## PAGE 385


ရဟန္တာနှင့်ပုဂ္ဂိုလ်များ

၃၂၉

သဘောကျတယ်လို့ ဆိုနေမှ ဘယ်သူအလိုမှ လိုက်စရာ မလိုဘူး” ဟု ဆိုသဖြင့် မုံရွာသား
တို့ အရှုံးပေးကြရလေ၏၊ သို့သော် ဦးကိတ္တိအား ဝိုင်း၍ ဆူကြပြောကြရာ ဦးကိတ္တိလည်း
မိမိနှုတ်ကြောင့် မလိမ့်တစ်ပတ် ခံလိုက်ရသဖြင့် ခေါင်းပုခြုံ အိပ်ပြီး စိတ်မကောင်း ဖြစ်ရရှာ
၏။ ပြန်လျှင် ဒီပဲရင်းကျောင်းသို့အရောက် မိမိကိုယ်ကို ကြိုးဖြင့် စီရင်၍ ပျံလွန်ရရှာသည်။

အလောင်းတော်ကို ပုတ်တို့ ပူဇော်ခြင်း

ထိုနှစ် တပေါင်းလပြည့်နေ့တွင် ခုနှစ်ရက် တိတိ ဈာပနပွဲကျင်းပ၏။ အင်္ဂလိပ်တိုင်း
မင်းကြီးများ၊ အရေးပိုင်များနှင့် အနယ်နယ်မှ ဆရာတော်ကြီးများ စုံညီလှသည်။

ရေစကြို မြို့နယ်၌ တောရနေသော ဘုန်းကြီးဦးနုလည်း ဈာပနပွဲ၌ရှိနေ၏။ သူကား
ဆရာတော် စစ်ကိုင်း၌ တရားဟောသည်ကို နာရ၍ သဒ္ဓါသဖြင့် ရဟန်းပြုပြီး ဝတ်ကြီးဝတ်ငယ်
ပြုစုလုပ်ကျွေးလျက် ဓုတင်နှင့်တကွ ပဋိပတ် အမွေခံ သားကြီး ဖြစ်၏။ ရဟန္တာဟု
ကျော်ကြားသည်။ ဘွဲ့ ဦးပညာသိဟ။ ဆရာတော် နေမကောင်းစကပင် ကြွလာပြီး ဝတ်ကြီး
ဝတ်ငယ် ပြုစုသည်။ ဆရာတော်ဆန္ဒရှိသော်လည်း အများက ရောဂါနှင့်မသင့်ဟု ထားသော
ဆေးဝါးများကို ဘုန်းကြီးဦးနုက အများမသိအောင် တိုက်လေ့ရှိ၏။ မေးလျှင် “ဆရာတော်
ခိုင်း၍” ဟု ဖြေကြားလေ့ရှိသည်။ ဆွမ်းခံစား၏။ အများနှင့်မရော၊ ရုက္ခမူဓုတင်ဆောင်၍
သစ်ပင်အောက်၌သာ နေလေ့ရှိသည်။ နာမည်ကျော် ပုဂ္ဂိုလ်ကြီးများ အသိုင်းအဝိုင်း၌
အရာမသွင်းကြ။

ထိုစံကျောင်းအတွင်းရှိ အုတ်ဂူ၌ လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရန် စီစဉ်ကာ နံ့သာထင်းများ
စီမံထားကြ၏။ သို့ရာတွင် အလောင်းတော်မှာ မပုပ်မသိုး ပကတိ ကျိန်းစက်နေသကဲ့သို့
ပျောင်းအိ ဝါဝင်းနေ၍ မီးမသင်္ဂြိုဟ်ရက်ကြ။ ရဟန်းရှင်လူ အများဆန္ဒဖြင့် မှန်စီရွှေချ
ခေါင်းသွင်းကာ အုတ်ဂူရှိ ပလ္လင်ပေါ်၌ တင်ထားပြီးလျှင် သံတံခါးနှစ်ထပ်ကို သော့ခတ်၍
ဂူပေါက်ကို အင်္ဂတေဖြင့် အသေ ပိတ်လိုက်ကြ၏။

သုံးရက်ခန့် ကြာလျှင် ကောင်းကင်မှ တူရိယာသံများ ကြားနေရသည်။ ထိုည ငလျင်
လည်း ဆက်တိုက် သုံးကြိမ်လှုပ်၏။ ဆရာတော်ကြီး သုံးဆယ်ကျော်လည်း အုတ်ဂူ အနီး၌
ညစဉ် ဆရာတော်၏ ကျေးဇူးစကားများ ဟောပြော ဆွေးနွေးလျက် ရှိကြသည်။ အုတ်ဂူမှ
မီးတစ်လက်လက် မြင်နေရသည်ဟု ကြားရသဖြင့် သွားကြည့်သောအခါ ငလျင်လှုပ်၍
ဂူပေါက် ပြိုကျနေသည်မှအပ ခေါင်းနှင့် သော့နှစ်လုံး ပကတိ ရှိနေ၍ အေးနေကြ၏။

$6

နောက် မသင်္ကာသဖြင့် သော့ဖွင့်ကြည့်ရာ အလောင်းတော် ပြာကျနေသည်ကို
တွေ့ကြရသည်။ အားလုံး ဝမ်းနည်းကြေကွဲကြ၏။ သတင်းစာ၌ “အလောင်းတော် အလို
အလျောက် တေဇောဓာတ် လောင်သွားကြောင်း” သတင်းပါလာသည်။ အရေးပိုင်၊ နယ်ပိုင်
တို့ ဦးစီး၍ ပုလိပ် စုံထောက်များ စေလွှတ်ကာ မုံရွာ၊ စစ်ကိုင်း မန္တလေးတို့၌ အပူတပြင်း
တရားခံ ရှာကြ၏။ ပျဉ်းမနားမှ မုံရွာပြန်ခရီးသည် စာရင်းကိုလည်း ဘူတာ၌ စစ်ဆေးကြသည်။

## PAGE 386


၃၃၀

ဓမ္မာစရိယ ဦးဌေးလှိုင်

“မုံရွာသားတို့ လက်ချက်’ ဟု ထင်ကြ၏၊ တရာခံကိုကား မတွေ့သေး။

ထိုအတွက် မကျေနပ်ကြသဖြင့် ရင်းနှီးသော ရဟန်းရှင်လူများ ပြန်မကြွကြ။ သုံးလ
ခန့် ရှိသောအခါ အစည်းအဝေး၌ အရေးပိုင်ကြီးက “ဒီကိစ္စ လက်သယ်မပေါ်လျှင် ဦးလန်း
နှင့် ဦးထွန်းလှိုင်တို့အား အပြစ်ပေးရမည်” ဟု ကြိမ်းရာ ဘုန်းကြီးဦးနုက ထ၍ “အပြစ်
မရှိသူကို အပြစ်မပေးသင့်ကြောင်း” ကန့်ကွက်သည်။

“ဒါဖြင့် လက်သယ်အစစ်ကို ပြောကြပါ၊ မပေါ်လျှင် ဦးလန်း၊ ဦးထွန်းလှိုင်တို့ကို
အပြစ်ပေးရလိမ့်မယ်” ဟု ဆို၍ ဦးနုက “လက်သယ်ဟာ ကျုပ်ပဲ” ဟု ဆိုလေ၏။
“ကိုယ်တော် ဘယ့်နှယ်လုပ်တာလဲ” ဟု ဝိုင်း၍ ဒေါသဖြစ်နေကြသည်။ ဘုန်းကြီး
ဦးနုကား ရဲတင်းစွာဖြင့်ပင်-

“ငါ ပျံလွန်တော်မူပြီး ခုနစ်ရက်ရှိလျှင် မင်း မီးသင်္ဂြိုဟ်ရစ်၊ ဘယ်သူ့မှ မတိုင်ပင်နဲ့လို့
ဆရာတော်ကြီး မှာခဲ့လို့ လုပ်တာပဲ၊ ခုနစ်ရက်ပြည့်စဉ်က အကြောင်းမညီညွတ်လို့ ခုမှလုပ်ရတာပဲ”
ဟု ပရိသတ်ရှေ့ ရပ်၍ ရှင်းပြသည်။

"

“အဖော် ဘယ်သူပါသေးသလဲ” ဟု မေးကြရာ-

“ဆရာတော့် ဆန္ဒပြည့်ဝစေရန် သမ္မာဒေဝနတ်တွေကို အကူအညီ တောင်းပြီး
လုပ်တာပဲ” ဟု ံဆိုကာ လုပ်ပုံကို ရှင်းပြသည်။

ထိုနေ့ည တစ်နာရီက နတ်များကို တိုင်တည်၍ အကူအညီ တောင်းပြီးလျှင်
့ပေါက်ကို တူရွင်းနှင့် တစ်ချက်ထိုးလိုက်ရာ ဆက်တိုက် ငလျင်သုံးကြိမ် လှုပ်ပြီး အုတ်များ
အလိုလို ပြိုကွဲကျလာသဖြင့် အနီးရှိ နံ့သာထင်းများဖြင့် မီးသင်္ဂြိုဟ်ကြောင်း ရှင်းပြရာ
ပရိသတ်အားလုံး အံ့အားသင့်ကာ မည်သို့မျှ မပြောတတ် ရှိကြ၏။ အပြစ်ပေးလိုက ပေး
ကြရန်၊ ထိုကိစ္စ မပြောရသေး၍ တစ်ခြား ဘယ်မှမသွားဘဲ နေခဲ့ကြောင်း ထပ်၍ပြောရာ
အပြစ်မပေးလိုပါ” ဟု ဆို၍ ဘုန်းကြီးဦးနုလည်း သပိတ်တစ်လုံး သုံးထည်သော
သင်္ကန်းဖြင့် ထိုအစည်းဝေးမှ ထွက်ခွာသွားလေတော့၏။ (ရဟန္တာဟု ကျော်ကြားသော
ထိုအရှင်လည်း ဂျပန်ခေတ်တွင် ရေစကြိုမြို့ ၌ ပျံလွန်သွားသည်။)

။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဓမ္မာဘိသမယနှင့် စပ်၍ ပညာရှိ
သူတော်ကောင်းကြီးအချို့က “ဈာန်အဘိညာဉ်ရ အနာဂါမ်” ဟု ယူဆလိုကြ၏။ - စာချ၊
တရားဟော၊ စာရေးခြင်း၌ အချိန်နှင့် အင်အားများကို သုံးမတ်သားခန့် မသုံးမူ၍ ဝိပဿနာ
အလုပ်၌သာလျှင် ဘဝအပြည့်၊ အချိန်အပြည့်၊ အင်အားအပြည့် (တစ်ကျပ်သားလုံးလုံး)
အသုံးချခဲ့သော် ရဟန်းကိစ္စပြီးလေရာ၏ ဟုလည်း ဝေဖန်ကြသည်။

အကြားအမြင်ရသည်ဆိုသော သူတို့ကမူ “ဆရာတော်သည် သုံးဆယ့်တစ်ဘုံ အတွင်း၌
ရှိနေသေး၏။ ထူးခြားတောက်ပြောင်သော ကိုယ်ရောင် ကိုယ်ဝါဖြင့် မရေမတွက်နိုင်အောင်
များပြားသော ပရိသတ်များအား တရားဟောလျက်ချည်း တွေ့မြင်ရသည်” ဟု ဆိုကုန်၏။
လယ်တီ ဂန္ထဝင်ကျော်များ သမိုင်းဆရာကမူ “ကျေးဇူးရှင် လယ်တီဆရာတော်
ဘုရားကြီးသည် ယခုအချိန်တွင် ဗြဟ္မာပြည် ဝေဟပ္ဖိုလ်ဘုံ၌ ရောက်နေသည်ဟု ပြောလျှင်


## PAGE 387


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၃၁

ယုံကြည်နိုင်သူဦးရေ များမည်မဟုတ်” ဟု မှတ်ချက်ရေးထားသည်ကို တွေ့ရ၏။ တိကျ
လွန်းလှသည်။ အဘယ်ကိုထောက်ဆ၍ အဘယ်မှ ရသော အချက်ဟုကား မသိရချေ။

စင်စစ် ထိုအဆိုပြုချက် အားလုံးသည် အလွန်နီးစပ်သော အဆိုများဟုပင် ဆိုသင့်၏။
ဆရာတော်၏ အရေးအသား၊ အကျင့်၊ ဥပဓိ၊ မိန့်ဆိုချက် စသည်များကို ခြုံ၍ ကြည့်ပါလျှင်
“ဈာန်အဘိညာဉ်ရသော အနာဂါမ်ကြီး’ ဆိုသည်မှာ အနည်းဆုံးသာ ဖြစ်သင်ရာပါ၏။
သို့သော် ထိုကိစ္စကား ကျွန်ုပ်တို့၏ အရာ မဟုတ်ပါချေ။

ဦးခေါင်း၌ မီးလောင်သူသည် မီးကို နောက်မှငြိမ်းသတ်၍ အရဟတ္တဖိုလ် မရောက်မချင်း
မထောက်မကွေ့ မရွေ့ မဝိုက် ပစ်လွှတ်လိုက်သော မြားပမာ ကျင့်တော်မူနိုင်ပါလျှင် မြန်မာနိုင်ငံ
ပဋိပတ္တိ သာသနာဝင်သည် ဆရာတော်၏ ပညာဓိက အရဟတ္တဖိုလ်အင်အားကြောင့်
ထို ့ထက် အဆပေါင်းများစွာ လင်းချင်းရမည်သာတည်း။

(လယ်တီ မဟာထေရုပ္ပတ္တိကထာ၊ လယ်တီ ဂန္ထဝင်ကျော်များ သမိုင်း၊ ဆရာ
သက်ကြီး အတ္ထုပ္ပတ္တိ၊ လယ်တီဒီပနီများနှင့် သူတော်ကောင်း ပညာရှိ လူကြီးသူမများထံမှ
ကြားသိမှတ်နာရသမျှ စေ့ရုံသား)

နိဗ္ဗာန်နှင့် အပါယ်လေးပါး ကြိုက်ရာသွား

“နိဗ္ဗာန်ချမ်းသာကြီးကို မြင်နေမှတော့ ချမ်းသာကလေးတွေ ပြတ်ပြတ်စွန့် ့။
အပါယ်လေးပါး ဆင်းရဲကြီးကို မြင်နေမှတော့ ဆင်းရဲကလေးတွေ ကြိတ်မှတ် သည်းခံ။”

-စစ်ကိုင်း မဟာဂန္ဓာရုံ ဆရာတော်။

