## PAGE 388


၃၃၂

လှေသင်းမင်းကျောင်း ဆရာတော်

( ၁၂၁၅

-

၁၂၈၈ )

ဓမ္မာစရိယ ဦးဌေးလှိုင်

“လှေသင်းမင်းကျောင်း ဆရာတော်ကြီး ပျံတော်မူတော့ လှေသင်းမင်းကျောင်းကြီး
ရော၊ သူနေဖူးတဲ့ တောရွာကကျောင်းရော တစ်ပြိုင်နက်ထဲ လောင်မီးကျသွားတယ်” ဟု
ဆရာတော်ကြီး၏ တပည့်ဖြစ်သူ သက်တော်၉၆-နှစ်ရှိ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်
ဘုရားကြီးထံမှ မှတ်သားရဖူး၍ ယင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိကို လိုက်လံရှာဖွေရာ
မောင်းထောင်ရွာ နောင်တော်ကြီး ဦးသောဘိတ ထံမှပင် လွယ်လင့်တကူ ရရှိ၍ ယခုကဲ့သို့
တင်ပြနိုင်ပါသည်။ ထေရုပ္ပတ္တိ၏ အမည်မှာ “ထေရဝံသာစာရက္ကမပဒီပိကာ' ဟု ခေါ်၍
၁၂၈၉-ခုနှစ် ကဆုန်လက ပုံနှိပ်သည်။

။

ရေးသားသည့် ပုဂ္ဂိုလ်မှာလည်း မစိုးရိမ်နာယက၊ နောင် စစ်ကိုင်း သစ်ဝင်ချောင်
တောရဆရာတော် ဦးသောမာဘိသိရီ ဖြစ်သည်။ ပါဠိ-သက္ကတတတ် ။ လယ်တီဆရာတော်၏
ဆန္ဒအရ ပါဠိအဘိဓာန်ကြီးကို ဦးစီးရသော ပုဂ္ဂိုလ်ဖြစ်သည်။ ငယ်စဉ်မှစ၍ လှေသင်း
မင်းကျောင်းဆရာတော်ထံ တပည့်ခံနေရသူဖြစ်ရာ ကိုယ်စားထား အားကိုးခြင်း ခံရသော
တပည့်ကြီးတစ်ပါး ဖြစ်၏။ ဤသာသနာဝင်တွင် ထိုသည့် ပရိယတ်၊ ပဋိပတ် ကျွမ်းသော
အတွင်းနေ ပုဂ္ဂိုလ်များ၏ ရေးသားချက်မျိုးကို ဖတ်ရသည်မှာ ရှားပါးလှပါ၏။ ကျေးဇူး
များလှပါ၏။

လှေသင်း မင်းကျောင်း ဟူသည် စစ်ကိုင်းတောင်ရိုး ဝတ်ချက်ရွာမြောက် ဧရာဝတီ
မြစ်ကမ်း ပတ္တမြားစေတီ စောင်းတန်းအခြေရှိ ၁၂၃၆-ခုနှစ်က ထိုရွာဇာတိ လှေးသင်း
အတွင်းဝန်မင်း ဆောက်လှူသော ဗိမာန်ဘုံသာ ကျောင်းတိုက်ကြီးပင်တည်း။ ထိုကျောင်း၌
သီတင်းသုံး နေထိုင်၍ လှေသင်းမင်းကျောင်း ဆရာတော်ဟု တွင်လတ္တံ့သော သူငယ်ကား
စစ်ကိုင်းမြို့မြောက် သာစည်ဘုဇင်ပင်ရွာ၌ ၁၂၁၅-ခုနှစ်၊ နတ်တော်လဆန်းနှစ်ရက်၊ သောကြာနေ့
ည သုံးချက်တီးကျော် အချိန် အဖဦးကာလီ၊ အမိ ဒေါ်မယ်ညှင်းတို့မှ ဖွားမြင်သည်။
(မငြိမ်းအောင်၊ မငြိမ်းတုတ် အစ်မနှစ်ဦး ရှိ၏။) ကြန်အင်လက္ခဏာ ခန့်ညား ထွားကြိုင်း၏။
(ဆရာတော်စီးသော ဖိနပ်မှာ တစ်ပေကျော်၏။) ငယ်မည် မောင်သာဆိုင်။ ရှင်မည်
ဘုဇင်ပင်ရွာ ဘောဂ တောရကျောင်း ဆရာတော်ထံ ပညာသင်၏။

ထိုတောရကျောင်း ဆရာတော်ကား လွင်တီးခေါင်၌ အမြဲနေသော ဓုတင်အကျင့်
ဆောင်တော်မူသဖြင့် အမ္ဘောကာသိက တောရကျောင်း၊ အမ္ဘောကာသိက ဆရာတော်ဟု
တွင်သည်။ (အရပ်အခေါ် ဘောဂဆရာတော်။) ရှင်သောမသည် ဉာဏ်ထက်မြက်၏။
တစ်ခဏတွင်း၌ပင် ပေတစ်အင်္ဂါ (၁၂ရွက်) နှစ်အင်္ဂါကို အလွတ်ရအောင် ကျက်နိုင်သည်။
ရလွယ်၏။ ရပြီးစာ မမေ့နိုင်။ ငယ်ကရသောစာ ပျံလွန်ခါနီးကာလထိ ရွတ်ဆိုနိုင်သည်။
၁၇-နှစ်သား ရှင်တစ်ဝါအရ ခမည်းတော်ကြီး ကွယ်လွန်၍ မိခင်အိုကြီးအား လုပ်ကျွေးရန်
ရှင်လူထွက်ရ


## PAGE 389

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၃၃

အများနှင့်မတူသော စာသင်စာချနည်း

၁၂၃၅-ခုနှစ် ပါရမီ နှိုးဆော်လာသဖြင့် လူဝတ်ကြောင်ဖြင့် နေရန်မပျော်ရွှင်။
မိခင်အိုကြီးအား ရဟန်းပြုခွင့် တောင်းရာ မိခင်ကြီး၏ စကားမှာ မှတ်သားထိုက်ပေစွာ့။
“တစ်ယောက်တည်းသောသားမို့ အမေ
အမေ မခွဲချင်ပေမယ့် အမေ့ကို လုပ်ကျွေးပြုစုမယ့်
အစား ဘုရားရှင်ကို လုပ်ကျွေးပါ။ အမေ မွေးကျိုးနပ်ပါပြီ” ဟူ၏။ ရဟန်းဖြစ်လျှင် ဘောဂ
တောကျောင်းဆရာတော်၏ တပည့်ပီပီ ညဉ့်သုံးယံတွင် တစ်ယံသာ အိပ်စက်၍ ကျန်အချိန်
ဝတ်တက်၊ စာပြန်သည်။ ဒကာ ဒကာမများနှင့် မရောနှော၊ ရှင်ရဟန်းများနှင့် မပြောမဖြစ်မှ
ပြော၏။

66

“ပြောလိုမူ အကျိုးရှိသော တရားစကားကိုသာပြော၊ မပြောလျှင် ကောင်းစွာ
ဆိတ်ဆိတ်နေ” ဟူသော ဘုရားရှင် သြဝါဒနှင့် ကိုက်ညီလှပေသည်။ စာပေပရိယတ္တိကို
ကြိုးစားရာတွင်လည်း အချိန်အားမထား။ ဆွမ်းခံသွားရာ၌ပင် သွားရင်းလာရင်း ကျက်မှတ်ရန်
ထန်းဖူးရွက်အတိုများကို ကြိုတင်ရေးမှတ်၍ ထားလေ့ရှိသည်။ အခါအားလျော်စွာ ဓုတင်
များကိုလည်း ဆောင်သည်။

ရဟန်းတစ်ဝါအရ မန္တ လေးသို့ စာသင်ကြွ၏။ ရွှေရင့်မာဆရာတော်၊ ပေါင်းလဲတိုက်
(ယခု မဟာအောင်မြေ) ဆရာတော် ဦးနာဂထံ ပညာသင်သည်။ နှစ်ဝါအရ မိခင်ကြီးထံ
တစ်ဝါတွင်း ပြန်ကြွလာ၍ တရားဖြင့် ချီးမြှောက်၏။ “ဝိနယာဘောဂ’ ကျမ်းကိုလည်း
ပြုသည်။ လေးဝါငါးဝါတွင် မန္တလေး လေးပြင်လေးရပ် နာမည်ကျော် ဆရာတော်များထံ
အနည်းဆုံး ခုနစ်ရက်ကျစီ စာလိုက်စာနာ၏။ ထို ့ကြောင့် မိမိကိုယ်တိုင် စာချသောအခါ
“မည်သည့် ဆရာတော်က မည်သို့စာချသည်” စသည်ဖြင့် သိုင်းသိုင်းဝိုင်းဝိုင်း စာပြောလေ့ရှိသည်။

ငါးဝါမှစ၍ “သာသနာတော်၏ အသက်သည် ဝိနည်းဖြစ်သည်။ သာသနာဟူသည်
ဝိနည်းပင်တည်း။ ငါ့တစ်ကိုယ်လုံး သာသနာ တည်ကိန်းစေရမည်” ဟု သဘောကျကာ
ဝိနည်းငါးကျမ်း ပါဠိတော်ကို အာဂုံနှုတ်တက် ဆောင်တော်မူ၍ ညစဉ် ဘုရားပူဇော်လေ့ရှိ၏။
တပည့်များကို စာချသောအခါတွင်လည်း ယင်းပါဠိတော်များကို မည်သည့်အခါမျှ မကိုင်ရတော့။.
အလွတ်ချပို့နိုင်သည်။ သက္ကတ၊ ဗေဒင်များကိုလည်း ကြည့်ကာ မတ္တဖြင့် တတ်မြောက်လေ၏။
မယုံနိုင်လောက်အောင် ထက်မြက်လှသည်။ နေတ္တိပါဠိတော်ကြီးကိုပါ ဆက်လက် ကျက်ဆောင်
လေ၏။ (နောင်သောအခါ “လှေသင်း မင်းကျောင်း နေတ္တိကောင်း' ဟုပင် ဥဒါန်းတွင်သည်။)
ငါးဝါအရ ဝိနည်း ငါးကျမ်းနှင့် နေတ္တိပါဠိတော်ကိုပါ နှုတ်တက် အာဂုံရပြီးနောက် မြင်းဝန်
တိုက် မြင်းဝန်ဆရာတော်ထံ၌ စာချအဖြစ် ခိုလှုံသည်။

၁၂၄၄-ခုနှစ် လှေးသင်း အတွင်းဝန်မင်းက ဝတ်ချက်ရွာရှိ ဗိမာန်ဘုံသာ ကျောင်းတိုက်ကြီး
ကို မြင်းဝန်ဆရာတော်ကြီးအား တင်လှူရာ မန္တလေးမြင်းဝန်တိုက်မှ နောက်ပါသံဃာ
တစ်ရာကျော်နှင့် ကြွရောက်အလှူခံသည်။ စာချ ဘုန်းကြီး ဦးသောမလည်း မြင်းဝန်ဆရာတော်၏
လက်ရုံးတစ်ဆူအဖြစ် လိုက်ပါရသည်။ ထိုကျောင်းတိုက်အတွင်းရှိ လှေးသင်းဗိုလ်မင်း


## PAGE 390


၃၃၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ဦးစံလှ ဆောက်လှူသော ကျောင်း၌ ဦးစွာသီတင်းသုံးရ၍ “ဗိုလ်ကျောင်းဆရာတော်’ ဟု
တွင်သေး၏။ မြင်းဝန် ဆရာတော်ကြီး ပျံလွန်တော်မူ၍ ၁၂၄၉-ခုနှစ်တွင် ဦးသောမသည်
မင်းကျောင်း ဆရာတော်အဖြစ် အရိုက်အရာ ခံယူရသည့်။

ဆရာတော် စာသင်ယူစဉ်က အများနှင့် မတူသကဲ့သို့ စာချပုံမှာလည်း အများနှင့်မတူ။
တစ်မူထူးခြားလှ၏။ မည်သူမဆို မိမိ သင်ယူလိုသော ကျမ်းကို နေရာ၊ အချိန် သတ်မှတ်၍
တစ်ဦးချင်း သင်ယူနိုင်၏။ ပညာပါရမီဖြည့်သောအားဖြင့် အချိန်အအားမထားချေ၊ အကြောင်း
တစ်စုံတစ်ခုကြောင့် စာတက်ပျက်ကွက်လျှင် ထိုဦးပဉ္စင်းရှိရာ သွား၍ “ဦးပဉ္စင်း၊ စာတက်
ကြရအောင်လေ” ဟု နှိုးဆော်၏။ ထိုသူက အကြောင်းမညီ၍ စာမတက်နိုင်မှသာ အခြား
စာဝါအပိုတက်လိုသူများအား သင်ကြားပေးသည်။ ရံခါ စာတက်သူများ နှစ်ဦးဆိုင်နေ၍
သူအရင် ငါအရင် အငြင်းပွားရာ မဲချပေးတော်မူ၏။

ဤမျှ ပညာပါရမီ ဖြည့်တော်မူနိုင်သည်ကို အခွင့်ယူ၍ သီလရှင် ဆရာများသည်
မိမိတို့ချောင်သို့ ဆွမ်းကပ်၍ စာတက်ကြရာ ဟိုချောင်သည်ချောင်၊ ဟိုနည်းနည်း၊ သည်နည်းနည်း
ဆွမ်းစား၍ စာချနေရသဖြင့် မွန်းလွဲမှ ကျောင်းသို့ ရောက်တော့၏။ ထိုအချိန်ကျမှသာ
ရှင်ရဟန်းများ စာဝါတက်လှည့် ရကြတော့သည်။ ဆရာတော်သည် ဝိနည်းနှင့် နေတ္တိကို
ဦးစားပေး ပို ့ချလေ့ရှိ၏။

တစ်ခါက စစ်ကိုင်းအနောက်ဘက် ရွာထောင်အနီး ကြာနီကန်ကျောင်း ဘုန်းကြီး
ကလေးက ဝိနည်း သင်ချင်သည်ဆို၍ စစ်ကိုင်းတောင်ကြီးကို ဖြတ်ကျော်ကာ ခြေလျင်ကြွ၍
နေ ့စဉ် စာသွားချပေးဖူးကြောင်း မစိုးရိမ်ဆရာတော် အမိန့် ရှိဖူး၏။

စာပေကြည့်ရှု ကျမ်းပြုခြင်း

ဆရာတော်သည် ရံခါ “ငါ စာသွားကြည့်ဦးမည်” ဟု ဆိုကာ အခြား ကျောင်းတိုက်
များသို့ နှစ်ရက် သုံးရက်ကြာ သွားရောက် ကြည့်လေ့ရှိ၏။ ရေဝန်း တောင်ဘီလူးကျောင်း၊
ဆင်နင်းကျောင်း ပိဋကတိုက်များမှာ လောကီ လောကုတ္တရာ စာစုံသဖြင့် အကြွများ၏။
ကျောင်းခံ ဘုန်းကြီးများလည်း အကြောင်းသိနေကြသဖြင့် ပိဋကတိုက် စာတိုက်ဗီရိုဘေးတွင်
နေရာထိုင်ခင်း ပေး၍ ဆရာတော် နေသမျှ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ဆောင်ကြရသည်။
ရံခါ တစ်ဆယ့်ငါးရက်ခန့်ပင် ကြာတတ်၏။ ဆရာတော် ကြွလာလျှင် လောကီ လောကုတ္တရာ
လျှို့ဝှက်စာများမှအစ မေးချင်တာ မေး၍ရသဖြင့် စာဝါသနာပါသော ကျောင်းခံဘုန်းကြီး
များလည်း ဝမ်းသာကြသည်။

ဆရာတော်၏ အရည်အသွေးကို သိသော တောင်ဘီလူး ဆရာတော်သည် ရှေးဆရာတို့
အပြီးမသတ်သော “ဝိသုဒ္ဓိမဂ် မဟာဋီကာ' ဝိပဿနာပိုင်းကို နိဿယရေးရန် ပေထုပ်များကိုပါ
ပို့၍ လျှောက်ထားသည်။ ဝိသုဒ္ဓိမဂ်ဋီကာ နောက်ပိုင်းကား ဝိပဿနာပိုင်း ဖြစ်၍ စာတတ်ရုံ
မျှဖြင့် နိဿယ မရေးနိုင်။ ပကတိ ဝါဒ၊ ဒဗ္ဗ၊ ဇီဝ၊ ဒွိအဏုက စသော အတ္တဝါဒ ဆိုင်ရာ

