## PAGE 361


"

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃ဝ

မက်သော ဘုရားဖြစ်မည့် ရှေ့ပြေးအတိတ် အိပ်မက်ကြီးနှင့် တူလှပေသည်။ ပုဂ္ဂိုလ်ထူးတို့၌
ဖြစ်မြဲပင်တည်း။

သုံးရက်မြောက်သောညတွင် ကပ္ပိယတစ်ယောက်လည်း “ဆရာတော်၏ လက်ခုပ်ရေအိုင်
ထဲ၌ ငါးများ ပျော်ရွှင်ပြေးလွှားနေကြစဉ် လက်ခုပ်ရေအိုင်သည် အကြီးကြီး ဖြစ်လာသည်'
ဟု မြင်မက်ကြောင်း လျှောက်၏။ နေကောင်းသည်နှင့် ထိုတောင်သို့ ပြန်၍ ကြွတော်မူသည်။

သံယောဇဉ် ကြိုးတစ်ချောင်း (သို့မဟုတ်) လယ်တီပဏ္ဍိတ

၁၂၆၅-ခုနှစ် ဝါကို မုံရွာမြို့ အနောက် သလ္လာဝတီမြစ်ကမ်းရှိ လက်ပတောင်း တောရ
၌ ဝါကပ်သည်။ အတောင်ခြောက်ဆယ်ရှိ စင်္ကြံကျောင်း၌ သီတင်းသုံး၏။ လယ်တီပဏ္ဍိတနှင့်
တပည့်အချို့လည်း လိုက်ပါလာကြသည်။ ဆရာတော်သည် လယ်တီပဏ္ဍိတအား သံယောဇဉ်
ကြီးတော်မူရှာလွန်း၏။ သူကား အနုသမား၊ ရုပ်ကိုညှာ၍ ခန္ဓာကိုယ်ကို အလိုလိုက်သည်။
ဆရာတော်နှင့် စရိုက်ချင်းကား မတူပေ။

'

“ခန္ဓာကိုယ်သည် အဆိပ်တုံးကြီးနှင့် တူ၍ အပြစ်များလှသည်။ ရောဂါခိုအောင်းရာကြီး
ဖြစ်၏၊ မအို၊ မနာမီ အမြတ်ထုတ်သင့်သည်။ ခိုင်းနွားအငှားကြီးကို သနားနေလျှင်
အချိန်ကျ၍ ပိုင်ရှင်က ပြန်ယူသွားသောအခါ ယူကျုံးမရ အရှုံးနောင်တ ဖြစ်တတ်သည်”
စသည်ဖြင့် မကြာခဏ ဟောတော်မူ၏။

တစ်နေ့သောအခါ ဆွမ်းခံကြွစဉ် တပည့်ပဏ္ဍိတအား ဆုံးမတရားဟောလျက်
ရှေ့က ကြွတော်မူရာ လမ်းမှားသွားသဖြင့် “ဆရာတော် လမ်းမှားသွားတယ် … ဖရာ့၊
ဒီဘက်လမ်း” ဟု လယ်တီပဏ္ဍိတက နောက်မှလျှောက်ရာ-

“သယ်.....နင်ငါဟောတာကိုတော့ နားမထောင်ဘူး၊ ဒီလမ်းမှားတာက ဘာဘေးရန်မှ
မဖြစ်ဘူး၊ နင် ငါ့စကား နားမထောင်လို့ လမ်းမှားသွားရင် တစ်သံသရာလုံး ချောက်ထဲက
တက်နိုင်မှာ မဟုတ်ဘူး သိလား” ဟု မာန်မဲတော်မူ၏။

နန္ဒမင်းသားသည် ရဟန်းပြုပြီးနောက်တွင်လည်း သင်္ကန်းရောင် လွင်လွင်နှင့် ခေါင်းကို
စိမ်းနေအောင် ရိတ်လျက် မျက်တောင် မျက်စဉ်းများခြယ်ကာ ဘုရားရှင်ထံ လာရောက်ရာ
“အင်း.....ဘယ်တော့များမှ ပံသုကူ ဓုတင်ဆောင်တဲ့ နန္ဒကို တွေ့ ရပါ့မလဲ” ဟု ဘုရားရှင်
သည် ညည်းတွားတော် မူခဲ့ဖူး၏။

အချိန်မကျသေးသူ အတွက် ကရုဏာမှတစ်ပါး အခြားပေးစရာမရှိ။ နို့စို့ ကလေးအား
သားပြွမ်းထမင်း ကျွေး၍မရ။

လယ်တီဆရာတော်လည်း ချစ်ရှာလွန်းသော ပဏ္ဍိတအတွက် တရားနောက်ဆံ
တင်းတော်မူရသည်။ ကိုယ်သာအလုပ်ပျက်၏။ သူကား ဆရာတော်မြင်လိုသော တောထဲ၌မပျော်။
နောက်ဆုံး ကာမတောထဲ၌သာခေါင်းချသွားရရှာ၏။ စင်စစ် သူတို့သည် စာပေတော်၍


## PAGE 362

၃ဝ၆


ဓမ္မာစရိယ ဦးဌေးလှိုင်

နိုင်ငံပင် ကျော်သော်လည်း ဆရာတော်၏ အနှစ်သာရ ဓမ္မအမွေကို မရကြ။ ဘုန်းတော်ဘွဲ့ဖြင့်
ကျေးဇူးဆပ်၍ တစ်ဘဝကုန်ကြလေပြီ။

ဆရာတော်သည် ထိုနှစ်တွင် “ပရမတ္ထသံခိပ်၊ စတုသစ္စဒီပနီ၊ နိရုတ္တိဒီပနီ၊ ကမ္မဋ္ဌာနဒီပနီ၊
သမ္မာဒိဋ္ဌိဒီပနီ ကျမ်းများကို တွင်တွင်ကြီး ရေးတော်မူခဲ့၏။ ကျွန်ုပ်တို့သည် ဆရာတော်၏
စာတတ်တပည့်ကြီးများ အလုပ်စခန်းနှင့် ဝေးကွာကြသဖြင့် ဆရာတော့် အတွင်းရေးဂုဏ်များကို
မကြည်ညိုရ။ ဒီပနီများဖြင့်သာလျှင် ခန့်မျှော်ရတော့သည်။

ကင်းဝန်မင်းကြီး မျက်ရည်ကျသောတရား

၁၂၆၅-ခုနှစ် ကုန်ခါနီးတွင် ကင်းဝန်မင်းကြီး၏ မွေးစားသား ပုသိမ်ကြီးမြို့ အုပ်
ဦးခင်မောင်ကြီးနှင့် လေးငါးဦးသည် မန္တလေးမှ ဆရာတော့်ထံသို့ လာရောက် တရားနာကြသည်။
လေးငါးရက်အကြာ မန္တ လေးသို့ ပြန်ကြမည်ရှိသောအခါ ဆရာတော်က “မင့် ခမည်းတော်
ကြီးအား ဤလက်ဆောင်ကို ဆက်သလိုက်ပါ” ဟု သံဝေဂ လေးချိုးကြီး တစ်ပုဒ်ကို ရေး၍
ပေးတော်မူလိုက်၏။

လေးချိုးမှာ “မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်းရဲ့ ညာဆီမှာ၊ ခါတော်မီ သိမမေ့နိုင်လို့၊
သည်ကွေ့တွင် နေကုန်မျောပြန်ရ၊ အတောဘယ်မသတ်နိုင်တဲ့၊ ရဟတ်ဗွေ” ချီ လေးချိုးကြီး
ပင်တည်း။

ထိုနှစ် တပေါင်းလပြည့်ကျော် ၁၁-ရက် နေ့တွင် ကင်းဝန်မင်းကြီးက လူတစ်တန်
စာတစ်တန်ဖြင့် ပင့်လျှောက်သောကြောင့် လက်ပတောင်းတောင်မှ မန္တလေးသို့ ကြွတော်မူသည်။
နန်းတော်တွင်းရှိ ဝန်ကြီးနေအိမ်ဝင်းအတွင်း၌ မဏ္ဍပ်ထိုး၍ သုံးရက် သုံးည တရားပွဲကြီး
ကျင်းပကြ၏။ အိမ်ဦးခန်း၌ပင် သီတင်းသုံးတော်မူလျက် နေ့အခါ မေးလျှောက်သမျှ
ဖြေဆို၍ ညအခါ တရားဟောတော်မူသည်။ ဝန်ကြီး မှူးကြီး မင်းဆွေစိုးမျိုးနှင့် လူကုံထံ
လူပညာရှိများ စုံလင်လှ၏။

အာနာပါန အခြေခံ၍ ဓာတ်သဘာဝများပေါက်ရောက်အောင် အတ္တဒိဋ္ဌိဖြုတ် အလုပ်ပေး
တရားကို ဟောတော်မူလေရာ တစ်ညတွင် ကင်းဝန်မင်းကြီးသည် ဆရာတော့်အပါးလာ၍
ဝမ်းနည်းပက်လက် မျက်ရည်ဖြိုင်ဖြိုင်ကျကာ ငိုကြွေးလျှောက်ထား၏။

"

“ဒီလောက် နက်နဲတဲ့ အဘိဓမ္မာ ကမ္မဋ္ဌာန်းတရားများကို နတ်ရွာစံမင်းတရားကြီး
နာကြားမသွားရရှာဖူးဘုရား၊ နာစေချင်စမ်းပါဘိ။ သတိရ မြင်ယောင်လွန်းလို ့ မဆည်နိုင်ဘူး
ဘုရား။ ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်း၊ ပြာသာဒ်၊ ပိဋကတ်၊ ပုထိုး အမျိုးမျိုးသော ကုသိုလ်
တော်တွေ ပြုပြီး သာသနာ့ ဒါယကာ အမည်ခံသော်ငြားလည်း ဒီတရားမျိုးကို နာကြားမသွား
ရရှာလေခြင်း ဘုရား” ဟု လျှောက်ထားသည်။

အာနာပါန ရှုပွားနည်းကိုလည်း ဟောတော်မူသည့်အတိုင်း ကျမ်းစာရေးသားပါရန်
လျှောက်ထားကြသဖြင့် “အာနာပါနဒီပနီ” ကို ရေးသားတော်မူခဲ့၏။


## PAGE 363

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၀၇

သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်, တိုသိ။

လုံးစုံလင်းရာ၊ တ-၌သာ၊ စ-မှာ ငြိမ်းလေဘိ။

“အာနာပါနဿတိ သုတ်”လာ လုပ်ထုံးကို ငုံမိအောင် လင်္ကာကိုလည်း ထည့်သွင်း
ထားသည်။ သို့ရာတွင် စတုက္က ယူဆပုံနှင့်စပ်၍ကား တစ်နိုင်ငံလုံး ဆရာတော့် နောက်ကို
ချည်း လိုက်ပါနေကြရာ မဟာစည်ဆရာတော်၏ သတိပဋ္ဌာနသုတ်နိဿယ စသည်ကိုလည်း
ကြည့်သင့်ကုန်၏။

မန္တ လေး၌ သီတင်းသုံးစဉ် ကျောင်းနေဖက် ဆရာတော် ဦးပဏ္ဍဝ ပင့်၍ ချမ်းသာကြီး
တိုက်၌လည်း ရဟန်းရှင်လူ တစ်သောင်းကျော်တို့အား ငါးညတိတိ တရားဟောတော်
မူရသေးသည်။

ကျမ်းပြုရွဲ၊ နယ်လှည့်တရားဟောခြင်း

ယင်းသို့ မန္တ လေးမြို့တော်၏ မျက်နှာဖုံး ကင်းဝန်မင်းကြီး ကဲ့သို့သော ပုဂ္ဂိုလ်က
တရားဟော ပင့်လိုက်ခြင်းမှာ ဆရာတော် ဟောပြချက်ကို တစ်နိုင်ငံလုံးက လက်ခံလာရအောင်
လမ်းကြောင်း ပေးလိုက်ခြင်းဖြစ်၏။ ဓမ္မဒေသနာဓာတ်ကို ဖွင့်လိုက်ခြင်းပင်တည်း။

မမြင်ရသော အကြောင်းအကျိုးတို့ကား ကျယ်ဝန်း၍ တရားသဘောကား နက်ရှိုင်းစွာ၊
ထိုအချိန်မှစ၍ နယ်လှည့် ဟောကြားတော်မူသည်။

ဆရာတော်သည် ၁၂၆၆-ခုနှစ်တွင် ကဆုန်လမှစ၍ ပျဉ်းမနားမြို့မြောက် အင်ကြင်းမြိုင်
တောအုပ်၌ သီတင်းသုံးသည်။ အတောင်ခြောက်ဆယ်ရှိ စင်္ကြံကျောင်းကြီးကိုလည်း ဆောက်လှူ
ကြ၏။ ထိုနှစ် ထိုတောရ၌ ကျမ်းစာအများဆုံး ရေးသည်ဟု ဆိုနိုင်သည်။

ဘာဝနာ၊ ဗောဓိပက္ခိယ၊ အာနာပါန၊ သောမနဿုပေက္ခာဒီပနီများနှင့် နိရုတ္တိ ဒီပနီ
နိဿယ၊ သဒ္ဒသံခိပ် ကျမ်းများ ဖြစ်၏။ ဆရာတော်သည် စာရေးခြင်း၌ မည်မျှ ဇွဲကြီးသည်၊
သို့မဟုတ် ပလိဗောဓကြီးသည်မှာ မယုံကြည်နိုင်အောင် ရှိ၏။

တစ်နေ့သောအခါ စင်္ကြံအနီး ရေချိုးအိမ်၌ ရေချိုးနေလျက်က ရေးလက်စစာကို
စဉ်းစားရင်း စိတ်ကူးတစ်ချက် ပေါ်လာသဖြင့် တစ်ကိုယ်လုံး ရေစိုရွှဲလျက် ရေသနုပ်မလဲဘဲ
ရေးလက်စ စာကို ဆက်၍ရေးနေ၏။ အလွန်အေးလာမှ သတိရတော်မူသည်။ မည်သူကမျှလည်း
မလျှောက်ဝံ့။ ရန်ကုန် တောင်လုံးပြန်ရပ်မှ သီတင်းသည်အဖြစ် လာရောက်နေထိုင်သော
ဓာတ်ဆရာကြီး ဦးမြို့အား လျှောက်ပေးရန် တပည့်များက ပြောသဖြင့် သင်းပိုင်ရေစိုကြီးဖြင့်
စာရေးနေသော ဆရာတော်အား သွားရောက် လျှောက်ထားရာ ဆရာတော်က-

66

“ဟေ့-မောင်မြို့ ရ၊ ခန္ဓာကိုယ်ကြီး အလိုလိုက်နေရင် ကြံစည်ထားတဲ့ စာအဓိပ္ပာယ်တွေ
ပျောက်ကုန်မှာပေါ့၊ ခန္ဓာကိုယ်ကြီးဟာ ငါ့စာတစ်လုံးလာတဲ့ ဖုံး မရှိပါဘူးကွာ” ဟု
မိန့်တော်မူကာ ရေးလိုသော စာ ရေးပြီးမှပင် ရေပြန်ချိုးတော့သည်။

ယင်းသို့သော လုံ ့လ ဝီရိယ, သမာဓိ အသိဉာဏ်တို့ကြောင့်လည်း အကြောင်း

