## PAGE 403

D

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၄၇

ဖိတ်ထားသည့်ရက် မတိုင်မီ တစ်ရက်နှစ်ရက်တွင် တိုးတိုးတိတ်တိတ် ရေစက်ချ လှူထား
နှင့်စေသည်။ စိတ်အာရုံ မပြန့် လွင့်စေဘဲ ဝိဝဋ ပါရမီ ဒါနကြီး အပြည့်အဝ ပြီးမြောက်စေရန်
ဖြစ်သည်။

နည်းခံကျင့်ကြံသော ယောဂီများကိုလည်း အထိုက်အလျောက် ပြည့်စုံရုံလောက်သာ
ညွှန်ပြ၍ တစ်ပါးတည်း ကိန်းအောင်းတော်မူသည်။

1

ကိုယ်ရောင်ကိုယ်ဝါ

တစ်နေ့သောအခါ ဆရာတော်က အတွင်းနေ တပည့် ဦးသဒ္ဓမ္မ (ချမ်းအေးဆရာတော်)
အား ဂူတွင်း၌ ထားသည့် အသုံးပြုလိုသော စာအုပ်များ ယူပေးရန် အမိန့်ရှိသည်၊ ဂူတွင်း၌
မှောင်နေ၍ မမြင်ရကြောင်း လျှောက်သောအခါ ဆရာတော်ဂူတွင်းသို့ ကြွလာရာ လိုဏ်ဂူ
တစ်ခုလုံး
လင်းထိန်သွားသည်။ ဆရာတော်က ထိုအကြောင်းကို မည်သူ ့အားမျှ မပြောရဟု
တားမြစ်တော်မူသဖြင့် ပျံလွန်တော်မူမှ ဦးသဒ္ဓမ္မက ဦးအဂ္ဂဓမ္မ (အောင်မြေသာစည်
ဆရာတော်) အား အမိန့်ရှိသည်။

အခါတစ်ပါး မဟာဂန္ဓာရုံ သိမ်အတွင်း သံဃ ဥပုသ်ပြုကြရာ၌ ဆရာတော်လည်း
အခြားမထေရ်ကြီးများနှင့် တစ်တန်းတည်း သီတင်းသုံးတော်မူရာ ဆရာတော်၏ ကိုယ်ဝတ်
သင်္ကန်း လွတ်နေသော ပခုံးလက်ရုံးသားများမှ အရောင်များ ထွက်နေသည်ကို နောက်တန်း၌
နေသော ဦးအဂ္ဂဓမ္မက ဖူးမြင်ရကြောင်း အမိန့် ရှိဖူးသည်။

တစ်ခါသော် ပုလိပ်မြို့၌ သီတင်းသုံးတော်မူစဉ် ကျောင်းအနီး၌ ကုဋီတစ်ခု ဆောက်လုပ်
'ထားရာ ထိုကုဋီကို အခြားနေရာသို့ ရွှေ့ပြောင်းရန် ဦးသဒ္ဓမ္မအား ခိုင်း၏။ မည်သို့မျှ
အကျိုးအကြောင်း မဖော်ပြသဖြင် ဦးသဒ္ဓမ္မမှာ မရွှေ့ချင်ရွှေ့ချင်နှင့် ရွှေ့ရသည်။ မကြာမီပင်
ရွှေ့ခိုင်းသည့် အဓိပ္ပာယ်ကို နားလည်တော့သည်။ အကြောင်းမှာ ထိုကုဋီ အထက်၌ ရှိသော
သရက်ပင်မှ ကိုင်းမကြီးမှာ မမျှော်လင့်ဘဲ ကျိုးကျလာလေတော့သည်။

ဆရာတော်ဘုရားကြီးထံ၌ လာရောက်နည်းယူ၍ တရားဘာဝနာ ပွားရသည်မှာ
ထင်လွယ်မြင်လွယ်ရှိသည်ဟု ယောဂီများက ယုံကြည်ကြပေသည်။ ဆရာတော့် ချောင်၌
တရားအားထုတ်ဖူးသော ယောဂီအဘွားကြီး တစ်ယောက် (ရှစ်မိုင် မစိုးရိမ်ဆရာတော်၏
ဒကာမကြီးဖြစ်သူ) က ပြောပြဖူးသည်မှာ ထိုချောင်၌ ဆရာတော်၏ တပည့်မ တစ်ဦးရှိသည်။
ဆရာတော်၏ ဝေယျာဝစ္စများကို ဆောင်ရွက်ရင်း လက်ထောက် တရားပြရသော မင်းမျိုးမင်းနွယ်
သာဝိကာမကြီးဖြစ်သည်။ ထိုအဒေါ်ကြီးမှာ ရောက်လာသော ယောဂီသစ်များအား “သမီးရယ်’”
စသည်ဖြင့် သာယာချေငံစွာ ပြောဆို၍ လိုအပ်သော အကူအညီကိုပေးသည်။ တရားရှုပွားပုံ .
ကိုလည်း ညွှန်ပြပေးလေ့ရှိသည်။ ထိုအဘွားကြီးထံ ရောက်သွားသောအခါ ထုံးစံအတိုင်းပြောဆို
အားပေး၍ ယုယစွာ ကျောကိုပွတ်သပ်လိုက်ရာ မှော်သွင်းသကဲ့သို့ တစ်ကိုယ်လုံး ဖိန်းရှိန်းသွားပြီး
စိတ်အားတွေ ထက်သန် ရွန်လန်းသွားကြောင်း ပြောပြဖူး၏။


## PAGE 404


၃၄၈

ဓမ္မာစရိယ ဦးဌေးလှိုင်

ယင်းသို့ တစ်ဖက်က သံဃာထိန်းသိမ်းမှုစသော သာသနာ့ တာဝန်များကို ဆောင်ရွက်
ရင်း ပဋိပတ်လုပ်ငန်းကို ရာသက်ပန် ဇောက်ချ၍ အချိန်ပြည့် အားထုတ်တော်မူသော မဟာ
ဂန္ဓာရုံဆရာတော် ဘုရားကြီးသည် သက်တော် ၆၁၊ သိက္ခာတော် ၄၂-ဝါအရ ၁၂၈၁-ခုနှစ်
ဝါခေါင်လဆုတ် ရှစ်ရက်နေ့ မဟာသုချောင်၌ပင် ပျံလွန်တော် မူခဲ့သည်။

ထိုအခါ ပျံလွန်တော်မူသော ညမှာပင် စစ်ကိုင်းတစ်တောင်လုံး ဟိုတောင်သည်တောင်
ကူးသန်းနေသော အလင်းရောင်ကြီးများ တဝင်းဝင်း တထိန်ထိန် မြင်နေရကြောင်း တောင်
အနောက်ဘက်၌ သီတင်းသုံးတော်မူသော သုဓမ္မာဂိုဏ်းချုပ် ဃောသိတ၀န် ဆရာတော်က
ချမ်းအေးဆရာတော်အား အမိန် ့ရှိခဲ့ဖူးလေသည်။

လယ်တီဆရာတော်နှင့် ဆွေးနွေးပုံ

ကျေးဇူးရှင် လယ်တီဆရာတော်ကြီး စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးခိုက် မဟာဂန္ဓာရုံ
ဆရာတော် ကြွရောက်၍ ဆရာတော်နှင့် အောက်ပါအတိုင်း လျှောက်ထား ဆွေးနွေးတော်
့ကြောင်း သက်တော် ၇၀-ကျော်ရှိ သိမ်တောင်ဆည်ကြီး ဆရာတော်ရေး “အရိယာဝိဇ္ဇာမဂ္ဂ
အလင်းပြကျမ်း (၁၉၅၅) စာမျက်နှာ ၃၆၉-၌ မှတ်တမ်းတင်ထားသည် မှာ အလွန်မှတ်သားဖွယ်
ကောင်းပေစွာ့။
ဂန္ဓာရုံ။

လယ်တီ၊

ဂန္ဓာရုံ၊

။ဆရာတော်ဘုရား၊ ဘုရားတပည့်တော် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပေးရာ
တပည့်ယောဂီများ ၄-၅-၇-ရက်နှင့် ဘုရားနိမိတ်ကို ကောင်းစွာ ရရှိကြပါသည်၊
ထို့နောက် နာမ်ရုပ်အဖြစ်အပျက်ကို အရှုခိုင်းသောအခါ ဝိပဿနာဉာဏ် ၁၀-
ပါးကို ၇-ရက် ၈-ရက် ၉-ရက် ၁၀-ရက်ဖြင့် ထင်မြင် ပေါက်ရောက်သော
ယောဂီတွေ ရှိပါသည်ဘုရား။ ဝိသုဒ္ဓိမဂ်အလိုက လွန်စွာ ခက်ခဲကြောင်း ပြပါသည်။
ယခု အားထုတ်သော ပုဂ္ဂိုလ်များမှာ လွန်စွာ လွယ်နေပါသည် ဘုရား။

။ဆရာပေးသော ဗုဒ္ဓါနုဿတိက ဘယ်လိုပေးသနည်း။

ဘုရားတပည့်တော် ပေးသည်မှာ မဟာဗောဓိပင်ရင်း - ရွှေပလ္လင်ပေါ်၌
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး မာရ်ငါးပါးအောင်၍ သစ္စာလေးပါး ထိုးထွင်း
သိတော်မူပုံကို မိမိရှေ့မှာ စမ္မခဏ် (သားရေနွယ်အခင်း) ခင်း၍ ပန်း၊ ရေ၊ ဆီမီး
ကပ်လှူ ပူဇော်စေပါသည်။ ရုပ်နာမ်နှစ်ပါးကို ဘုရားရှင်အား အပ်နှင်းစေ၍
နှစ်တောင့်ထွာလောက်က ရိုသေစွာ ရှိခိုးပြီး “အရဟံ၊ အရဟံ” ဟု နှလုံးသွင်းနေရမည်
ခိုင်းပါသည်။ ယောဂီများမှာ သက်တော်ထင်ရှား နိမ္မိတရုပ်ပွားတော်ကဲ့သို့ ရောင်ခြည်
တော် ၆-သွယ်နှင့်တကွ အာရုံနိမိတ်များ ကောင်းစွာထင်၍ ဖူးတွေ့ကြရပါသည်

ဘုရား။


## PAGE 405


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

လယ်တီ။

၃၄၉

“ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းသည် နိမိတ်မထင်ကောင်း၊ ပီတိသာ ဖြစ်ကောင်း
သည်ဟု ဝိသုဒ္ဓိမဂ်၌ လာရှိသည်။ ဗုဒ္ဓါနုဿတိ ဆိုသည်ကား ဘုရားရှင်၏
ဂုဏ်တော်ကို စွဲလမ်းသမှ အာရုံပြု၍ ဖြစ်သော အဖန်တလဲလဲ အောက်မေ့ခြင်း
သတိကို ဗုဒ္ဓါနုဿတိ ခေါ်သည်။

ဗုဒ္ဓါနုဿတိ-ကမ္မဋ္ဌာန်း အားထုတ်သူတို့သည် ဗုဒ္ဓါနုဿတိ အာရုံကိုသာ
ကောင်းစွာ စွဲလမ်း ကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားရှင်၏
ဂုဏ်တော်ကျေးဇူးတော်တို့ကို အဖန်တလဲလဲ အောက်မေ့၍ ပွားများသော သူတို့အား
ထိုအခိုက် ရာဂစိတ်၊ ဒေါသစိတ်၊ မောဟစိတ်မဖြစ်။ ဘုရားအာရုံ၌သာ ဖြောင့်
မတ် တည်ကြည်၏။ နီဝရဏ ကင်း၏။ ဘုရားရှင် ဂုဏ်ကျေးဇူးသို ့ ညွတ်သော
ဝိတက် ဝိစာရဖြစ်၏။ နှစ်သက်ခြင်း ပီတိဖြစ်၏၊ ငြိမ်းအေးခြင်း ပဿဒ္ဓိဖြစ်၏။
ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းသုခဖြစ်၏။

သုခရှိသူအား ဘုရားဂုဏ်လျှင် အာရုံရှိသည်ဖြစ်၍ စိတ်သည် တည်ကြည်၏။
ဤသို့ အစဉ်အတိုင်း တစ်ခုသော ခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ကုန်၏။
ဂုဏ်တော်တို့၏ နက်နဲလှသောကြောင့် လည်းကောင်း၊ အထူးထူး အပြားပြား
များသောဂုဏ်တို့ကို အောက်မေ့ခြင်း စုပ်စုပ်နစ်နစ် ဖြစ်၍ လေးမြတ်ယုံကြည်သည်
အဖြစ်ကြောင့် လည်းကောင်း အပ္ပနာသို့ မရောက်မူ၍ ဥပစာရဈာန်မျှသာဖြစ်၏။

ထိုဥပစာရဈာန်သည် ဘုရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သည်၏
အစွမ်းအားဖြင့် ဖြစ်သောကြောင့် ဗုဒ္ဓါနုဿတိ ဟူ၍သာလျှင် ဆိုရ၏။ ထို့ကြောင့်
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ပီတိသာ ဖြစ်ကောင်း၍ နိမိတ်မထင် ကောင်းသည်မှာ
ထင်ရှားလှပေသည်။ သို့ရာတွင် ဆရာက ပရိကံလုပ်၍ ပေးသောကြောင့်
ပေးသောပရိကံနှင့် ထင်သော နိမိတ်တည့်ပေသည်။ အတုမရှိသော အတိဣဋ္ဌာရုံ
ဘုရားနိမိတ် ထင်ခြင်းသည် ကောင်းပေသည်။ ရသောနိမိတ်ကို ဖျက်၍ မပစ်ကောင်း။
ဗုဒ္ဓါနုဿတိလို ့ခေါ်လျှင် စာနှင့်မညီညွတ် ဖြစ်ပေလိမ့်မည်။ အဆင်းရှိသော
ကသိုဏ်းလေးပါးတွင် သွင်း၍ ဗုဒ္ဓကသိုဏ်းလို့ ခေါ်မှ ရသော နိမိတ်နှင့် တည့်မည်ဟု
လယ်တီဆရာတော်က အမိန့်ရှိလေသည်။ ဝိပဿနာဉာဏ် ၁၀-ပါးနှင့်စပ်၍လည်း
အောက်ပါအတိုင်း ဆက်လက် အမိန့်ရှိသည်၊

လယ်တီး ။ဆရာ ဉာဏ် ၁၀-ပါး ပေးပုံကို လျှောက်ထားပါဦး။

ဂန္ဓာရုံ။

။သမ္မသနဉာဏ် ရှုနည်းကို ဟောပြောပါသည်။ ယောဂီတို့လည်း ဟောပြော
သည့်အတိုင်း ထင်မြင်ကြပါသည်။ ထို ့နောက် ဥဒယဗ္ဗယဉာဏ် ရုပ်နာမ်
ဖြစ်ပျက်ပုံကို ဟောပြောပါသည်။ ထို့နောက် အဖြစ်ကို လွှတ်၍ အပျက်ကိုသာ
ရှုကြည့်ရမည်ဟု ဟောပြောပါသည်။ ဟောပြောတိုင်းလည်း ထင်မြင်ကြပါသည်။

