## PAGE 412


၃၅၆

သံသရာမှောင်အိမ်ထဲ၌ ချမည်ဟု ဆိုသကဲ့သို့ အလွန်ထင်လာခြင်း၊

ဓမ္မာစရိယ ဦးဌေးလှိုင်

ထိုသို့ ထင်လျှင် ဘုံသုံးပါး၌ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ မရှိ၍ အလွန်
အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်း ပြင်းစွာဖြစ်သောကြောင့် သိမ်းဆည်း၍ မရနိုင်၊ မျက်ရည်တွေ
လှိုင်လျက် နှစ်နာရီ သုံးနာရီအတွင်း အလွန်အမင်း ကြောက်လှ၍ ရန်သူကိုလိုက်၍
ရေတွက်သည် ရှိသော် အကုသိုလ် ဖဿ စသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊
အကုသိုလ် ဝိတက် စသော ပကိဏ်း စေတသိက် ၅-ခု၊ မောဟ စသော အကုသိုလ်
စေတသိက် ၁၄-ခု၊ အကုသိုလ်စိတ် ၁၂-ခု၊ ၎င်း ၃၉-ခုတို့သည် အပါယ်၄-ဘုံ သံသရာ
နှောင်အိမ်ထဲ၌ လားကြောင်းဖြစ်သော အကုသိုလ်ရန်သူတွေဟု အလွန်အမင်း အထူးမြင်ခြင်း၊
ကုသိုလ်ဖဿ စသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ကုသိုလ်ဝိတက်စသော
ပကိဏ်းစေတသိက် ၆-ခု၊ သဒ္ဓါစသော သောဘဏစေတသိက်
၂၄-ခု၊ ကာမကုသိုလ်
ခု၊ ရူပကုသိုလ် ၅-ခု၊ အရူပကုသိုလ် ၄-ခု၊ ၎င်း ၅၄-ခုတို့သည် သံသရာ ဝဋ်ဆင်းရဲ၌
ကျင်လည်ကြောင်းဖြစ်သော ကုသိုလ်ရန်သူတွေ ဟု အလွန်အမင်း ထင်မြင်ခြင်း၊

၈-

ထိုသို့ ထင်ပြီးလျှင် ပညာစေတသိက်ကိုအောက်မေ့ ဆင်ခြင်သည် ရှိသော် ၎င်းပညာ
စေတသိက်သည် သံသရာဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်း ကိုးကွယ်လဲလျောင်း ပုန်းအောင်း
မှီခိုရာ အဆွေခင်ပွန်းကောင်းဟု အလွန်အကျူး ထင်မြင်ခြင်း၊

၎င်း ပညာစေတသိက်ကို အဆွေ ခင်ပွန်းကောင်းဟု အလွန်အကျူး အထူးထင်လျှင်
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ သက်သာရာ ရလေသည်။

၂၂။

၁။

၂။ .

၁၂၆၆-ခုနှစ်၊ တပို့တွဲလဆန်းရှစ်ရက်၊ တနင်္ဂနွေနေ့ ညခြောက်နာရီ ကျော်ကျော်
အချိန်တွင် သစ္စာလေးပါးကိုသိသည်။ ငလျင် ၊ နှစ်ကြိမ်လှုပ်၏။

ဒဥ၊ တဤ၊ ယအ၊ မအ၊ ဂအ၊ ရအ။ (“ဒုတိယမဂ္ဂရ” ဟု ဆိုလိုသည်။ ထိုနှစ်
သကဒါဂါမ် ဖြစ်၏။ ။ စာရေးသူ၏ မှတ်ချက်။)

တစ်ဆယ့် ခြောက်ချက် အိပ်မက်ဆန်းများ

ခြေ၌ ခြတက်၍ ခြကို နင်းမိမည်စိုးသောကြောင့် ကောင်းကင်မှနေ၍ ခြကို
ခါပစ်ရသည် မြင်မက်ခြင်း၊

မြစ်ကို အလျားလိုက်ဆန်သော သင်္ဘော စီးရအောင် လိုက်သော် သင်္ဘောကို
မှီရုံမျှသာ ရှိ၍ မစီးရဟု မြင်မက်ခြင်း၊

(၎င်းအိပ်မက်အရမှာ သူငယ်အဖြစ်ကစ၍ ရဟန်းနှစ်ဆယ့်နှစ်ဝါ တိုင်အောင်
“ဘုရားဆုပန်” ၍ နေသည်ကို ၁၂၆၁-ခုနှစ်သို့ ရောက်သောအခါ ၎င်းနှစ်
ကဆုန်လက စ၍ ဝါဆိုလပြည့်တိုင်လျှင် သံသရာဘေးကို အလွန် ကြောက်သော
ကြောင့် ဘုရားဆုကို မပန်တော့၊ ထိုဘုရားဆုကို မပန်နိုင်ခြင်းအကြောင်းဟု
ထင်သည်။)


## PAGE 413


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃။

၄။

၅။

Gu

၇။

Q

၉။

၁၀။

၁၁။

၁၂။

၁၃။

၃၅၇

မြစ်လယ်သို့ ရောက်၍နေစဉ် မြစ်တစ်ဖက်သို့ လက်ပစ်ကူးမည်လိုလို၊ ဖောင်ဖွဲ့
၍ ကူးမည်လိုလိုနေဆဲ လှေငယ်တစ်စင်းလာ၍ ထိုလှေငယ်နှင့် စီးလျက် မြစ်
တစ်ဖက်သို့ ရောက်သည်ဟု မြင်မက်ခြင်း၊

(၎င်း အိပ်မက်အရမှာ ဒုတိယ ဝါဆိုလပြည့်ကျော်မှသာ သာဝကဆုကို ပန်၍
ထိုသာဝကဆုကို ပန်ဆင်နိုင်ခြင်း အကြောင်းဟု ထင်သည်။)

ဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရ၍ ဘုရားရှင်မျက်မှောက် နိဗ္ဗာန်
ရောက်အောင် ဝိပဿနာကို အားထုတ်ရသည်ဟု မြင်မက်ခြင်း၊

မစင်စွန့်ဆဲ “ကုဋီနှင့်တကွ တစ်ပါးသို့ရောက်၍ မစင် လိမ်းကပ်လေသလော
ဟု ကြည့်လျှင် “မစင် မလိမ်းမကပ်' ဟု မြင်မက်ခြင်း၊

ဟု

နွံ၌ နှစ်ယောက်သောသူသည် လက်တစ်ဖက် တစ်ချက်ကိုကိုင်၍ နွံထဲမှတင်သည်
ဟု မြင်မက်ခြင်း၊

“အေးသောအခါ ပူသောကမ္မဋ္ဌာန်းကျောင်း၌နေ၍၊ ပူသောကမ္မဋ္ဌာန်းကို အားထုတ်
ရမည်။ ပူသောအခါ အေးသောကမ္မဋ္ဌာန်းကျောင်း၌ နေ၍၊ အေးသောကမ္မဋ္ဌာန်းကို
အားထုတ်ရမည်' ဟု မြင်မက်ခြင်း၊

“သည်အရောင်သည် အဘယ်အရောင်နည်း” ဟု မေးလျှင် “မဟာဂန္ဓာရုံဘုန်းကြီး၏
သီလအရောင်’ ဟု ဆိုပါသည်။ “အဘယ်ကျအောင် တောက်သနည်း” ဟု
မေးလျှင် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် တောက်ပါသည်ဟုဆို၍ မြင်မက်ခြင်း၊
နိဗ္ဗာန်ကို တစ်ဝီထိသာ လိုတော့သည်။ နိဗ္ဗာန်ကိုသိမြင်အောင် ဥပေက္ခာဝီထိချရမည်
မြင်မက်ခြင်း၊

ပုံ-ရုပ်နာမ်၊ အေး-နိဗ္ဗာန်၊ ဖေ-စိန္တေ ယျ၊ မေ-တရား၊ သား-သံဃာက အေး
နိဗ္ဗာန်ကို လျင်မြန်စွာရအောင် ရုပ်နာမ်ရှိစဉ် မြတ်တရားကို ကြိုးစား၍ အားထုတ်၊
အသက်ဇီဝိန် မရှိသည်ဘုရား ဟောကြားသည့်တရား။

(၁၂၇၁-ခု၊ တော်သလင်းလဆန်း သုံးရက်၊ အင်္ဂါနေ့ တစ်ကြိမ်မက်သည်။
၎င်းလဆန်း ဆယ်ရက် အင်္ဂါနေ့ တစ်ကြိမ်မက်သည်။)

“ဖလတံ အဓိဝစနံ၊ ဧတံ=ဤသမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသော မဂ္ဂင်ဖောင်ကြီး
သည်။ ဖလဿ အကုသိုလ်တည်းဟူသော မြေပြင်အရပ်ဝယ် မငြိကပ်ငြား
ကောင်းကင်သွားသော အရဟတ္တဖိုလ်၏။ အဓိဝစနံ=အမည်ပေတည်း။
(၎င်းလဆုတ် ကိုးရက်၊ အင်္ဂါနေ့ည၊ နာရီပြန် တစ်ချက်တီးကျော် မြင်မက်သည်။)
ပူလှချည့်၊ လောင်လှချည့်၊ ပူလှချည့်၊ လောင်လှချည့်။ သံယောဇဉ် ပြတ်လျှင်
း၏၊ သံယောဇဉ်ပြတ်လျှင် ဧ၏။

(၎င်းလဆုတ် နှစ်ရက် အင်္ဂါနေ့ မက်သည်။)

၁၂၇၂-ခုနှစ်၊ ဝါခေါင်လဆန်း ခြောက်ရက်နေ့၊ ညနှစ်ချက်တီး ကျောက်လောက်
မြင်မက်သော အိပ်မက်မှာ –“တောင်ကြီးတစ်လုံး၏ နံဘေးတွင် မဟာဂန္ဓာရုံဘုန်းကြီး


## PAGE 414


၃၅၈

၁၄။

ဓမ္မာစရိယ ဦးဌေးလှိုင်

အမှူးပြု၍ လမ်းဖောက်ရာ ပေါက်သောအခါ ၎င်းလမ်းအသွား တောင်နံပါးတွင်
မဟာဂန္ဓာရုံဘုန်းကြီးကို နှိပ်စက်မည့်ရန်သူ နောက်ကလိုက်လာရာ မှီသောအခါ
မဟာဂန္ဓာရုံဘုန်းကြီးအား ပုတ်ခတ်မည်အပြုတွင် မဟာဂန္ဓာရုံဘုန်းကြီးက တွက်၍
ချလိုက်သဖြင့် ဘယ်အခါမှ · မတက်နိုင်သော ချောက်ထဲသို့ ကျ၍သွားသည်။
ကျသောအခါ မဟာဂန္ဓာရုံဘုန်းကြီး၏ တပည့်များက “အောင်ပြီအောင်ပြီ” ဟု
ကြွေးကြော်ကြ၏။ ၎င်းလမ်းအဆုံးတွင် ရေအလျဉ်တွေ့၍ ရေချိုးရ၊ သောက်သုံး
ကြရကုန်၏။

၎င်းခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ မဟာဂန္ဓာရုံ ဘုန်းကြီးသည် တစ်ကိုယ်လုံး
ဖွေးဖွေးဖြူသော ဆင်ဖြူစီးလျက် ဆင်ဖြူပေါ်က ဘုရားပေါ်သို့ အရှေ့မျက်နှာက
တက်လျက် ၎င်းဘုရားပေါ်ကနေ၍ အောက်ကို ကြည့်သောအခါ ရေတွေမြင်ရ
သည်ဟု မက်ခြင်း။

၁၅။ ၎င်းခုနှစ်၊ တန်ဆောင်မုန်းလဆန်းတွင် ရွှေပြာသာဒ်ကြီးလေးဆောင်၏ အလယ်က.
ပလ္လင်နှင့်တကွ ရွှေပြာသာဒ်ကြီး လေးဆောင်ရသည်ဟု မြင်မက်ခြင်း၊
၎င်းလဆန်းမှာ ထီးဖြူလေးစင်းရသည်ဟု မြင်မက်ခြင်း။

၁၆။

ဤကား မဟာဂန္ဓာရုံ ဆရာတော်ကိုယ်တိုင် ရေးမှတ်ထားခဲ့သော အိပ်မက်နှင့်
အဓိပ္ပာယ်ကောက်ပုံများ ဖြစ်၏။

အရိယာဖြစ်သွားသော ဘုရားဆုပန် ပုဂ္ဂိုလ်ကြီး

မြတ်စွာဘုရားရှင်သည် ဘုရားမဖြစ်မီကပင် ဘုရားဖြစ်မည့် နိမိတ်ကြီးအိပ်မက်ငါးပါး
မြင်မက်တော် မူခဲ့သည်ကိုလည်း သတိပြုသင့်ကုန်၏ (ပဉ္စကအင်္ဂုတ္တရ၊ မဟာသုပိနသုတ်)။
သူမြတ်လျာတို့အတွက် ပုဗ္ဗနိမိတ် အိပ်မက် စသည်တို့သည် ကြိုတင်ဖြစ်စမြဲ။ သို့ရာတွင်
တစ်ခု သတိပြုရမည်မှာ . လှည့်စားသော အာရုံနိမိတ်လိမ်များ၊ အိပ်မက်လိမ့်များလည်း
ရောင်တော်ပြန်နှင့်ရော၍ ဝင်ရောက်လာတတ်ပေသည်။

မဟာဂန္ဓာရုံဆရာတော်သည် ပြဆိုပြီး အာရုံနိမိတ်နှင့် အိပ်မက်ကြီး ၁၆-မျိုးကို
အထူးမှတ်သား၍ မည်သူ့ကိုမျှ အသိမပေးဘဲ နှစ်ပေါင်းများစွာ ခေါင်းအုံးအောက်၌
လျှို့ဝှက်ထားခြင်း၊ ကမ္မဋ္ဌာန်းစာအုပ်များ၌ ထည့်သွင်း ရိုက်ရစ်ရန် မှာကြားခြင်းပြုသည်ကို
ထောက်ဆကြည့်ပါလျှင် “မှန်ကန်သော အာရုံနိမိတ်၊ အိပ်မက်များ ဖြစ်သည်ဟု အသိအမှတ်
ပြုကြောင်း ထင်ရှားလေသည်။

ယင်းသို့ဆိုသော် ဆရာတော်ကိုယ်တိုင် မှတ်တမ်းပြုခဲ့သော “ပထမမဂ်ရ၏” (၁၂၆၂)၊
“ဒုတိယ မဂ်ရ၏” (၁၂၆၉) ဟု တိုက်ရိုက် ရေးသားချက်မျိုး နောက်ကာလတွင် မတွေ့ရ
သဖြင့် သကဒါဂါမ်မျှသာ ဖြစ်သည်ဟုကား မမှတ်ယူသင့်ချေ။

ထိုအာရုံနိမိတ် အိပ်မက်များကို ဖော်ပြရာတွင် အချို့ နေရာ၌ ဆရာတော်ကိုယ်တိုင်
