## PAGE 427


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၇၁

တစ်ခါက အလုံမြို့သူကြီး ဦးချောအား “ဟေ့-မောင်ချော၊ ကြောင်ပန်းရဲ့ ဉာဏ်
လူသာမန် မီရန် ခက်ပါသကွာ” ဟုလည်း အမိန့် ရှိဖူးသည်။ စာသန်သူများ ပြစ်မှားမည်စိုး၍
ဟန့်တော်မူဟန် ရှိသည်။ (ကြောင်ပန်းဆရာတော်၏ အယူအဆ ရတနာဒီပနီ၌ အကျယ်
ရှုကြပါရန်။)-

ရင်းနှီးသော ဒကာဒကာမများ ကလည်း ကြောင်ပန်းဆရာတော်အား လျှောက်ထား
ကြပြန်ရာ ဆရာတော်က-

ပဏ္ဍိခေါ် တောင်ပံနီတို့က၊ မောင်ကြံစည် တုံးဟာရုပ်ပါလို ့၊ ဟုတ်မလိုပြော။
ဝိညာဏံ၊ မာယူပမာဏံလို ့၊ ပိဏ္ဍောပမံ သုတ္တန်က လင်းရက်ကနှင့်၊ ဗုဒ္ဓံကို
ရုပ်ခံလို့ ငြင်းကြလျှင်၊ မင်းတို့သဘော.....ဟူသော ကဗျာကို ပေးလိုက်သည်။
သူ့အမြင်ကို အလျှော့မပေး။

သမထ ဝိပဿနာအမြင်ကား ရံခါ ရေးမပြတတ်၊ ပြောမပြတတ်အောင်လည်း (ဝါ)
ပညတ်မတင်နိုင်အောင်လည်း ရှိတတ်၏။ ပရိယတ်အားနည်းသော ယောဂီအချို့ အလုပ်စခန်းနှင့်
စပ်၍ ဆွေးနွေး ပြောဆိုကြရာ တစ်ယောက်နှင့် တစ်ယောက် အပေးအယူမမျှဘဲ အငြင်းပွားလေ့
ရှိတတ်သည်မှာ ထိုအားနည်းချက်ကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်များ သစ္စာလေးပါးကိုသိသော်လည်း တရားဟောတော်
မမူနိုင်ကြ။ ပညတ်မတင်နိုင်ကြ၍ ဖြစ်သည်။ ကြောင်ပန်း ဆရာတော်၏ အမြင်သည်
နက်ရှိုင်းစွာ ထိုးထွင်း သိမြင်သောအမြင် ဖြစ်မည်ကိုးကား ယုံမှားဖွယ် မရှိသင့်။ ဆရာတော်၏
ဝိပဿနာ (၆) စောင်တွဲကို ကြည့်လျှင်လည်း ထင်ရှားလှပေသည်။

ဆရာတော်၏ အရေးအသားများကို ကြည့်၍လည်းကောင်း၊ လယ်တီဆရာတော်
ကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ လက်ပွန်းတတီး ချီးမြှောက်ပုံကို ထောက်၍ လည်းကောင်း
အရိယာ အဖြစ်လည်း ယုံမှားဖွယ် မရှိထိုက်ထင်သည်။ သို ့ရာတွင် စကားအသုံးအနှုန်း
(ပညတ်တင်မှု) ကား လိုကောင်း လိုလေမည်လား မသိ။ ဆရာတော် ကိုယ်တိုင်ကပင်
ဤကိစ္စ၌ “မရှိဘူး ရှိတယ်” ဟူသော ကုလားစကားမျိုးကို ယုတ္တိ ထိုးတော်မူသည်။

လယ်တီဆရာတော် ဘုရားကြီးကလည်း တုံးနာမ် တိုင်နာမ်များ အလှိုင်းတကြီး
ဂယက်ထ အငြင်းပွားနေကြစဉ် ကြောင်ပန်း ဆရာတော်အား-

“မင်းတရားက နွားမ, တရားကိုးကွယ့်။ နွားထီးများကတော့ ကြတဲ့ အခါ
မမီ တစ်ကောင့်တစ်ကောင် တွန်ခြိမ်း ဟိန်းဟောက်ကာ ခွာပေါက် စောင်းမြောင်းပြီးမှ
ကြတာကွယ့်။ နွားမဆိုတာကတော့ ဘာသံမပေး၊ ညာသံမပေး တေ့ဆက် ဒက်ကနဲ
ပြေးကြတယ်။ မင်းတရားကလဲ နွားမသလို အကျဉ်း ဒက်နဲတေ့လိုက်တော့ လူတိုင်း
နားမခံနိုင်ကြဘူးကွယ့်။ သိပ်ပြီး ကျယ်လွန်းတော့လဲ လင်ပန်းထဲ ရေထည့်သောက်ရသလို
ဖြစ်သွားပြန်ရော” ဟု မိန့်တော်မူဖူး၏။

ထိုသြဝါဒကပင် ဟုတ်သော်လည်း ထုတ်ဖော်နည်း ထုတ်ဖော်ဟန် အနည်းငယ်
လိုနေကြောင်း ယူဆဖွယ် ရှိနေလေသည်။ ဆရာတော်၏တရားသည် ကြာလာသောအခါ


## PAGE 428


၃၇၂

ဓမ္မာစရိယဦးဌေးလှိုင်

စာမတတ်သူတို့ ပါးစပ်သို့ရောက်၍ ဘူးရွက်၊ ကန်စွန်းရွက် ချက်စားသည်ကိုပင် နာမ်အသက်
ရှိနေ၍ ပါဏာတိပါတကံ ထိုက်ရတော့မည်ကဲ့သို့ ဖြစ်သွားရာ ဝမ်းနည်းစရာ ကောင်းလှ
ပေတော့၏။

ထိုအမြင်ကို ထပ်ဆင့် ရှင်းလင်းလိုလျှင်လည်း အဟောကောင်းရုံ၊ အရေးကောင်းရုံ၊
စာတတ်ရုံနှင့် မပြီး၊ ဆရာတော်ကဲ့သို့ ကိုယ်နှင့်ရင်း၍ ရှာပြီးမှသာ ရှင်းလျှင် အဆက်ဆက်
ဝိဝါဒကင်းပြေရာ၏၊ ဆရာတော်လည်း မိမိအမြင်ကို မိမိ သဘောပေါက်သလို ရိုးသားစွာ
တိုတိုတုတ်တုတ် ဟောရာမှ ထိုပြဿနာကြီးက တန်းလန်း လိုက်ပါနေခဲ့ရ၏။

ထိုမှတစ်ပါး ဆရာတော် မရှိသည့်နောက် ကြားကာလ ကြောင်ပန်းဝိပဿနာဂိုဏ်း၌
“စာပေကို ကြည့်၍သော်လည်းကောင်း၊ သူတစ်ပါး ဟောသော တရားကို ကြား၍သော်
လည်းကောင်း မိမိစိတ်၌ ခြိုက်ကနဲ သိမြင်လျှင် သောတာပန်ဟုသာ မှတ်ပါ” ဟူသော
ဆရာတော်၏ စကားကြောင့် လောမသိ။ ရဟန်းတော်များသာမက သီလရှင်၊ လူသူတော်များပါ
တလှည့်စီ ဟောပြော နာယူခြင်းဖြင့်သာ ဝိပဿနာ ရှုကြလေသည်။

ဓမ္မပဒ စသော ကျမ်းဂန်တို့၌လည်း “တရားအဆုံး၌ သောတာပန် စသည် မည်ရွေ့
မည်မျှ ဖြစ်ကြလေကုန်၏” ဟု လာရှိသော ခိပ္ပါဘိည ဉာဏ်ထက်ရှသည့် ပုဂ္ဂိုလ်မျိုးကိုလည်း
သာဓကပြုနိုင်ပြန်သည်။ သို့ရာတွင် ပုရွက်ဆိတ်ကို ကျောက်တုံးဖြင့် ဖိသတ်ရာ မည်မျှလျင်မြန်စွာ
သေရသော်လည်း မရဏာ သန္နဇောမကျဘဲ သေရိုးထုံးစံမရှိသကဲ့သို့ လျင်မြန်စွာ တရားထူး
ရကြသော်လည်း ရုပ်နာမ်ဓမ္မကို မရှုမှတ်၊ မပွားများဘဲ သောတာပန် စသည်ဖြင့် ဖြစ်ရိုးထုံးစံ
မရှိကြလေ။

ယခုအခါ ထိုပုဂ္ဂိုလ်မျိုးလည်း ရှားပေလိမ့်မည်၊ ကြောင်ပန်း ဆရာတော်ဘုရားကြီး
ကိုယ်တိုင်ပင်လျှင် ကိုယ်နှင့်ရင်း၍ တစ်ဆယ့်လေးငါးနှစ် အပြင်းအထန် ကြိုးစားတော်မူခဲ့ရ၏။
ဤသည်လည်း ပညာရှိသော သူတော်ကောင်းကြီးတို့၏ အရာပေတကား။

ယခု ဆရာတော် ဦးနန္ဒိယ လက်ထက်ရောက်လာသောအခါတွင်ကား ဤသို့
မဟုတ်တာ့ပြီ။ မူလဆရာတော်ကြီးများ၏ လမ်းစဉ်တော်အတိုင်း အပြောအဟောထက်
လက်တွေ့ ရှုမှတ်ပွားများသည့် အပိုင်း၌ အလေးပေး ညွှန်ပြတော်မူလျက် ရှိပေပြီ။

ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ပျံလွန်တော်မူသောအခါ ဆရာတော်သည်
“ဒီတစ်ခါဖြင့် ခက်ချည့်ရဲ့၊ ဝိနိစ္ဆယမဏ္ဍိုင်ကြီး ပြိုလဲရလေပြီ” ဟု မိန် ့တော်မူ၏။ ဒီပနီ
များကို ကျောက်စာ ရေးထိုးရန်လည်း ဦးဆောင် ကြိုးစားတော် မူခဲ့သည်။
ဆရာတော် ကိုယ်တိုင်လည်း-

၁။

ဝိဝဋံ ဒီပနီ (၁၂၆၈-၇၁)၊

၂။ ဝိပသနာ ဒီပနီ (၁၂၇၂)၊

၃။

သဘာဝ ဒီပနီ (၁၂၇၃)၊

၄။

၅။

သုံးလောက ဒီပနီ (၁၂၇၈)၊

ရတနာ ဒီပနီ (၁၂၇၉) နှင့် ကြောင်ပန်း ဟောစဉ်များ၊ ဆုံးမစာများကို

အကြောင်း

## PAGE 429

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


- ၃၇၃

ရေးသားတော် မူခဲ့သည်။

ဆရာတော်သည် ၁၂၈၈-ခုနှစ် ပြာသိုလဆန်း သုံးရက်နေ့တွင် ပျံလွန်တော်မူခဲ့၏။
အရိုးအိုးစေတီ တည်ထားကိုးကွယ်ကြသည်။ ဒီပနီ ကျမ်းများကိုလည်း ကျောက်စာရေးထိုး
ပူဇော်ကြကုန်၏။ ပန်းသာဆရာတော်၊ ဆရာတော် ဦးတိဏ္ဏ၊ ဦးနန္ဒိယတို့သည် မူလ
ကြောင်ပန်းဆရာတော်၏ အမွေကို ဖြန် ့ဝေ သာသနာပြုကြသော ကျမ်းပြု ဓမ္မကထိကများ
ဖြစ်တော်မူကြ၏။ ထိုတွင် ဇီးတောဆရာတော်ဦးနန္ဒိယသည် ဤစာရေးသူအား ကျောင်းသားငယ်
ဘဝတွင် ဖေးမစောင့်ရှောက်ခဲ့သော ကျေးဇူးရှင် ဆရာတစ်ပါးပင် ဖြစ်ပါကြောင်း။

