## PAGE 430


1

ညောင်လွန့်တောရ ဆရာတော်
( ၁၂၂၉ – ၁၂၉၅ )

ဥပုသ်နေ့ဖြစ်၍ မိတ္ထီလာကန် အထက် အိုဝ့်ရွာဘုန်းကြီး ဦးကေသရကျောင်း၌
‘ဥပုသ်သည်များ စည်ကားလှသည်။

ဥပုသ်သည် ဒေါ်ဂုံသည် ဥပုသ်ဇရပ်အတွင်း ပုတီးစိပ်ရင်း တောင်မြောက်လေးပါး
ကြည့်ကာ ကြည့်ကာနှင့် စိတ်ဂဏာမငြိမ် ဖြစ်နေ၏။ သားငယ် ကိုရင်ကို မတွေ့မြင်ရ
သေးသောကြောင့် ဖြစ်သည်။

ကျောင်းသားကိုရင်တို့သည် ဥပုသ်နေ ့ရောက်တိုင်း ကောင်းကောင်း စားရသည့်အပြင်
စာအံစာကျက် လွတ်လပ်မှုရသဖြင့် ပျော်ရွှင်ကြမြဲ ဖြစ်၏။ ရံခါ မိမိတို့ မယ်တော်များရှိရာ
ဥပုသ်ဇရပ်သို့ လာရောက် နှုတ်ဆက်တတ်ကြသည်။ ရှင်မေမာဝီ တစ်ပါးကမူ မယ်တော်အနားသို့
ရောက်မလာသေးသဖြင့် ဒေါ်ဂုံမှာ ပုတီးစိပ်၍ မရနိုင်အောင် ရှိနေတော့၏။

.

တောထွက်သွားသော ကိုရင်ကလေး

“မောင်ပဉ္စင်း၊ တပည့်တော်မတို့ မောင်ရင်လဲ မတွေ့ပါလား” ဥပုသ်ဇရပ်အနီးသို့
ရောက်လာသော သားအကြီး ဦးဝိစိတ္တအား မယ်တော်ကြီး၊ ဒေါ်ဂုံက မေးမြန်းကြည့်၏။
“သူတို့ ဒီကနေ့ စာအံရတာမှတ်လို ့၊ သွားချင်ရာ သွားနေကြမှာပေါ့” ဟု
ဦးဝိစိတ္တက အဖြေပေး၏။ သို့သော် ရှင်မေဓာဝီကား ဆွမ်းခံပြန်ချိန်ကတည်းက ပျောက်နေ
ကြောင်း စုံစမ်းသိရသဖြင့် မယ်တော်ကြီးအတွက် ပို၍ ရင်မအေး ဖြစ်ရ၏။ ကိုရင့်
ဒကာကြီး ဦးနှုတ်ကိုပါ တစ်ကျောင်းတက်ဆင်း ရှာရန် ပူဆာရလေတော့သည်။

မကြာမီ ဦးမှုတ်လည်း ရေးကြီးသုတ်ပျာဖြင့် ဇရပ်သို့ တစ်ခေါက် ပြန်လာကာ
ခပ်လှမ်းလှမ်းကပင်-

“ဟေ့....ရှင်ဂုံရေ့ .....ရှင်ဂုံ၊ ညည်းသား မောင်ရင်တော့ ဆွမ်းစားကျောင်းကို
ဆွမ်းစားလဲ မတက်ဘူး။ သပိတ်တစ်လုံးနဲ ့ တောထွက်သွားလေရဲ့တဲ့” ဟု ပြောလိုက်ရာ
ဒေါ်ဂုံခမျာ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားရှာ၏။ ဒေါ်ဂုံသည် နေရာမှ ပျာပျာသလဲထ,ကာ-
“ကိုမှုတ်၊ တော်….တကယ်ပြောတာလား၊ တကတဲတော်....ဘုန်းကြီးနဲ့ မောင်ပဉ္စင်းများ
ကလဲ တောမထွက်ဖို့ မတားကြဘူးတဲ့လား” ဟု တူဖြစ်သူ ဘုန်းကြီး ဦးကေသရနှင့်
သားကြီး ဦးဝိစိတ္တတို့ကိုပါ အပြစ်တင် ညည်းတွားလိုက်၏။

66

"

ဦးမှုတ်ကား အေးစက်စက် ပြုံးစိစိ လုပ်နေ၍ အားမလို အားမရ ဖြစ်ကာ-
“ကိုမှုတ်.....အဟုတ်သားလား”

“ဟဲ့....ရှင်ဂုံ၊ ငါ့မလဲ ဥပုသ်ကြီးနဲ့၊ ညည်းကို အလကားလိမ်နေပါ့မလား”


## PAGE 431


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

..

၃၇၅

“ဒါဖြင့် ကိုမှုတ် ဘယ်လိုလုပ်ကြမလဲ၊ ဘုန်းကြီးနဲ့ မောင်ပဉ္စင်းကိုလဲ လျှောက်ချေပါဦး၊
ခုနေလိုက်ရင် အချိန်မီပါသေးတယ်။ တကတဲတော် ကျုပ်သား ၁၂-နှစ်ပဲ ရှိပါသေးတယ်”
ဒေါ်ဂုံသည် နေမထိ ထိုင်မထိ ဖြစ်နေသည်။ ဇရပ်ပေါ်ရှိ ဥပုသ်သည်များပင်
သက်ပြင်းချ၍ နေကြလေ၏၊ “ဟုတ်မှာတော့၊ ညည်းသား ဗိုက်ထဲကတည်းက ထူးတဲ့သား”
ဟု ဥပုသ်သည် အဘွားအိုတစ်ဦးက မှတ်ချက်ချလိုက်သည်။ မှန်ပေ၏။ ဒေါ်ဂုံသည်
သားကိုယ်ဝန်ရသည့် အချိန်မှစ၍ ထူးထူးခြားခြား ချင်ခြင်းတပ်ခဲ့သည်။ နေ ့စဉ် သီတင်းသီလ
စောင့်ထိန်းကာ ကမ္မဋ္ဌာန်းထိုင်လိုစိတ်များ မျိုသိပ်မရအောင် ဖြစ်ခဲ့ရသည်၊ တူဖြစ်သူ
အိုင့်ရွာဘုန်းကြီး ဦးကေသရအား လျှောက်ထား၍ ကမ္မဋ္ဌာန်းထိုင်နည်းကို သင်ယူရသည်။
ထိုခေတ်အခါကား ဝိပဿနာ ကမ္မဋ္ဌာန်းထိုင်ရသည်ဟု နားလည်ကြသောအခါပင် မဟုတ်ချေ။
ဦးကေသရလည်း ဝိသုဒ္ဓိမဂ်ကို ကြည့်ကာ ဗုဒ္ဓါနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်းတို့ကို အထိုက်
အလျောက်သာ ညွှန်ကြားပေးနိုင်ခဲ့၏။

ဒေါ်ဂုံသည် ထူးခြားလှသော ကိုယ်ဝန်သန္ဓေကို ကမ္မဋ္ဌာန်းအာရုံဖြင့် စောင့်ရှောက်၍
လာခဲ့ရာ ၁၂၂၉-ခုနှစ် တပေါင်းလပြည့်ကျော် ၁၂-ရက် ကြာသပတေးနေ့ ညဉ့်တစ်ချက်တီး
ကျော်အချိန်၌ သတို့သားကို ချမ်းသာစွာ ဖွားမြင်ခဲ့၏။ သတို့သား ရတနာသည် ကိုယ်ဝန်
သန္ဓေအချိန်က ထူးခြားသကဲ့သို့ မွေးဖွားလာသောအခါတွင်လည်း ထူးခြားသော အမှတ်
လက္ခဏာများကို တွေ့ရှိရသည်။ ညာဘက် ခြေဖဝါးပြင်အလယ်၌ ပုံတောင်း စက်လက္ခဏာကြီး
တစ်ခုကို ထင်ထင်ရှားရှား တွေ့ ကြရ၏။ လက်ယာရစ် ခရုပတ်ကြောင်းများ၊ အလယ်မှ
အနားစက်ဝိုင်းကို ကန့်လန့်သွားသော အကန့် ကြောင်းများကို ကြည့်၍ “ထူးခြားမည့် သား
ရတနာ' ဟု အတပ်ယူဆခဲ့ကြသည်။ ရုပ်လက္ခဏာလည်း ပီပြင်ပြတ်သားလှ၏။

ခုနစ်နှစ်အရွယ် ကျောင်းထား၍ ကျောင်းသားတို့ တတ်အပ်သော သင်ပုန်းကြီးနှင့်
ပရိတ်ကြီး ဆယ်စောင်တွဲကို တစ်နှစ်အတွင်း အာဂုံ ရရှိသည်။ သဒ္ဒါရှစ်စောင်၊ သင်္ဂြိုဟ်
ကိုးပိုင်းကိုလည်း ကျောင်းသားဘဝကပင် အာဂုံရရှိသဖြင့် အစ်ကိုတော် ဘုန်းကြီးနှစ်ပါး၏
အထူးအရေးပေးခြင်းကို ခံခဲ့ရ၏။ “ဆူးသည် ဖြစ်စကတည်းက ချွန်သည်’ ဆိုသကဲ့သို့
စာပေအရာ၌သာ အရွယ်နှင့် မလိုက်အောင် ထူးချွန်သည်မဟုတ်။ ရတနာသုံးပါးနှင့်
ဆရာသမားဝတ်၌လည်း မခိုင်းရဘဲလျက် ကျိတ်၍ ချီးကျူးရလောက်အောင် ကျေပွန်သူဖြစ်သည်။
တံမြက်လှည်းခြင်း၊ ဘုရားဆွမ်းပန်းတင်ခြင်း၊ သောက်ရေသုံးရေတည်ခြင်း.....။

၁၂-နှစ်ရွယ်တွင် ရှင်သာမဏေပြုရာ အခြေခံစာများ အာဂုံရထားသဖြင့် ရှင်ငယ်ဘဝ
ဖြင့်ပင် ရဟန်းတော်များ သင်ယူရသည့် စာကြီး ပေကြီးများကို သင်ကြားနိုင်ပေပြီ။

“ညည်းသားက ဗိုက်ထဲကတည်းက ထူးတဲ့သားအေ့၊ တောထွက်သွားတယ်ဆိုတာ
ဟုတ်မှာ” ဟု ဥပုသ်သည် အဘွားကြီးတစ်ယောက်က မှတ်ချက်ချသကဲ့သို့ ဥပုသ်ဇရပ်နား
ရောက်လာသော ကိုရင်ကြီး တစ်ပါးကလည်း-

“ဒကာမကြီးသားက ကိုရင် မဝတ်ခင်ထဲက သင်္ဂြိုဟ်တွေ ရနေတာ၊ ကမ္မဋ္ဌာန်း ၄၀- '
တို့၊ ပညတ်ပရမတ်တို့၊ နိဗ္ဗာန်တို့ဆိုတာ သိနေတာဗျ၊ ကျုပ်တို့ကိုလဲ သူက တောထွက်ချင်တယ်၊


## PAGE 432


၃၇၆

ဓမ္မာစရိယ ဦးဌေးလှိုင်

. ကမ္မဌာန်း ထိုင်ရအောင် ခဏခဏ ပြောပြောနေတာ၊ ခုလဲ မနက်ထဲက ပျောက်သွားတာ”
ဟု လာရောက် ပြောနေပြန်သဖြင့် ဒေါ်ဂုံမှာ ဦးမှတ်အား အမြန်လိုက်၍ ရှာရန် စိုးရိမ်တကြီး
ပူဆာလျက်ရှိ၏။

“ရှင်ဂုံရယ် ဒီလောက်လဲ ပူမနေပါနဲ့ ၊တောထွက်တာ ဝမ်းတောင်သာရဦးမှာပါ” ဟု
ပြောဆိုသည်ကို လက်မခံနိုင်ဘဲ ဦးမှုတ်အား ဒေါသထွက်ကာ တူနှင့် သား ဘုန်းကြီးများထံ
သွားမည်အပြု ဦးမှတ်က ဒေါ်ဂုံအား လက်ကိုဆွဲ၍-

"

“လာလာ၊ ညည်းသားကို တို့နှစ်ယောက်လုံး သွားရှာကြမယ်”ဟု ဆိုကာခေါ်သွား၏။

ဒေါ်ဂုံသည် ဘုမသိ ဘမသိ ဦးမှုတ်ခေါ်ရာသို့ လိုက်ပါသွားရာ လူသူနှင့် ဝေးသော
ကျောင်းဝင်းစည်းရိုး ချုံကြီးအနီးသို့အရောက် ဦးမှတ်က ဒေါ်ဂုံအား “တိုးတိုး’ ဟု
လက်ရိပ်ကာ ချုံအတွင်းသို့ လက်ညှိုးထိုးပြလိုက်သည်။ သားရှင်မေဓာဝီမှာ နေပြောက်
မထိုးအောင် ပိန်းပိတ်နေသော ချုံကြီးအတွင်း သပိတ်ကို အနားမှာချ၍ သင်းပိုင်ကလေးခင်းပြီး
ဣန္ဒြေကြီးစွာ ကမ္မဋ္ဌာန်းထိုင်နေသည်ကို တွေ့ကြရလေသည်။ ထိုအခါမှ ဒေါ်ဂုံမှာ သက်ပြင်း
တစ်ချက် ချ၍ ပြုံးနိုင်တော့သည်။

ဦးမှုတ်သည် ဒေါ်ဂုံအား လက်တို့၍ ခြေကို ဖော့ဖော့နင်းကာ ပြန်လာကြပြီးနောက်
အသံမကြားလောက်သော နေရာသို ့ ရောက်လျှင်-

“ရှင်ဂုံ၊ ညည်းသားကတော့ ဘယ်အထိ ထူးခြားဦးမယ့်သားလဲ မသိဘူးအေ့၊
ကိုရင်တစ်ပါးကို မေးကြည့်တော့ မနက်ထဲက ပတ္တပိုဏ် ဆွမ်းခံပြီး ဧကသနေ့ (ဧကာသနိက်)
စားသတဲ့ဗျား၊ ဒီချုံကိုလဲ အစောကြီးထဲက ရှင်းထားတာတဲ့။ မောင်ပဉ္စင်းများကတော့
ဥပုသ်နေ့ဖြစ်နေတော့ စာဝါ အားသမို့လား၊ သူ ဘယ်သွားတယ်ဆိုတာ ဘယ်သိမလဲ” ဟု
ရှင်းပြသည်။

နှစ်ယောက်သား အပြုံးကိုယ်စီနှင့် ဥပုသ်ဇရပ်သို့ ပြန်လာခဲ့ကြ၏။ ရှင်မေဓာဝီဟူသည်
ညောင်လွန့်ဆရာတော် လောင်းလျာပင်တည်း။

စာပေတာဝန် ဆရာ့ဝန် အားသွန်ကြိုးပမ်းစဉ်

ရှင်မေဓာဝီသည် ရှင်သာမဏေငယ် ဘဝကပင် ရဟန်းတော်များ သင်ယူကျက်
မှတ်ရသည့် ပိဋက အခြေခံစာများ နှုတ်တက်ရခဲ့၏။ ကိုယ်ကျင့်သိက္ခာတွင်လည်း ဝိနည်း
ကျင့်ဝတ်အတိုင်းပင်(စာထဲက ကိုရင်) ဖြစ်၏။ အသက် ၂၀-ပြည့်မြောက်၍ ရဟန်းဘဝ
ရောက်သောအခါတွင်လည်း သီလသိက္ခာ လွန်စွာ လေးစား၍ “စာထဲက ရဟန်းပင်” ဖြစ်နေ
ပေတော့သည်။

ရဟန်းသုံးဝါအရ မန္တလေးမြို့ ဘုရားကြီးတိုက်သို့ စာသင်ကြွ၏။ ထို၌ နှစ်ဝါမျှ
နေပြီးလျှင်နောင်တော်ငယ်ဆရာ ဦးကေသရ၏အမိန့်အရ ညောင်ရမ်းမြို့အနီး (တောင်ဘက်ရှိ)
ရေးအိုးစင်ရွာ ကျောင်းဟောင်း၌ အစောင့်အရှောက်အဖြစ် သီတင်းသုံးရသည်။ထိုအခိုက်

