## PAGE 370

၃၁၄


ဓမ္မာစရိယဦးဌေးလှိုင်

“လောကမှာ ခြေလက်မနိုင်တဲ့လူ၊ နှုတ်မနိုင်တဲ့လူတွေဟာ ခြေနဲ့၊ လက်နဲ့၊ နှုတ်နဲ့
လုပ်ရမယ့် အလုပ်ကို အကျိုးပြီးအောင် မလုပ်နိုင်ကြသလို စိတ်မနိုင်တဲ့ လူလဲ သည်အတိုင်းပဲ။ .
“စိတ်နဲ့လုပ်ရမယ့်အလုပ်မှာ အကျိုးပြီးအောင် မလုပ်နိုင်ဘူး။ “ဣတိပိသော တစ်ပုဒ်
ဆုံးအောင်ပင် ဘုရားဂုဏ်တော်၌ စိတ်စိုက်ပြီး မထားနိုင်ကြဘူး။ မထားနိုင်ရင် ပိဋကသုံးပုံ
ဆောင်နိုင်ဦးတော့ အကျိုးမပြီးဘူး၊ စိတ်ကိုမနိုင်တဲ့သူကို အရူးလို ့ ခေါ်တယ်မဟုတ်လား၊
အဲ....အရူးဟာ သူ့စိတ်ကို သူမနိုင်တော့ ထမင်းတစ်ပန်းကန်ကိုပင် ပြီးအောင် မစားနိုင်ဘူး။
ဖျက်ဆီးချေမွပြီး ထချင် ထသွားတယ်။ စိတ်အလုပ်ဖြစ်တဲ့ ဘာဝနာအလုပ်ကျမှ ဗိုလ်ကုန်းဆရာတို့
တပည့်တော်တို့တတွေဟာ ကိုယ့်ထမင်း ကိုယ်မစားနိုင်တဲ့ အရူးလိုပဲဆိုတာ ပေါ်တော့တယ်။

“တစ်နည်းအားဖြင့် ပြောရရင် စိတ်မနိုင်တဲ့လူဟာ ပဲ့မနိုင်တဲ့လှေသူကြီးနဲ ့ တူတယ်။
အချိန်မရွေး မြုပ်သွားနိုင်လောက်အောင် လေးလံတဲ့ဝန်တွေကို တင်ပြီး စုန်ဆင်းလာတဲ့
လှေသူကြီးဟာ ပဲ့ မနိုင်လေတော့ အစီးထန်တဲ့ ရေခဲမှာ ရေဆွဲသလို ခံပြီး မျောရတယ်။
ညအခါ ကမ်းစဉ်တစ်လျှောက်လဲ ဘာမှမမြင်ရသလို သံသရာဝဲထဲမှာ ဘုရားမပွင့်တဲ့ သုည
ကမ္ဘာကြီးတွေနဲ့ တိုးရ၊ နေ့အခါဖြစ်လို့ ဆိပ်ကမ်းတစ်လျှောက် သာယာတာကို မြင်ရပြန်တော့လဲ
ပဲ့မနိုင်လို့ ကပ်လို့မရ၊ မျှော်ကာကြည့်ကာ ချီးမွမ်းကာနဲ့ သမုဒ္ဒရာထဲ မျောပါသွားရလို
ဆိပ်ကမ်းသာတဲ့ သာသနာတော်ကြီးကို တွေ့မြင်ရပေမယ့် သမထဝိပဿနာ မဂ်ဖိုလ်နိဗ္ဗာန်
ဆိပ်ကမ်း သို့ မကပ်နိုင်။ သာသနာကို ကြည်ညိုတဲ့ ဘုရားဒကာ၊ ဘုရားအမ၊ သာမည
ရဟန်း စာတတ်ရဟန်း၊ တံဆိပ်တော်ရ ရဟန်းဘဝလောက်နဲ့ သုညကမ္ဘာ သံသရာပြင်ကြီးမှာ
လွင့်ကာလွင့်ကာ မျောပါနေကြရတာပဲ” စသည်ဖြင့် ဘဝ၏ အာဒီနဝ (အပြစ်)
ပြတော် မူ၏။ နောက်ညများတွင် နိဿရဏ (ထွက်ပေါက်) တရား သမထ ဝိပဿနာများကို
ဟောတော်မူသည်။

စာတွေ့ နှင့်လက်တွေ့ အထင်အားဖြင့် ကွာခြားသည် ထင်ရသော်လည်း တစ်ထပ်တည်း
ကျပုံ၊ ပါဠိတော်ကြီးများကို ကြည့်ရာ၌ သဲထဲ ရေသွန်လိုက်သကဲ့သို့ စူးဝင်နက်ရှိုင်းစွာ သိရ
ကြည်ညိုရပုံတို့ကို ရှင်းပြတော်မူသည်။ တည်းကျောင်းအတွင်း နှစ်ပါးတည်း ဟောပြော
နာယူကြရာ ဗိုလ်ကုန်းဆရာတော်မှာ နာရင်းနာရင်း ကြက်သီးတဖြန်းဖြန်း ထနေ၏။

“လယ်တီဆရာတော်ဟာ တကယ့် အရိယာ ပုဂ္ဂိုလ်ကြီးပါကလား” ဟု လျှပ်ပြက်သကဲ့သို့
အသိဉာဏ် ပေါက်လာ၍ ထပြေးချင်လောက်အောင် ကြောက်လည်း ကြောက်နေသည်။
“အတွေ့နောက်ကျလေခြင်း' ဟုလည်း နောင်တ ဖြစ်နေ၏။

ဆရာတော်သည် အလုပ်စခန်းနှင့် စပ်၍ ထွက်သက်ဝင်သက်ကို ဦးစွာ မလွတ်တမ်း
မှတ်ရန်နှင့် ကမ္မဋ္ဌာန်းရှုပွားနည်းကို ပရိကံ အခြေခံမှစ၍ ဟောတော်မူ၏။ ဓာတ်လေးပါး၊
ဝိညာဏ ဓာတ်ခြောက်ပါး ရှုပုံကိုလည်း အသေးစိတ် ညွှန်ပြသည်။

အာနာပါနဒီပနီ၊ ဘာဝနာဒီပနီ စသော ဒီပနီများသည် ... တရားအားထုတ်ရာ၌
အနားက ညွှန်ပြနေသည့် အဖော်ကောင်း ဆရာကောင်းကြီးများ ဖြစ်ကြောင်းကိုလည်း
ညွှန်ပြတော် မူလိုက်၏။


## PAGE 371

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၁၅

ဗိုလ်ကုန်းဆရာတော်လည်း သီးသန့် တရား သုံးညနာပြီး ဆရာတော်၏ ခြေအစုံကို
နဖူးနှင့်တိုက်၍ တောင်းပန်ခြင်း၊ အားကိုးခြင်း၊ ကျေးဇူးတင်ခြင်း စကားများ လျှောက်ထားကာ
ကျောင်းသို့ ပြန်လာခဲ့၏။ ကျောင်းသို့ ရောက်လျှင် အသင့်စီမံထားသော သပိတ်တစ်လုံး၊
သုံးထည်သော သင်္ကန်းဖြင့် မိမိပိုင် ကျောင်းတိုက်နှင့် တပည့်သံဃာ ဒကာ ဒကာမများကို
စွန် ့ခွာ၍ ညတွင်းချင်းပင် တိတ်တဆိတ် တောထွက်တော်မူလေ၏။

ရောဂါ ကယ်တင်ရေး လုပ်ငန်း

ဆရာတော်သည် ၁၂၇ဝ-ပြည့်နှစ်တွင် မော်လမြိုင်မြို့ ကျိုက်သံလန်တောင်လိပ်
အောင်လံတောင်၌ ဝါကပ်တော်မူ၏။ ထိုအခါ အထက်မြန်မာပြည်၌ ကာလဝမ်းရောဂါ၊
ပလိပ်ရောဂါများ အနည်းအကျဉ်း ဖြစ်စပြုနေသဖြင့် “ရောဂန္တရဒီပနီ” ကို ရေးသားတော်
မူသည်။

သီလ သမာဓိ ခေါင်းပါး၍ သတ္တဝါအများ ဆင်းရဲဒုက္ခ ရောက်နေရသည်ကို မကြည့်
ရက်၊ မိမိတတ်နိုင်သည့် ဘက်က ကယ်တင်ရန် ဆန္ဒပြင်းပြတော်မူ၏။ ငယ်စဉ်ကစ၍
ရောဂါခံစားနေရသူများအား အတတ်နိုင်ဆုံး ကူညီခဲ့သူပီပီ ယခုလည်း “အန္တရာယ်ကင်
ကမ္မဝါ၊ အမိန့်တော်ပြန်တမ်း၊ စက်ပရိတ်' စသော ဗုဒ္ဓမန္တန်များ ယုံယုံကြည်ကြည်နှင့်
ကပ်ဆိုးကြီးများမှ ကာကွယ်နိုင်ရန် ရေးသားတော်မူခြင်း ဖြစ်၏။

သို့ရာတွင် ဆရာတော်သည် အတုမဲ့ အစွမ်းထက်သော သစ္စာစသော လက်နက်ကောင်း
ကြီးများနှင့် ပရိတ်စသော ဗုဒ္ဓမန္တန်များအပေါ် အကြွင်းမဲ့ အားကိုးရမည့်အစား အင်းအိုင်
ခလှဲ့ လက်ဖွဲ့ စသည်တို့ကို လက်ခံမိလျက်သား ဖြစ်ခဲ့ရသည်။ စင်စစ် ထိုအတတ်များသည်
ဆရာတော်၏ ပင်ကိုယ်ခံယူချက်နှင့် ဆန့်ကျင်လှပေ၏။ ပကတိစိတ်နှင့် မဆီလျော်ခဲ့၊
ထိုအချိန်က အချို့ ဝိပဿနာ ယောဂီ ဆရာတော်များက ဆရာတော့် အပေါ်၌ ယုံကြည်
ကိုးစားမှု အနည်းငယ် လျော့ပါးခဲ့ကြရ၏။ စွယ်စုံပုဂ္ဂိုလ်ကျော်ကြီး ဖြစ်၍ မလွန်ဆန်ရဲကြ။
(နိဗ္ဗိန္ဒ ဆရာတော် အခန်းကြည့်ရန်။)

အမွှေဓာတ်တို့၏ သဘောသည် သိမ်မွေ့ ပိရိ၍ သိခက်လှပေ၏။ မည်သို့မျှ
မရှောင်မလွှဲသာအောင် ညှပ်ပူးညှပ်ပိတ် ချိတ်ဆက် အကွက်ဆင်၍ ဝင်လာတတ်သည်။
ထိုသဘောတရားများသည် ယောဂီအများပင် ခွဲခြားသိမြင်နိုင်သည် မဟုတ်။ အလုပ်ခွင်
မဝင်သော သူများအတွက် ယုံကြည်ရန် အပြောခက်လှပေ၏။ ထို့ကြောင့် ပရိယတ်တတ်တိုင်း၊
သက်စွန့်ကြိုးပမ်း အားထုတ်တိုင်း ပန်းမဝင်နိုင်ခြင်း ဖြစ်ကြရသည်။ မာရ၏ အင်ပါရာကား
ကျယ်ပြောလှ၏။ ထိုအနှောင့်အယှက် အခက်အခဲ လမ်းခွဲများကြောင့်လည်း ဆရာတော်၏
သီလ၊ သမာဓိ ပညာများ ပို၍ကြီးထွားခဲ့၏။ ဆရာတော့်ဝေနေယျလည်း ပို၍ များပြားခဲ့သည်။
ဆရာတော်သည် ထိုအချက်ကို မြင်တော်မူမည်သာ ဖြစ်၏။ ကောင်းမည့် ပုဂ္ဂိုလ်၌
အနှောင့်အယှက်သည် ပို၍ကောင်းရန် တုံးခုပေးသည့်နှင့်သာ တူလေသည်။


## PAGE 372


၃၁၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆရာတော် ရောဂန္တ ရဒီပနီ ရေးနေစဉ် ယိုးဒယားနယ်စပ်၌ နေသော ရသေ့ဆရာ
တစ်ယောက် ရောက်လာ၏။ ဆရာတော် ရောဂန္တ ရဒီပနီ ရေးသားသည်ဟု ကြားရ၍ ရောဂါ
ကုသရာ၌ အလွန်အစွမ်းထက်သော စမ, အင်းတစ်ခု လှူရန် လာခြင်းဖြစ်သည်။ ထိုအင်းကား
ရသေ့ နေသော ရွာကလေး၌ ပလိပ်ရောဂါဖြစ်စဉ် ညအိပ်မက်တွင် လူသူတော် ခုနစ်ယောက်က
လာပေးသော အင်းဖြစ်၏။ ထိုအင်းကို ဆောင်ခြင်း၊ ရေစိမ်သောက်ခြင်း စသည် ပြုလုပ်က
ရောဂါချက်ချင်း ပျောက်သည်ဟု ရသေ့ကလျှောက်၍ လှူသည်။ ထိုစမအင်းမှာ သက္ကတလို
ပြထမ-ပါဠိလို ပထမဖြစ်၍ ပ-ရရစ် ထ-ကို အလယ်၌ ထောင်ထား၏။

ပြည်မြို့ ဝိပဿနာကုန်းတောရ၌ နေစဉ်ကလည်း “တစ်ညတွင် ပြည်မြို့ရှိ သစ်ပင်ကြီးများ
အားလုံး မီးလောင်၍ ကိုယ်တိုင် ငြိမ်းသတ်ရသည်' ဟု အိပ်မက်မြင်တော်မူ၏၊ မကြား
ပြည်မြို့ တစ်မြို့လုံး ပလိပ်ရောဂါကြီး ကျရောက်လာသည်။ တစ်မြို့လုံး အထိတ်တလန့်
နေကြစဉ် ပန်ပဲဆရာ တစ်ဦးက “အိပ်မက်တွင် မြေစောင့်ဘီလူးက ပေးသော နှာနှင့်
ဝတ်ဖြူစင်ကြယ် ပုဂ္ဂိုလ်ကြီးကပေးသည် ” ဆိုသော စက်ကြီး ၁၃-ပါး ဂါထာစုတ်၍
ဆေးကုရာ၌ ကျော်ကြားလျက်ရှိစဉ် ဆရာတော်ထံလာ၍ ပညာလှူသည်။ ထိုအချိန်မှစ၍
ရာတော်သည် တရားပွဲကြီးများကိုပင် ရပ်ဆိုင်းကာ အနယ်နယ် အရပ်ရပ်သို့ လှည့်လည်
၍ ပလိပ်ကပ်နှင့် ဝမ်းရောဂါများကို မနားမနေ ကာကွယ်ပေးတော် မူရလေ၏။ (၁၂၇၂-
ခုနှစ် မှစ၍ ၁၂၇၄ ခုနှစ်ထိ အပူတပြင်း ဆောင်ရွက်ပေးတော် မူသည်။)

၁၂၇၅-ခုနှစ် စစ်ကိုင်းမြို့၌ ပလိပ်ရောဂါ ဖြစ်ရာ ဆရာတော်က အမိန် ့တော်ပြန်တမ်း၊
ကမ္မဝါ၊ ပရိတ်မျာဖတ်စေ၍ သေနတ်၊ သံချောင်း၊ သံပုံး၊ ကုလားတက်များကို ကျွက်ကျွက်
ညံအောင် တီးစေ၏။ ပရိတ်ချည်၊ သဲများလည်းပေးသည်။ လောက်လေးခွများ ဖြင့်လည်း
ပစ်ခတ်စေ၏။ စမလက်ဖွဲ့ကိုလည်း ဝေငှပေးသည်။ ရောဂါ ပျောက်ငြိမ်းလေ၏။ သို့ရာတွင်
“တပ်ကြီးတစ်တပ် မြောက်ဘက်သို့ မီးရထားလမ်းအဟိုင်း ချီတက်သွားသည်” ဟု
အိပ်မက်မက်ကြသဖြင့် သတင်းကိုနားထောင်ရာ မီးရထားလမ်းရှိမြို့ ရွာများ ဆင့်ကာဆင့်ကာ
ရောဂါဖြစ်ပွားလေ၏။ အိပ်မက်လည်း ထိုအတိုင်းပင် မြင်မက်ကြသည်။

ဆရာတော် ရွှေဘိုအထိ ကြွရလေ၏။ ရွှေဘိုသို့ကြွသောအခါ ကြိုတင်၍ တစ်မြို လုံး
မောင်းကြော်ငြာစေသည်၊ “တစ်မြို့လုံးရောဂါများကို လယ်တီဆရာတော် မောင်းထုတ်လိမ့်မည်။
မြို့သူမြို့သားများ ငြိမ်ဝပ်အေးချမ်းစွာ နေကြရမည်” ဟူ၏။ ထိုအခါ အမနုဿများသည်
“လယ်တီဆရာတော် ကြွလာပြီ၊ ငါတို့ ဒီမှာနေလို့ မဖြစ်တော့ဘူး” ဟု အိပ်မက်ပေးကာ
ထွက်သွားကြ၏၊ မောင်းကြော်ငြာရုံမျှဖြင့် ရောဂါများ ပျောက်ငြိမ်းကြ၍ ဆရာတော်အာ
အလွန်ချီးကျူးကြည်ညို ကြကုန်၏။ တာဝန်ပိုလေတော့သည်။

ကပ်ရောဂါကြီးသည် နောက်ကလိုက် ရှေ့ကပြေး ဖြစ်နေ၏။ မီးခိုးကြွက်လျှောက်
လိုက်၍ နှိပ်နင်းနေရသည်။ နောက်ပိုင်း ၁၂၇၄-ခုတွင် မန္တ လေး၊ မိတ္ထီလာ၊ မြင်းခြံ စသည်
အနှံ့အပြား ဖြစ်ပွားရာ ရဟန်း သံဃာများပင် ထွက်ပြေး တိမ်းရှောင်နေကြရသဖြင့် မြို့ကြီ
ပြကြီးများ သာသနာကွယ်၍ ကျီးလန့်စာစား ဖြစ်ကြရကုန်၏။ ထိုအခါ ဆရာတော်မှာ ပို၍

