## PAGE 406

၃၅ဝ

လယ်တီ။


ဓမ္မာစရိယ ဦးဌေးလှိုင်

။သုတမယဉာဏ်၊ စိန္တာမယဉာဏ်၊ ဘာဝနာမယဉာဏ် သုံးမျိုးရှိရာတွင်
ဘာဝနာမယဉာဏ် သဘာဝဓမ္မ အဟုတ်အမှန် အစစ်ကို သိရန်မှာ ဒုက္ခအချက်က
ထိုင်၍သာ ကြည့်ရမည်။ ဒုက္ခအချက် မပိုင်သေးလျှင် သဘာဝဓမ္မ ဘာဝနာမယဉာဏ်
အစစ်မဟုတ်သေးကြောင်း သိရမည်၊ ဒုက္ခအချက်ပိုင်အောင် ရှေ့သို့တိုး၍ ဗိုလ်ငါးပါး
တူမျှအောင် ထား၍ အားထုတ်ရန် တိုက်တွန်းပေးရမည်။

မန္တ လေးမြို့၌ ရှိသော မြင်းရထား က,သော မြင်းများကို အစာကျွေးသောအခါ
မြက်ခြောက်ကိုစဉ်း၍ ကျွေးကြသည်။ မြင်းကို မျက်မှန်စိမ်းတပ်၍ ကျွေးသည်။
မြင်း၏ စက္ခုဝိညာဉ် စိတ်သည် မြက်စိမ်းတွေထင်၍ စားကြသည်။ မြက်ဖြူ
အခြောက်တွေကို အဟုတ်တကယ် မြက်စိမ်းထင်အောင် စက္ခုဝိညာဉ်စိတ်ကို
မျက်မှန်စိမ်းကြီးတပ်၍ လိမ်ကျွေးခြင်းမျှသာ ဖြစ်သည်။

ပကတိ ဇာတိပေါ်အောင် မျက်မှန်စိမ်းကြီးကို ချွတ်ကြည့်လိုက်၊ မြက်စိမ်းတွေ
ကွယ်ပျောက်၍ ပကတိဇာတိ မြက်ဖြူတွေကိုသာ အဖြူအတိုင်း မြင်လိမ့်မည်။
ထို ့အတူ တရားအားထုတ်သော ယောဂီတို့ ထင်မြင်နေသော ဉာဏ်
ပါးသည် သဘာဝဓမ္မအစစ်အမှန် ဟုတ်-မဟုတ်ကို ကာမဝိတက် ပြင်းထန်စွာ
ဖြစ်ပြီးနောက် မိမိတို့ ထင်မြင်နေသော ဝိပဿနာဉာဏ် ၁၀-ပါးကို ပြန်၍
အားထုတ်ခိုင်းကြည့်ရမည်။

သမထ သမာဓိနှင့် သုတမယဉာဏ်၊ စိန္တာမယဉာဏ် တွဲ၍ ‘ထင်နေသော
ဉာဏ်ဖြစ်ခဲ့လျှင် ရုပ်နာမ်၏ အဖြစ်အပျက်ကို ဘာတစ်ခုမျှ ရှာဖွေ လို့ မရသည့်ပြင်
မိမိခန္ဓာကိုယ် အသွင်သဏ္ဌာန်ကြီးပင် မမြင်ရအောင် မှောင်ကြီးအတိ ကျနေ
တတ်သည်။ သို့အတွက် ဆရာ့တပည့်များကို ယခု စမ်းနည်းအတိုင်း စမ်းကြည့်ရမည်။
(သဘာဝ အစစ်အမှန်ဖြစ်လျှင် ရုပ်နာမ် အဖြစ်အပျက် မပျောက်တော့ပြီဟု
ဆိုလို၏။ အနတ္တဒီပနီတွင်လည်း ကြည့်ပါလေ။)

(ဂန္ဓာရုံ ဆရာတော်၏ ယောဂီများတွင်လည်း မဂ်ယောင်ဖိုလ်ယောင်
အာဝဋနိမာယာ အမွှေဓာတ်များ ဝင်နေပြီဟု လယ်တီဆရာတော် ယူဆ၍
မိန့်တော်မူဟန် ရှိသည်။ ဆရာတော်ကား အတွေ့အကြုံများ၍ ဉာဏ်ကြီးမားပေစွာ့။
ဆည်ကြီးဆရာတော် မှတ်တမ်းတင်ထားသည်မှာလည်း လေးနက်သော အဓိပ္ပာယ်ကို
ဆောင်လေသည်။

မဟာဂန္ဓာရုံ ဆရာတော် အကြောင်းကို လက်လှမ်းမှီသမျှ လေ့လာ ဖတ်ရှ
ရာတွင် ကျော်ကြားသလောက် မှတ်တမ်းမှတ်ရာမရှိဖြစ်သည်။ ပရိယတ်၊ ပဋိပတ်
စွယ်စုံတတ်မြောက်သူတို့ မှတ်တမ်းတင်မှသာလည်း ယုံကြည်ထိုက်၏။ ထူးခြားသည့်
ပုဂ္ဂိုလ်ကြီးများ အနီးတွင် နေထိုင်ခွင့်ရသော စွယ်စုံ-ပညာရှင်များ သတိပြုရမည့်
အချက်ပင် ဖြစ်သည်။ သာသနာတော်အတွက် များစွာ အထောက်အကူပေးနိုင်သော
အခွင့်ကောင်းများ လက်မလွတ်စေသင့်ပေ။)


## PAGE 407

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၅၁

မှန်ကန်သော အာရုံနိမိတ်

ဆရာတော်၏ တပည့်မ သီလရှင်ယောဂီကြီး တစ်ဦးအကြောင်းနှင့် စပ်၍ မန္တလေးမြို့
အဘိဓမ္မကထိက ဆရာကြီး ဦးသိန်းအောင် မှတ်တမ်းတင်ထားသည်ကို ဖတ်ရသဖြင့်
ဆရာတော်အား ကြည်ညို အားကျသောစိတ် တက်ရပြန်သည်။

ထိုစဉ်က ဟင်္သာတမြို့မှ လာရောက်အားထုတ်သော သီလရှင်ဆရာကြီး တစ်ဦးသည်
မဂ္ဂင်ချောင်၌နေ၍ သူ၏သားရဟန်းမှာ ဓူဝံချောင်၌ နေသည်။ တစ်နေ့သ၌ သီလရှင်
ဆရာကြီးသည် သားရဟန်းထံ ရောက်လာပြီးလျှင်-

“မောင်ပဉ္စင်း၊ မောင်ပဉ္စင်းရဲ့ညီ မောင်ဘကြမ်းတစ်ယောက် မနက်က ဓားခုတ်ခံရတယ်၊
ညာဘက် မျက်နှာရော၊ ဘယ်ဘက် ဂျိုစောင်းနှင့် လက်ပြင်မှာရော ဒဏ်ရာရလို ့ ခု
ဟင်္သာတဆေးရုံ တက်နေရတယ်” ဟု ဟင်္သာတမြို့ရှိ သားအကြောင်းကို လျှောက်ထားရာ-
“ဒကာမကြီး ဘယ်သူပြောသတုံး” ဟု သားက ပြန်မေးသည်။

“တပည့်တော်မကို ဘယ်သူမှ လာမပြောပါ၊ ကမ္မဋ္ဌာန်းထိုင်ရင်း စိတ်အာရုံမှာ တွေ့ရ
တယ်” ဟု လျှောက်လျှင်-

"

“အာ-ဒကာမကြီး စိတ်စွဲနေလို့ အာရုံပေါ်လာတာ ဖြစ်ပါလိမ့်မယ်” ဟု ဆိုလေသည်။
“တပည့်တော်မ ဒီဘဝ မရောက်ခင်ကထဲက ရှိပစ္စည်းအားလုံး မောင်ပဉ္စင်းတို့
ညီအစ်ကို နှစ်ယောက်ကို အပြတ်ခွဲဝေပြီးမှပဲ၊ စွဲလမ်းဖို ့ မရှိပါဘူး၊ ဘကြမ်းကိုလဲ သတိရ
မနေပါဘူး၊ တပည့်တော်မ အာရုံဟာ မှန်တတ်ပါတယ်၊ မောင်ပဉ္စင်းဟာ ခေတ္တ ဒုလ္လဘသင်္ကန်း
ဝတ်နေသူမို့ ဝတ္တရားအတိုင်း ဆောင်ရွက်ဖို့လာပြောတာပဲ” ဟုသာ လျှောက်ထားပြီး ပြန်
သွားသည်။

ထိုသို့ မိမိအာရုံကို မိမိ ယုံကြည်ထားသည်မှာ သာမည အသိဖြင့် ယုံရန်ခက်ပေသည်၊
သီလရှင် ဆရာကြီးကား သူ့အသိကို ကောင်းစွာ ယုံကြည်ကြောင်း ထင်ရှားပေသည်။

မယ်တော်ကြီး ပြန်သွားလျှင် သားဦးပဉ္စင်းမှာ စဉ်းစားဆုံးဖြတ်ရန် ခက်နေ၏။ ထို
နေ့မှာပင် ကြေးနန်း ရောက်လာသဖြင့် ဟင်္သာတသို့ လိုက်သွားရသည်။ ဆေးရုံရောက်၍
ကြည့်သောအခါ ဒဏ်ရာများလည်း မယ်တော်ကြီး ပြောသည်နှင့် တစ်ထပ်တည်း ဖြစ်နေသည်ကို

တွေ့ ရလေ၏။ နောင်မကြာမီ မောင်ဘကြမ်း ကျန်းမာလာ၍ စစ်ကိုင်းတောင်ရိုးသို့ ဒုလ္လဘ
ရဟန်းခံရန် ရောက်လာရာ ကျောင်းရှိ ဦးပဉ္စင်းများက မယ်တော်သီလရှင် ဆရာကြီး
မြင်သိပုံနှင့်စပ်၍ ပြောဆို ဆွေးနွေးကြ၏။ ထိုအခါ မောင်ဘကြမ်း ဓားခုတ်ခံရစဉ်က
သေလုမျောပါး ဝေဒနာ ခံစားရသောအခါ “မယ်တော်ကြီးဆုံးမစကားကို မနာယူမိ၍ ဖြစ်ရ
သည်' ဟု နောင်တရကာ မယ်တော့် ကျေးဇူးကို သတိရပြီး မယ်တော်ကြီးထံ စိတ်ရောက်
နေကြောင်း ပြောပြလေသည်။

ဆရာကြီး ဦးသိန်းအောင်က စိတ်ဓာတ်ချင်း ဆက်စပ်ထိခိုက်ပုံကို ယူဆလိုသဖြင့်
သူ၏ 'ဗုဒ္ဓဝါဒ သုံးလောကနှင့် သတ္တဝါအစ ဖြစ်ပုံကျမ်း' တွင် ၁၅-နှစ်သားအရွယ်က
သူကိုယ်တိုင် သိမှီခဲ့သော ပုံစံတစ်ခုကို ထုတ်ပြခြင်း ဖြစ်ပေသည်။


## PAGE 408


၃၅၂

အကြားအမြင် အထင်မကြီးသင့်

ဓမ္မာစရိယ ဦးဌေးလှိုင်

အဆိုပါ သီလရှင်ကြီး၏ အခြေအနေကို ထောက်၍လည်း ကမ္မဋ္ဌာန်းနည်းပြ
ဆရာတော်၏ ဂုဏ်ကို ဆင့်ပွား ကြည်ညိုနိုင်မည်ဟု ယူဆပါ၏။ ကျွန်ုပ်တို့ သိစေလိုသည်မှာ
“တကယ်လုပ်လျှင် အဟုတ်ဖြစ်သည်” ဟူသော အချက်ပင် ဖြစ်၏။ ထိုသီလရှင် ဆရာကြီးကဲ့သို့
သိမြင်သူတို့ကား ယခုအခါ အလွန်များသော အရေအတွက်၌ ရှိပေလိမ့်မည်။ သို့ရာတွင်
ထိုအသိမျိုးရှိလျှင်ပင် ရဟန္တာဟူ၍ သမုတ်တတ်ကြသည်မှာလည်း ပဋိပတ္တိ သာသနာဝင်၌
အန္တ ရာယ်ကြီးတစ်ခု ဖြစ်နေပေသည်။ ထိုအသိမျိုးသည် အဘိညာဉ်ရှေ့ပြေး သာမန်လောကီ
အသိမျှသာ ဖြစ်နိုင်၍ ရဟန္တာမဆိုထားဘိ၊ သောတာပန်မျှပင် ဖြစ်နိုင်ရာသည် မဟုတ်ချေ။
အရိယာ ဖြစ်တိုင်း သိချင်မှသိ၍၊ သိတိုင်းလည်း အရိယာ ဖြစ်ချင်မှ ဖြစ်ရာသည်။

လောကီနှင့် လောကုတ္တရာကို ခွဲခြားဝေဖန်နိုင်သော ပရိယတ်ပဋိပတ် အခြေခံမရှိဘဲလျက်
အယူအစွဲ မသည်းအပ်။ ဝိနည်း သိက္ခာကို ရိုသေစောင့်သိ၍ ပရိယတ် ပဋိပတ် စွယ်စုံ
ပုဂ္ဂိုလ် ကျော် သူတော်စင်ကြီးတို့ကား ဘာမျှ အဆန်းတကြယ် မဟုတ်သော ထိုသည့်
အထင်အမြင် အသိအကြားများကို ရေးကြီးခွင်ကျယ်လုပ်၍ ထုတ်ဖော် ပြောဆိုတော်မမူကြ။
သူတစ်ပါး သိမည်ကိုပင် စိုးတော်မူကြသည်ကို သဘောပေါက်သင့်၏။

ကိုယ်တိုင်ရေး အလုပ်ခွင်မှတ်တမ်း

ဆရာတော်အား အနာဂါမ်ကြီးဟူ၍ သမုတ်ခဲ့ကြ၏။ ကာမဘုံက မလွန်သေးဟုလည်း
သိမြင်သူများက ဆိုကြသည်။ မည်သို့ဆိုစေ ဆရာတော်ကား ဇွဲ၊ လုံ့လ ကြီးမားလှပေ၏။
ပျံတော်မူခါနီး မမာမကျန်းရှိစဉ် ပို၍ပင်အားထုတ်တော်မူ၏။ “ရဟန္တာမဖြစ်သမျှ ဤဂူမှ
မထွက်တော့ပြီ” ဟုပင် တစ်ဆင့်တက်ကာ သမ္မပ္ပဓာန် လုံ့လဖြင့် အဓိဋ္ဌာန်တော်မူသည်။

ရောဂါအခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာသဖြင့် မကြည့်ရက်သော တပည့်ကြီး
များက ဂူမှထွက်၍ ဆေးဝါးကုသခံယူရန် အတန်တန် လျှောက်ထားကြ၏။ လျှောက်ထား
ကြသော်လည်း မရ။ နောက်ဆုံး တပည့်ကြီးများက လယ်တီဆရာတော်အား အကြောင်းစုံ
လျှောက်ထား၍ အကူအညီ တောင်းကြရ၏။ လယ်တီဆရာတော် ကိုယ်တိုင် ဂူထဲသို့
ကြွရောက်၍ ပြောရာ-

“တပည့်တော် အဓိဋ္ဌာန်ရှိနေလို့ပါ” ဟု တောင်းပန်လျှောက်ထား၏။ လယ်တီဆရာတော်
လည်း ကျန်းမာရေး အခြေအနေများကို ကြည့်၍ အထပ်ထပ်စဉ်းစားပြီးနောက် အသင့်
ပါလာသော ဦးပဉ္စင်းများဘက်သို့ လှည့်၍-

“ကဲ-မောင်ပဉ္စင်းတို့၊ အပြင်ထမ်းပင့်ကြ၊ အဓိဋ္ဌာန်တာက ဦးဥတ္တရ၊ ဂူအပြင်ထုတ်တာက
လယ်တီဆရာတော်ပဲ” ဟု ပြောပြောဆိုဆို ကျောင်းသို့ ပင့်ဆောင်စေခဲ့၏။

ဆရာတော် ပျံလွန်တော်မူသည့်နောက် နေရာရှင်းကြသောအခါ အမြဲသုံးသည့်

