## PAGE 379

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၂၃

ကိုယ်တော်တို့နှင့်တွဲပြီး ပရိယတ္တိသာသနာပြုစရာတွေ အများကြီးရှိပါသေးတယ်။ ငါးဆယ်
ကျော်လို ့မှ သံဝေဂမဖြစ်ရင် တပည့်တော် ဟောပေးပါ့မယ်။ ယခု ပါဠိအဘိဓာန်ကြီး ပြီးစီး
အောင် ကြိုးစားကြပါဦး” ဟု မိန့်တော်မူ၏။

ယင်းပါဠိ အဘိဓာန်ကြီးကို ပါဠိတတ် တပည့်သုံးရာကျော် အကူအညီယူ၍ အပိုင်း
လေးပိုင်း ခွဲပြီး ၁၂၇၈-ခုနှစ်မှ စတင်ရေးသားခဲ့ကြရာ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်
ခဲ့ကြရသည်။ ၁၂၉၈-ခုနှစ် အနှစ်နှစ်ဆယ် ခရီးတွင် စာမျက်နှာ ၁၁၃၄-မျက်နှာ၊ အုပ်ရေ
အားဖြင့် အုပ်ကြီး လေးအုပ် ထွက်ပေါ်ခဲ့၏။ နောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ထို
လုပ်ငန်းကြီး ရပ်ဆိုင်းသွားခဲ့သည်။ (ယခု ထိုလုပ်ငန်း လက်ငုပ်ကို ဗုဒ္ဓသာသနာအဖွဲ့က
ဆက်လက် အကောင်အထည်ဖော်လျက် ရှိရာ မကြာမီ ပြည့်စုံသော ပါဠိအဘိဓာန်ကြီးတစ်ခု
မြန်မာပြည်က ထုတ်ဖော်နိုင်ကြပေတော့မည်။)

ယင်းသို့ ဆရာတော်၏ ကျေးဇူးကြောင့် အင်္ဂလန် ပါဠိအသင်းကြီးကလည်း ပါဠိ-
အင်္ဂလိပ်အဘိဓာန်ကြီးတစ်ခု ထွက်ပေါ်နိုင်ခဲ့၏။ (၁၉၂၁-၂၅။) ပါဠိ တိပိဋကံ ကွန်ကောဒင်းစ်
အဘိဓာန်၊ ကရီတိကယ်လ် ပါဠိ အဘိဓာန် (၁၉၅၂) များလည်း ထွက်ဆဲ ထွက်လတ္တံ့ ရှိပေ
သည်. .

စင်စစ်အားဖြင့် ယနေ့ ကမ္ဘာအရပ်ရပ်၌ လုပ်ဆောင်ခဲ့ လုပ်ဆောင်ဆဲ ဖြစ်သော ပါဠိ
အဘိဓာန်လုပ်ငန်းကြီးများလည်း ဆရာတော် ပျိုးခဲ့သော အမွေများဟု ဆိုလျှင် မမှားနိုင်ချေ။
အင်္ဂလန် ပါဠိအသင်းမှ အဋ္ဌကထာများကိုပါ အင်္ဂလိပ်ဘာသာပြန်ရန် ယနေ့ပင်လျှင်
မြန်မာပြည်မှ ပါဠိပညာရှင်များထံ အကူအညီ တောင်းခံလျက် ရှိ၏။ “ဗုဒ္ဓဘာသာကို
အင်္ဂလိပ်လို ဖတ်ရမှ” ဟု ဆိုသော မြန်မာပြည်မှ ပုဂ္ဂိုလ်များ အရင်းအဖျား စဉ်းစားဖွယ်
ဖြစ်ပေ၏။

..

အကယ်အားဖြင့် လန်ဒန်ပါဠိ ဒေဝီခေါ် ဥရောပထိပ်တန်း ပါဠိပညာရှင် ရီးစ်ဒေးဗစ်တို့
ဇနီးမောင်နှံပင်လျှင် ဗုဒ္ဓဘာသာ၌ သက်ဝင်ချဉ်းကပ်ပုံ မတည်ငြိမ်ခဲ့ကြ၊ သူတို့ ရေးသားချက်
များလည်း ဘောင်ဘင်ခတ်နေ၏။ လုံးဝဆန့်ကျင်သော ထာဝရ အတ္တပုံစံခွက်၌ အနတ္တကို
မဝင်ဝင်အောင် လိုသလို ဆွဲဆန့် လှည့်ဖယ်ရိုက်သွင်းရင်း တစ်ဘဝ ကုန်ခဲ့ကြရရှာလေပြီ။

စိတ်သွားတိုင်း ကိုယ်ပါ အာဇာနည် တန်ခိုးရှင်

ပဋိပတ္တိ အလုပ်နှင့်စပ်၍ ရဟန်းတော်များသည် အထူးလျှို့ဝှက်တော် မူကြ၏။
အပ္ပစ္စတာ ဂုဏ်ပင်တည်း။ ဝိနည်း ဥပဒေကလည်း ထိုကိစ္စ၌ တင်းကြပ်လှပေ၏။ ရံခါ
အတွင်းနေ တပည့်များထံမှ တစ်စွန်းတစ်စ သိကြရသည်။ (သူတစ်ပါး စိတ်အကြံ သိပုံကို
နိဗ္ဗိန္ဒ ဆရာတော် အခန်း၌ ကြည့်ပါ။ မီးမထွန်းဘဲ ညအခါ စာရေးနိုင်ပုံကို သေကျွတောင်
ဆရာတော် အခန်း၌ ကြည့်ပါ။) ဆရာ့အရည်အချင်းကို အကဲခတ်နိုင်သော တပည့်လည်း
ရှားလှ၏၊ သဒ္ဓါသလောက် ပုံကြီးမချဲ့ဘဲ ရိုးဖြောင့် တော်တည့်စွာ ပြောဆိုတတ်သော


## PAGE 380


၃၂၄

တပည့်မျိုးကား ပို၍ ရှားသည်။

ဓမ္မာစရိယ ဦးဌေးလှိုင်

ဤ၌ ဆရာတော်၏ ပဋိပတ် စွမ်းရည် တစ်စိတ်တစ်ဒေသကို ပျော်ဘွယ်ဆရာသက်ကြီး
ထံမှ အနည်းငယ် သိရှိ ကြည်ညိုရသည်။ သူကား ဆရာတော်နှင့် ဆယ်နှစ်ခန့် တောအနှံ့
လိုက်ပါအားထုတ်ဖူးသူ ဖြစ်၏။ လုပ်ကြံခြင်း၊ ချဲ့ထွင်းခြင်း မရှိနိုင်သည်မှာလည်း သေချာ၏။
သူကား အနာဂါမ်ဟု ကျော်ကြားသူတည်း။ ဆရာတော် ကိုယ်တိုင် တိုက်တွင်းရှိ သံဃာ
များအား ဆရာကြီးထံ တရားနည်းခံ ထိုင်စေဖူး၏။ ဆရာတော် အထူးယုံကြည် ကိုးစားသော
တပည့်ကြီး ဖြစ်သည်။

တစ်ခါက ဆရာတော်ထံ ကန်တော့ရောက်စဉ်...

“ဆရာတော်ဘုရား၊ တပည့်တော်ဟာ ဆရာတော့် တပည့်များတွင် စာမတတ်ပေမတတ်
ပရိယတ် အညံ့ဆုံး ဖြစ်ပါတယ်။ ဆရာတော့်အမိန့်အရ ကမ္မဋ္ဌာန်းပြရမည့် သာသနာပြု
အလုပ်ကြီးဟာ အလွန်ပင် သိမ်မွေ့ကြီးလေးလှပါတယ်။ ထို့ကြောင့် ဘုရားတပည့်ကြီး
လျှောက်ထားမေးမြန်းရန် ရှိသည့်အခါ တပည့်ကြီးထံ ကြွရောက် ချီးမြှောက်ပါ။ ကိုးကွယ်ရာ
ဖြစ်တော်မူပါ။ ဆုံးမသင့်တာ ဆုံးမပါ ဘုရား” ဟု လျှောက်ထားရာ....

“ငါ ပရိနိဗ္ဗာန်ပြုမည့် အချိန်ကျတောင် နင့်ကို ပစ်မထားဘူးဟဲ့” ဟုပင် ချီးမြှောက်ခြင်း
ခံရသူ ဖြစ်၏။ (လျှောက်ထားသော စကားများ အဓိပ္ပာယ်လေးနက်လှသည်။ ထိုစကားကို
ဆရာတော်နှင့် ဆရာကြီးတို့ နှစ်ဦးသာ သိကြသည်။)

ယခုအခါ ထိုဆရာသက်ကြီး၏ နည်းစနစ်အရ ကမ္မဋ္ဌာန်းပြလျက် ရှိသော ဌာနအများပင်
ရှိသည်။ ရန်ကုန် ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်၊ ဉာဏစာဂီ ရိပ်သာ၊ လယ်တီမူ ကမ္မဌာန်းတိုက်၊
ဆရာကြီး ဦးဘခင်ရိပ်သာ (အင်းလျားမြိုင်) နှင့် မန္တလေး မဟာဗောဓိရိပ်သာ စသည်တို့ဖြစ်၏။

ဆရာကြီးထံမှ တစ်ဆင့် မှတ်သားရသော ဆရာတော့် အကြောင်းအရာ များစွာအနက်
အချက်နှစ်ချက်မျှ ထုတ်ပြလိုပေသည်။

ဆရာကြီးသည် တစ်နေ့သောအခါ သူ၏လပည့် ယောဂီများ ဖြစ်ကြသော ဦးဘစိုး
အစ်မ ဒေါ်ဖွားရင်နှင့် တူ ဦးစံအေး (ယခုရှိသည်) တို့အား တရားထိုင်ရာ၌ မာရ်နတ်၏
လှည့်စားတတ်ပုံကို သူ့ကိုယ်တွေ့ သာဓကဖြင့် ဟောပြဖူး၏။ ထိုတွင် ဦးဘစို ဆိုသူကား
တရားဝင်တိုင်း ဝမ်းပျက်၊ ဖျားနာ၊ မူးဝေခြင်း စသည်ဖြင့် အမြဲတမ်း ကသိကအောက်
ဖြစ်လေ့ရှိသည်။ နောက်ဆုံး အိမ်သာတက်ရင်း တရားမှတ်မှသာ မှတ်လို့ရ၏။ ထိုအကြောင်း
အရာများကို ရည်ညွှန်း၍ ဟောပြခြင်း ဖြစ်သည်။ ထိုဟောပြချက်များတွင် အကြောင်းအရာ
တစ်ခုသည် ဆရာတော်နှင့်စပ်၍ မယုံနိုင်လောက်အောင်လည်း အံ့ဖွယ်ရှိသည်။

တစ်ခါက ဆရာကြီးသည် ရွှေကျင်မြို့မှ ရာဘာသူဌေး ဦးဘိုးသင်း၏ ပင့်လျှောက်ချက်
အရ ရွှေကျင်မြို့ ဓမ္မာရုံတစ်ခု၌ ရက်ရှည် တရားပြနေ၏။ ထိုအခါ လယ်တီဆရာတော်ကား
မုံရွာမြို့၌ သီတင်းသုံးနေသည်။ ဆရာကြီးသည် ထို၌ ရွာသူနတ်စိမ်း စသော အနှောင့်အယှက်များ
များစွာ တွေ့ ရ၏။ သို့သော် မာရ်နတ်သည် ဘုရားကို နိုင်ရိုးမရှိ၊ တစ်ခုသော ညနေခင်း၌
ဆရာကြီးသည် မြို့ပြင်သို့ လမ်းလျှောက်ထွက်သည်။ သွားရင်းသွားရင်းနှင့် မျက်စိလည်သွား၏။


## PAGE 381

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၂၅

တောနက်သည်ထက် နက်သွားသဖြင့် ဆက်၍မသွားဘဲ ညောင်ပင်တစ်ပင်အောက်၌ ထိုင်လိုက်ရ
သည်။ နေလည်း ဝင်လုဆဲ၊ လူစလူနလည်း မမြင်၊ ပြန်လည်း မပြန်တတ်။

“အင်း၊ ဒါမာရ်နတ်တပည့်တွေ လက်ချက်ပဲ။ သံသရာက ထွက်မယ့်လူမဟုတ်၊
တန်ခိုး ချမ်းသာဖြင့် သံသရာထဲ လည်မယ့်လူထင်အောင် ပုတီးစိပ်လေမှပဲ” ဟု အကြံရကာ
အိတ်ထဲ၌ ပါသော ပုတီးကို ထုတ်၍ ဂုဏ်တော်စိပ်လေသည်။

66

မကြာမီပင် ထင်းခွေသူမတစ်ဦးကို မလှမ်းမကမ်းတွင် တွေ့ရ၍ ဝမ်းသာသွားသည်။
“အင်း.....ရုပ်နာမ် အဖြစ်အပျက်ချည်းသာ မှတ်သွားရင် ဇရပ်ရောက်အောင် ပြန်လို့တတ်မှာ
မဟုတ်တော့ဘူး” ဟု စဉ်းစားမိကာ မိမိ ရုတ်တရက် အကြံပိုင်ပုံကို ခေါင်းညိတ်ရင်း
ထင်းခွေသူမအား အကျိုးအကြောင်းမေး၍ သူမနှင့်အတူပြန်ခဲ့ရသည်။ မကြာမီ သူမ လမ်းခွဲ
သွားသဖြင့် မြင်းလှည်းငှား၍ပင် ခရီးအတန်ကြာ စီးခဲ့ရသေး၏။ “မာရ်နတ်နှယ်၊ ယောက်ျား
အဖော်ကလေးထည့်ပေး တော်ဦးမယ်၊ ခုတော့ အချိန်မဲ့ မိန်းမသားအဖော်နဲ့” ဟုပင်
စဉ်းစားရင်း ပြုံးမိလေ၏။

ထို ဦးဘိုးသင်းဇရပ်၌ ရှေ့ပိုင်းကပင် အနှောင့်အယှက် အခက်အခဲ တော်တော်များများနှင့်
တွေ့ခဲ့ရသော်လည်း မိမိကပင် အနိုင်ရ၍ မထောင်းတာလှ။ ယနေ့ မျက်စိလည်သည်မှာ
အလွန်အခံရခက်နေသဖြင့် ညအိပ်ရာဝင် ဆီမီးပူဇော်ပြီး ဘုရားဝတ်ပြုစဉ် လယ်တီဆရာတော်
သီတင်းသုံးရာ အရပ်သို့ လှည့်၍ ရှိခိုးပြီး နောက်....

“ကျေးဇူးရှင် ဆရာတော်ဘုရား၊ ယနေ့ တပည့်ကြီး ဖြစ်ပျက်ပုံမှာ မခံချိ မခံသာ
ရှိလှပါသည်။ မျက်စိဝိညာဉ် သညာအသိ အားကိုးမှားမိပါသည်။ အကြံရတတ်သရွေ့ဖြင့်
ထွက်ပေါက် ရခဲ့ပါသော်လည်း စိတ်ထဲ၌ မရှင်းလင်းပါ။ နောင်အခါ ဤကဲ့သို့ မဖြစ်ရအောင်
တရားအဆုံးမ ပေးသနားတော် မူပါဘုရား” ဟု နှုတ်မှ လျှောက်ထားလိုက်သည်။

ထိုအခါ ဆရာတော်သည် ဘုရားခန်းသို့ ကြွလာပြီး ခင်းထားသော နေရာ၌
ထိုင်တော်မူ၏။ “ဆရာသက်၊ တစ်စုံတစ်ရာ အခက်အခဲတွေ့တိုင်း မိမိစိတ်မှာစနိုးစနောင့်
ဖြစ်တာကစပြီး မေတ္တာပဲ နာနာဖိပို့။ ပြီးရင် ဒီရုပ်နာမ် အဖြစ်အပျက်ကိုပဲ ရှဲ့ရိုးရှုစဉ် ရှုရမှာ
ပေါ့” ဟု မိန့်ဆိုပြီး ပြန်ကြွတော်မူ၏။

ကေသရာ ဉာဏ်အစွမ်းနဲ့ ဈာန်လမ်းကို အပြီးတိုင်

ယခု ပြလတ္တံ့သော အကြောင်းမှာလည်း အံ့ဖွယ်သရဲ ဖြစ်ပေသည်။ ဆရာတော်သည်
ဇရာဒုဗ္ဗလ အရွယ်တော်လည်း ကျဆင်း၍ စာဒဏ်ကြောင့် မျက်စိနှစ်ကွင်း ရောဂါပြင်းထန်ခိုက်
ဖြစ်၏။ မျက်စိရောဂါ ကုသရန် ရန်ကုန်ဗဟန်းသို့ ကြွလာ သီတင်းသုံးသည်။ ဆရာသက်ကြီး
လည်း ဒလ၊ ပျော်ဘွယ်ကြီးရွာမှ လာရောက် ဖူးမြော်ကန်တော့၏။

“အေး ဆရာသက်တို့လား၊ ဝမ်းသာစရာပဲကွယ့်။ မပြန်နဲ့အုံးနော်။ တပည့်အစွမ်းကောင်း
တွေ ဆုံတုန်း ရွှေတိဂုံဘုရားကြီး ဆွမ်းပန်းများ မလှူရတာလဲ ကြာပြီ။ ဆရာသက် နေနိုင်

