## PAGE 382


၃၂၆

ဓမ္မာစရိယ ဦးဌေးလှိုင်

သေးရဲ့ မဟုတ်လား” ဟု မိန့် တော်မူ၍ အိမ်ကို စာဖြင့် အကြောင်းကြားပြီး စောင့်ဆိုင်းနေရ၏။
အရက်နှစ်ဆယ်ခန့် ကြာလေသည်။ အကြောင်းကား ဆွမ်းပန်း ကပ်လှူရန် အဝအကျယ်
သံတောင်ကိုးတောင်ရှိ ကြေးလင်ပန်းကြီး တစ်ချပ်လိုသဖြင့် တပည့်ကြီးများက ပန်းတဉ်း
ဆရာအား အပ်နှံစေခိုင်းကြရ၏။ အဝ ကိုးတောင် အဆင့်ကိုးဆင့်ရှိ ထီးကြီးကိုလည်း
ပိုးရွက်အဖြူ
အမြိတ် တပ်၍ ချုပ်လုပ်ကြရသည်။

အားလုံးပြီးပြည့်စုံသောအခါ ကြေးလင်ပန်းကြီးတွင် ဆွမ်းနှင့် အသားလွတ် ဟင်းကိုးမျိုး၊
အသီးကိုးမျိုး၊ မုန့်ကိုးမျိုး၊ ယိုကိုးမျိုး ပြင်ဆင်ရ၏၊ ထီးကိုးဆင့် တွင်လည်း ပန်းတစ်မျိုးစီ
သီကုံး၍ တပ်ဆင်ထားကြရသည်။ အားလုံးစီမံ ပြီးသောအခါ ဆရာတော်အား လျှောက်ထား
ကြရ၏။

ဆရာတော်သည် တပည့် တစ်ဆယ့်ငါးဦးခန့်နှင့် တစ်ခုသော နံနက်လေးနာရီခွဲအချိန်
လှူဖွယ်ပစ္စည်းများကို ယူဆောင်၍ ရွှေတိဂုံကုန်းတော်ပေါ်သို့ ကြွတော်မူ၏။ ရင်ပြင်တော်ပေါ်သို့
ရောက်လျှင် စေတီခြေရင်း အမိုးအကာ အဆီးအတားမရှိသော လဟာပြင်၌ ကြေးလင်ပန်းကြီးကို
ဝိုင်း၍ ထိုင်လျက် မ, ကိုင်ထားစေ၏။ ကိုးဆင့်ထီးကြီးကိုလည်း လင်ပန်းပေါ်၌ တင်ထားရသည်။

“ကဲ…..တပည့်တို့၊ အင်မတန် လှူရခဲတဲ့ အလှူကြီးကွယ့်၊ မိမိတို့ ဆောင်ရွက်စီမံရတဲ့
ကုသိုလ်တွေကို ဝမ်းမြောက်ကြရမယ်။ ဘုရားရှင့် ကျေးဇူးတော် ဂုဏ်တော်တွေကို စိတ်ထဲမှာ
ကြည်ကြည်နူးနူး စူးစူးစိုက်စိုက်နဲ ့ ရွှင်မြူးထက်သန်စွာ အာရုံပြုကြ။ လင်ပန်းကို ကိုင်ထားတဲ့
တပည့်များကလည်း ရွရွကလေးကိုင်၊ လင်ပန်းက ကြွတက်လာရင် လက်ကို အသာဖော့ဖော့
ထားပြီး အလိုက်သင့် ကြွပေးကြရမယ်။ မီးအိမ်ပျံ လွှတ်သလိုပေါ့ကွယ်” ဟု မိန့်ဆိုမှာကြားပြီး
ဆရာတော်ကိုယ်တိုင် လက်နှစ်ဘက်ဖြင့် လင်ပန်းကိုထိ၍ ဘုရားအာရုံပြုတော်မူ၏။ အားလုံး
ငြိမ်နေကြသည်။

နာရီဝက်ခန့်အကြာ နေအရုဏ်လည်း တက်အလာတွင် ထီးမှ ပိုးသားအမြိတ်များ
တဖိတ်ဖိတ်လက်ကာ ကြွားရရား စွင့်ပျံလာကြ၏။ လက်ဝါးပေါ်တွင် တင်ထားသော ကြေး
လင်ပန်းကြီးလည်း တရွရွ ကြွတက်လာသဖြင့် လက်ကို အလိုက်သင့် ခံပေးကြရသည်။
“ဘန်းတော်ကြီး ကိုင်များသည် ထိုင်ရာမှပင် ထလျက် ကိုင်ကြရ၏။ လက်ကို မြှောက်နိုင်သမျှ
အထိ မြှောက်၍ မခံကြရာ ကိုးတောင်ရှိ ကြေးလင်ပန်းကြီးနှင့် ကိုးဆင့် ထီးကြီးသည်
ကောင်းကင်ယံသို့ တရွေ့ရွေ့ ပျံတက်သွားလေတော့၏။ အရုဏ်တက်စ တစ်လက်လက်
တောက်ပနေသော ပိုးသားထီးမှာ ငွေစေတီပမာ ကြည်နူးစရာ ရှိလှသည်။ . အားလုံး
မျက်စိတဆုံး တအံ့တသြ ဖူးမြော်ကြရသည်။ ကြည့်၍ မမြင်မှပင် ရွှေတိဂုံ ရင်ပြင်တော်မှ
ဆင်းလာခဲ့ကြ၏။

.

ဆရာတော်ကား နောက်မှပါလာသည့် ဆရာသက်ကြီးနှင့်တကွ တပည့်များအား
“သာသနာနောက်ဖျား၊ ပေါက်ဖွားကြဆူဆူ….ကေသရာဉာဏ်အစွမ်းဟာမို့၊ ဈာန်လမ်းကို
ပြီးတိုင်၊ ဝသီဘော်အစုံငါး၊ အကုန်သား စိုးရပိုင်နိုင်” တေးထပ်ကို ရွတ်၍ ပြတော်မူသည်။
ဤအကြောင်းအရာများသည် ဆရာကြီး ဆရာသက် ပြောပြချက် မူရင်းအတိုင်း


## PAGE 383

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၂၇

ဖြစ်ပါသည်။ အစိန္တေယျ ဘုရားရှင်၏ အစိန္တေယျတရားတော်အတိုင်း ကျင့်ကြံတော်
မူကြသော အရှင်မြတ်တို့၏ သီလ၊ သမာဓိ၊ ပညာစွမ်းရည်တော်တို့လည်း အစိန္တေယျပင်။
စကြာမင်း၏ ဘုန်းတန်ခိုး အသရေကို သူဖုန်းစားတို့ ကိုယ်ချင်းစာ၍ မရစကောင်းချေတကား။
မြင်သူသည် မြင်သူကိုလည်းကောင်း၊ မမြင်သူကို လည်းကောင်း မြင်၏။ မမြင်သူသည်
(ဝပ္ပထေရဂါထာ။)
မြင်သူကိုလည်းကောင်း၊ မမြင်သူကိုလည်းကောင်း မမြင်။

နတ်တို့ပင့်လှာ မြေပါတုန်ဟည်း ဆုံးခရီး

ဆရာတော် ဘုရားကြီးသည် လယ်တီတိုက်၌ ၁၃ ဝါမျှသာ သွားချည်ပြန်လှည့်
ဝါဆိုတော်မူဖူး၏။ ကျန်ဝါများကား ပြဆိုပြီး တောရဌာနများနှင့် မြင်းခြံမြို့၊ မင်းလှမြို့
ဖက်တန်းတောရ၊ သာပေါင်းမြို့၊ ရန်ကုန် ညောင်ကုန်း ကျောင်းတိုက်၊ ကျိုက်ဝိုင်း။ မန္တ လေး
လယ်တီစံကျောင်း၊ စစ်ကိုင်းတောင် စံကျောင်းနှင့် ဇေတဝန်ဆေးတိုက်၊ မြစ်သားမြို့၊
ကတွန်မြို့ သတ္တုတွင်း စသည်တို့၌ လှည့်လည် ဝါကပ်တော်မူသည်။ -

၁၂၈၃-ခုနှစ်မှစ၍ ပျဉ်းမနားမြို့ တွင် အများဆုံး သီတင်းသုံးတော်မူ၏။ ဇရာဒုဗ္ဗလ
အိုမင်းမစွမ်း ခန့်ကျန်းတော် မမူတော့ပြီ။ အသားအရောင်မှာ ဝင်းဝါ ကြည်လင်နေသော်လည်း
အသားအရေများ လျော့လျဲလျက် ရှိ၏။ (အရညဝါသီတောရ မှီသော ဝါ စုစုပေါင်း ၂၁-
ဝါဖြစ်သည်။)

၁၂၈၅-ခုနှစ် ဝါကား ပျဉ်းမနားမြို့ သူဌေး ဦးလန်း-ဒေါ်မမလေးတို့ တိုက်ကျောင်း၌
သီတင်းသုံးတော်မူ၏။ သက်တော် ၇၇-နှစ် ရှိပြီ ဖြစ်၍ ကျန်းမာရေး အဆိုးရွားဆုံးနှစ်
ဖြစ်သည်။ ထိုနှစ် နယုန်လလောက်ကစ၍ ခန္ဓာကိုယ်မှာ အိုတအိအိ ယိုယွင်းဆွေးမြည့်
ခဲ့၏၊ ဆေးဝါး အမျိုးမျိုးဖြင့် အစားထိုးသော်လည်း တစ်ခဏမျှသာ သက်သာ၏။

..

ထိုသို့ မကျန်းမမာရှိခိုက်မှာပင်- “ဟေ့-မောင်ဓမ္မစာရီ၊ ယခု ငါနိဗ္ဗာန်အဆုံးအဖြတ်
ရေးဦးမယ်။ ခုနေသာ ရေးလိုက်ရရင် အရင် နိဗ္ဗာန်တရားထက် အများကြီး လင်းလာမှာ၊
အစားအသောက် မျှတလာပြီး နေသာကောင်းပေ့စေဦး” ဟု ကြုံးဝါးတော်မူသေး၏။
ကိုယ်တော်ကား ယဲ့ယဲ့မျှသာ ရှိတော့သည်။

ဘဝသက်တမ်း၏ လေးပုံတစ်ပုံကို စာရေးခြင်း အလုပ်၌ မြှုပ်နှံခဲ့သော်လည်း
အားရတော် မမူလေ။ ဆရာတော်ကား ကျမ်းပြုဆရာတို့၏ စံချိန်ကို ချိုးခဲ့၏။ သင်ပုန်းကြီးမှအစ
နိဗ္ဗာန်အထိ ရေးခဲ့ပြီး မဟုတ်လော။

ဝါဆိုလတွင် အခြေအနေမှာပို၍ ဆိုးရွားလာခဲ့၏။ “နေမကောင်းနေပြီ” ဟု ထင်ဟော်
မမူသေး၊ အရပ်ရပ်ရှိ တပည့်ကြီးများပင် တဖွဲဖွဲ ရောက်လာကြ၏။

သေကျွတောင် ဦးတိလောက၊ ဦးပဒုမ၊ ဦးဝဏ္ဏိတနှင့် လယ်တီ ပဏ္ဍိတ
ဦးမောင်ကြီး....စသည်၊

“ငါများ မကျန်းမမာ ရှိလျှင် အဘိဓမ္မာ ပဋ္ဌာန်းပဉ္စာဝါရပါဠိတော်ကြီးကို ရွတ်ဖတ်ကြ


## PAGE 384

၃၂၀


ဓမ္မာစရိယဦးဌေးလှိုင်

ပဋ္ဌာန်းသံကြီး ငါကြားနာလိုသည်” ဟု မိန့်တော်မူခဲ့ဖူးသည်ကို တပည့်ကြီးများ တီးတိုးပြောဆို
တိုင်ပင်နေကြ၏။

ပထမ ဝါဆိုလမပြည့်မီ တစ်ရက်တွင် ဆရာတော် လက်ဖက်ရည်ကြမ်း ဘုဉ်းပေးခိုက်
တစ်ကျောင်းလုံး သိမ့်သိမ့်တုန်အောင် မြေငလျင် လှုပ်၏၊ ဆရာတော်က တပည့်ကြီးများအား
“ဒါ ဘာအဓိပ္ပာယ်လဲ၊ သိကြရဲ့လား” ဟု မေးတော်မူ၏။ အားလုံး ဆိတ်ဆိတ်နေကြစဉ်-
“လူ့ပြည်မှာ အဘိဓမ္မာတရား ဟောရတာ အားရလောက်ပါပြီ၊ နတ်ဗြဟ္မာတွေကို
တစ်လှည့်ဟောရန် အချိန်တန်ပါပြီလို့ လျှောက်တာကွယ့်” ဟု မိန့်တော်မူသည်။

"

မိုးညှင်း ဆရာတော်လည်း ကြေးနန်းရ၍ ပျဉ်းမနားသို့ ရောက်လာ၏။ ခြေတော်ကို
နဖူးဖြင့်ပွတ်၍ ဆရာတော်ရေးခဲ့သော “အနတ္တဒီပနီ’ ကို ဖတ်ပြသည်။

..

“အေး-ကောင်းလိုက်တာကွယ်၊ အနတ္တဒေသနာ နာရတော့ အဘဘုရား အနတ္တ
လက္ခဏာသုတ် ဟောပုံမြင်ပြီး ကြည်ညိုလိုက်တာ၊ ဘုရားရှင် ယခု ကြွလာသလိုပဲကွယ့်၊
“ချစ်သား လူပြည်မှာ တရားဟောပြီးပြီ၊ နတ်ဗြဟ္မာတွေကို တစ်လှည့် ဟောချိန်ကျပြီ” လို့
ခေါင်းရင်းမှာ ဘုရားရှင် ကြွလာပြီး မိန့်တော်မူသံလို ငါ့နားထဲမှာ ကြားနေရတယ်၊ အေး-
အေး ငါမရှိလို့ အားမငယ်နဲ့ ၊ ငါ့စာတွေရှိတယ်၊ ဝိပဿနာ သာသနာကြီး ကြိုးစားပြုရစ်ကွယ့်”
ဟုမိမှာတော်မူသည်။

လပြည့်နေ့ ၁၂-နာရီ အချိန်၌ ငလျင်တစ်ကြိမ် လှုပ်ပြန်၏၊ ထိုအခါ ဆရာတော်
ကိုယ်တိုင် ဦးတိလောက စသောတပည့်များအား ပဋ္ဌာန်းရွတ်ရန် အမိန်ရှိသည်။ တပည့်ကြီး
းလေးဦး တစ်လှည့်စီ ရွတ်ပြကြ၏။ နေ့ ၂-နာရီ မိနစ် ၃၀-တွင် ပဉ္စာဝါရပါဠိတော်ကြီး
အအဆုံး ရွတ်ဖတ်ပြီးသည်။ ရပ်စဲသွားသော ပဋ္ဌာန်းသံနှင့်အတူ ဆရာတော်၏ ဝိညာဉ်လည်း
တစ်ပြိုင်တည်း ချုပ်ငြိမ်းတော် မူလေ၏။ တိုက်ဆိုင်လွန်းစွာ့။

ဆရာတော် ထိုနှစ် ငါဘယ်မှာ ဆိုလေမည်နည်း။ ခုနှစ်ရက်ရှိလျှင် အလောင်းတော်ကို
ဦးလန်းတိုက်မှ လယ်တီစံကျောင်း (ယခု ဦးဉေယျကျောင်း) သို့ ပြောင်းရွှေ့ ပင့်ဆောင်ကြသည်။
သုံးကြိမ်မြောက် ငလျင်လှုပ်၏။ ကျောင်းလှေကားအနီးရှိ သရက်ပင်ခြောက်ကြီးမှာ အခေါက်
ပွေးပင် မရှိတော့ သော်လည်း ထိုရက်တွင် ရုတ်တရက် ရွက်နုများ ဝေဝေဆာဆာဖြင့်
တပေါင်းလ ဈာပနပွဲအတိ ပင်လုံးကျွတ် ဖူးပွင့်နေသည်မှာ ထူးခြားလွန်းလှသည်။

ဘုန်းကြီးပျံလွန်တော် မူလျှင် အလောင်းလုပွဲ ဖြစ်တတ်ကြသည့်အတိုင်း ဆရာတော်၏
အလောင်းကိုလည်း မုံရွာမှ တပည့်ဒကာများက မရမနေ တောင်းကြ၏။ ပျဉ်းမနားမြို့ကလည်း
မပေး။ ပုလိပ် အစောင့်ချထားကြရသည်။ မုံရွာမှ တပည်များက ဆရာတေ၏ ညီအရင်း
ဦးကိတ္တိကိုပါ ခေါ်၍ အလောင်းတော် ရရန် လာကြရာ ပျဉ်းမနားမှ ရှေ့နေတစ်ဦးက
အလောင်းတော် အနီးသို့ ကြွလာသော ဦးကိတ္တိအား “တပည့်တော်တို့ ယခုလို ခမ်းခမ်းနားနား
ပူဇော်ထားတာ သဘောကျပါရဲ့လား ဘုရား” ဟု လျှောက်ရာ ဦးကိတ္တိက “ကောင်းပါတယ်
ဒကာကြီး၊ သဘောကျပါတယ်” ဟု ပြောမိ၏။

ထိုစကားကို အမိဖမ်း၍ “ဆရာတော့် ညီကတောင် ယခုလို ပျဉ်းမနားမှာ ပူဇော်တာ

