## PAGE 400

၃၄၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ကောင်းကင်၌ တုတ်နှင့်ရမ်းလျှင် မထိ၊

လေကိုလက်နှင့်ဆုပ်ဖမ်းလျှင် မမိသကဲ့သို့ သက်ရှိသက်မဲ့ ကောင်းဆိုးနှစ်တန်
ဝဲယာအစွန်းနှစ်ဘက်စလုံး မငြိ၊ မထိ၊ မမိရအောင် တော်တည့် ဖြောင့်မှန်သော ဗဟိုလမ်းမက
လျှောက်နိုင်ပါလျှင် အသင်္ခတမုခ်ဦးသို့သာ ဆိုက်ရောက်ကြပေလိမ့်မည်။,

လောကီ လောကုတ် အသိအမြင်ထူးများ

ဖော်ပြပါ အရိပ်အမြွက်မျှ သိရှိရသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံတော်မူသည့်
လှေသင်းမင်းကျောင်း ဆရာတော် ဘုရားကြီးသည် ၁၂၈၈-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉-
ရက်၊ ဗုဒ္ဓဟူးနေ့ည ဆယ်နာရီ မိနစ်သုံးဆယ် အချိန်၌ စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။
မချုပ်ငြိမ်းမီ ခုနစ်ရက်အလိုကပင် တပည့်များအား-

..

“တပည့်တို့၊ ဤနေ့မှ ခုနစ်ရက်မြောက် ဗုဒ္ဓဟူးနေ့ ညကာလတွင် ဤဘဝ၏
အဆုံးစွန်သို့ ရောက်တော့မည်။ ငါမရှိသည့်နောက် ငါဟောပြော ကျင့်ကြံသော ပရိယတ်၊
ပဋိပတ်နှင့်စပ်၍ မှတ်သား ဆည်းပူးလိုလျှင် ငါ့တပည့်ကြီး မဟာသစ်ဝင်ချောင် မစိုးရိမ်တောရ
ဆရာကို ငါ့ကိုယ်စား အရာထား ဆည်းကပ်ရစ်ကြ” ဟု ကြိုတင်၍ မိန့်မှာတော် မူခဲ့
သေး၏။ (မစိုးရိမ်တောရ ဆရာတော်ဟူသည် မင်းကျောင်းဆရာတော် ပျံလွန်ပြီး နှစ်လအတွင်း
စာမျက်နှာ ၁၄၀-ရှိ ထေရုပ္ပတ္တိ ရေးသူ ဦးသောမာဘိသိရီ ဖြစ်သည်။)

အတ္ထုပ္ပတ္တိ စာအုပ်တွင် ဆရာတော်၏ ပဋိဝေဓနှင့်စပ်၍ အကြောင်း အတ္ထုပ္ပတ္တိများ
မဖော်ပြစေကာမူ စာပေကျမ်းဂန် အထောက်အထားဖြင့် ပညာရှိပီသစွာ ထုတ်ဖော်ဝန်ခံထား၏။
“လောကီ လောကုတ္တရာ နှစ်ဖြာသော ပဋိဝေဓသို့ ဆိုက်ရောက်တော်မူသည်” ဟု ဆိုလေ
သည်။ ဆရာတော်သည်-

၁။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာလာ မည်မျှ လျှို့ဝှက်ခဲ့ကပ်သော အဓိပ္ပာယ်မျိုး
ကိုမဆို၊ အဖွင့် သံဝဏ္ဏနာ၊ နိဿယ စသည် မကြည့်ရဘဲ တွေ့ကာ မြင်ကာ
မျှဖြင့် ယထာဘူတကျအောင် ရှင်းပြတော် မူနိုင်၏။

၂။ ရှေးပညာရှိတို့ လျှို့ဝှက် သိပ်သည်းစွာ နည်းပရိယာယ်ဖြင့် စီရင်ခဲ့သော
အရာများကိုလည်း တစ်မုဟုတ်ချင်းပင် ဖော်ထုတ်နိုင်၏။ ဂန္ဓာရီ ၀ိဇ္ဇာ
ထွက်ရပ်ပေါက် လျှို့ဝှက်ပညာရပ်များ (အင်း၊ လက်ဖွဲ့၊ မန္တန် စသည်)ကိုလည်း
မြင်ကာမျှဖြင့် ဖြစ်ပေါ်ပုံ၊ သုံးစွဲပုံ၊ အကျိုးအာနိသင်များကိုပါ ထုတ်ဖော်
ညွှန်ပြနိုင်၏။

၃။ လောက၌ ကြိုတင်ဖြစ်ပေါ်တတ်သော အတိတ်၊ နိမိတ်၊ အိပ်မက်၊ အလိုလို
ပေါ်လာသော ဂဏန်းအက္ခရာ၊ ဂါထာ၊ တဘောင်၊ ဟော၊ တောင်၊
ရေ၊ မြေ၊
သင်္ကေတ၊ နိမိတ်မှန်သမျှ သိလို၍ လျှောက်လျှင် ချက်ချင်းပင် အဖြေပေးတော်
မူနိုင်၏။


## PAGE 401


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၄၅

(ထိုမျှလောက်ကိုသာ ကြည့်၍ ဂန္ဓာရီ၊ လောကာယတ လမ်းစဉ်ဟု
မမှတ်ထင်လင့်။ ဝိပဿနာ သမာဓိသည် ပသာဒ ငါးပါး၊ အတွင်းအာယတန
ခြောက်ပါးကို ထက်မြက်စေ၍ လွယ်လွယ်နှင့်ပင် ပိဋက သုံးပုံကို ဆောင်နိုင်
ကြောင်း သထုံဇေတဝန် ဆရာတော် အခန်း၌ ကြည့်ပါ။)

၄။ ထိုမျှသာမဟုတ်၊ စေတောပရိယ အဘိညာဉ်ခေါ် သူတစ်ပါးစိတ်ကူး အကြံ
အစည် များကိုလည်းကောင်း၊ ပြုလုပ်စီမံထားသော အရာများကို လည်းကောင်း၊
ဖြစ်ပျက်နေသော အရာများကို လည်းကောင်း သိတော်မူသည်။

၅။ ထိုမှတစ်ပါး သေကြေပျက်စီးမည့် အရာများကိုလည်းကောင်း၊ တစ်စုံတစ်ဦး၏
ကွယ်လွန်သည့်နောက် ရောက်ရ၊ လားရသည့် ဘဝဂတိများကို လည်းကောင်း
ထိုးထွင်း သိမြင်တော် မူကြောင်း လောကိယ ပဋိဝေဓ ဆိုက်ပုံ အတိအလင်းပင်
ဖော်ပြ ရေးသားထားသည်ကို ကြည်ညိုရ၏။

လောကုတ္တရာပဋိဝေဓ ဆိုက်ရောက်တော် မူရာ၌လည်း သိက္ခာသုံးပါးကို မအားမလ
ဖြည့်ပုံ၊ ကပ်ငြိတွယ်တာခြင်း ကင်းပုံများကို တောက်၍ ယုံမှားဖွယ် မရှိပါချေ။

ဝိနည်း သိက္ခာပုဒ်တော်က ပညတ်တော်မူသည်ထက်ပင် လျှို့ဝှက် သိပ်သည်းတော်
မူကြ၍ အရိပ်အမြွက် တစ်စွန်းတစ်စမျှဖြင့်သာ ဒိဋ္ဌာနုဂတိ (အတုယူ) ကျင့်သုံး ဝမ်းမြောက်ကြရ
ပေတော့၏။ အထိုက်အလျောက် ဖွင့်တော် မူခဲ့ကြပါမူကား မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်သည်
လျှမ်းလျှမ်းတောက် ဝမ်းမြောက်အားကျဖွယ်အတိ ဖြစ်ပေရာ၏။ အဘယ့်ကြောင့်ဆိုသော်
သဒ္ဓါ၊ ဝီရိယသာ အရင်းစိုက်၍ လိုက်နာကျင့်ကြံကြပါမူ ပါဠိတော်တို့သည်လည်း ပူပူနွေးနွေး
မျှသာ ရှိသေး၍ မဇ္ဈိမပဋိပဒါ လမ်းရိုးလမ်းဟောင်း တစ်ကြောင်းတည်းသော ခရီးလည်း
ဖုံလျက်ပင် ရှိနေသေးသောကြောင့်တည်း။

1


## PAGE 402


"

စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ဆရာတော်

( ၁၂၂၀

-

၁၂၈၁ )

စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ဆရာတော်သည် မကွေးမြို့၌ ၁၂၂၀-ပြည့်နှစ်
တော်သလင်းလဆုတ် လေးရက် တနင်္ဂနွေနေ့ည (မြန်မာနာရီ) တစ်ချက်တီးကျော်ဖွားသည်။
မကွေးမြို့ ဂုံတောဆရာတော် ဦးကေသရ ထံ၌ သာမဏေ ငါးဝါ ရဟန်း ငါးဝါ နေခဲ့သည်။
ဘွဲ့ အရှင်ဥတ္တရ၊ နောက် အိမ်မဲမြို့ အရှင်ပုညထံ၌ တစ်ဝါ၊ ဒေးဒရဲမြို့ ချောင်းဖျားရွာ
အရှင်ဝိမလထံ၌ သုံးဝါ၊ ကွမ်းခြံကုန်းမြို့ မဟာဝုန် ဆရာတော် အရှင်ဇိနထံ၌ နှစ်ဝါ၊
ထို့နောက် မန္တ လေးမြို့ အရှေ့ပြင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ထံ၌ လေးဝါနေခဲ့သည်။

.

၁၂၅၇-ခုနှစ် ၁၈-ဝါအရ ဝါဆိုလဆန်း လေးရက်နေ့၌ စစ်ကိုင်းတောင်သို့ တောထွက်
တော် မူခဲ့သည်။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းရှုပွားနည်း “နိဗ္ဗာနမဂ္ဂဒီပနီကျမ်း”၊ “နိဗ္ဗာနမဂ္ဂ
ဘေဒနီကျမ်း’နှင့် “နိဗ္ဗာနဂတဗောဇ္ဈင်္ဂ ဒီပနီကျမ်း' တို့ကိုလည်း ရေးတော်မူသည်။
စစ်ကိုင်းတောင်သည် ထိုစဉ်က ယခုကဲ့သို့ မဟုတ်။ ဆိတ်ငြိမ်အေးချမ်းလှသည်။

ဆရာတော် တောထွက်စဉ် နောက်ပါ သီတင်းသုံးဖော် လေးငါးပါးသာ ပါခဲ့သည်။
ကိုယ့်ကျောင်းကလေးနှင့်ကိုယ် နေကြရ၏။ သီတင်းနေ့များတွင် သီလပေးရမည် စိုး၍-
တံခါးပိတ်နေသည်။ ပရိသတ်ကို ရှောင်သော်လည်း တစ်နေ့တစ်ခြား ကျော်ကြားကာ
ပရိသတ် များလာသဖြင့် ၁၁-နှစ်ကြာသော် အရှေ့ဂန္ဓာရုံသို့ ရွှေ့ပြောင်း သီတင်းသုံးရ၏။
ထို၌လည်း ဝိုင်းအုံလာကြပြန်သဖြင့် နှစ်ဝါမျှသာနေပြီး မူလချောင်သို့ ၁၂၇၀-ပြည့်နှစ်
ဝါဆိုလဆန်း တစ်ရက်နေ့တွင် ပြောင်းရွှေ့ရပြန်သည်။ မလွှဲမရှောင်သာလွန်းလျှင် သီလပေး
တရားအနည်းငယ် ဟော၏။ ထိုမှတစ်ဖန် ၁၂၇၂-ခုနှစ် ဝါကပ်မည့် နေ့တွင် ဝင်္ကပါတောင်
မဟာသုခချောင်သို့ ကြွ၍ လိုဏ်ဂူတွင်း၌ ဝါကပ်တော်မူသည်။

လိုဏ်ဂူတွင်းမှာပင် နေတော်မူ၍ နေ့ညမစဲ အသက်ရှင်သမျှ ကာလပတ်လုံး တရား
နှင့်သာ နေတော်မူသည်။ ဆွမ်းပို့သော ရဟန်းငယ်သည် ဆွမ်းသပိတ်ကို လိုဏ်ဂူအဝ
သတ်မှတ်ထားသော နေရာ၌သာ ချထား၍ အချက်ပေးခဲ့ရ၏။ ဆွမ်းပို ့သူနှင့်ပင် အတွေ့မခံ။

ဂူမှ ထွက်သည့်အခါ သီလရှင် ချောင်များသို့ ဆွမ်းခံကြွရာ ထိုအခါကျမှပင် ရပ်ဝေး
း ဒကာ, ဒကာမများ ဆွမ်းလှူကြရသည်။ ပိုလျှံသော ဆွမ်းသင်္ကန်းစသည်ကို ကျောင်းများသို့
ခေတ္တဝင်ကာ လှူခဲ့သည်။ မည်သည့်အသုံးအဆောင် ကျောင်း, သင်္ကန်းစသည်ကိုမျှ အပို
အလျှံ လက်မခံ။ အခြားလိုအပ်သည့် ဌာနများ၌ ဆောက်လုပ် လှူဒါန်းရန် မိန့်ညွှန်လေ့ရှိသည်။
သည်ကြားထဲက အပိုအလျှံရလာသော သင်္ကန်း စသည်တို့ကို တစ်နှစ်တစ်ကြိမ် ဝိနည်း
စာမေးပွဲကြီး ကျင်းပစေ၍ ပေးလှူစေခဲ့သည်။ ယခုတိုင် စာပြန်ပွဲကြီး ထွန်းကားလျက် ရှိ၏။

မူလကျောင်း ဒါယကာမှာ မန္တ လေးမြို့ ဝါးတန်းရပ် သူဌေး ဦးကျော်၏ ဖခင် ဦးစာ
ဖြစ်၏။ ခမ်းကြီးနားကြီးဖြင့် ကျောင်းရေစက်ချမည် လာကြရာ ပရိသတ်များအား

