## PAGE 394

၃၃၈


ဓမ္မာစရိယ ဦးဌေးလှိုင်

သတိသမ္ပဇဉ် ရှိရမည်။

၁၅။ စာပေကျမ်းဂန် တတ်သိရုံမျှနှင့် ရောင့်ရဲမနေရ၊ တရားတတ်သိအောင် အားထုတ်
ကျင့်ကြံရမည်။

၁၆။ သံသရာ၌ အသက်ရှည်ရန် မလိုအပ်။ သံသရာသက် တိုရန်သာ လိုအပ်သည်။
၁၇။ ရှည်လျားသော တဏှာကိုဖြတ်၍ တိုသေးသော ပါရမီကို ဆက်ပေးရမည်။
၁၈ မေ့၍နေလျှင် အဖန်တလဲလဲ သေရလိမ့်မည်။ မမေ့လျှင် နောက်ထပ်မသေရပြီ။
၁၉။ အသက်မပြတ် ရှင်လျက်ရှိနေသော အဝိဇ္ဇာတဏှာကို သေအောင်သတ်။ အမြဲ
သေ၍သာနေသော အသင်္ခတနိဗ္ဗာန်သို့ ရောက်အောင် ကပ်ရမည်။
၂၀။ သင်္ခါရ အလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ်၊ သင်္ခါရဟူသမျှကို စွန့်လွှတ်နိုင်မှ
အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်မည်။

တရားရှုမှတ်နေသူများသည် ရှုမှတ်ပွားများတိုင်း ရှေ့သို့ ရောက်သည်မဟုတ်။ တိုး
တက်သည် မဆိုသာ၊ သီလ၊ သမာဓိ၊ ပညာ၊ သဒ္ဓါ၊ ဝီရိယဖြစ်ကြောင်း ဘုရားစသော
သူတော်ကောင်းကြီးတို့၏ ဤသို့သော သြဝါဒများ၊ ဖြစ်စဉ် ဖြစ်ရပ် အဋ္ဌပ္ပတ်များ၊ နှလုံး
သွင်းပုံများ၊ တရားဆောင်ပုဒ်များဖြင့်လည်း မကြာခဏ အားဖြည့် ဆင်ခြင်၍ ပေးသင့်သည်။
ပေးရမည်။ တိုး၊ ရပ်၊ ဆုတ် (ဝိသေသ၊ ဌိတိ၊ ဟာန’ဘာဂိယ) သုံးမျိုးဖြင့် ချိန်ထိုးကြည့်ရာ၏။

ဆင်တူယိုးမှား အကျင့်များကို ပြတ်ပြတ်မိန့်ခြင်း

ဆရာတော်သည် အလှူအတန်းများ၌ တရားဟောရသောအခါ ဇာတ်နိပါတ် ဝတ္ထုများကို
ဟောကြားတော်မမူ၊ ဆုပေး၊ ရေစက်ချကအစ လက္ခဏာရေး သုံးပါး၊ ဝိပဿနာတရားကိုသာ
ဟောတော်မူလေ့ရှိ၏။ ရင်းနှီးသော၊ စဉ်းစားဝေဖန်တတ်သော ပုဂ္ဂိုလ်များကိုမူ အကျိုးပျက်မည့်
အရာ၌ တင်းတင်းရင်ရင်း မျက်နှာမငဲ့ဘဲ ဟောကြားလေ့ရှိသည်။

၁၂၇၁-ခုနှစ်က မန္တလေး မစိုးရိမ်ကျောင်းတိုက်ကြီး ရေစက်ချပွဲ လုပ်သောအခါ
ကျောင်းဒကာ ဦးသက်ရှည်အား “နွားသတ်ပြီး ရေစက်ချမှ ပါဏာတိပါတ အကုသိုလ်ကံ
မြောက်သလား” ဟု မိန့်တော်မူ၏။ ဝိနည်းအလို အင်္ဂါစုံလျှင် ကံမြောက်၏။ သုတ္တန်အလို
ဝတ္ထုအဆောက်အအုံ ပြည့်စုံလျှင် ကံမြောက်၏။ အဘိဓမ္မာအလို စေတနာ စသော တရား
ကိုယ်ထင်ရှား ဖြစ်ပေါ်လျှင် ကံမြောက်၏။ အပယိက ဝေါဟာရမျှလောက်ကို ပဓာနမပြုသင့်
ကြောင်းကိုလည်း အကျယ်ဟောပြတော် မူသည်။

သက်သတ်လွတ် အကျင့်

တစ်ခါက သက်သတ်လွတ် ဘုဉ်းပေးသော ´ တပည့် ဦးအာစရ ကိုယ်တော်နှင့်
ဆရာတော်ထံ သက်သတ်လွတ် ဆွမ်းလာလှူသော ဒကာတစ်ဦးအား အကျယ်ဝေဖန် ဟော


## PAGE 395


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
ပြတော်မူဖူး၏။

၃၃၉

“ရသေ့ ဖြစ်လျှင် ရသေ့လိုကျင့်၊ တိတ္ထိဖြစ်လျှင် တိတ္ထိလိုကျင့်၊ ဇော်ဂျီဖြစ်လျှင်
ဇော်ဂျီလိုကျင့်၊ ရဟန်းလုပ်လျှင် ရဟန်းလိုကျင့်၊ သက်သတ်လွတ် စားခြင်းကို အကျင့်
ပဋိပတ်ကြီးတစ်ခု လုပ်၍ မကျင့်သင့်။ အကျိုးရှိရိုးမှန်လျှင် သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးဖြင့်
သိမြင် ခွင့်ပြုတော်မူခဲ့ရာ၏။ ဒေဝဒတ် တောင်းဆိုသည်ကိုပင် တားမြစ်ခဲ့ပြီ။

“ဝိနည်းတော်အရ ဆင်သား၊ မြွေသား စသော အသားကြီး ဆယ်မျိုးနှင့် ရည်မှန်း၍
သတ်သော အသားမျိုး မဟုတ်လျှင် အပ်၏။ စားကောင်း၏။ ဘုရားခွင့်ပြုပြီး ဖြစ်သည်။
“သုတ္တန်အလို အစားအသောက်နှင့် စပ်သော ခုတင်သုံးမျိုး ခွင့်ပြုထား၏။
“အဘိဓမ္မာအလို မည်သည့်အစာကို စားမှရှောင်မှ ကုသိုလ်ရသည် မလာ။ ယောနိသော
မနသိကာရ သင့်တင့်အောင် စိတ်ကို ပြုပြင်မှ ကုသိုလ်ရ၏။ မိစ္ဆာ၊ ပဋိပန္န၊
အတ္တကိလမထာနုယောဂ လမ်းစဉ်သာ ဖြစ်သည်။

"

“ယုတ္တိ ံ ယုတ္တာဖြင့် အကျင့်ကောင်းဟန်ဆောင်သော အလွန်မကွဲပြားလွန်းသည့်
အကျင့်တစ်ခုကို လက်ခံမိလျှင် တစ်စတစ်စ လမ်းခွဲမှန်းမသိ ခွဲ၍ မဇ္ဈိမပဋိပဒါမှ ချွတ်လွဲ
တတ်သည်” ဟု ဟောကြားတော်မူ၏။ (အတ္ထုပ္ပတ္တိ မူရင်း၌ အထူး ပြည့်စုံစွာ ဆုံးမထားသည်။)

ပဋိပတ်ရေးရာ၌ မမြင်နိုင်သော သိမ်းသွင်းမှု၊ စိတ်စေစားမှု၊ အာရုံဆွဲဆောင်မှု၊
ကိုယ့်စိတ်နှင့်ကိုယ်ဟု အထင်ရောက်စေမှုများသည် ကြောက်ဖွယ်ကောင်းစွာ။ ထိုကိစ္စ၌
ဆရာတော်ကား ကျယ်ကျယ်ပြန့်ပြန့်ကြီး မြင်ပေလိမ့်မည်။

ထို့ကြောင့် သဗ္ဗညုတ ဉာဏ်တော်ကြီးကို မကျော်လွန်သင့်သကဲ့သို့ အတွေ့အကြုံ
အသိဉာဏ်ကြီးမားသော သူတော်ကောင်းပညာရှိကြီးတို့၏ စကားကိုလည်း မထေမဲ့မြင်
မပြုအပ်။ တရားသဘောကား နက်ရှိုင်းစွာ။ “အတက္ကာဝစရော=ကြံစည်စိတ်ကူး ကောင်းရုံမျှဖြင့်
ဝေဖန်ဖို့ နေနေသာသာ၊ ရိပ်စားမိရုံမျှပင် ချဉ်းကပ်၍ ရစကောင်းသော အရာမဟုတ်။

ထင်းခွေ ရေခပ်သော ဘုန်းတော်ကြီး

ထူးခြားသည့် သူတော်ကောင်းကြီးများ၌ နိဗဒ္ဓ (အမြဲ) ဆောင်သော စရဏ အကျင့်
ဝတ္တရားများရှိ၏။ “ဝတ္တံ အပရိပူရေန္တော သီလံ နပရိပူရတိ=ကျင့်ဝတ်မဖြည့် သီလမပြည့်”
ဟူသည့်အတိုင်း ကျင့်ဝတ်များကိုလည်း ကျန်းမာရေးအလိုက် ဆောင်ကြသည်။ နေ့စဉ်
ဝတ်ထား၍ ပြုကြ၏။

မင်းကျောင်း ဆရာတော်သည် ကျောင်းဝင်းကြီး အတွင်း၌သာမက သံဃာများ
ဆွမ်းခံကြွရာလမ်းတစ်လျှောက် ခရီးတစ်တိုင်ခန့်ရှိ ရွာဝင်ပေါက်အထိ နေ့တစ်ကြိမ် ညတစ်ကြိမ်
လှည့်လည် တံမြက် လှည်းတော်မူ၏။ အခြားသူများလှည်းပြီး၍ ဖြစ်စေ၊ အလိုအလျောက်ဖြစ်စေ
အမှိုက်သရိုက် ရှင်းနေသော်လည်း လှည်းမြဲလှည်းတော်မူ၏။ “ကာယဝေယျာဝစ္စ၊ သေနာသန
ဝတ် ကုသိုလ်ဇော ဖြစ်သဟဲ့” ဟုလည်း မိန့်တော်မူသည်။ သောက်ရေကိုလည်း ဧရာဝတီမြစ်သို့


## PAGE 396


၃၄၀

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆင်း၍ သံဃာများ မနိုးမီ လောင်းထည့်ပြီး ဖြစ်၏။ တပည့်များက ဦးအောင်လောင်းထည့်
ထားလျှင်လည်း ထိုရေများကို အိုးလိုက် ဘုရားလှူပြီး ထပ်၍ခပ်ထည့်တော်မူသည်။ ကုဋီ၊
သုံးရေ၊ ဆေးရေများလည်း အမြဲပင် လောင်းထည့်သည်။ ကုဋီ၌ သံဃာအများ သုံးပြီးသော
ကနုတ်များကိုလည်း ကိုယ်တော်တိုင် ဆေးကြော၍ ကနုတံကုန်လျှင်လည်း ကိုယ်တော်တိုင်
ဝါးကို ခွဲစိတ်၍ သပ်တော်မူ၏။

ဆရာတော်သည် ဧရာဝတီမြစ်တွင်း ရေချိုးဆင်းတိုင်း . ထင်းများကို ကိုယ်တိုင်
ဆယ်၍ ကမ်းနား၌ ပုံထား၏။ လိုချင်သူယူ၍ ကျန်သမျှ ထင်းများကို ကျောင်းအရောက်
ကိုယ်တိုင် ထမ်းသယ်၏။ ဆောင်းအခါ၌ ထိုထင်းများကို မီးဖို၍ ဘုရားလှူခြင်း၊ သံဃာများ
ဆွမ်းခံလမ်းတစ်လျှောက် မီးဖိုခြင်း၊ ခွေးများ မီးလှုံရန်ပင် မီးဖိုပေးခြင်း ပြုတော်မူ၏။

ဧရာဝတီမြစ်တွင်းမှ သဲများကိုလည်း ကိုယ်တော်တိုင် ထမ်း၍ ကျောင်းဝင်းအပြည့်
သဲခင်းတော်မူရာ လှည်းအစီး တစ်ထောင်ခန့်ရှိ၏။ ကျောင်းအနီးအနားရှိ စေတီများတွင်လည်း
စေတိယင်္ဂဏ ဝတ်များကို ပြုတော်မူသည်။ တံမြက်လှည်းရုံ၊ ရေလှူရုံမျှမက ရာသီဥတုအလိုက်
ဆောင်းအခါတွင် ထင်းမီးဖို၍ လှူခြင်း၊ နွေအခါတွင် ရုပ်ပွားတော်ရှေ့၌ ယပ်လေခတ်၍
လှူခြင်းများလည်း ပြုတော်မူသည်မှာ ထူးခြားလှပေ၏။ အလွန် မြင့်စောက် ဝေးလံလှသော
ပတ္တမြားစေတီ တောင်ပေါ်သို့ ရေပြည့်အိုးထမ်းလျက် ရေလှူတော်မူ၏။ ရှည်လျားလှသော
စောင်းတန်းကြီး၌လည်း အသွားအပြန် တံမြက်လှည်းတော်မူ၏။ ရောက်ဖူးသူများ သိပေ
လိမ့်မည်။ ‘လူငယ် လူရွယ် လူသန်များပင်လျှင် လူချည်းကို အထောက်ထောက် နား၍
အမောဆို့အောင် တက်ရသော တောင်ဖြစ်သည်။

•

ဘဝတန်ဖိုးကို အပြတ်မြင်ပြီးသူတို့၌ လှူစရာ၊ လုပ်စရာတွေ .ပေါများလှပေ၏။
ခက်ခဲသည် ပင်ပန်းသည် မထင်။

ရံခါ ဒန်ပူတံ၊ ကနုတံများကို ကုဋေကျော်အောင် ကိုယ်တော်တိုင် သပ်တော်မူ၏။
မိမိ တိုက်အတွက်သာမက ၁၂၅၉-ခုနှစ်က မန္တ လေးမြို့ ပေါ်တွင် သံဃာအများဆုံး (၁၆၀၀)
ရှိသော ဘုရားကြီးတိုက်အတွက် တစ်ပါးလျှင် ဒန်ပူတစ်ရာစည်း တစ်စည်းကျစီ လှူတော်
မူဖူးသည်။

စရဏခေါ် ကျင့်ဝတ်ဝေယျာပစ္စများကို ဤကဲ့သို့ လုပ်နိုင်မှသာ ဝိဇ္ဇာဉာဏ် (တရားထူး)
ရမည်၊ ‘ငါကား မလုပ်နိုင်” ဟု ယူဆ၍ အားမလျှော့ရာ။ သဒ္ဓါဓိက၊ ဝီရိယာဓိက၊ ပညာဓိက
ကိုယ့်ဆုနှင့်ကိုယ် လာကြသည်သာ။ အာနာပါနစသော တရားအလုပ်ကား သီးခြား လုပ်နေ
ရသည် မဟုတ်။ ထိုအလုပ်မျိုးကို လုပ်ရင်း လုပ်နိုင်၏။ လုပ်ရသည်။ တစ်ချိန်တည်း အလုပ်
နှစ်ခု အကျိုးနှစ်မျိုး ပြီးစီး၏။ လွယ်လွန်းစွာ။

ဆရာတော်သည် ကျင့်ဝတ်နှင့် ခုတင်မှစ၍ ပဋိပတ်အလုပ်ကို ငယ်စဉ်ကပင် ပြုလုပ်
ခဲ့သော်လည်း ပရိယတ် သင်ယူပို ့ချသောအခါ မလစ်လပ်ရုံသာ ဆောင်တော်မူ၏။
သက်တော် ငါးဆယ်တွင်းသို့ ရောက်လျှင်ကား ပရိယတ်ကို တန်ရုံသာ ပို့ချ၍ ဓုတင်နှင့်တကွ
ဝတ်၊ ပဋိပတ်ကို စောက်ချ၍ ဆောင်တော်မူသည်။ ဆရာတော်၏ ပုဗ္ဗေစ ကတပုညတာစက်သည်

