## PAGE 409


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၅၃

ခေါင်းအုံးအောက်တွင် ဆရာတော်ကိုယ်တိုင် ရေးသားခဲ့သည့် ၁၂’နှစ်တာ အလုပ်ခွင်မှတ်တမ်း
ကို အံ့အားသင့်စွာ တွေ့ကြရ၏၊ အိပ်မက် ၁၆-မျိုးနှင့် အာရုံ နိမိတ်များ,အတွေးအထင်များ
ပါဝင်လေသည်။ ထူးခြားသည်မှာ ဆရာတော်၏ အမှာစာ၌ပင်-

“ရဟန်းရှင်လူ သီလရှင်အပေါင်းတို့၊ သမထဝိပဿနာ တိုးပွားစေခြင်းငှာ တပည့်များ
က သမထဝိပဿနာစာအုပ်မှာ ထည့်၍ ပုံနှိပ်ရမည်” ဟု ရေးသား မှာထားတော် မူခဲ့၏။
သို့ရာတွင် ဆရာတော်ရေး မည်သည့်စာအုပ်တွင်မျှ ဤမှတ်တမ်းကို မတွေ့ရ။

ယင်းမှတ်တမ်းကို စစ်ကိုင်းတောင်ရိုး၊ ဝေဇယန္တာချောင် ဆရာတော်အရှင် မဟော
သဓပဏ္ဍိတ ၏ ကျေးဇူးကြောင့် ၁၃၃၂-ခုနှစ၊ တပို့တွဲလ (၁၀၊၂၊၇၁) ထုတ် ဓမ္မဗျူဟာ
စာစောင် (၉-၁ဝ နှင့် ၁၀-၅) တို့၌ ဖတ်ရှုရသည်။

ဤမှတ်တမ်းသည် ဤခေတ်အခါတွင် မဆန်းကြယ်လှသော်လည်း-

“ဤသို့ စာတတ် ကျမ်းတတ် အကျင့်ပဋိပတ်နှင့် ပြည့်စုံသော တကယ့်အာဇာနည်
အရှင်မြတ်ကြီးတို့ပင်လျှင် အစစ်အမှန်မဟုတ်သော အထင်အမြင် အတွေးအခေါ် အာရုံနိမိတ်များ
ရှုပ်ထွေးပွေလီလှပေ၏။ ရဟန်းကိစ္စ မပြီးသေးဘဲလျက် ပြီးပြီဟု အထင်မှား အမြင်မှား
ဖြစ်ရချေသေး၏” ဟု သင်ခန်းစာ ယူကြရပေလိမ့်မည်။

အထူးသဖြင့် ယူရမည့် သင်ခန်းစာကား ဘုရားဆုပန်ခြင်းပည်တည်း။ မိမိ၏ အမူ
အရာ အလောင်းတော်ကြီးများ၏ အလေ့အလာနှင့် ကွာချင်းတိုင်း ခြားကွာမှန်းမသိ၊ မိမိ
ကိုယ်ကို မိမိလှည့်စားရာ ရောက်နေတတ်သော “ဆုကြီးပန်” ဆိုသူများ ယနေ့ အပြတ်
စဉ်းစားဆုံးဖြတ်ရပေလိမ့်မည်၊ မှတ်တမ်းတင် ထားတော်မူခဲ့သည်ကိုလည်း ကျေးဇူးတင်ထိုက်
ကြပေစွာ။

၂။

၃။

၄။

၅။

၆။

ဆရာတော်၏ မှတ်တမ်းကား အောက်ပါအတိုင်းပင် ဖြစ်ပါသည်။

သမထကမ္မဋ္ဌာန်းကို ၁၂၅၇-ခုနှစ် အားထုတ်ရာ ၅၉-ခုနှစ်သို့ ရောက်လျှင်
ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိဖြစ်၍ တစ်လလောက်ပင် ကိုယ်စိတ်နှစ်ဖြာ ကိလေသာ
ကင်းကွာပူပန်မှု အလွန်ငြိမ်းအေး၍နေခြင်း၊

၎င်းနောက် ၆၁-ခုနှစ်သို့ ရောက်လျှင် ကဆုန်လဆန်း ၇-ရက် (နှစ်ဆန်း ၁–
ရက်) ၎င်းနေ့ကစ၍ သောတဒွါရဖြင့် သဒ္ဒါရုံတွေ အမြဲကြား၍ နေရခြင်း၊
၎င်းသဒ္ဒါရုံကိုရပြီးနောက် အလွန် နှစ်နှစ်သက်သက် ရက်ပေါင်းများစွာ ပိတ်
ဖြစ်၍ နေခြင်း၊

၎င်းနောက် ဈာန်မဂ်ဖိုလ်တရှားကို မရသေးသော်လည်း ရသကဲ့သို့ ရက်ပေါင်း
များစွာ စိတ်ထဲမှာ ထင်၍နေခြင်း။

၎င်းနောက် နိဗ္ဗာန်မှာ မြတ်စွာဘုရားနှင့်တကွ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်
အစရှိသော ရဟန္တာအရှင်မြတ်တို့သည် ခန္ဓာပဉ္စက ဒြဗ်ကောင်ကြီးကဲ့သို့ ရက်ပေါင်း
များစွာ စိတ်ထဲမှာ ထင်၍နေခြင်း၊

၎င်းနောက် ရုပ်နာမ်ကို အဖန်ဖန် ဆင့်ခြင်ပြန်သည်ရှိသော် ၆၁-ခုနှစ် ပထမ


## PAGE 410


၃၅၄

၇။

၉။

#

၁၀။

ဓမ္မာစရိယ ဦးဌေးလှိုင်

ဝါဆိုလဆန်း ၇-ရက်နေ့ည ရုပ်နာမ်ကို ဆင်ခြင်ဆဲ အဝိဇ္ဇမာန ပညတ်ကွယ်၍
ထိနမိဒ္ဓ ဥဒ္ဓစ္စ စသည်ကင်းလျက် တစ်ညလုံး မိုးလင်းသည့်တိုင်အောင် သက်ရှိ
သက်မဲ့တို့သည် ရုပ်နာမ်အစု ရုပ်အစုချည်း သာတည်းဟု အလွန်ထင်လာသည်။
၎င်းရုပ်နာမ်တရား တို့သည် အနိစ္စ, ဒုက္ခ, အနတ္တ- တရားချည်းသာဟု. အမြဲ
ထင်၍နေသည်။ မီးခိုးတောင်ခိုး တိမ်ခိုးတို့ကဲ့သို့ များစွာဖြစ်လျက် ၎င်းအခိုးထဲက
ကြည်လင်သော အရောင်ဖြစ်၍ မျက်နှာရိပ်ကို ထင်မြင်ခြင်း၊

၎င်းနောက် ရုပ်နာမ်တရားတို့ကို အဖန်ဖန် ဆင်ခြင်ပြန်သည်ရှိသော် ပထမဝါဆို
လဆန်း ၁၄-ရက်နေ့ည တစ်ညလုံး မိုးလင်းသည့်တိုင်အောင် ကိလေသာ ပူပန်
ခြင်း ငြိမ်းအေး၍ ထိနမိဒ္ဓဥဒ္ဓစ္စ စသည် ကင်းလျက် ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ
အစရှိသော တရားတို့သည် ဖြစ်ပေါ်ကုန်၍ .မီးခိုး တောင်ခိုး တိမ်ခိုးတို့ကဲ့သို့
လည်းကောင်း၊ နီသော ရွဲလုံးကဲ့သို့ လည်းကောင်း၊ မီးတောက်ကဲ့သို့လည်းကောင်း
များစွာသော အရောင်ဖြစ်၍ ၎င်းအရောင်တို့သည် အနိစ္စ, ဒုက္ခ, အနတ္တ
သဘောချည်းဟု အမြဲထင်၍နေခြင်း၊

၎င်းနောက် ဝိပဿနာဉာဏ် ၁၀-ပါးကို အဖန်ဖန် ဆင်ခြင်ပြန်သည်ရှိသော်
သမ္မသနဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ထင်မြင်ခြင်း၊
၎င်းနောက်....ရှိသော် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်မှာ ၆၁-ခုနှစ်ကစ၍
၆၂-ခုနှစ် ပြာသိုလပြည့်ကျော် ၆-ရက် - ဗုဒ္ဓဟူးနေ့တိုင်အောင် အလွန့်အလွန်
ထင်မြင်ခြင်း၊

၎င်းနောက်....ရှိသော် ၆၂-ခုနှစ် နတ်တော်လပြည့်ကျော် ၈-ရက် နေ့ လေး
နာရီကစ၍ တစ်ညလုံး မိုးလင်းသည့်တိုင်အောင် နိဗ္ဗာန်၌သာ အာရုံပြုလျက်
မဂ်လေးပါးလုံး ရပြီဟု ထင်နေပြီးလျှင် မိုးလင်းသောကာလမှ မဂ်လေးပါးလုံးမရမှန်း
သိသည်။

ပအ၊ ထအ၊ မအံ၊ မအ၊ ဂအ-ရအ။ (ပထမ မဂ္ဂ-ရပြီဟု ဆိုလို၏။)
၎င်းနောက်.....ရှိသော် ၆၂-ခုနှစ် ပြာသိုလပြည့်ကျော် ၆-ရက် ဗုဒ္ဓဟူးနေ့၌
ဘင်္ဂဉာဏ်ရင့်ခြင်းကို အလွန် အလွန် အမြဲထင်မြင်ခြင်း၊

၁၂။ . . ၎င်းနောက်....ရှိသော် ပြာသိုလပြည့်ကျော် ၁၁-ရက်နေ့ည ဘယ ဉာဏ်၊
အာဒီနဝဉာဏ်၊ နိဗ္ဗိဒါ ဉာဏ်၊ မုဉ္စိတုကမျတာ -ဉာဏ်၊ ပဋိသင်္ခါ ဉာဏ်၊
သင်္ခါရုပေက္ခာ ဉာဏ် တို့ အလွန်ထင်မြင်ခြင်း၊

၁၃။

၁၄။

၎င်းနောက်......ရှိသော် သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ ရှေးဦးစွာ ဥ-အာ-
နိဉာဏ်တို့ကို ဒုက္ခသစ္စာဟု ထင်လာသည်။ သမ္မသနဉာဏ်ကို သမုဒယသစ္စာဟု
ထင်လာသည်။ . မုဉ္စိတုကမျတာဉာဏ်ကို နိရောဓသစ္စာဟု ထင်လာသည်။
ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်တို့ကို မဂ္ဂသစ္စာဟု. ထင်လာသည်။
၎င်းနောက် ဝိပဿနာဉာဏ် ၁၀-ပါးကို အဖန်ဖန် ဆင်ခြင်ပြန်သည်ရှိသော်


## PAGE 411


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၅၅

သစ္စာလေးပါးသည် ဘာဝနာ၏ အစွမ်းအားဖြင့် အမြဲထင်မြင်ခြင်း၊
၁၅။ ၎င်းနောက် ပဋိစ္စသမုပ္ပါဒ၊ ပဋိစ္စသမုပ္ပန္နတရားတို့ကို ဆင်ခြင်ပြန်သည် ရှိသော်
၎င်းတရားတို့သည် ရက်ပေါင်းများစွာ ထင်မြင်လာကုန်၏။

၁၆။

၁၇။

၁၈။

၁၉။

၂၀။

၂၁။

၎င်းနောက်...ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံဓမ္မတာနည်း
လေးပါးတို့ကို ဆင်ခြင်ပြန်သည် ရှိသော် ၎င်းနည်းလေးပါးတို့ ရက်ပေါင်းများစွာ
ထင်မြင်လာကုန်၏။

၎င်းနောက် ဝိသုဒ္ဓိ ၇-ပါးကို ဆင်ခြင်ပြန်သည် ရှိသော် သီလဝိသုဒ္ဓိမှ စ၍
ပဋိပဒါဉာဏဒဿန ၀ိသုဒ္ဓိ တိုင်အောင် ထင်မြင်ခြင်း၊

၎င်းနောက် သိကျွမ်းဖူးသော မာတုဂါမတစ်ဦးကို ပုတီး နားဋောင်း စသော
အဝတ်တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်၍ စိတ်ဖြင့် အနီးအနား၌ ထားလျက်
၎င်းမာတုဂါမသည် အဝတ်တန်ဆာတို့ကြောင့် အလွန်တင့်တယ်၏။ မည်သို့ပင်
တင့်တယ်သော်ငြားလည်း အိုခြင်းသဘောတရား မကင်းချေသေးဟု အောက်မေ့
ဆင်ခြင်ကာ မတ္တဖြင့် ဆံဖြူ သွားကျိုး ပါးရိုးနားရိုး နံရိုး အပြိုင်းပြိုင်း ကျလျက်
စက်ဆုပ်ရွံရှာဖွယ် မတင့်တယ်သော အသွင်ဖြင့် ထင်မြင်ခြင်း၊ (နာ-သေ-ပုပ်ပွ
များလည်း ထို့အတူထင်သည်။) အရိုးစု မကင်းသေးဟု အောက်မေ့ကာ မတ္တဖြင့်
အရိုးစု ထင်မြင်ခြင်း၊ ၎င်းအရိုးစုကောင်ကြီးသည် အနိစ္စ, ဒုက္ခ, အနတ္တ သဘော
တရားဟု ထင်မြင်ခြင်း၊

ညအခါ မအိပ်မီ ကောင်းကင်၌ ကြယ်အပေါင်းကို ကြည့်၍ ဝိပဿနာပွားလျှင်
အိပ်သောအခါ မနောဒွါရ၌ ကြယ်များစွာ ထင်မြင်ခြင်း၊

နေ့အခါ ကျောင်းအမိုးကိုကြည့်၍ ဝိပဿနာပွားလျှင် .. ညအိပ်သောအခါ
ကျောင်းအမိုးတို့သည် မနေဒွါရ၌ ထင်မြင်ခြင်း၊

၁၂၆၃-ခုနှစ် ပထမဝါဆိုလပြည့်ကျော် ငါးရက်နေ့ နံနက်က သူတစ်ပါးအတွက်
ကြောင့် နှလုံးမသာမယာခြင်း ဖြစ်၏။ ထိုနေ့ နေ့လယ်အိပ်ပြီးလျှင် အာရုံပြုနေကျ
တရားကို အာရုံပြုပါသော်လည်း နှလုံးမသာယာခြင်း ဓမ္မအန္တ ရာယ်ကြီး ဖြစ်ပေါ်
လာ၏။ ဖြစ်ပေါ်လာလျှင် ထိုသူများကိုရန်သူထင်အောင် “ပိယတော ဇာယတိ
သောကော” အစရှိသော ဂါထာကို အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်လျှင် ထိုသူမှ
စ၍ ပိယပုဂ္ဂိုလ်ဟူသရွေ့ အဇ္ဈတ္တအတွင်းရန်သူ၊ ရန်သူမျိုးငါးပါးကို ဗဟိဒ္ဓအပြင်
ရန်သူဟု အလွန်ထင်လာခြင်း၊

ထိုဗဟိဒ္ဓ ရန်သူတို့ကြောင့် အဇ္ဈတ္တ၌ဖြစ်သော လောကီ ကုသိုလ်သည် အတွင်းရန်သူ၊
အဇ္ဈတ္တ၌ဖြစ်သော အကုသိုလ်သည် အပြင်ရန်သူဟု အလွန်ထင်လာခြင်း၊

ထိုထက် ရှေးရှေးသောဘဝက ကုသိုလ် အကုသိုလ်တို့သည် ရန်သူကောင်ကြီးတွေကဲ့သို့
ဝိုင်းဝန်းလာ၍ အကုသိုလ် ရန်သူတွေက အပါယ်လေးဘုံ သံသရာ နှောင်အိမ်ထဲ၌ ချမည်ဟု
ဆိုသကဲ့သို့ အလွန်ထင်လာခြင်း၊ ကုသိုလ် ရန်သူတွေကလည်း လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံ

