## PAGE 364

၃ဝ၈


ဓမ္မာစရိယ ဦးဌေးလှိုင်

တိုက်ဆိုင်လာတိုင်း ဆရာတော့်စာများကို အဋ္ဌကထာနှင့် တန်းတူထား၍ တစ်ကမ္ဘာလုံးက

ကိုးကားကြရ၏။ မှီးငြမ်းပြုကြရသည်။

အလုပ်စခန်းနှင့် စပ်၍လည်း အနယ်နယ် အရပ်ရပ်မှ ဆရာတော့် အဆုံးအဖြတ်ကို
ခံယူကြရသည်က များလေသည်။

အလှူမခံသော မြတ်သော အလှူခံပုဂ္ဂိုလ်

ဆရာတော် ပျဉ်းမနား အင်ကြင်းမြိုင် တောရ၌ ဝါကပ်စဉ်က ဖြစ်၏။
တစ်နေ့သောအခါ ပျဉ်းမနား မြို့သူမြို့သားများ စုပေါင်း၍ သံဃဒါန ဆွမ်းလောင်းလှူပွဲ
လုပ်ကြသည်။ သံဃာတော်များလည်း စနစ်တကျ ကြွရောက်နိုင်၍ လူများလည်း ဝဲယာ
အစီအစဉ်အတိုင်း လောင်းလှူနိုင်ရန် အဝင်အထွက် မုခ်ဦးနှင့် ရဲလောင်းခေါ် ဆွမ်းခံ
လမ်းရှည်ကြီးကို ကြိုတင်လုပ်ထားကြ၏။ ဝဲယာနှစ်ဘက် ရာဇမတ်များ ကာရံထားကြသည်။
လမ်းတစ်လျှောက်လုံး ဖျာရိုင်သင်ဖြူးများ၊ အဝတ်အထည်များ ခင်းထားကြ၏။

သံဃာ တစ်ရ-ကျော်နှစ်ရာတွင် ဆရာတော်သည် ရှေ့ဆုံးက ကြွရောက် အလှူခံရသည်။
ရဲလောင်း မုခ်ဦး တစ်ခုမှဝင်၍ ကြွရောက် အလှူခံရာ အခြားတစ်ဖက် မုခ်ဦးမှ ထွက်ကြွရန်
ထုံးစံ ဖြစ်သော်လည်း ဆယ့်ငါးပေလောက် အလိုတွင် ထွက်ပေါက်မှမကြွဘဲ ရဲလောင်းလာလမ်း
အတိုင်း ပြန်လှည့်တော်မူ၏။ နောက်ပါသံဃာများလည်း မည်သို့မျှ မလျှောက်ထားရဲကြဘဲ
နောက်မှသာ လိုက်ပါသွားကြရသည်။

ရဲလောင်းထွက်ပေါက်အနီးရှိ ဝဲယာတစ်ဖက်တစ်ချက်မှ လောင်းလှူရန်
စောင့်ဆိုင်းနေသူများမှာလည်း မိမိတို့ပစ္စည်းကို အလှူမခံဘဲ ပြန်လှည့်သွားသဖြင့် အံ့အားသင့်ကာ
စိတ်မကောင်း ဖြစ်နေကြစဉ်-

“ကျန်တဲ့ ဒကာ ဒကာမတွေ လှူဖွယ်ပစ္စည်းကို ခွဲဝေပြီး ကပ္ပိယတွေက တစ်ဆင့်
ကျောင်းပို့လိုက်ကြ” ဟုသာ မိန့်တော်မူ၏။

သံဃာရော လူများပါ စိတ်ထဲတွင် မဝေခွဲနိုင်ဘဲ ရှိကြရလေ၏။ ဆွမ်းလောင်းလှူပွဲကြီး
ပြီးဆုံး၍ မိမိတို့၏ ဖျာရိုင် သင်ဖြူးများကို အသီးသီး ပြန်လည်ယူကြရသော အခါမှ
ဆရာတော်၏ ဂုဏ်ကျေးဇူးကို ချီးကျူးမဆုံး ရွှင်ပြုံးဝမ်းမြောက် ကြရသည်။

အကြောင်းမှာ ရဲလောင်း ထွက်ပေါက် ရောက်ခါနီးတွင် ညဦးက ခင်းထားသော
ဖျာအောက်၌ လက်မောင်းခန့်ရှိသော မြွေပွေးကြီးတစ်ကောင် တွေ့ကြရသည်။ ဆရာတော်ကသာ
ဆင်ခြင်မှုမပြုဘဲ ထုံးစံအတိုင်း ထွက်ကြွလျှင် သံဃာတော်များ၏ နင်းဖိမှုကြောင့် ထိုမြွေကြီးသော်
လည်း သေရာ၏၊ မသေ၍ မြွေထွက်လာပါလျှင်လည်း တစ်စုံတစ်ယောက်အား ဒုက္ခ
ရောက်စေနိုင်လေသည်။ အလှူပွဲပင် ပျက်နိုင်ရာ၏ ။


## PAGE 365


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

သီလ, သမာဓိဂုဏ်နှင့် ပစ္စည်း လာဘ်လာဘ

၃၀။

အင်ကြင်းမြိုင်တောရ၌နေစဉ် ဦးထွန်းလှိုင် ဆိုသူက မိမိကိုးကွယ်သော ဘုန်းတော်ကြီး
တစ်ပါး ပျံလွန်သွားရာ ထိုဘုန်းတော်ကြီးမှာ ပြိတ္တာ ဖြစ်နေ၍ “ငါ မစားရ မဝတ်ရဘူး၊
ကုသိုလ်လုပ်ပြီး အမျှဝေပေးစမ်းပါ” ဟု ခဏ ခဏ အိပ်မက်ရနေသဖြင့် ဆရာတော်အား
သင်္ကန်းလှူပြီး အမျှဝေပေးသည်။

ဆရာတော်က-

“မောင်ထွန်းလှိုင်၊ တို့များ သီလ ဒီလောက်တော့ ကယ်နိုင်ပါသေးတယ်ကွယ်” ဟု
မိန့်တော်မူ၏။ မှန်ပေသည်။ မကြာမီပင် ထိုဘုန်းကြီးပြိတ္တာသည် နတ်ဝတ်တန်ဆာဖြင့်
လာ၍ ဦးထွန်းလှိုင်အား အိပ်မက်ထဲ၌ ဝမ်းသာစကား ပြောကြားလေသည်။ ဦးထွန်းလှိုင်ကား
ကမ္ဘာအေး မစိုးရိမ်တိုက်သစ် အစ်မ ဒေါ်ရင်မြ၏ အဘိုးတည်း။

၁၂၆၆-ခုနှစ်မှ စ၍ ဆရာတော်သည် အထက် အောက် မြန်မာပြည်အနှံ ့ တရားဟော
ကြွတော်မူ၏။ ပရမတ္ထ သံခိပ်ကျမ်းကိုလည်း ၆၅-ခုနှစ်ကပင် ရေးပြီးဖြစ်၍ ကြွရောက်ရာ
အရပ်တိုင်း၌ သံခိပ် အသင်းသူ အသင်းသားများကို ဖွဲ့စည်းတော်မူခဲ့၏။ တစ်နိုင်ငံလုံး
အဘိဓမ္မာမျိုးစေ့ ချတော်မူခြင်း ဖြစ်သည်။ ၁၂၈၈-ခုနှစ်ထိ အသင်းသားပေါင်း သုံးသိန်းကျော်၏။
ဋီကာမော်ကို လည်းကောင်း၊ နိရုတ္တိ-ဒီပနီကျမ်းကို လည်းကောင်း၊ နွားသား ရှောင်ကြဉ်ရေးကို
လည်းကောင်း အတိုက်အခံ ပြုလုပ်ကြသကဲ့သို့ သံခိပ်သင်းကိုလည်း ရှုတ်ချပြောင်လှောင်
ကြကုန်၏။ အထိနာကြရှာလေစွာ့။

ဆရာတော် ရောက်လေရာတိုင်း၌ ဘုရားရဟန္တာအား ကြိုဆိုပူဇော်ကြသကဲ့သို့
အစွမ်းကုန် ကြိုဆိုပူဇော်ကြသည်။ ကြွလေရာရာတွင် ဆွမ်းခံကြွရာ၌ “မြေကြီးခြေမထိ၊
ဈာန်ကြွသည်” ဟု လည်းကောင်း၊ မီးရထားနှစ်စီးဖြင့်ကြွရာ “သုံးစီးဖြစ်နေသည်’ ဟု
လည်းကောင်း စသည်ဖြင့် ကောလာဟလများလည်း များလှ၏။

တရားဟော၍ ရသမျှပစ္စည်းအားလုံး ဆိုင်ရာမြို့ရှိ သံဃာတော်များကိုသာ လှူလေ့ရှိသည်
မှာလည်း လူသာမန်တို့ ကိုယ်ချင်းစာမရသော အံ့ဖွယ်ကြီးတစ်ခု ဖြစ်သည်။ ဆရာတော်သည်
တစ်ခါက အောက်ပြည် အောက်ရွာမှအပြန် လယ်တီတိုက်သို့ ရောက်လျှင် တုံးခေါက်၍
သံဃာများကို ခေါ်လိုက်၏။

သံဃာများ ရောက်လာကြလျှင်-

“အေးဆရာတော် တရားဟောကြွရာက ပြန်ရောက်လာလို ့ ပစ္စည်းများဝေဖို့
ခေါ်တယ် မထင်ကြနဲ့၊ တို့များ ငယ်စဉ် မန္တလေး နေတုန်းက ဓမ္မကထိကများ အောက်ပြည်
အောက်ရွာက တရားဟောပြန်လျှင် ဆန်က ဘယ်လောက်၊ ငါးပိငါးခြောက်က ဘယ်ရွေ့၊
သင်္ကန်း၊ ထီး၊ ဖိနပ်၊ ကော်ဇောက ဘယ်မျှနဲ့ စာရင်းချပြီး တစ်လကိုးသီတင်း စားကြ
သောက်ကြ၊ အချိန်တွေ နှမြောစရာ ကောင်းလိုက်တာကွယ်။ အေး....ခုလဲ ဦးပဉ္စင်းတို့ကို
နက်ဖြန် စာချဖို့ ခေါ်တာ” ဟု မိန့်တော်မူ၏။


## PAGE 366


၃၁ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

တစ်ခါက မန္တ လေး မစိုးရိမ်ကျောင်းတိုက်၌ ခေတ္တသီတင်းသုံး၍ တရားဟောတော်မူရာ
ရပ်ကွက်အသီးသီးမှ ရသမျှပစ္စည်းများ ကျောင်းကြီးတစ်ကျောင်းပေါ်၌ စုပုံထားရသည်။
သင်္ကန်းအထပ်ကြီးပင် နှစ်ခန်းအပြည့် လူတစ်ရပ်ခန့်ရှိ၏။ ထိုတိုက်မှ နာယက ဆရာတော်
ကလေး ဦးသူရိယ (ယခု အဘိဓဇမဟာရဋ္ဌဂုရု သက်တော် ၉၆-နှစ်ရှိ မစိုးရိမ် ဆရာတော်
ဘုရားကြီး) က စာရင်းလုပ်၍ ထိန်းသိမ်းထားရရာ ဆရာတော် မုံရွာပြန်မကြွမီ ထိုပစ္စည်းများ
မည်သို့ဝေဖန်ရမည်ဟု မိန့်ကြားမည့်စကားကို ငံ့လင့်နေ၏။ ပစ္စည်းအမျိုးအမည် အရေအတွက်နှင့်
တန်ဖိုးလည်း အဆမတန် များလှသဖြင့် စောင့်ထိန်းရသည်မှာ ဝန်လေးနေသည်။ ဆရာတော်ကား
ပြန်မည့်ရက်အထိ မည်သို့မျှ အမိန့် မရှိ၊ လျှောက်လည်း မလျှောက်မိ။ သို့နှင့် အမိန့်ရှိနိုး
စောင့်စားရင်း ဆရာတော်မှာ ရထားဖြင့် မုံရွာမြို့သို့ ပြန်ရန် ဘူတာသို့ ကြွသွားသည်။
ဦးသူရိယလည်း မတတ်သာသဖြင့် ဘူတာသို့လိုက်၍ ဖွင့်ဟလျှောက်ထားရတော့သည်။
ထိုအခါ ဆရာတော်မှာ အရေးမကြီးလေဟန်ဖြင့်-

"

“ဪ’မစိုးရိမ် ဆရာတော်ကလေးနှယ် ဖြစ်မှ ဖြစ်ရလေ၊ ဒါအတွက် တပည့်တော်ကို
လျှောက်မနေပါနဲ့။ သင့်တော်သလို စီမံပြီး ပရိယတ္တိ ကိုယ်တော်တွေကို ဝေဖန်လိုက်ရောပေါ့”
ဟု မိန့်တော်မူလိုက်၏။

ထောင်ကိုးရာရှိ တိုက်တွင်းသံဃာများနှင့် မြို့ပေါ်ရှိ စာချဆရာတော်များ မကျန်သလောက်
ခွဲဝေလှူဒါန်းရဖူးသည်ဟု ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အမိန့် ရှိသည်ကိုသာ မှတ်သား
ကြည်ညိုရဖူးပါသည်။

ဥပဋ္ဌာပေန္တိ ပရိသံ၊

ဓမ္မတော နောစ ကမ္မတော။
ဓမ္မံ ပရေသံ ဒေသေန္တိ၊

အတ္ထတော နောစ လာဘတော။

(ပါရာ ပရိယတ္ထေရဂါထာ။)

ပရိသံ-ရဟန်းရှင်လူ တပည့် ပရိသတ်ကို။ ဓမ္မတော- အသိဉာဏ် တိုးပွား၊
ကုသိုလ်များအောင် တရားဟူသော အကြောင်းကြောင့်သာလျှင်၊ ဥပဋ္ဌာပေန္တိ -
မိမိထံပါး၊ ခစား ဆည်းကပ်စေကုန်၏။ နောစ ကမ္မတော- မိမိ၏ အမှုကိစ္စကို
ဆောင်ရွက် ပြုလုပ်ပေးကြစေရန် မဟုတ်ကုန်။

အတ္ထတော-လောကုတ္တရာ အကျိုးစီးပွား၊ တိုးပွားစေလိုသောကြောင့်သာလျှင်။
ပရေသံ-သူတပါးတို့အား၊ ဓမ္မံ-တရားကို။ ဒေသေန္တိ-ချပို ့သင်ကြား၊ ရေးသား,
ဟောပြောကြကုန်၏။ နောစ လာဘတော- ကျော်စော သက္ကာ၊ လာဘ်လာဘ ရရန်
မဟုတ်ကုန်။ (ပါဠိတော်လာ ဂါထာကို ဗျတိရေကတ္ထပြင်၍ ပြောင်းပြန် ယူထားသည်။)
