## PAGE 376


၃၂ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

ကြာမြင့်စွာ ရွပ်ရွပ်ချွံချွံကြီး ရွတ်ဖတ်ပူဇော်ခြင်းကို ပဋိပတ် အလုပ်ခွင်၌ တင်၍ စဉ်းစားသော်
ရိုးရိုးကြီး စဉ်းစား၍ မရသည်ကို လက်ခံနိုင်ကြပေလိမ့်မည်။ အဖြေကို စဉ်းစားသောအခါတွင်မူ
ရှုမြင်ပုံချင်း တူညီကြမည် မဟုတ်။

သဒ္ဓါသန်သူများက ကမ္မဋ္ဌာန်းလုပ်လျှင် လုပ်သလောက် ဘုရားရှင်၏ ကျေးဇူးဂုဏ်များကို
ပို၍ မြင်ကြရ၏၊ အပဒါန်ပါဠိတော်လာ မထေရ်ကြီးများပင် ဘုရားရှင့် ဂုဏ်ကို ထုတ်ဖော်
ချီးကျူးလေ့ ရှိကြသည်။ အာနာပါနကိုပွားလျှင် သတိပဋ္ဌာန် လေးပါးစသော ဗောဓိပက္ခိယ
တရားများ တစ်ဆင့်ပြီးတစ်ဆင့် တစ်သီကြီး ရှုမြင်ကြရ၏။ ထိုအခါ သဗ္ဗညုတ ဉာဏ်တော်
ကြီးကို အံ့ချီးမကုန် ရှိကြရသည်။

ရွတ်ဖတ်မှုမှ စိတ်၌ဆင်ခြင်မှု၊ ဆင်ခြင်မှုမှ လက္ခဏာရေးသုံးပါးမြင်မှုသို့ ရောက်
နိုင်ကြောင်း “ဝိသုဒ္ဓိမဂ်နှင့် သမ္မောအဋ္ဌကထာ' ၌ ပြ၏။ ရွတ်ဖတ်မှသည်လည်း အချည်းနှီး
မဟုတ်။ ထို့ကြောင့်လည်း “သဂါထာဝဂ် သံယုတ်၌” “သဇ္ဈာယက မထေရ်” သည် မိမိရွတ်သော
အသံများ ချုပ်ပျောက်သွားသည်ကို ဆင်ခြင်ရင်း ရဟန္တာ ဖြစ်သွားသည်လည်း ရှိ၏။ ဤသို့
အကောင်းမြင် ယူဆကြပေလိမ့်မည်၊ သို့ရာတွင် ရွတ်ဖတ်မှုသည် ရှုပွားမှုလောက် အကျိုး
မသက်ရောက်ပေ။

အလုပ်ခွင်၌ရှိကြသော ပုဂ္ဂိုလ်တို့၏ အမြင်အရဆိုလျှင် သည်နာမ်နှင့် သည်ခန္ဓာကိုယ်
ကြီးကို အချိန်ပြည့် အလုပ်ပေးကာ ဆရာတော်၏ ပဋိဝေဓ၊ သို့မဟုတ် အခြားကြီးမားသော
သာသနာ အကျိုးတစ်ခုခုကို အချိန်ဆွဲထားလိုက်သော (ဝါ) လမ်းလွှဲပေးလိုက်သောအာရုံကြီး
ဟုပင် ပြောဆိုကြကုန်၏။

တရားအားထုတ်ရင်း သဒ္ဓါပေါက်လာ၍ ဆန်တစ်တင်း ထ, ချက်ပြီး ဆွမ်းတော်
တင်သည်နှင့် တူလှသည် ဟူလို။

ဗမာကို ကမ္ဘာကသိသည်မှာ ဗုဒ္ဓဝါဒ

ဆရာတော်၏ သမိုင်းတွင် နိုင်ငံခြားသာသနာပြု အခန်းသည်လည်း အလွန် ထူးခြား
ပြောင်မြောက်သော အခန်းတစ်ခု ဖြစ်၏။ ဆရာတော်၏ ကျေးဇူးဂုဏ်ကို မြန်မာပြည်သားတို့
သာမက နိုင်ငံခြားသားတို့လည်း ခိုလှုံကြရသည်။

“နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြု အသင်းကြီး” ကို ၁၂၇၅-ခုနှစ် နယုန်လဆန်း
၁၅-ရက်နေ့မှစ၍ တည်ထောင်ခဲ့၏။ မန္တ လေးမြို့ကို ဗဟိုပြု၍ အဖွဲ့ခွဲ (မြို့)ပေါင်း နှစ်ဆယ်
ကျော် ဖွဲ့စည်းနိုင်ခဲ့သည်။ ငွေကျပ် တစ်သိန်းခန့် မ, တည်ခဲ့၏။ သတင်းစာများနှင့်တကွ
တစ်ပြည်လုံးက ထောက်ခံအားပေးခဲ့သည်။

ထိုအချိန်က ရုရှနှင့် ဥရောပနိုင်ငံတို့၌ ပါဠိစာပေ လေ့လာသူများ၊ ကျွမ်းကျင်သူများ
ပေါများနေပေပြီ။ လွန်ခဲ့သော နှစ်တရာ ကျော်ကတည်းက လေ့လာ လိုက်စားလာကြရာ
၁၈၅၀-ပြည့်နှစ်ကပင် ရုရှပြည် စိန်ပီတာ စဘတ်မြို့ (ယခု လီနင်ဂရက်မြို့ ) ၌ ပါမောက္ခ


## PAGE 377


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၂၁

များ ဦးစီး၍ ပါဠိ- ရုရှအဘိဓာန် ရေးနေကြလေပြီ။ ဥရောပ၌ လည်း ၁၈၇၅-ခုနှစ်ကပင်
ချစ်လ်ဒါး၏ ပါဠိ-အင်္ဂလိပ် အဘိဓာန် ထွက်နေပြီ။

ဓမ္မပဒ လက်တင်ဘာသာပြန် (၁၈၅၅)၊ ဇာတ်အံဋ္ဌကထာပါဠိ (ရောမအက္ခရာ ဖြင့်
ခြောက်အုပ်၊ ၁၈၇၇)၊ ဝိနည်းပါဠိတော် ငါးကျမ်း (၁၈၇၉) စသည်ဖြင့် မြန်မာပြည်တွင်
ပုံနှိပ်ပါဠိစာအုပ်အနေဖြင့် ကျမ်းများ မရှိသေးခင်ကပင် ဥရောပ၌ လေ့လာထုတ်ဝေနေကြပြီ။
၁၈၈၁-ခုနှစ်တွင်ကား ပါဠိပညာရှင်များ စုပေါင်း၍ “ပါဠိတက်စ်ဆိုဆိုက်ယတီး' ခေါ်
လန်ဒန်ပါဠိ စာတော်မူအသင်းကြီး တည်ထောင်နှင့်ပြီး ဖြစ်ကြသည်။ “ဂရိတ်ဘရိတန်
အိုင်ယာလန် ဗုဒ္ဓသာသနာပြု အသင်းကြီး' ကိုလည်း ၁၉ဝ၇-ခုနှစ်တွင် တည်ထောင်၍
ဂျာနယ်မဂ္ဂဇင်းများဖြင့် ဗုဒ္ဓဘာသာကို ဆွေးနွေးလာခဲ့ကြသည်။

ဥရောပတိုက်သားတို့သည် ဗုဒ္ဓဘာသာ ရှုထောင့် အရသာမဟုတ်။ ရှေးဟောင်း
ကမ္ဘာ့စာပေကြီး တစ်ရပ်အနေဖြင့်လည်း ပါဠိကို အပတ်တကုတ်လေ့လာခဲ့ကြ၏။ မဟာဝံသ
ပါဠိနှင့် အသောက ကျောက်စာတို့မှစ၍ ပါဠိစာပေများကို ကျောက်စာဖတ် သကဲ့သို့
လည်းကောင်း၊ ကျောက်ဆစ်သကဲ့သို့ လည်းကောင်း တစ်တိတစ်တိ စမ်းတဝါးဝါး ဖတ်ရှု
ရာမှ ကမ္ဘာကျော် ပါဠိအဘိဓာန်ကြီးများ ရေးသားနိုင်သည်အထိ . အောင်မြင်ခဲ့ကြ၏။
စာပေဟောင်းကြီးတစ်ခုအဖြစ် လေ့လာရာမှ တန်ဖိုးမဖြတ်နိုင်သော ဗုဒ္ဓဘာသာ၏ အနှစ်
သာရများကိုမြီးစမ်းအရသာခံခဲ့ရာမှ ရှေ့သို့တိုး၍သာ အရသာခံလိုစိတ်များ ဖြစ်ပေါ် လာကြ၏။

လူ့ဘဝ၏ ချမ်းသာအစစ်အမှန်ကို ပေးမည့် ဘာသာစာပေကြီး ဖြစ်ကြောင်း
မမှိတ်မသုန် ယုံကြည်လက်ခံလာကြသည်၊ သို့ရာတွင် ဗုဒ္ဓ၏ စာပေများ၊ ပါဠိတော်များကို
လုံးစေ့ ပါဌ်စေ့ အသုံးချ ဘာသာပြန်နိုင်သော. အဆင့်သို့ကား မရောက်နိုင်ခဲ့ကြပေ။

ထိုအချိန်၌ မြန်မာပြည်တွင် လယ်တီဆရာတော်၏. အမျိုးမျိုးသော ဒီပနီ ဘာသာရေး
အလင်းရောင်များ ကွန့်မြူးခိုက်နှင့် တိုက်ဆိုင် ကြုံကြိုက်ရလေ၏။ ဗုဒ္ဓဘာသာ ပါဠိစာပေမှ
သိခက်နက်ရှိုင်းသော ဝေါဟာရများကို ထုတ်ဖော်ပေးနိုင်မည့် ပုဂ္ဂိုလ်ကြီးအဖြစ် ယုံကြည်
အားကိုးလာကြသည်။ ဆရာတော်ထံ ပါဠိဝေါဟာရ၊ ဗုဒ္ဓဘာသာ ခက်ဆစ် ခက်ရာနှင့်
အထူးသဖြင့် အဘိဓမ္မာ၌ မကျေလည်သော အချက်များကို ဖြေရှင်းပေးရန် စာအတန်တန်ဖြင့်
တောင်းခံလာကြသည်။ ဖြေရှင်း ရရှိသမျှကိုလည်း ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ကြ၏။
ဆရာတော်၏ သတင်းဂုဏ်သည် ကမ္ဘာကိုပင် ခြုံမိလေပြီ။

ယမိုက်အဖြေကျမ်း၊ နိယာမဒီပနီ၊ ယင်း အဖွင့်ဋီကာ၊ မူလပရိယာယ သုတ် အဖွင့်ဋီကာ၊
လန်ဒန်ပါဠိ ဒေဝီပုစ္ဆာအဖြေကျမ်း၊ သာသန သမ္ပတ္တိဒီပနီ၊ သာသန ဝိပတ္တိဒီပနီ၊ ပဋ္ဌာန
ဒေသဒီပနီ စသော ကျမ်းများကိုလည်း ပါဠိဘာသာဖြင့် ရေးသားခဲ့၏။ (အဖွင့်ဋီကာ -၂
စောင် ရှာဖွေ ထုတ်ဖော်သင့်၏။)

မစိုးရိမ် ဦးဉာဏ ဆရာတော်က ဥရောပသားတို့နှင့် သင့်တော်မည့် ဒီပနီကျမ်းများကို
ဒိုင်ခံ၍ အင်္ဂလိပ်ဘာသာ ပြန်ပေးတော်မူခဲ့၏။ ဆရာတော့် ဒီပနီတို့ကား မြန်မာ အဋ္ဌကထာ
ကြီးများပင်တည်း၊


## PAGE 378


1.

၃၂၂

ာစရိယဦးဌေးလှိုင်

သိပ္ပံပညာအပေါ် ဆရာတော့်အမြင်မှာ အံ့သြလောက်ပေ၏၊ ထိုခေတ်ကား သိပ္ပံထွန်းကား
ခါစသာ ရှိသေးသည်။ အလွန်နက်နဲသိမ်မွေ့လှသော အဘိဓမ္မာတရားများသည် မျက်စိနား
ကြီးသော သိပ္ပံပညာရှင်များနှင့် လိုက်ဖက်သည်ဟု ဆရာတော် ခံယူထား၏။ (နိုင်ငံခြား
သာသနာပြု သြဝါဒများကို ရှုပါ။)

ထိုအခါ အင်္ဂလန် ပါဠိအသင်းကြီးမှ ပါဠိ အဘိဓာန် တစ်ခု ပြုစုရန် စိုင်းပြင်းကြ၏။
၁၈၅ဝ-ပြည့်နှစ်က စတင်ရေးသားသော ပါဠိ’ရုရှ အဘိဓာန်လည်း အကြောင်းအမျိုးမျိုးကြောင့်
၁၉၁၈-ခုနှစ်တိုင်အောင် အဆုံးမသတ်နိုင် ရှိခဲ့သည်။ ပါဠိစာတော်မူအသင်းကြီး ကိုယ်တိုင်
ကလည်း ထိုဝေါဟာရပုဒ်များကို မှာယူစုဆောင်း၍ အဘိဓာန်တစ်ခု ရေးရန် စီမံကြ၏။
လယ်တီဆရာတော် ဦးစီးသော နိုင်ငံခြား သာသနာပြု အသင်းကြီးကိုလည်း ပါဠိအဘိဓာန်ကြီး
တစ်ခု ကူညီရေးသားပေးရန် တောင်းခံကြလေသည်။

ထို့ကြောင့် ဆရာတော်သည် ယင်းသို့ ကြီးလေးသော တာဝန်ကြီးကို ဆောင်ရွက်နိုင်ရန်
မန္တ လေးမြို့တွင် စာသင်စာချ နာယက အများဆုံးရှိသော မစိုးရိမ်တိုက်ကို အကူအညီ တောင်း
ခဲ့သည်။ ထိုတိုက်ကား သင်ကြားပို့ချမှုနှင့် စည်းကမ်းတွင် အကောင်းဆုံး ဖြစ်၏။ နာယက
ဆရာတော်များသည် သက္ကတ၊ အင်္ဂလိပ် ဘာသာများကိုပါ အလုပ်ဖြစ်အောင် ကျွမ်းကျင်
ကြသည်။

တစ်ခါက ယင်းအဘိဓာန် ကိစ္စဖြင့် မစိုးရိမ်တိုက်၌ ညအိပ်ညဉ့်နေ သီတင်းသုံးတော်မူခိုက်
ကျောင်းအောက်ထပ်၌ ဆရာတော်ကလေး ဦးသူရိယ (ယခု တစ်ပါးတည်းသော အဘိဓဇ
မဟာရဋ္ဌဂုရု။ ၉၆-နှစ်)နှင့် လယ်တီဆရာတော်၏ တပည့်ဓမ္မကထိက ဘုန်းကြီးတစ်ပါး
စကားလက်ဆုံကျနေကြရာ ဦးသူရိယက “ဘုန်းကြီး၊ ကိုယ်တော်တို့ တရားဟော ကောင်းလှ
တယ်ဟု ပြောကြတယ်။ တပည့်တော်ကို သံဝေဂဖြစ်အောင် ဟောပြပေးစမ်းပါ” ဟု ပြော
ရာ ဓမ္မကထိက ဘုန်းကြီးက-

“ကိုယ်တော် အဘိဓမ္မာစာတွေ .. သည်လောက်တတ်နေတာ သံသရာ ဘေးကြီး
မကြောက်ပဲကိုး” ဟု ဆိုလေသည်။

“မကြောက်လို ့ သည်လိုနေတာပေါ့ ကိုယ်တော်” ဟု ဆိုသဖြင့် “မကြောက်ဟောရ
သေးတာပေါ့” ဟု ပြောကာ သံဝေဂ ဖြစ်ဖွယ်များကို ဆယ့်ငါးမိနစ်ခန့် ဟောပြ၏။

“ကဲ....ကိုယ်တော်၊ ဘယ့်နှယ်လဲ မကြောက်သေးဘူးလား” ဟု မေးရာ “ဟင့်အင်း
ဘပည့်တော်ဖြင့် မကြောက်သေးပေါင်” ဟု ဆို၍ နာရီဝက်ခန့်ထပ်၍ ဟောပြန်ရာ--
“တပည့်တော်ဖြင့် ဘယ်လိုမှ မနေပေါင်” ဟု ဆို၍ ဓမ္မကထိကမှာ အောင့်သက်သက်နှင့်
တရားပွဲ သိမ်းလိုက်ရ၏။

လျက်-

နောက် ဆရာတော်အား သွား၍ လျှောက်သဖြင့် ဆရာတော်က ဦးသူရိယအား ခေါ်

“မစိုးရိမ် ဆရာတော်ကလေး......ဒီ ဓမ္မကထိက ကလဲ ဝေနေယျဇ္ဈာသယ မသိရှာပဲကိုး။
ဦးသူရိယ ဒီအရွယ် ဒီပညာတွေနဲ့ သံဝေဂ မဖြစ်ပါနှင့်ဦး၊ တပည့်တော်တောင်းပန်ပါရစေ။

