## PAGE 415


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၅၉

မှတ်ချက် (အဓိပ္ပာယ်ကောက်) စကားများ ရေးထားသော်လည်း “ပြာသာဒ်လေးဆောင်၊
ထီးဖြူလေးစင်းရသည်” စသည်၌ မှတ်ချက်တစ်စုံတစ်ရာ မပါရှိချေ။ ဆရာတော်သည် ထို
မှတ်တမ်းများ ရေးပြီးနောက်တွင်လည်း ကိုးနှစ်ခန့် နေထိုင်သွားရသည်ကို တွေ့ ရလေရာ
ဆရာတော်၏ ဓမ္မာဘိသမယကို အတိအကျ မပြောဆိုဝံ့သာချေ။ တုယူအားကျ၍ ကြိုးစား
ကြရန်သာ ရှိပေ၏။

ထိုသို့သော အာဇာနည် အရှင်မြတ်ကြီးတို့အားပင်လျှင် ရဟန်းကိစ္စ မပြီးပါသေးဘဲ
ပြီးစီးသွားလေဟန် အာရုံလိမ်များဝင်ခြင်းနှင့် နှစ်ပေါင်းများစွာ ငယ်စဉ်ကာလမှစ၍ မရိုးသားသော
ဘုရားဆုပန် စိတ်ကြီးနှင့် အဖိခံရခြင်းမှာ ဆရာတော် ဘဝနှင့် ရင်း၍ပေးခဲ့သော ပဓာန
သင်ခန်းစာကြီးများပင်တည်း။

## PAGE 416


အင်ကြင်းမြောင်နှင့် နိဗ္ဗိန္ဒဆရာတော်

(၁၂၂၂ - ၁၂၇၈) ။ (၁၂၄၈ - ၁၃၃၈)

.

ပြည်မြို့၌ “တေဝိဇ္ဇရဟန္တာ” ဟု ဆိုကြသော အင်ကြင်းမြောင် ဆရာတော်ဘုရားကြီးနှင့်
နိဗ္ဗိန္ဒ ဆရာတော် ဘုရားကြီး နှစ်ပါးအကြောင်းကို နိဗ္ဗိန္ဒ ဆရာတော် ရေးသားတော်မူသော
သိက္ခာသုံးပါး ပြရာကျမ်း' ၌ ဖတ်ရှုရ၏။

နိဗ္ဗိန္ဒ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္တိနိဒါန်း ဖြစ်၍ အလွန်ခိုင်မာပြီး
စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ထိုနိဒါန်း၌ လယ်တီဆရာတော်၊ သေကျတောင်
ဆရာတော်၊ စစ်ကိုင်းမဟာဂန္ဓာရုံ ဆရာတော်များနှင့် သွားရောက်တွေ့ဆုံ လျှောက်ထားပုံများကိုပါ
ဖော်ပြထားရာ ပို၍မှတ်သားဖွယ် ကောင်းလှသည်။

ထိုမှတ်တမ်း ကောက်နုတ်ချက် အကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မှတ်တမ်းပြုစုသော နိဗ္ဗိန္ဒ ဆရာတော်ဘုရားကြီးမှာ သာယာဝတီခရိုင် မိုးညိုမြို့နယ်
ဧရာဝတီမြစ်အနီး မြေဇာကျွန်းခေါ် ရွာကြီး၌ ၁၂၄၈-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀-
ရက်၊ သောကြာနေ့ နံနက် စက်နာရီ ၈-နာရီအချိန်တွင် ဖွားမြင်တော်မူ၏၊ ခမည်းတော်၊
မယ်တော်များမှာ ဦးကြာညို ဒေါ်လုံမတို့ ဖြစ်ကြသည်။ ဆရာတော်လောင်းလျာ ၁၀-
နှစ်သားတွင် ဝဲနာများ စွဲကပ်၍ မည်သည့်ဆေးနှင့်မျှ မပျောက်နိုင်ရှိသောအခါ မယ်တော်က
အလုပ်များသည့်ကြားက ဆေးလိမ်းခိုင်း၍ မရသဖြင့်-

"

“နင်တော့ ကြာရင် နူလိမ့်မယ်၊ အဲဒီတော့မှ နင်တစ်ယောက်ထဲ ရွာပြင် တဲနှင့်နေရမယ်
မှတ်ထား” ဟု မြည်တွန်ပြောဆို၏၊ တိုစကားသည် မထူးဆန်းလှသော်လည်း အသိဉာဏ်
ပါရမီရှိသော သားအတွက်ကား ကြီးစွာ သံဝေဂဖြစ်ကာ ဘုန်းကြီး ဖြစ်လိုသော ဆန္ဒကို
နှိုးဆွပေးလိုက်သကဲ့သို့ ရှိ၏။

ရှေ့ပြေးနိမိတ်

မြေဇာရွာ ဘုန်းကြီးကျောင်းတွင် ကျောင်းသားဘဝနှင့်နေ၍ သင်္ဂြိုဟ်ကို ကြိုးစား
သင်ယူခိုက် ညအိပ်သောအခါ ခြေရင်း၌ မီးထွန်းထားသကဲ့သို့ ဝင်းဝင်းလက်လက် မြင်ရ
သဖြင့် မကြာခဏ ထ၍ထ၍ ရှာမိ၏။ ရှာတိုင်းပျောက်သွားသည်။

တစ်ခါကသော် ညာဘက်လက်မ၌ ကြွက်နို့ ပေါက်၍ မိခင်အား ပြရာ နူတတ်သည်ဆို၍
အိမ်အနီးရှိ နူနေသူကိုလည်း မြင်တွေ့ နေရသဖြင့် သူငယ်မှာ ကြောက်လန့်နေ၏၊ ညအိပ်
သောအခါ လက်မကိုဆုပ်၍ အိပ်၏။ တစ်ညသ၌ လက်မပျောက်သွားပြီ ထင်၍ ထငိုလေသဖြင့်
မိခင်ကြီးက လက်မ,ကို ကိုင်၍ “ရှိသားပဲသားရဲ့” ဟု နှစ်သိမ့်ရသည်။ (မည်သူမဆို မွေး
သည်မှ သေသည့်တိုင် စဉ်းစားပြောဆိုလုပ်ကိုင်နေကြသော အကျိုးတရားမှန်သမျှ အကြောင်း


## PAGE 417


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၆၁

ပစ္စည်းမကင်း။ ယနေ့အလုပ်သည် မနေ့ကအလုပ်နှင့် ဆပ်စပ်၏။ ရှေ့ဘဝသည် ယခုဘဝနှင့်
ဆက်စပ်၏။ ဗီဇကပြောသော တရားသဘောများ ဖြစ်သည်ကိုသတိပြုကြရာ၏။)

သူငယ် ၁၅-နှစ်သားတွင် ကိုရင်ဝတ်၍ ပရိယတ်စာပေ သင်ကြား၏။ ဘွဲ့ ရှင်သီရိ။
ရဟန်းဖြစ်ချင်, တောထွက်ချင်စိတ်များ မကြာခဏဖြစ်သည်။ သို့နှင့် ရဟန်းဖြစ်၍ နှစ်ဝါ
`အရ ပခုက္ကူဆရာတော် ဦးဂန္ဓသာရ၊ မန္တလေး ဘုရားကြီးကျောင်းတိုက် ဦးဉာဏထံ
ကြွရောက်စာသင်သည်။ ထိုအခါ စာ၌စိတ်သန်နေ၍ ဗီဇပါ တောထွက်ချင်စိတ် ပျောက်သွား
ပြန်၏။ လေးဝါအရတွင် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်၍ တောမထွက်နိုင်သေးစေကာမူ
ဓုတင်ကို ကျင့်မည်ဟု ဆုံးဖြတ်လိုက်ရသည်။

ခြောက်ဝါအရ ပြည်မြို့ ပုထိုးကြီး ဆရာတော်ထံ၌ ပရိယတ္တိ သင်ယူသောအခါ
တောထွက်ရန် လျှောက်သော်လည်း မရ။ နေ့အခါ စာချပေး၍ ညအခါမှ တရားထိုင်ရသည်။
အကြံကား မလျှော့သေး။ စိတ်ကူးတွင် တောထွက်ကြည့်ရာ သပိတ်ပရိက္ခရာ လွယ်စရာ
အိတ်များပင် မရှိသေးသဖြင့် ဝိနည်းတော်နှင့် အပ်အပ်စပ်စပ် ရရှိရန် သပိတ်တစ်ခုရဖို ့ပင်
ဝန်လေးနေ၏။ စိတ်းဆင်းရဲနေ၏၊ ထိုအခါ ဆွမ်းဒကာဦးသာပြော ကောင်းမှုကြောင့် ပြည့်စုံ
သွား၍ ဆရာတော်အား တောင်းပန်ဝန်ချ ကန်တော့ကာ နောင်တော် စာချဘုန်းကြီးအား
အပို စာအုပ်စာတမ်း ပစ္စည်းများ လှူလိုက်၏။ အချိန်ကား ၁၂၇၄-ခုနှစ် တန်ဆောင်မုန်းလဆန်း
ရှစ်ရက်နေ့ ညနေ ငါးနာရီခွဲအချိန် ဖြစ်သည်။

ဘောရ ဝင်စ အခြေအနေ

ဆရာတော်သည် သပိတ်ကိုလွယ်၍ ပုထိုးကြီး တောင်တန်းပေါ်သို့ ထွက်ခွာခဲ့၏။
နောင်တော် စာချဘုန်းကြီး လိုက်၍ပို့သည်။ ညီနောင်နှစ်ပါး စကားတပြောပြောနှင့်
လာခဲ့ကြရာ ကြက်တင်းတောင်အနီးတွင်း မှောင်စပျိုးလေ၏။ ရှစ်ရက်လကား မှုန်ဝါးဝါးရှိသည်။
နောင်တော်ကား သတိပေးစကား ပြောကြားဆုံးမ၍ ကြက်တင်းတောင်အရောက် လိုက်ပို့ပြီး
ပြန်ကြွသွားသည်။

တသက်နှင့် တစ်ကိုယ် မခံစားဖူးသော ကြေကွဲဝမ်နည်းခြင်းသည်. ရုတ်တရက်
ကောက်ရသကဲ့သို့ ဝင်လာရာ ဖြေဆည်မရ။ နှလုံးကွဲမတက် ခံစားရ၏။ (အမွှေဓာတ်ကို
သတိပြု။)အတန်ကြာ စိတ်ဖြေအားတင်း၍ ရှေးသူဟောင်းတို့ ထုံးကို နှလုံးမူလျက် ပြည်မြို့နှင့်
နှစ်မိုင်ခန့်အကွာသို့ တောင်တန်းများကို ဖြတ်ကျော်လာရ၏။ တောရိပ် တောင်ခြေတစ်ခုလုံး
မှောင်နှင့်မည်းမည်း ရှိလေ၏။ အရံသင့် ပိုင်ရှင်မဲ့ တဲကျောင်းပျက်တစ်ဆောင် တွေ့ ရ၍
ထိုည ထိုတဲ၌ စတဲချကာ အာနာပါန ရှုမှတ်တော်မူ၏။ (“နင်တစ်ယောက်ထဲ ရွာ့ပြင်တဲနှင့်
နေရမယ်' ဆိုသော မိခင်ကြီးစကားသည် မှန်ပေပြီ။ ။ စာရေးသူ)

နံနက်မိုးလင်းသောအခါ မျက်နှာသစ်ရန် ရေမရှိ၍ ရေရှာရ၏။ ထိုတောင်အဆုံး၌
ရေအိုင်ငယ်တစ်ခု တွေ့ရသဖြင့် ရေစစ်ဖြင့် စစ်၍ သုံးရသည်။ ဆွမ်းခံချိန်ရောက်လျှင်

မအ

။
