## PAGE 358


ဓမ္မာစရိယ ဦးဌေးလှိုင်

ဖူးမြော်ကြခြင်း ဖြစ်သည်။

အဘယ်သူက ဖန်တီးသော ကောလာဟလပေနည်း။

ထိုအခါ ပေးလာသော အခြေအနေအရ ဝိပဿနာတရားကိုသာ ဟောပြောလွှတ်ရ၏။
ဘိသ ဇာတ်တော်ကြီး ကိုလည်း မကြာခဏ ဟောပြရသည်။

ဘိသဇာတ်ဟူသည် ဗာရာဏသီသူဌေးသား မဟာကဉ္စန သည် ညီတော်ခြောက်ယောက်၊
နှမတော် တစ်ယောက်နှင့်အတူ တောထွက်၍ ရသေ့ပြုကြသော ဇာတ်ဖြစ်သည်။ မိတ်ဆွေ
တစ်ယောက်နှင့် အမှုလုပ် … ဇနီးမောင်နှံစုံလည်း ပါသည်။ ကြာစွယ်သစ်သီးဝလံများကို
အလှည့်ကျ ရှာဖွေ၍ ဝေစုခွဲပြီး စားသောက် နေထိုင်ကြရာ အကျင့်သီလ စူးစမ်းလို၍
သိကြားမင်းက နောင်တော် ရသေ့ကြီး၏ ဝေစုကို သုံးရက်တိတိ ဝှက်ထားသည်။

0;

66

စုံတစ်ယောက်က ခိုးယူစားသည်ထင်၍ အသီးသီး ကျိန်စာဆိုကြ၏။

ကျွန်ုပ် ကြာစွယ်ခိုးယူမိပါလျှင် သားမယားအခြွေအရံ ပစ္စည်းဥစ္စာချမ်းသာ ကြွယ်ဝသူ
ဖြစ်ရပါစေရဲ့” ဟု လည်းကောင်း၊

ရေမြေသနင်း ပြည့်ရှင်မင်းကြီး ဖြစ်ရပါစေ” ဟု လည်းကောင်း၊
“မိဖုရားခေါင်ကြီး ဖြစ်ရပါစေ” ဟု လည်းကောင်း၊

“ပြည်ရေးပြည်ရာကို စီမံရသော ပုရောဟိတ် ရာထူးကြီး ရပါစေ” ဟု လည်းကောင်း၊
ပြည်သူအများ အကြည်ညိုခံရ၍ လာဘ်ပေါများသော မြို့ရွာအနီး ယောဂီ ရသေ့ကြီး
ဖြစ်ရပါရဲ့” ဟု လည်းကောင်း အသီးသီး ကျိန်ဆိုကြသည်။

လာကီစည်းစိမ်၊ အာဏာ၊. ရာထူး၊ လာဘ်လာဘတို့သည် ဒုက္ခရောက်စေသော
အရာမ၊ ဖြစ်၍ “သေခြင်းဆိုး သေရပါစေ' ထက် ကြောက်ဖွယ် ကောင်းသည်ဟု ယူဆ၍
ယင်း ကျိန်ဆိုကြခြင်း ဖြစ်သည်။

ကြာအိုင်=သင်္ခမ်းအနီးရှိ ရုက္ခစိုးကြီးကမူ-

‘ကြာစွယ် ခိုးမိပါက ကြွယ်ဝချမ်းသာသော ဒေသရှိ ကြီးကျယ်သော ကျောင်းတိုက်
အိုကြီ ကို ဦးစီးအုပ်ချုပ်၍ နဝကမ္မ အလုပ်များသော ဆရာတော်ကြီး ဖြစ်ရပါစေ” ဟု ကျိန်
ဆိုလေသည်။

ဆရာတော်သည် ဤဘိသဇာတ်တော်ကို ဟောပြောလေ့ရှိသည်ကို ထောက်၍ ပရိသတ်နှင့်
နေခြင်း၊ ပရိယတ်နှင့် နေရခြင်းကို ပျင်းရိငြီးငွေ့တော်မူကြောင်း ဖော်ပြနေခြင်းပင်
ဖြစ်သည်။ စာချကောင်းကြီး စာရေးကောင်းကြီးအဖြစ်ကို အပြစ်မြင်တော်မူ၏။ အကြိမ်ကြိမ်
ရှောင်လွှဲ၍ တောထဲသို့ ကြွသော်လည်း ရတော်မမူခဲ့။ မရသည့်အပြင် ယခုအချိန်မှစ၍
အဟောကောင်းကြီး အဖြစ်သို့ရောက်မှန်းမသိ ရောက်နေရပေပြီ။ ကောလာဟလကြောင့်သာ
မဟုတ်၊ တရားနာလို၍ လာသူများပင် စည်ကားစပြုနေ၏။

ပဋိပတ် အလုပ်၌ အနုတ်လက္ခဏာပြ “ဟာနဘာဂိယ' လမ်းခွဲများကား မရှောင်သာ
အောင် ကြုံတော်မူလေပြီ၊ ယောတို့အား ထိုဖြစ်ရပ်၊ ထိုသဘောတရားများသည် ကွင်းဆက်
ကလေးများဖြင့် အကွက်ဆင်လာဟ်၍ သိနိုင်ခက်၏။ သိစေကာမူလည်း ကျော်နိုင်

## PAGE 359


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
ခက်လှသည်။

၃၇

အဘယ့်ကြောင့် ဆိုသော် ထိုဖြစ်ရပ်များသည် သာသနာနှင့် သတ္တဝါအများစုအား
အခြေစိုက် ရည်ညွှန်းထားသည့်အပြင် မိမိစွမ်းရည်၊ ဗီဇဝါသနာနှင့် ကိုက်၍ ကိုယ်ကြိုက်
လုပ်ငန်းမျိုး ဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့် ပလိဗောဓမှန်း၊ ဟာနဘာဂိယမှန်း
သိလျက်သားနှင့် ဇွတ်တိုးမိကြ၏။

တန်ခိုးရှင်တို့၏ အကူအညီ (သို့မဟုတ်) နှောင့်ယှက်ခြင်း

၁၂၆၃-၆၄-ခုနှစ် ဝါကား အလုံမြို့၏ အနောက် သလ္လာဝတီ ချင်းတွင်းမြစ် ကမ်း
နဖူးရှိ ရွှေတောင်ဦးတောင်၌ ဝါကပ်သည်။ သုံးဝါရ လယ်တီ ပဏ္ဍိတလည်း လိုက်ပါ၍ .
ဝါကပ်ရ၏။ ဆရာတော်သည် လယ်တီပဏ္ဍိတအား သားအရင်းပမာ သံယောဇဉ် ဖြစ်တော်မူ
ရှာ၏။

လယ်တီပဏ္ဍိတနှင့် ကပ္ပိယသည် တောင်ခြေ၌ နေကြရ၍ ဆရာတော်ကား တောင်ထိပ်
ကျောက်ဂူကြီးထဲ၌ သီတင်းသုံးတော်မူသည်။ ထိုဒေသလည်း အစားအသောက် ခေါင်းပါးလှ၏။
ဆန်ဆွမ်းဟူ၍မရ။ ပြောင်းဆွမ်း၊ လူးဆွမ်းများကိုသာ ဘုဉ်းပေးရသည်။ ဆရာတော်သည်
ဆွမ်းခံပြန် တောင်ခြေ၌ပင် ဆွမ်းဘုဉ်းပေး၍ ပြီးလျှင် တိရစ္ဆာန်များအား ဝမ်းသာအားရ
ပက်ကျွေးတော်မူ၏။

လယ်တီပဏ္ဍိတကား ခံဆွမ်းကို မစားနိုင်၍ မြို့နေဒကာများထံမှ စားသောက်ဖွယ်များကို
ဆန်ဆီမှအစ သိမ်းဆည်းထားရသည်။ ဆရာတော်ကမူ သားရင်းပမာ ခြိုးခြံခြင်း အကျင့်ကို
မကြာခဏ ချီးကျူးဟောကြား အားပေးလေ့ ရှိသဖြင့် ဆရာတော်မသိအောင် သိုဝှက် ထားရ
လေသည်။

တစ်နေ့သောအခါ ဆရာတော် သိသွားသဖြင့် “ဟဲ့ ရှင်လေး၊ နင်ဟာ တောနေ
ရဟန်းနဲ့ မတူဘူး၊ တယ်ပြီး လျှာအလိုလိုက်တယ်” ဟု မာန်မဲကာ စားဖိုသုံးထားရာ
ရိက္ခာတဲကို တောင်ဝှေးနှင့်ထိုး၍ ဖြန့်ကြဲပစ်တော်မူ၏။

ပရိယတ်သာ သန်၍ ပဋိပတ်ဓာတ်ခံ ဝေးလှသဖြင့် အားမလို အားမရဖြစ်ကာ
ကရုဏာဒေါသ ဖြစ်တော်မူရ၏။ “သမ္ပဇဉ်ဆိုခွင့်များမှာတော့၊ ချိုနှင့်လားမေးမယ့်သူကွယ်”
တေးထပ်ကို ရေး၍လည်း ဆုံးမတော်မူသည်။ ထို၌နေစဉ် ပရမတ် အပြောသန်၍ ကမ္မဋ္ဌာန်း
အလုပ်ခိုင်းလျှင် ရှောင်ဖယ်,ရှောင်ဖယ် လုပ်နေဘတ်သော အလုံမြို့မှ ဦးထွန်းဦး၊ ဦးထွန်းလှ
ဆိုသူတို့ကိုလည်း ဆုံးမတော်မူ၏။

ထိုတောင် ကျောက်ဂူထဲ၌ လေးငါးလ အပြင်းအထန် အားထုတ်တော်မူ၏။ နှစ်နှစ်
လုံးလုံး နေတော်မူ၍ “ဓမ္မဒီပနီ၊ အာဟာရဒီပနီ၊ အနတ္တဒီပနီ' တို့ကို ရေးတော်မူသည်။
ထိုအချိန်၌လည်း အာနာပါနကိုပင် ရှုပွားတော်မူရာ မည်မျှ ပေါက်ရောက်သည်ကို ထို
ဒီပနီများကပင် တိုင် ဘာ ဖော်ပြနေပေပြီ။

## PAGE 360


၃၀၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ထို၌နေစဉ် အပြင်းအထန် အားထုတ်ခိုက် အဖျားရောဂါကြီး ကပ်ရောက်လာသဖြင့်
တစ်ပါးတည်း ကျောက်ဂူကြီးထဲ၌ သတိမရတစ်ချက်ရတစ်ချက် ဖြစ်နေ၏။ တောင်ခြေသို့လည်း
ဆင်း၍ မပြောနိုင်၊ စောစော ရက်များက ကျိတ်မှိတ်၍ ဆွမ်းခံကြွနေသော်လည်း ထိုနေ့ကား
မကြွနိုင်တော့ပေ။ တစ်နေ့တစ်ည အလူးအလဲ ဖြစ်တော်မူ၏။ သတိမရတစ်ချက် ရတစ်ချက်
ဖြစ်နေခိုက် တစ်စုံတစ်ယောက်က ဆေးတိုက်သည်ဟု အောက်မေ့၍ သတိရခိုက် မျက်စိကို
ဖျစ်ညှစ်ဖွင့်ပြီး ကျောက်ဂူတွင်းသို့လှမ်း၍ လှည့်ပတ်ကြည့်ရာ ထောင့်ကွေး တစ်နေရာတွင်
ကျောက်ဆင်းတုကဲ့သို့ ဖြူသော ပုဂ္ဂိုလ်တစ်ဦး ငြိမ်သက်စွာ ရပ်၍ ကြည့်နေသည်ကို မြင်ရ
၏။ တမှိန်းမှိန်းဖြစ်နေသဖြင့် မည်သို ့မျှ မမေးအား။ မျက်စိများ ပြန်၍ မှိတ်သွားသည်။
နောက်တစ်နေ့ နံနက်၌ ဆွမ်းခံရွာမှ ဒကာများ တောကျောင်းသို့ လာ၍ ဆေးကုရန်
ရွာသို့ ပင့်ကြ၏။ “ငါ့ကို မုံရွာမြို့ ရောက်အောင်သာ ပို့ကြ” ဟု မိန့်၍ ကုလားထိုင်ကို
ထမ်းစင်လုပ်ကာ အလုံမြို့ ဦးစံချိန် (ဦးဉာဏဝံသ) ကျောင်းသို့ ပင့်ကြရ၏။ ကုလားထိုင်ပေါ်
ရောက်သည်နှင့် တစ်ပြိုင်နက် လူကောင်းကဲ့သို့ ဖြစ်သွား၍ အားလုံး အံ့အားသင့်နေကြ၏။
သို့ရာတွင် ချက်ချင်း သတိမေ့သွားကာ တစ်တောင်တက်ဆင်း·ထမ်းခဲ့သော်လည်း ဆရာတော်
ကား သတိမရ၊ အိပ်ပျော်၍ လိုက်ပါလာသဖြင့် မစဉ်းစားတတ်အောင် ရှိနေကြသည်။
အလုံရောက်၍ ထမ်းစင်ချလိုက်လျှင် ပကတိ လူကောင်းကဲ့သို့ နိုး၍လာပြန်၏။ အကျိုးအကြောင်း
လျှောက်သောအခါ “အင်း....ညက လူဖြူလိုက်လာတယ်နှင့် တူပါရဲ့” ဟု မိန့် တော်မူသည်။

ထိုသို့သော ယောဂါဝစရ ပုဂ္ဂိုလ်ကြီးတို့၌ မည်သို့သော အကြောင်းကြောင့်မျှ
စိတ်ဓာတ်လျော့သွားသည် မရှိ။ သို့ရာတွင် ရံခါ ရုပ်ဓာတ်ကား လျော့ပါးတတ်ရာ ထိုအခါ
မျိုးတွင် အာရုံနိမိတ် အိပ်မက်စသော အနှောင့်အယှက်များဝင်ရန် အခွင့်သာလေတော့သည်။
အနေအစားကို အထူးသတိပြုကြရာ၏။ ကွင်းဆက် ဖန်တီးချက်ကလေးများဖြင့် ရုပ်မနာ-
နာ အောင် ဝင်တိုးမိတတ်ကြသည်။

ဆရာတော် မုံရွာလယ်တီတိုက်သို့ ပြန်ရောက်သောည၌ပင် အိပ်မက်ဆန်းကြီး တစ်ခု
မြင်မက်သည်။ အိပ်မက်ကား မြင့်မိုရ်တောင်ကို ကျောမှီ၍ ယုဂန္ဓိုရ်တောင်ပေါ်၌ ထိုင်လျက်
စိမ်းလန်းစိုပြည်သော စကြဝဠာကြီး တစ်ခုလုံးကို မြင်နေရသည်။ အရှေ့ဘက်တောင် တစ်ခု
တွင် ဝင်းဝင်းလက်နေသော ရတနာလိုဏ်ဂူကြီး အတွင်း၌ ငှက်မျိုးစုံ မြူးတူးပျော်ရွှင်စွာ
ခိုဝင်နေကြ၏။ ထိုငှက်များအား-

“မီးကဲ့သို့ တောက်နေသော လိုဏ်ဂူထဲ ဘာကြောင့် ဝင်နေကြသလဲ၊ မပူကြဘူးလား”
မေးလျှင်-

“ကိုယ်တော်၏ လိုဏ်ဂူထဲ ဝင်နေရတာ အေးမြချမ်းသာလို့ပါ” ဟု ပြောကြသည်။
ခဏကြာသော် ခန္ဓာကိုယ်ကြီးပင် မြင်းမိုရ်တောင်ကြီး ဖြစ်သွားသည်ဟု မက်ရာ “နိုင်ငံလှည့်၍
သာသနာပြုရမည်’ ဟု အဓိပ္ပာယ် ကောက်တော်မူ၏

“ပဉ္စင်္ဂုတ္တရပါဠိတော် မဟာသုပိနသုတ်” ၌ အလောင်းတော် ဘုရားဖြစ်ခါနီး မဟာ·
ပထဝီ မြေပြင်ကို အိပ်ရာပြု၍ မြင်းမိုရ်တောင်ကို ခေါင်းအုံးလုပ်ပြီး အိပ်ရသည် စသည်ဖြင့်

