## PAGE 418


၃၆၂

ဓမ္မာစရိယ ဦးဌေးလှိုင်

သီလရှင်များ နေထိုင်ရာ ဇရပ်နှင့် ပွင့်လှသိမ်ကုန်းရွာသို့ကြွ၏။ ဆွမ်းနီအတန်ငယ်ရသဖြင့်
ကျောင်းသို့ပြန်လာရာ သောက်ရန် ရေမရှိသေး၍ ရေအိုင်သို့ သွားပြီး ရေခပ်ရပြန်၏။
ဟင်းမပါ ဆားမပါ ဆွမ်းကြမ်းနီကိုသာ ဘုဉ်းပေးရသည်။ ငါးရက်ခန့် ဤအတိုင်း ဆွမ်း
ချည်း ဘုဉ်ပေးရ၍ နောက်ကာလတွင်မှ ဆွမ်းဟင်းပါ ရသည်။

အင်ကြင်းမြောင် ဆရာတော် အံ့ဖွယ်များ

၁၅-ရက်ခန့် ရှိလျှင် နှာသီးဝတွင် အာရုံနိမိတ်ပေါ်လာ၍ မဝေခွဲနိုင်သဖြင့် အင်ကြင်း
မြောင် ဆရာတော်ထံ သွားရောက်လျှောက်ထားရသည်။ ရှေးကလည်း အင်ကြင်းမြောင်
ဆရာတော် ဟု ကြားဖူး၏။

“ငါလဲ စာတတ်သားပဲ၊ ငါတို့နှင့် ဘာထူးမှာလဲ” ဟူသော မာန်ကြောင့် ဆည်းကပ်
ရမှန်းမသိခဲ့၊ ကမ္မဋ္ဌာန်းအလုပ်လုပ်၍ မရှင်းလင်းသောအခါ သွားရောက် လျှောက်ထားရာမှ
ကြီးမှန်းငယ်မှန်း သိရတော့သည်။ ဆရာတော်ကြီးထံ နည်းခံ၍ ခြောက်လခန့် အားထုတ်စဉ်
ရေအခက်အခဲကြောင့် ကမာရွတ်ကုန်းမြေသို့ ပြောင်းရွှေ့နေထိုင်ရ၏။ ဒကာများလည်း
ကျောင်းကလေးတစ်ကျောင်း ဆောက်လှူကြသည်။ သုံးလေးရက်အရတွင် ထိုကျောင်းကို
မီးလောင်သဖြင့် ထပ်၍ ဆောက်လှူကြပြန်သည်။ ကျောင်းဆရာ ဦးရာကျော် ဆိုသူသည်
“ သူ့စိတ်ကူးနှင့်သူ ကျောင်းတိုင်အစေ့ မြေဖြူဖြင့် “နိဗ္ဗိန္ဒ၊ နိဗ္ဗိန္ဒ” ဟု ရေးခြစ်ထားသဖြင့်
် ၁၂၇၅-ခုနှစ်က စ၍ ထိုအမည်အတိုင်း ခေါ်ဝေါ်ကြလေသည်။

“ပရိယတ်မာန်ခံ၍ အင်ကြင်းမြောင် ဆရာတော်ထံ စောစောက မရောက်မိသည်ကို
နောင်တဖြစ်မိ၏။ နီးနီးကပ်ကပ် နေရသောအခါကျမှ ဆပ်၍မကုန်နိုင်သော ကျေးဇူးဂုဏ်များ
ရှိသည်ကိုတွေ့ရသည်။ ထိုဆရာတော်ဘုရားကြီးကား ၂၃-ဝါ အရတွင် ပြည်မြို့ အင်ကြင်းမြောင်
တောရ၌ တောထွက်တော်မူ၏။ ဘွဲ့ အရှင်အာသဘ။ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တော်
မူသည်။

ထိုဆရာတော်၏ ဂုဏ်ထူးငါးခုကို အောက်ပါအတိုင်း မှတ်သားထား၏။

၁။

၃။

၄။

၅။

ကောင်းကင်မှ လဝန်းကို မိမိနေရာ ကျောင်းပေါ်သို့ ရောက်အောင် တင်နိုင်ခြင်း၊
သေတ္တာစသည်၌ သော့မခတ်ဘဲ ဂုဏ်တော်ရွတ်ရုံမျှဖြင့် ဖွင့်နိုင်ပိတ်နိုင်ခြင်း၊
သစ်ပင်တောတောင်တို့ကို ဖောက်ထွင်း၍ မြင်နိုင်ခြင်း၊

သူတစ်ပါးတို့ စိတ်အကြံကို သိခြင်း၊

တပည့်များအား ကမ္မဋ္ဌာန်းပေးရာ၌ မည်သည့်တပည့် မည်သည့်ဉာဏ်ရပြီဟု
သိခြင်းတို ့ ဖြစ်၏။

အင်ကြင်းမြောင်ဆရာတော်ထံ နည်းခံ၍ လေးနှစ်မျှအကြာ ၁၂၇၈-ခုနှစ် တန်ဆောင်မုန်း
လကွယ် နေ့တွင် ဆရာတော် ပျံလွန်တော်မူ၏။ ထိုတောရ၌ ၁၄-နှစ် သီတင်းသုံးတော်
မူသွားသည်။ သက်တော် ၅၆-နှစ်၊ သိက္ခာ ၃၇-ဝါအရ ပျံလွန်တော်မူသဖြင့် အားကိုးရာမဲ့


## PAGE 419


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
ဖြစ်ရ၏။

၃၆၃

(ငယ်စဉ်က လက်မ, ပျောက်၍ ငိုခဲ့ရသည်မှာ ယခုကြုံလေပြီ။ မိခင်ကြီးက
လက်မ, ကို ရှာပေးသကဲ့သို့ အင်ကြင်းမြောင် ဆရာတော်ကြီးသည် လယ်တီဆရာတော်
ပြည်သို့ ရောက်ခိုက် တပည့်ဦးသီရိအား အတူခေါ်၍ သွားခဲ့ဖူးသည်။ ကြိုတင်သိမြင်တော်မူဟန်
ရှိ၏။ လက်မ,တွေ့လေပြီ။ ။ စာရေးသူ)

ဆရာရှာထွက်ခြင်း သို့မဟုတ် တရားစစ်ခံခြင်း

ဦးသူရိယစသော တပည့်အဖော်သုံးပါး၊ ဒကာတစ်ယောက်နှင့်အတူ ဆရာရှာထွက်ခဲ့၏။
ရွှေတိဂုံ၊ ရွှေမော်ဓော ဘုရားများဖူးပြီးလျှင် သထုံသို့ ရထားဆက်စီးကာ သာသနပဇ္ဇောတိကတိုက်
မင်းကွန်းဆရာတော်ဘုရားကြီးထံ တစ်ည တည်းခို၍ အလုပ်နှင့်စပ်သမျှ လျှောက်ထား
မှတ်သားခဲ့ရသည်။

"

ထို့နောက် မောလမြိုင်၊ ကျိုက်ထီးရိုး၊ ကျိုက်ထို၊ ထိုမှ ပဲခူးသို့ပြန်လျှင် တပည့်များနှင့်ခွဲကာ
ဒကာ တစ်ယောက်သာခေါ်၍ ဖြူးမြို့ သူဌေး ဦးသက်အိမ်၌ နှစ်ညတည်းခို၏။ သေက္ချတောင်
ဦးတိလောကထံ- စုံစမ်းသွားရာ ဦးတိလောကအား ရုတ်တရက် မတွေ့၍မေးလျှင် ဖိုဝင်၍
စောင့်နေရ၏။ ဖိုမှထွက်လျှင် တရားစကား မလျှောက်ထား မဆွေးနွေးဘဲ အာလာပသလ္လာပ
စကားမျှဖြင့် ပြန်ခဲ့၏။ သူဌေးဦးသက်က-

“ဘာများ စုံစမ်းသိရှိခဲ့ရပါသလဲ” ဟု လျှောက်ရာ ဖိုရုံမှ ထွက်ခိုက်ဖြစ်၍ ဘာမျှ
မစုံစမ်းခဲ့ကြောင်း အမိန့်ရှိသည်။

“တွေ့ ခဲတွေ့ မှ လျှောက်ရောပေါ့ ဘုရား” ဟု ဆင့်လာသဖြင့် စိတ်ထဲရှိသည့် အမှန်
အတိုင်း - '

“အို…..ကမ္မဋ္ဌာန်းဘုန်းကြီးလုပ်ပြီး ဖိဆွဲနေမှဖြင့် စုံစမ်းဖို့ လိုမယ်မထင်ပါဘူး” ဟု

အမိန့်ရှိသည်။

သူဌေးကြီး ဦးသက် အကြံပေး တိုက်တွန်းချက်အရ ပျဉ်းမနား အင်ကြင်းမြိုင်
တောရ၌ သီတင်းသုံးတော်မူသော လယ်တီဆရာတော်ထံ သွားရောက်သည်။ ရွှေမြို့သို့
ကြွရောက် တရားဟောခိုက် ကြုံနေ၍ တစ်ညစောင့်ရ၏။ ထိုညတွင် အိပ်မက် မြင်မက်ရသည်မှာ
မိမိဝတ်ထားသော သင်္ကန်းများ ဆွတ်ဆွတ်ဖြူနေသည်ဟု မြင်မက်၏။ ကပ္ပိယအား ပြောရာ
သူ့မှာလည်း ပါးစပ်ထဲမှ ခေါင်းမပါသော ကျီးများ ထွက်လာသည်ကို မြင်မက်ကြောင်း
လျှောက်သည်။ မဝေခွဲနိုင်၊ (အရိယသဒ္ဒါ ဖြူစင်ခြင်းကို ဟော၏။)

လယ်တီဆရာတော် သြဝါဒ

ဆရာတော်အား မရှင်းသော ဒိဋ္ဌိ, ဝိစိကိစ္ဆာအကြောင်း လျှောက်ထားရာ စိတ်ကျေနပ်
လောက်အောင် ရှင်းပြပေး၏၊ (ဤစကား အဓိပ္ပာယ် ရှိလှ၏။) လယ်တီဆရာတော် အပါး


## PAGE 420

၃၆၄


ဓမ္မာစရိယ ဦးဌေးလှိုင်

တွင် လေးငါးရက်ခန့် နေပြီး လယ်တီဆရာတော်နှင့်အတူ မန္တလေးသို့ ခရီးဆက်သည်။
- ပြန်ခါနီးတွင် လယ်တီဆရာတော်က-

“ကိုနိဗ္ဗိန္ဒတို့ တောထဲနေတယ်ဆိုတော့ . အန္တ ရာယ်များတယ်။ ကဲ-အရံအတား
ကလေး စွန့် ရသေးတာပေါ့” ဟု ဆိုကာ လက်ဖွဲ့တစ်ခု ချီးမြှင့်လိုက်၏။ ဆရာတော်ဘုရားကြီး
ချီးမြှင့်၍သာ ယူခဲ့ရသည်။ စိတ်ထဲတွင် မပါလှ။ ကျောင်းရောက်လျှင် ဘုရားစင်မှာပင်
အမှတ်တမဲ့ထား၏။ နောက်တစ်ကြိမ် လယ်တီဆရာတော်ဘုရားကြီးနှင့် တွေ့သောအခါ
လယ်တီဆရာတော်က-

“ကိုနိဗ္ဗိန္ဒတို့ ကျုပ်ကိုတောင် မယုံဘဲကိုဗျ” ဟု အမိန့်ရှိသဖြင့် အံ့အားသင့်သွား၏။
“လယ်တီဆရာတော် သိသကိုး” ဟု ထပ်ဆင့် ဝမ်းမြောက်ခဲ့ရပြန်သည်။

မန္တလေးမှ စစ်ကိုင်းဘက်သို့ကူးကာ ဃောသိတဝန် ဆရာတော်ဘုရားကြီးထံ လေးငါး
ရက် စုံစမ်းလျှောက်ထား၏။ ငယ်ဆရာတော်က ဃောသိတဝန်ဆရာတော် ရဟန်းကိစ္စ
ပြီးသယောင် အမိန့်ရှိသည်ကို မှတ်သားရဖူး၏။ လက်တွေ့တွင် ဆိုဆုံးမစကားထွက် ကြမ်း
နေသည်ကို တွေ့ရသဖြင့် သံသယမရှင်းဖြစ်ကာ-

“ဆရာတော်ဘုရား၊ မိမိကိုယ်ကိုဖြစ်စေ၊ သူတစ်ပါးကို ဖြစ်စေ ကြည့်လိုက်သောအခါ
ကိုယ်ရယ်လို့ ရှာမတွေ့တော့ဘဲ တရွရွ ပျက်နေတာကို မြင်လျှင် ဘယ်လိုပါလဲဘုရား” ဟု
ဆုံးစမ်းလျှောက်ထားရာ-

“ဒီလို မြင်တာကတော့ အကောင်းဆုံးပဲ၊ ရုတ်တရက် မမြင်နိုင်ကြဘူး” ဟု
မိန့်တော်မူသည်ကို မှတ်သားခဲ့ရ၏။

ဂန္ဓာရုံဆရာတော် သြဝါဒ

ထို့နောက် မဟာဂန္ဓာရုံ ဆရာတော်ထံ သွားရောက် လျှောက်ထားရာ ဆရာတော်က-
“ဒီလိုရှိတယ်။ တချို့က သမထနှင့် စားပစ်ပြီး လုပ်ကြတာတွေလဲ ရှိတယ်” ဟု
အမိန့် ရှိလျှင်-

"

“ရုပ်ကလာပ်အစဉ်သည် မြစ်ရေယဉ် မီးလျှံအသွင်ကဲ့သို့ဟု စာရှိသဖြင့် ထိုကဲ့သို့မြင်လျှင်
မည်သို့ ဖြစ်ပါသလဲဘုရား” ဟု ထပ်ဆင့်၍ လျှောက်မိသည်။

“ဤကဲ့သို့မြင်လျှင်တော့ ပေါက်တဲ့ပုဂ္ဂိုလ်ဟုဆိုရမည်” ဟု အမိန့် ရှိသည်။ ဆက်လက်
စုံစမ်းလိုသော်လည်း ဂန္ဓာရုံဆရာတော်မှာ ထိုစဉ်က စကားမပြောနိုင်အောင် ကျန်းမာရေး
ချို့တဲ့နေသဖြင့် ပြည်နိဗ္ဗိန္ဒသို့ ပြန်ခဲ့သည်။

၁၃၃၈-ခုနှစ် တပို့တွဲလပြည့်ကျော် ၉-ရက်၊ သောကြာနေ့ နံနက် နှစ်နာရီ ၁၅-
မိနစ်အချိန်၊ သက်တော် ၉၁-နှစ်၊ သိက္ခာတော် ၇၁-ဝါအရ နိဗ္ဗိန္ဒ ဆရာတော်ကြီး
စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော် မူလေသည်။ (အခြား ကြည်ညိုဖွယ်၊ အားကျဖွယ်၊ အံ့ဖွယ်များကို
ဆက်လက် လေ့လာ နိုင်ကြပါစေ။)

