ ၁-၂၀၅။)

နက္ခတ္တမာလိနီ- ဆိတ်ငြိမ်အေးချမ်း၊ နက္ခတ်ပန်းတို့ဖြင့်၊ ဆန်းကြယ် လှပသော။
ရတ္တိ-ညဉ့်အခါ ကာလသည်ကား။ သုပိတုံ- ထိန မိဒ္ဓ၊ မောဟ ဖိစီး၊ အအိပ်ကြီး


## PAGE 357


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အိပ်ရန် အလို ့ငှာ။ နတွေဝ ဟောတိ-အလျဉ်းပင် ဖြစ်ပေါ်လာသည် မဟုတ်။
ဧသာ ရတ္တိ- ဆိတ်ငြိမ်အေးချမ်း၊ နက္ခတ်ပန်းတို့ဖြင့်၊ ဆန်းကြယ်လှပသော
ထိုညဉ့်အခါ ကာလသည်ကား။ ဝိဇာနတံ - ဘုရား ဆုံးမ၊ ရကြီးရလျက်၊ ဘ၀
တန်ဖိုး၊ ကြောင်းကျိုး သိမြင်၊ ယောဂီပညာရှင်တို့အတွက်။ ပဋိဇဂ္ဂိတုံ ဇီဝ-
သမထ ဝိပဿနာ ဘာဝနာတရားတို့ကို၊ နိုးကြားထကြွ၊ သမ္မပ္ပဓာန် လုံ ့လဖြင့်၊
အရကြိုးကုတ်၊ ပွားများအားထုတ်ရန် အလို ့ငှာသာလျှင်။ ဟောတိ-စင်စစ်

မသွေ၊ ည-ဟူ၍ ဖြစ်ပေါ်လာပေတော့သတည်း။

30-

(တစ်နေ့ တစ်ညဉ့်ကို ၆-ပုံပုံ၊ မဇ္ဈိမယာမ် တစ်ပုံကို လွှတ်၍ ကျန် ၅-ပုံလုံးလုံး
မအိပ်မနေ အားထုတ်ရမည်ဟု မဟာနိဒ္ဒေသပါဠိတော် ၂၉၄၊ ၎င်းအဋ္ဌကထာ-
၃၅၈-တို့၌ မိန့်ဆို၏။ အိပ်ချင် ငိုက်မျည်းသောအခါ ရှေးအရှင်တို့ လက်သုံး
ဤကြုံးဝါးချက် ဂါထာမျိုးကို ရွတ်သင့်က ရွတ်ရ၏။)

အထူးသဖြင့် ထိုတော၌နေစဉ် အိပ်စက်ခြင်း၏ အပြစ်ကို များစွာ မြင်တော်မူသည်။
“နက္ခတ်တာရာတို့ဖြင့် ဆိတ်ငြိမ်လှသော ညအခါ ကာလသည် အသိဉာဏ် ရှိသူတို့အတွက်
တရားရှုပွားရန် အခွင့်ကောင်းကြီးပင် ဖြစ်သည်” ဟု မြင်တော်မူ၏။ နိသဇ်ဓုတင်ကို
ဆောင်ကာ မအိပ်မနေ ကြိုးစားသည်။

ဆရာတော်သည် မအိပ်မနေ တစ်ဝါတွင်းလုံး အပြင်းအထန် ကြိုးစားအားထုတ်လေရာ
သီတင်းကျွတ်ခါနီးလျှင် အဖျားရောဂါ နှိပ်စက်သဖြင့် ပိန်ချုံးချည့်နဲ့သွား၏။ အာဟာရများ
ကလည်း ခေါင်းပါးလှသည်။ ထိုသတင်းကို ကြားသောအခါ လယ်တီတိုက်ရှိ တပည့်ကြီးများက
ထိုတောသို့ လာရောက်ပင့်ကြရသည်။

ကောလာဟလကြောင့် ဓမ္မကထိကဖြစ်

လယ်တီတိုက်သို့ ရောက်လျှင် ကျန်းမာရေးအတွက် ပြုပြင်နေထိုင်ရင်း တစ်ပါးတည်း
ဆိတ်ငြိမ်ရာ၌ တရားရှုပွားမြဲ ရှုပွားတော်မူသည်။ သို့ရာတွင် နေ့အခါ၌ လာရောက်ဖူးမြော်သူတို့
ခါတိုင်းထက် စည်ကားနေ၍ စာဝါပို့ချမှု ရပ်ဆိုင်းထားသော်လည်း အားလပ်ချိန် ရတော်မမူချေ။
တရားစကား ပြောကြားပေးနေရ၏။

အဘယ့်ကြောင့် တစ်နေ့တခြား ပရိသတ်များလာသည်ကိုမူ ဆရာတော် သတိမပြုမိ။
ကောလာဟလများ ဖြစ်ပွားကာ စည်ကားနေခြင်းဖြစ်သည်။

“ဆရာတော်ကြီး နေတဲ့ကျောင်း တစ်ညလုံး ဝင်းထိန်နေတယ်” ဟု လည်းကောင်း၊
“စင်္ကြံကြွတာ မြေကြီးကို ခြေမထိဘူး” ဟုလည်းကောင်း၊

“ဆရာတော်ကြီး ဈာန်ရနေပြီ” ဟု လည်းကောင်း မည်သူမည်ဝါ တွေ့မြင်ရသည်ဟု
အခိုင်အမာ ပြောဆိုကြ၏။

ထိုသတင်းကြောင့် ရင်းနှီးသော ဒကာများသာမကဘဲ အရပ်လေးမျက်နှာမှ လာရောက်

