## PAGE 391

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၃၅

သာသနာပ ဝေါဟာရများ (ဒရ်ရှန်းခေါ် ဒဿန၊ အိန္ဒိယ ဖိလော်ဆဖီ) အများဆုံး ပါဝင်
နေပြန်သဖြင့် အကျင့်တတ်၊ ပရိယတ် တတ်ရုံမျှနှင့်လည်း မရချေ။ သက္ကတ ဘာသန္တ ရကိုပါ
တတ်ကျွမ်းမှသာလျှင် နိဿယ မြန်မာပြန်နိုင်သည်။ ဆရာတော်သည် သက်တော် ၄၄-နှစ်၊
၁၂၅၇-ခုနှစ်တွင် ဒူးပဆစ်ပေါ်၌ ပေရွက်တင်၍ ကညစ်ဖြင့် တစ်ကြိမ်တည်း အပြီးသတ်
အချောတင် ရေးတော်မူ၏။ စာအင်္ဂါ သုံးဆယ်ရှိသည်။

ပထမ

ရှေးက ကျမ်းပြုပုံမှာ
ပရပိုက်တွင် အကြမ်းရေးပြီးမှ ပေ၌ အချောရေးလေ့ရှိ၏။
ထိုသို့မဟုတ်မူ၍ တစ်လက်စတည်းဒူးပေါ်တင်၍ အပြီးရေးသော နိဿယကို “လက်ပန်းနိဿယ”
ဟုလည်း ခေါ်ကြသည်။ အပင်ပန်းခံသည်၊ စေ့စပ်သည် ဟူလို။ (ယခု ထိုနိဿယပေမူ
စုံစမ်း၍ မရသေး။)

66

တစ်နေ့သောအခါ ယင်းဋီကာ နိဿယပေကို ဒူးပေါ်တင်ရေးနေစဉ် မန္တလေးမြို့
ဘုရားကြီးတိုက်မှ စာသင်ဖက် တိုးကြောင်ကလေးဇာတိ ဆရာတော် ဦးရန်ကုန် (ဘွဲ့-
ဦးသုဇာတ) ကျောင်းသို့ ရောက်လာပြီး “ဘာကျမ်းတွေ ပြုနေသတုန်း” ဟု မေးရာ-
ဦးရန်ကုန်မှန်း ရုတ်တရက် မသိ၍ “ဘယ်ကျောင်းက ဘုန်းကြီးလဲ” ဟု ပြန်မေးသည်တွင်
အပျော်အပြက် ပြောတတ်သော ဦးရန်ကုန်က “ငါ့ကျောင်းက ဘုန်းကြီးပါ” ဟု ပြောကာ
အာလာပ သလ္လာပ ဆွေးနွေးကြသည်။

ဋီကာနိဿယမှာ ဒိဋ္ဌိဝိသုဒ္ဓိ နာမရူပ ပရိဂ္ဂဟအခန်း ရေးနေခိုက် ဖြစ်၍ ဦးရန်ကုန်က
တစ်ချပ် ယူကြည့်ရာ သမယန္တရ (ဘာသာခြား အယူဝါဒ) စကားများကို ဖတ်ရလျှင်
“ကျုပ်တို့ ဒီအဓိပ္ပာယ်မျိုး မကျက်စားနိုင်ပေါင်ဗျာ” ဟု ဆိုကာ ချီးကျူးပြီး ပေကိုချထား၏။ ``
မန္တ လေးရောက်၍ စာချသောအခါ “စစ်ကိုင်းဘက်မှာ တော်စွာလျော်စွာ နေကြသလား
အောက်မေ့၊ မင်းကျောင်းဆရာတော်ဟာ တကယ့်ပုဂ္ဂိုလ်ဟေ့” ဟု ချီးကျူးလေသတတ်။
(ယခုအခါ ဋီကာ နိဿယမူသစ်တစ်စောင်ကို ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးက
အိန္ဒိယ ရှေးဟောင်း အယူဝါဒများနှင့် တိုက်ဆိုင် ဖြေရှင်းကာ ရေးသား ရိုက်နှိပ်ထားပြီး။)

"

၁၂၅၉-ခုနှစ်၊ တပေါင်းလတွင် မိုင်းခိုင်းဆရာတော် ရောက်လာပြီး “စေတီ ရင်ပြင်၌
ဖိနပ် စီးအပ်၊ မစီးအပ်” ပြဿနာနှင့် စပ်၍ အဆုံးအဖြတ် ပေးရန်ရှိသဖြင့် လှေသင်း
ဆရာတော်၏ အယူအဆကို နှီးနှောကြည့်ရာ ချက်ချင်းပင်-

“ဝိနည်းအလို . တံတိုင်းရှိလျှင် တံတိုင်းအတွင်း၊ မရှိလျှင် တံတိုင်းပြုသင့်သော
နေရာအတွင်း မစီးသင့်။ သုတ္တန်အလို စေတီကိုမြင်ရာအထိ မစီးအပ်။ အဘိဓမ္မာအလို
ဘုရားဂုဏ်တော်များကို အာရုံပြုသောအခါ ဂါရဝစိတ်ထား၍ မစီးထိုက်” ဟု လျှောက်ထားသည်။

ထို့ပြင် အောက်ပြည်အောက်ရွာရောက်ခိုက် နာမည်ကျော် အုတ်ဖိုဆရာတော်ကြီးနှင့်
တွေ့စဉ် တစ်ပါးတည်း နဝကမ္မ အမှုကလေးတစ်ခု ကိုယ်တိုင် လုပ်နေခိုက်ဖြစ်၍ မိမိက
ဦးမချဘဲ နေသဖြင့် ဆရာတော်ကြီးကရော အနီးရှိ လူများကပါ ဝိုင်း၍ ပြောသော်လည်း
ဝိနည်း ပါဠိတော်အရ ရှိမခိုးဘဲ ပြန်ခဲ့ဖူးကြောင်းကိုပါ ပြောပြလျှောက်ထားရာ မိုင်းခိုင်းဆရာတော်
“ဟုတ်ပါပေရဲ့” ဟု ချီးကျူး၍ ပြန်ကြွသွားသည်။

က


## PAGE 392

၃၃၆


ဓမ္မာစရိယ ဦးဌေ- လှိုင်

ပုဂ္ဂိုလ်ကျော် ကျင့်ထုံး အဆုံးအမများ

,,

ဆရာတော်သည် စာချသောအခါ၌သာ “မည်သည့် ဆရာတော့် ဝါဒက မည်သို့”
ဟု ပြောဆို ပို ့ချသည်သာမက အကြောင်းအားလျော်စွာ ဆုံးမတရား ဟောပြောသော
အခါတွင်လည်း “မည်သည့် ဆရာတော်က မည်သို့ ကျင့်သုံး၍ မည်သို့ ဆုံးမကြောင်း
လင်္ကာ သံပေါက်ရေး၍ ဆုံးမလေ့ ရှိသည်။ ကိုယ်တိုင်လည်း ယင်းသို့ ကျင့်ကြံတော်မူ၏။
၁။ ရတနာသုံးဆိုင်၊ ငုံကြာခိုင်၊ ဆုံပြိုင် ဝန္ဒနာ။

.

၂။ နှစ်ဆီ ရသ၊ မြတ်ဓမ္မ၊ မှတ်ကြ စဉ်အလာ။
၃။ ပရိနိဗ္ဗာန၊ မြတ်ဗုဒ္ဓ၊ မိန့်ထ ညောင်စောင်းမှာ။
၄။ နိဗ္ဗာန်လိုက၊ သင်္ခါရ၊ နေ့ည မာ။
၅။ ပုတြာမည်ရှိ၊ ရှင်သာရိ၊ အန္တိ မိန့်ခဲ့ရှာ။
၆။ နိဗ္ဗာန် လိုလား၊ သဒ္ဓါပွား၊ မခြားနေသင့်ရာ။
၇။ ဆရာတော်ရေငုံ၊ ကျင့်အထုံ၊ မှာပုံ သင့်လှပါ။
၈။ နိဗ္ဗာန်လိုက၊ လိုသမျှ၊ ကျင့်ကြ ကောင်းရာရာ။
၉။ ဝံသာအရိ၊ သားမုနိ၊ ထားရှိသူ့အမှာ၊ (အရိယဝံသဆရာ)
၁၀။ နိဗ္ဗာန်လိုက၊ ကိုယ်ဧက၊ နေထ သင့်လျော်ရာ။
၁၁။ ညောင်ကန်ဆရာတော်၊ ဦးဗုဓ်ခေါ်၊ ထုတ်ဖော်မိန့်ခဲ့ရာ။
၁၂။ လူနတ်ဗြဟ္မာ၊ ကဲ့ရဲ့မှာ၊ ဆိတ်စာ မကြောက်ရာ။
၁၃။ ဘုရားကဲ့ရဲ့၊ ကြောက်သူကွယ့်၊ ရောက်မယ့် 'နိဗ္ဗုတာ၊
၁၄။ ငါးခုံကဝိ၊ မြတ်ဗောဓိ၊ ဟောရှိသည်အမှာ၊
၁၅။ စိတ်ဆိုးစိတ်ညစ်၊ ကိုယ့်ကြောင့်ဖြစ်၊ ပယ်လှစ် သူတကာ။
၁၆။ စိတ်ညစ်ပယ်ချိုး၊ စိတ်မဆိုး၊ ရောက်ရိုး နိဗ္ဗူတာ။
၁၇။ မန်ကျည်းတောခေါ်၊ ဆရာတော်၊ ထုတ်ဖော်မှတ်စရာ။
၁၈။ · နိဗ္ဗာန်ကိုရည်၊ ကုတ်နှင့်ကီ၊ ကြောက်သည်မရှိရာ။
၁၉။ ကျင့်ကျော်ထွဋ်ခေါင်၊ နှုတ်တော်ဆောင်၊ သိအောင်မိန် ခဲ့ရာ။
၂၀။ နိဗ္ဗာန်လိုလျှင်း၊ သူ့ အတင်း၊ ပြောခြင်းပယ်ချိုးပါ။
၂၁။ ရွှေရင့်မာရှင်၊ ဆရာပင်၊ မှာတွင်သိစရာ။
၂၂။ ဟောတိုင်းပြောတိုင်း၊ ချင့်စာနှိုင်း၊ ရေးတိုင်းမယုံရာ။
၂၃။ နိဗ္ဗာန်လိုက၊ ဝိရာဂ၊ မိန့်မှယုံသင့်ပါ။

.

၂၄။ မြင်းဝန်ဆရာတော်၊ မိန့်မြွက်ဖော်၊ မြင်မြော်မှတ်စရာ။
၂၅။ နိဗ္ဗာန်လိုလစ်၊ မုန်းအချစ်၊ ဆုံးပစ်ပယ်ချပါ။
၂၆။ ဝိနည်းကျော်လှ၊ ဗန်းမော်က၊ ဖော်ပြမိန့်ခဲ့ရာ။
၂၇။ နိဗ္ဗာန်ကိုမက်၊ ကိုယ်အသက်၊ ငဲ့ကွက်မပြုရာ။


## PAGE 393


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၈။ လှေသင်းမင်းကျောင်း၊ နေတ္တိကောင်း၊ သိကြောင်းအစဉ်မှာ။
၂၉။ နိဗ္ဗာန်လိုက၊ သည်းခံကြ၊ တွင်းပအရာရာ။
၃၀။ သုံးပုံမကိုဋ်၊ တရားမြိုက်၊ သားနှိုက်ဤနည်းသာ?။
၃၁။ အချုပ်စကား၊ ဆုံးတရား၊ သုံးထားမြဲမြံစွာ။
၃၂။ အဓိပ္ပာယ်နက်၊ အသိခက်၊ ထည့်စွက် ဉာဏ်ဝိဇ္ဇာ၊
၃၃။ ကျင့်သုံးဗိုလ်လူ၊ ပြည်နိဗ္ဗူ၊ လွယ်ကူရောက်မည်သာ။

၃၃၇

ထိုမှတစ်ပါး ဆရာတော် မကြာခဏ . ဆုံးမပြောဆိုလေ့ ရှိသော သြဝါဒလက်သုံး
စကားများမှာလည်း မှတ်သားဖွယ် ကောင်းလှ၏။ ထိုစကားများဖြင့် ဆရာတော်၏
ဇာတိရုပ်ကိုလည်း ခန့်မျှော်နိုင်သည်။

၁။ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုတ်လေးပါးတို့၌ အကုသိုလ် မဖြစ်ရ။
ကုသိုလ် တရားသာ ဖြစ်အောင် နှလုံးသွင်းရမည်။

၂။ အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ၊ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကို
ကုန်လွန်စေရမည်း

၃။ ကောင်း,မကောင်းဖြစ်သော ကံဟောင်းကို မမျှော်လင့်ရ။ ကောင်းသော ကံသစ်ကို
သာ ဖြစ်ပွားအောင် အားထုတ်ရမည်။

၄။ အကျိုးကို အားမထုတ်ရ၊ မကျင့်ရ။ အကြောင်းကိုသာ ဖြောင့်မှန်အောင်
အားထုတ် ကျင့်ကြံရမည်။

၅။ အကျင့် အတုအယောင်ကို မဖြစ်စေရ။ အကျင့် အစစ်အမှန်ကို ကျင့်ရမည်။
၆။ ကိုယ်၏အကျင့်ကို တစ်ပါးသူ မသိစေရ၊ ကိုယ့်အကျင့် မှန်-မမှန်ကို
ကိုယ်တိုင်သိအောင် ဆင်ခြင်ရမည်၊

၇။ သူတစ်ပါးကို အားမကိုးရ။ မိမိကိုယ်ကိုသာ အားကိုး၍ ကျင့်ရမည်။
၈။ မိမိက မကျင့်မူ၍ သူတစ်ပါးအား မဆုံးမရ၊ ကိုယ့်ကိုကိုယ်သာ ယဉ်ကျေးအောင်

ဆုံးမရမည်။

၉။ သူတစ်ပါး၏ အပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်အောင်ရှု၍ အပြစ်
လုတ်အောင် ပြုရမည်။

သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ
လိုချင်သော သမ္မာဆန္ဒကို ဖြစ်စေရမည်။

၁၁။ ပစ္စည်းရအောင် မကျင့်ရ။ တရားကောင်း အစစ်ကို ရအောင် ကျင့်ရမည်။
(ဓမ္မဒါယာဒ။)

၁၂။ အပေါင်းအဖော်နှင့်-ပျော်၍ သူများနှင့် သင့်အောင် မနေရ၊ ရုပ်နာမ်တရားတို့နှင့်
သုံးသပ် မွေ့လျော် သင့်တော်အောင် နေရမည်။

၁၃။ ကြောက်လန့်အောင် မနေရ၊ ကြောက်လန့်မှု မရှိအောင် နေရမည်။

၁၄။ စာပေကျမ်းဂန် တတ်သိခြင်း မမှားစေရ၊ တတ်သိခြင်း အမှန်ကျအောင်

