## PAGE 421


ကြောင်ပန်းတောရ ဆရာတော်
( ၁၂၂၂ - ၁၂၈၈ )

ကြောင်ပန်းတောရ ဆရာတော်သည် ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏
လက်သပ်မွေး ငယ်တပည့်ရင်းကြီးတစ်ပါးဖြစ်၏။ လယ်တီဆရာတော် စာချဘုန်းကြီး
ကလေးဘဝကပင် စောင့်ရှောက် မွေးမြူခဲ့ရသည်။

မုံရွာ ဘုတလင်သွား ကားလမ်းအနီး (မုံရွာမှ ၁၉ မိုင်) ကျည်းပင်ချောင်းရွာ၌
ဖွားမြင်၏။ ၁၂၂၂-ခုနှစ်၊ သီတင်းကျွတ် လဆန်းသုံးရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀-နာရီ။
ငယ်မည် မောင်သံတူ၊ အဖ ဦးမြ၊ အမိ ဒေါ်လှိုင်၊ ၆-နှစ်သား, အရွယ် ရွာဦးကျောင်း
ဦးမုနိန္ဒထံ ပညာသင်သည်။ ၁၄-နှစ်သားတွင် ရှင်ပြု၏။ ဘွဲ့ ရှင်ဣန္ဒက၊

၁၇-နှစ်သားအရွယ်ထိ ရွာဦးကျောင်း၌ပင် ပိဋက အခြေခံ စာများကို ကြိုးစား
သင်ယူခိုက် ဆရာဘုန်းတော်ကြီး ပျံလွန်တော်မူ၏။ အားကိုးရာမဲ့ ဖြစ်ကာ ရှင်လူထွက်ခဲ့ရသည်။
နောက်တစ်နှစ် (၁၂၄၁) ခမည်းတော်ကြီး ဦးမြ ကွယ်လွန်ရပြန်သည်။ လူလားမြောက်စ
တက်ကြွတုန်းအရွယ်၌ မောင်သံတူတစ်ယောက် စိတ်အားငယ်ခဲ့ရ၏၊ သို့ရာတွင် မိမိ
လက်ပေါ်၌ချည်း ပြုစုရင်း ကွယ်လွန်ခဲ့ကြရသော ဆရာနှင့် ဖခင်ကြီးတို့က သေခြင်းတရား၏
ကြောက်မက်ဖွယ်ကို လက်တွေ့ သင်ပြပေးခဲ့ကြသည်။

"

ထိုသင်ခန်းစာကား နုနယ်သေးသော မောင်သံတူအတွက် ခက်ထန်ကြမ်းကြုတ်လွန်းစွာ၊
ဘဝ၏ ပွဲဦးထွက် သင်ခန်းစာဖြစ်၍ ပြင်းပြစွာငိုကြွေးရင်း သေခြင်းတရားကို များစွာ
လန့်ကြောက် သံဝေဂပေါက်၍ “သင်းလက်မှ လွတ်မြောက်အောင် ငါလုပ်မည်” ဟု ပါရမီ
ဗီဇက နှိုးဆွပေးလိုက်၏။ သို ့နှင့် ကိုရင် ပြန်ဝတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ခိုကိုး
ရာမဲ့ မိခင်ကြီးအား ခွင့်တောင်းရန် နှုတ်ကမထွက် ဖြစ်နေ၏။ .နောက် ဇွတ်မှိတ် တောင်းပန်
သောအခါတွင်လည်း မိခင်ကြီးက မခွဲရက်ဆို၍ စိတ်ပျက်ခဲ့ရသည်။ ချီတုံချတုံဖြင့် လ,ကုန်၍
နှစ်ကူးခဲ့၏။ ထိုအတွင်း ညီ မောင်သာပိုက်နှင့်တကွ မိခင်ကြီးအား တောင်ယာလုပ်ကိုင်၍
ကျွေးမွေးပြုစုကြသည်။ ထိုအလုပ်ကြမ်းများသည်လည်း မောင်သံတူအတွက် ထပ်ဆင့်
သံဝေဂ ဖြစ်စေ၏။

လောကဓံ၏ ဒုက္ခသည် အခံရခက်သော်လည်း ပါရမီဓာတ်ခံ အသိဉာဏ်ရှိသူတို့အတွက်
လာဘ်ဝင်ခြင်းပင်တည်း။ အကောင်းလာရန် အဆိုးရှေ့ကခံ။

လောကဓံမှ လောကုတ္တရာသို

ရှင်လူထွက် မောင်သံတူသည် လယ်တီလောင်းလျာ ဦးဉာဏနှင့် ယခင်က မည်သို့သော
အဆက်အသွယ် ရှိသည်မသိ။ မိခင်ကြီးအား ခွင့်တောင်းမရ၍ စိတ်ပျက်နေရာမှ တစ်နေ့တွင်

နဝမအကြိ

## PAGE 422


၃၆၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ဦးဉာဏရှိရာ စစ်ကိုင်းတောင်ရိုး ညောင်ပင်သာချောင်သို့ ရောက်လာ၏။

"

ဦးဉာဏသည် မန္တလေး စံကျောင်းတိုက်၌နေစဉ် ဝါပအခါ ´ စစ်ကိုင်းတောင်သို့
လာရောက်နေထိုင်လေ့ရှိသည်။ ဦးဉာဏလည်း မောင်သံတူအား ရောက်စနေ ့မှာပင် ကိုရင်
ဝတ်ပေးလိုက်၏။ မိခင်ကြီးသည် ထိုသတင်းကို ကြား၍ သားငယ် မောင်သာပိုက်နှင့်
စစ်ကိုင်းတောင်သို့ လိုက်လာခဲ့သည်။ သားကြီး ကိုရင်ကို တွေ့လျှင် အားပါးတရ ဖက်၍
ငိုလေတော့၏။ “အမေ မုဆိုးမကြီးကို ပစ်မထားပါနဲ ့ သားရယ်” ဟု ငိုယိုပြောဆိုကာ
မုံရွာသို့လိုက်ခဲ့ရန် အတင်းအကြပ် ခေါ်လေတော့သည်။ ဦးဉာဏ၏ ဟောပြော နှစ်သိမ့်မှုကြောင့်
မိခင်ကြီးမှာ အကြံလက်လျှော့လိုက်ရ၏။ သားအမိလည်း မုံရွာသို့အပြန် ဦးဉာဏလည်း
ရှင်ဣန္ဒကကို ခေါ်၍ စံကျောင်းတိုက်သို့ ပြန်ကြွ၏၊ ဦးဉာဏကိုယ်တိုင် စာပေသင်ကြားပေးသည်။
၁၂၄၂-ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး ညောင်ပင်သာချောင်၌ သစ်ဆိမ့် ဆရာတော်ကြီးကို
ဥပဇ္ဈာယ်ပြု၍ ဦးဉာဏဦးစီးကာ ရှင်ဣန္ဒကအား ရဟန်းခံပေး၏။ (ဝက်ရဲရွာ၌လည်း
တစ်ကြိမ် သိမ်ထပ်သေးသည်။)

ဦးဉာဏ မုံရွာသို့ - ပြန်လည်ကြွရာတွင် ဦးဣန္ဒကသည် မန္တလေး ဆီးပန်းနီ
ဆရာတော်ထံ၌ ဆက်လက်စာသင်ရန် ခွင့်ပန်၍ နေခဲ့သည်။ ဦးဣန္ဒကကား သီပေါမင်းပါစဉ်
ငါးဝါမျှသာ ရှိသေး၏။ လယ်တီဆရာတော်က လယ်တီတိုက်ကြီး တည်ပြီးသောအခါ
ဦးဣန္ဒကအား ပြန်ခေါ်သည်။ မုံရွာသို့ ရောက်လျှင် မိမိလက်ထောက် အဖြစ် ရဟန်းငယ်၊
ရှင်ငယ်များအား စာပေ သင်ကြားပေးရန် အမိန့် ရှိရာ-

“ရိုသေစွာ လျှောက်ပါသည် ကျေးဇူးရှင်ကြီးဘုရား၊ တပည့်တော် ငယ်စဉ်က
ဆရာနှင့် ခမည်းတော်ကြီး မိမိ လက်ပေါ်မှာပင် ကွယ်လွန်ပြီးကထဲက သေမင်းလက်က
လွတ်မည့် တရားကိုရှာဖို ့ အမြဲတမ်း စိတ်ကူး ကြံစည်လျက် ရှိပါသည်။ ကမ္မဋ္ဌာန်းတရားကိုသာ
အားထုတ်ခွင့် ပြုစေချင်ပါသည် ဘုရား” ဟု လျှောက်ထားသည်။ ဆရာတော်သည် မိမိ
အစီအမံအတိုင်း မဖြစ်ရစေကာမူ လွန်စွာ အားရတော်မူ၍ သာဓု ခေါ်တော်မူလေသည်။

မေတ္တာကိုယ်တွေ့ ရန်မငွေ့

၁၂၅၃-ခုနှစ်၊ နယုန်လပြည့်နေ့။ ဦးဣန္ဒက တောရဝင်ခါနီး အပြစ်ကြီးငယ်များ
ရှိက ခွင့်ပြုရန် သွားရောက် ကန်တော့စဉ် ဆရာတော်က-

..

“မောင်ဣန္ဒက၊ ဒီအလုပ်လုပ်ရာမှာ အရေးအကြီးဆုံးက ခန္တီပဲ။ မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ သည်းခံရမယ်နော်။ သည်းခံခြင်းကို
တလောကလုံးက အရှုံးပေးရ၊ အနစ်နာခံရတယ်လို ့ ထင်ကြပေမယ့် သာသနာတော်မှာ
`အကောင်းဆုံးတရားကြီးကွယ့်။ ပွင့်တော်မူပြီးကြတဲ့ ဘုရားရှင်တိုင်း၏ လက်သုံးဩဝါဒကြီး။
ဒီပဓာန အလုပ်ကြီးကို လုပ်နေရပေတဲ့ ခန္ဓာဝန်ကြီးက ရှိနေသေးလေတော့ မကင်းနိုင်တဲ့
ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံနေရတယ်။ အနည်းဆုံး ကပ္ပိယ တစ်ယောက် ရှိသင့်တဲ့အခါ ရှိရ။

## PAGE 423


"

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၆၇

“အဲလောက လူသားတွေဟာ လောကအမြင်နဲ့ပဲ စိတ်ကူးကြ၊ ပြောကြ၊
လုပ်ကြတော့ သူတို့ပြောသမျှ၊ လုပ်သမျှ၊ ကိုယ့်ကို ကူညီတာ ဖြစ်စေဦးတော့ ဝိုင်းပြီး ဒုက္ခ
ပေးနေသလို ထင်ရတယ်။ ရံခါ ပေးလဲပေးကြတယ်။ သူတို့ကတော့ မသိရှာကြဘူးပေါ့။
အဲသည်အခါမှာ ခန္တီမရှိရင် မဖြစ်တော့ဘူး”

“အေး......မောင်ဣန္ဒကလဲ စာအတတ်သားပဲ၊-တောင်ပို့ ဥပမာ တံခါးခြောက်ပေါက်
တစ်ပေါက်သာဖွင့်ပြီး ´စိတ်ဝိညာဏ်ကို သန္ဒိဋ္ဌိကဖြစ်အောင် အထူးရှုရမယ်။ အာနာပါနကို
ထူထောင်ပြီး အဋ္ဌကလာပ်ရုပ် ရှစ်ပါး၊ ဝိညာဏ ဓာတ်ခြောက်ပါး ရှုပုံကတော့ အရင်ပြောတဲ့
အတိုင်းပဲ။ ကဲ.....ကဲ သွားပေတော့၊ သာဓု..သာဓု.....” ဟု မိန့်တော်မူ၏။

“အကြောင်း ကိစ္စရှိရင် ငါ့ကို အကြောင်းကြားလိုက်၊ လာနိုင်လာခဲ့ရတာပေါ့” ဟု
လည်း ချီးမြှောက်အားပေးတော် မူလိုက်သည်။ ဦးဣန္ဒက လယ်တီတိုက်ကြီးမှ ထွက်ခွာခဲ့၏။

ကျည်းပင်ချောင်းရွာ မယ်တော်ကြီးထံ ခေတ္တဝင်ရောက်နှုတ်ဆက်၍ မုံရွာမှ မိုင်သုံးဆယ်
ကျော် ဝက်ရဲတောကြီးသို့ ခြေလျင်ကြွတော်မူ၏။ ထိုတောကား ကျွန်းပင်များ အလွန်ပေါ၏။
သားရဲတိရစ္ဆာန် ထူပြောသည်။ ရောက်စတွင် လူသုံးဖက်ခန့် ရှိ ကျွန်းပင်အခေါင်းကြီးထဲ၌
ဂူအဖြစ် သီတင်းသုံး၏။ စိတ္တုတြာသ ဘယ ဘေရဝခေါ် စိတ်ဓာတ် ချောက်ချားခြင်းနှင့်
မကောင်းဆိုးဝါးသော အခြောက်အလှန် အနံ့အသံများ များလှသည်။ မေတ္တာကို ကြပ်ကြပ်ဖိ၍
ပွားပို ့မှ အေးချမ်းသွားတော့၏။ မေတ္တာလက်နက် ထက်မြက်လှကြောင်း ကိုယ်တွေ .
သဘောကျတော်မူသွားသည်။

မေတ္တာနှင့်စပ်၍ ဤနေရာ၌ ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ဖော်ပြလိုပါသည်၊ ယမန်နှစ်
(၁၃၃၅ ခုနှစ်) က ဖြစ်၏။ ရန်ကုန်မြို့ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး
ရိပ်သာ၌ ယောဂီဒကာမကြီးတစ်ဦး လာရောက် တရားအားထုတ်၏။ သတိပဋ္ဌာန် ပွား၍
မရသဖြင့် မေတ္တာကမ္မဋ္ဌာန်းကို ပေးရသည်။ သက်ရှိ ကျေးဇူးရှင် ဆရာမိဘများမှစ၍
အရပ်ဆယ်မျက်နှာလုံး စိတ်ကိုစေလွှတ် ဖြန် ့ချိလျက် “ချမ်းသာကြပါစေ” ဟု ပွားစေသည်။

တရားစစ် ခံလာသောအခါ သတ္တဝါအများကို ပွားပို၍ ရသော်လည်း စီးပွားပြိုင်ဘက်
ရန်သူ အိမ်နီးချင်းဒကာမတစ်ဦးကို မူ မည်သို့မျှ ပွား၍ မရကြောင်း ရိုးသားစွာ အစစ်ခံ၏။ -
“ချစ်သူနှင့် ရန်သူကို နောက်ဆုံးကျမှပို့” ဟု ခိုင်းသော်လည်း မရ။ သိုနှင့် ဆရာတော်က
“သံသရာ၌ ဆွေမျိုးမိဘ မတော်စပ်ဖူးသူမရှိပုံ၊ အနေနီး၍ ကျေးဇူးခံကျေးဇူးစား ရှိသူများ
ဖြစ်၍သာလျှင် အခိုက်အတန့်အားဖြင့် ရန်သူဖြစ်ရပုံ၊ သူ့ကျေးဇူးကိုချည်း ရှုပြီး သည်းခံရပုံ”
စသည်တို့ကို ဟောပြ၍ ထပ်ပြီး အပွားခိုင်းသည်။ ထိုယောဂီသည် သုံးရက်ခန့် ရှိသောအခါ
ဆရာတော်အား အောက်ပါအတိုင်း ဝမ်းသာအားရ လာရောက်လျှောက်ထား၏။

“ဆရာတော်ဘုရား၊ တပည့်တော်မ ယခု မေတ္တာပွားလို ့ရပါပြီ။ ရရုံသာမဟုတ်ပါ။
ထူးဆန်းလွန်းလို့ ဆက်ပြီးလျှောက်ပါရစေ၊ တပည့်တော်မ လပြည့်အဖိတ်နေ့ညက မေတ္တာပွားရာ
ပထမက ပို ့လို ့မရတဲ့ အိမ်နီးချင်း ဒကာမကို မျက်နှာကစ, တစ်ကိုယ်လုံးမြင်အောင် စေ့စေ့
ကြည့်ပြီး ပို့ပါတယ်၊ ပို ရင်း ပို့ရင်းနဲ့ သူ့ မျက်နှာဟာ ပြုံးရွှင်လာပြီး တပည့်တော်မကို သူက

