## PAGE 439

i


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၈၃

အချုပ်ဆိုရသော် မသိမှုနှင့် လိုချင်မှု (အဝိဇ္ဇာ, တဏှာ) ဦးဆောင်သော အကုသိုလ်
စေတသိက် ၁၄-လုံးတို့ မျက်နှာဖုံး အမျိုးမျိုးတပ်ကာ သတ္တဝါတို့အား လှည့်စား နှိပ်စက်
နေခြင်းပင်တည်း။ ထိုသဘောကို မဆင်ခြင်မိပါက “မောင်ဖြူသည် ငါ့အလုပ်ကို နှောင့်ယှက်၏”
ဟု ပုံသဏ္ဌာန် ပညတ်တင်မှားကာ ထို ၁၄-လုံးသည် မျက်နှာဖုံး တစ်မျိုးစွပ်၍ ဝင်လာတတ်
ပြန်သည်။

ထိုအချက်များက ဘာကို ဆိုလိုသနည်း။

လင့်စင်ကုန်း ဆရာတော်ကြီးနှင့် ဆရာတော်ကလေး ဦးမေဓာဝီတို့သည် အခက်အခဲ
အမျိုးမျိုးကို ကျော်လွှားကာ မင်းလိုတောင်သို့ စွန် ့စွန် ့စားစားကြီး ထွက်လာခဲ့ကြရ၏။
သို့ရာတွင် လင့်စင်ကုန်း ဆရာတော်၏ ရင်းနှီးသော ဒကာအချို့က ဘုန်းကြီးပျောက်ရှာရင်း
မတတ်သာသည့်အဆုံး ပါရမီ ကူညီသောအားဖြင့် ကျောင်းများကို ဆောက်လှူကြသည်မှအစ
လူဝင်လူထွက် များလာခဲ့သည်။ ဦးမေဓာဝီမှာ စိတ်ပျက်စ ပြုလာ၏။ နောက် “ဝတ်ကြီး
ဝတ်ငယ် ပြုပါရစေ၊ နည်းခံပြီး တရားကျင့်ပါရစေ” စသော (မနှင်ရက်သည့်) အပြောများဖြင့်
ရဟန်းတော်များ တစ်စတစ်စ အားကိုးတကြီး ရောက်လာကြရာ သံဃာ ၂၅-ပါးပင် ရှိလာ
လေတော့၏။

..

ရက်ကြာလာသောအခါ အချို့ရဟန်းတော်များက “ဝိသုဒ္ဓိမဂ် စာတစ်ဝါတော့
ချီးမြှင့်ပါ ဘုရား” ဟု ဦးမေဓာဝီအား ဝိုင်း၍ တောင်းပန်ကြ၏။ ဆရာတော်ကြီးကလည်း
ထပ်ဆင့် တိုက်တွန်းနေပြန်သည်။ ဦးမေဓာဝီ မငြင်းသာတော့ချေ။

ဤကား မည်သို ့မျှ မငြင်းသာအောင် ပိရိစွာ ထိုးနှက်လာသော အနှောင့်အယှက်ပင်
တည်း။ သို ့နှင့် ဦးမေဓာဝီသည် ရွာစာသင်တိုက်ကြီးကို ပစ်ခဲ့ရသော်လည်း တောင်ပေါ်
စာသင်တိုက်ကြီး အသစ်ဖွင့်ကာ ဝိသုဒ္ဓိမဂ်စာသံသည် တစ်တောင်လုံးညံသွားတော့၏။
ကောင်းကား ကောင်း၏၊ မကောင်း။

သုံးကြိမ်မြောက် တောထွက်ခြင်း

ဦးမေဓာဝီကား မိမိ ဆုံးဖြတ်ချက်ကို အခိုင်အမာ ချထားပြီး ဖြစ်သူပီပီ ယာယီ အရှုံး
ပေးလိုက်ရစေကာမူ တစ်ဝါတချီ ဆိုပြီးသည်နှင့် မင်းလိုတောင်မှ ဖဲခွာ၍ မိုးနံကုန်းကျောင်းသို့ပင်
ပြန်လာခဲ့တော့၏။ ထို့ထက် ခက်ခဲသော စွန့်စားခြင်းကြီးကို ပြုလုပ်ရန် ရည်သန်ချက်တစ်ခုပါ
ပါလာခဲ့သည်။

ယင်းကား အခြားမဟုတ်၊ အနန္တ ကျေးဇူးရှင်ဖြစ်သော မိုးနံကုန်းဆရာတော်ကြီးကိုပါ
တောထဲသို့ အပါပင့်ရန် ဖြစ်၏။ သို့သော် လွယ်ကူသည့် အကြံကား မဟုတ်ချေ။.ကာလ
အတန်ကြာ နေမြဲနေ၍ နည်းလမ်းများကို နေ့ရှိသမျှစဉ်းစားနေ၏။ တစ်နေ့တွင် ဦးပဉ္စင်းငယ်
များသည် ဆရာတော်ကြီးထံမှ (စူဠဝါ ပါဠိတော်ကို) စာတက်၍ ပြန်လာကြပြီးနောက်
မန်ကျည်းပင်အောက် ကွပ်ပျစ်ပေါ်၌ ထိုင်ကာ စုပေါင်း၍ စာလှည့်သံကို ကြားလိုက်ရရာ

နဝမအကြိး

## PAGE 440


၃၈၄

ပို၍ပင် သံဝေဂ ဖြစ်သွားသည်။

-66

ဓမ္မာစရိယ ဦးဌေးလှိုင်

အကြောင်းမှာ နောင်တော် မဟာနာမ် သာကီဝင်မင်းသားက ညီတော် အနုရုဒ္ဓါအား-
“လူမှုကိစ္စတို့သည် မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍မရှိ။ နောက်တစ်နှစ်လာလဲ
ဒီအလုပ်။ နောက်တစ်နှစ်လာလဲဒီအလုပ်၊ ထိုအလုပ်များ မပြီးမဆုံး၊ လုပ်တုန်းလုပ်ဆဲနှင့်ပင်
မိဘ ဘိုးဘွားတွေလဲ သေခဲ့ကြရလှပြီ” ဟု ရဟန်းပြုရန် နားချ ဖျောင်းဖျသောအခန်း
နိဿယမြန်မာကို ပါဠိတစ်ကျော့ မြန်မာတစ်ကျော့ ပြန်လှန် ရွတ်အံနေကြခြင်း ဖြစ်၏။
သို့နှင့် ဦးမေဓာဝီသည် စိတ်အားတင်းကာ ဆရာတော်အား ဝတ်ဖြည့်ရင်း-

.

“ဆရာတော်ဘုရား၊ သက်တမ်းက တိုရသည့်အထဲ တစ်နေ ့ထက်တစ်နေ့ အိုမင်း
ရင့်ရော်လာပါပြီ။ လူမှုကိစ္စတွေ မဆုံးနိုင်သလို ပရိသတ်ကြီးနဲ ့ သာသနာပြုရတဲ့ ကိစ္စတွေလဲ
တစ်နေ့လာဒီစာ၊ တစ်နေ့လာ ဒီပရိသတ် မဆုံးနိုင်အောင် ရှိနေပါသည်။ အဆုံးရှိသောလမ်းကို
လျှောက်ရခြင်းက ပင်ပန်းကျိုးနပ်ပါသည်။ သည်အတိုင်းသာ သွားနေလျှင် ရဟန်းတရားကို
အားထုတ်နိုင်ကြတော့မည် မဟုတ်ပါ။ ရှေးရှေးက ဆရာသမားတွေလဲ သည်လိုနှင့်
တစ် ဝကုန်ခဲ့ရသည်သာ များပါသည်။ တပည့်ပရိသတ်ဆိုရာမှာလဲ သူတို့လိုတာရလို့
သူတို့ကိစ္စပြီးတဲ့အခါ ဇရပ်မှာတဲတဲ့ ဧည့်သည်ပမာ ဆရာသောဘာသော မငဲ့ညှာ၊ လိုရာသွားကြမ်
ဖြစ်ပါသည်” စသည်ဖြင့် အရဲစွန့်၍ လျှောက်ထားလိုက်၏။

ဆရာတော်ကြီးကား မည်သို ့မျှ စကားမပြန်။ ဦးမေဓာဝီလည်း ဦးချပြီး ပြန်လာခဲ့ရ၏။
နောက်တစ်နေ့ ဦးရေဝတ စသော ဆရာတော်ကြီး၏ လက်ရုံးတပည့်ကြီးများနှင့်
တိုင်ပင်ကာ ဆက်၍ လျှောက်ထားပြန်၏။

“ဆရာတော်ဘုရား၊ တောထွက်တော်မူပါလျှင် တပည့်လည်း ယခုကဲ့သို့ ပြုစုလုပ်ကျွေးရန်
ဆုံးဖြတ်ထားပါသည်ဘုရား။ လယ်ဝေးမှာ တောလဲခေါင်ပါသည်။ အစစ အရာရာ
ချမ်းသာစွာ သီတင်းသုံးနိုင်ရန် လယ်ဝေး ပတ္တပိုဏ် ဆရာတော် ဦးအာစရက အသင့် စီမံ
ထားပြီး ဖြစ်ပါသည်။ မိုးနံကုန်း ကျောင်းတိုက်ကြီးကိုလဲ ဆရာတော်ဘုရားရှိစဉ်ကကဲ့သို့
ဦးရေဝတက တာဝန်ယူ၍ ပါရမီဖြည့်မည်ဟု သိရပါသည်ဘုရား” ယင်းကဲ့သို့ သုံးရက်
သုံးကြိမ်တိတိ လျှောက်ထားရာ-

“ကောင်းပါပေတယ်။ တို့များလဲစဉ်းစားပြီးပါပြီ။ အစစ အရာရာ ဦးပဉ္စင်းပဲ
စီမံပေတော့။ သွားကြစို့ရဲ့။ ပျော်ရွှာ ခင်ဇောဆီကိုလဲ ခေတ္တဝင်ကြဦးစို ့” ဟု မိန် ့တော်မူ၏။
“ခင်ဇော” ဟူသည် ဘုန်းကြီး ဦးစောတကို ခေါ်ခြင်းဖြစ်၏။ (ရှေးက ဘုန်းကြီးကို
“ခင်ကြီး” ဟု ခေါ်ကြသည်။ ဦးဇောကား ပျော်ရွာ၊ ပိတောက်ကုန်းရွာရှိ ကျောင်းကိုလွှဲအပ်ခံရသူ
တပည့်တစ်ပါး ဖြစ်၏။ ထိုအခါ ရွာကျောင်းကို စွန့် ၍ ပျော်ရွာအရှေ့ တစ်မိုင်ခန့်ဝေးသော
နွားစားကျက်တောကြီး (ယခု ညောင်လွန့် တောရ) ၌ လေးတိုင်စင် ကျောင်းကလေးဖြင့်
ခေါင်းပါးစွာ တောရနေခြင်း ဖြစ်သည်။ လယ်ဝေးတောသို့ မကြွမီ ဝင်၍တွေ့ ရန် အမိန့်
ရှိခြင်း ဖြစ်၏။

ဆရာတော်ကလေး ဦးမေဓာဝီသည် အလွန်အမင်း ဝမ်းမြောက်သွား၏။ မည်သည့်


## PAGE 441

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၈၅

တပည့်ဒကာများကိုမျှ အသိမပေးဘဲ နောက်တစ်ရက် ဆွမ်းစားအပြီးတွင် “ကိစ္စရှိသည်”
ဟုသာ မြွက်ကြား၍ ခါတိုင်း ကြွနေကျအတိုင်း သပိတ်ကိုယ်စီလွယ်၍ သားရေနုယ်
ပခုံးတင်၊ လက်တွင် တောင်ဝှေးကိုယ်စီဖြင့် ရွှေဒါးဘူတာသို့ ကြွတော်မူကြ၏။ ထိုကမှတစ်ဆင့်
ညောင်လွန် ဘူတာသို့ (စည်ပင်ရွာ ကျောင်းဒကာဦးစံငြိမ်း၏ အလှူလက်မှတ်ဖြင့်) ဆက်လက်
ကြွတော်မူကြသည်။ ရထားမှ ဆင်းပြီးနောက် ညောင်လွန်ဘူတာမှ အနောက်မြောက်
တစ်မိုင်နှင့် ငါးဖာလုံခန့် ဝေးသော ရသေ့ကြီး ဦးခန္တီဇာတိ ရွာသာရွာ (ယခုမရှိတော့ပြီ)နှင့်
ပျော်ရွာ၊ ထိုကမှ အရှေ့ဘက် တစ်မိုင်ခန့် ဝေးသော ဆရာတော် ဦးဇော၏ နွားစားကျက်
တောရကျောင်းကလေးသို့ ကြွတော်မူကြ၏။ ၁၂၆၉-ခုနှစ် တပေါင်းလဖြစ်၍ ပူပြင်းလှသည်။

တောရကျောင်းကလေးသို့ ရောက်သွားကြသောအခါ သစ်ရွက်မိုး၊ လေးတိုင်စင်
ကျောင်းကလေးအတွင်း၌ ဆရာတော် ဦးဇောကို မတွေ့ကြရ။ ကျောင်းနှင့် မနီးမဝေး
ချုံအတွင်းမှ စာအံသံများကြားရ၍ ကြည့်လိုက်ရာ ဦးဖောဖြစ်နေ၏။ ဦးဇောကား ဆရာတော်
နှစ်ပါး ကြွလာသည်ကို မြင်ရသည်နှင့် ဝမ်းသာအားရ ဖြစ်ကာ စာများကို အော်၍အော်၍
ရွတ်အံနေတော့၏။ ဆရာတော်များထံသို့မူမလာချေ။ ဥသြငှက်ငယ်တို့၏ အသံကလည်း
ဦးဇောနှင့်အပြိုင် သီကျူးကာ ကြည်နူးဖွယ် ရှိပေစွာ။ ဦးမေဓာဝီက သွား၍ လျှောက်မှ
ဦးဇောလည်း သုတ်သီးသုတ်ပျာထကာ ဝတ်ပြုပြီး ကျောင်းသားငယ်ကဲ့သို့ ကြောက်ရွံ့စွာ
မရဲတရဲ ထိုင်နေ၏။

ကျောင်းတွင်လည်း သောက်စရာ ရေပင်မရှိ၍ နွားကျောင်းသား တစ်ယောက်အား
ပျော်ရွာရှိ ဆရာတော်ကြီး၏ သားချင်းများထံ အပြောခိုင်း လိုက်ရ၏။ မကြာမီ ပျော်ရွာ၊
ပိတောက်ကုန်းရွာမှ ဖိုးဆွတ်၊ ဖိုးခေါင်စသော ဒကာ ဒကာမများ ဖျော်ရည် သောက်ရေများဖြင့်
လာရောက် ကန်တော့ကြသည်။ ဝမ်းသာအားရပင် ချက်ချင်း တောရှင်းသုတ်သင်ကာ
ကျောင်းငယ်နှစ်ဆောင်ကို ဆောက်လှူကြ၏။

လယ်ဝေး၌ အသင့်စီစဉ်ပြီး ဖြစ်သော်လည်း ဝမ်းရောဂါများ ဖြစ်ပွားနေ၍ ဤ
တောကျောင်း၌ပင် သီတင်းသုံးရန် လယ်ဝေးဆရာတော်က လာလျှောက်သည်။ နောက်တစ်ကြိမ်
လာပင့်သော်လည်း လက်မခံတော့ပေ။ “လယ်ဝေးလဲ ဒီတော၊ ယခုလဲ ဒီတောပါပဲ” ဟု
ပြောဆိုနှစ်သိမ့်ကာ ဦးဖော၏ တောကျောင်းမှာပင် သီတင်းသုံးရန် အပြီးအပြတ် ဆုံးဖြတ်တော်
မူကြ၏။ ဦးဇောနှင့် ရပ်ရွာ ဒကာ ဒကာမများကလည်း “ချမ်းသာစွာ တရားအားထုတ်နိုင်အောင်
ပစ္စည်းလေးပါး ဝေယျာဝစ္စ ပြုစုကြပါမည်။ ဤမှာပင် အမြဲ သီတင်းသုံးတော်မူပါ” ဟု
လျှောက်ကြသည်။ ကျောင်းဝင်းမြေယာများကိုလည်း အတိအကျ သတ်မှတ်ကာ သင့်လျော်အောင်
ကျောင်းများ ဆောက်၍ ‘စာတုဒ္ဒိသာ သံဃိက’ အဖြစ် လှူဒါန်းကြ၏။

သံတုံးကို အပ်ဖြစ်အောင် သွေးရသည့် အဆန်လမ်း

ဦးမေဓာဝီနှင့် ဦးဇောတို့သည် ပို့ဆွမ်းကို လက်မခံကြဘဲ နေ့စဉ်ဆွမ်းခံ၍ ဆရာတော်အား
ပြုစုလုပ်ကျွေးကြသည်။ နွားစားကျက်တောကြီးသည် တဖြည်းဖြည်း သာယာစ ပြုလာ၏။
