## PAGE 448

၃၉၂


ဓမ္မာစရိယဦးဌေးလှိုင်

ဈာန်သမာပတ်နှင့် အမြင်ဓာတ်ရခြင်း

၁၂၇၄-ခုနှစ်မှစ၍ ဆရာတော်သည် သက်စွန့်ကြိုးပမ်း ရဟန်းတရားကို ရူပ္ပားတော်မူ၏။
တစ်ညတွင် အရိုးအိုးစေတီအနီး မြောက်ဘက် ဇရပ်ကြီးပေါ်၌ မအိပ်မနေ ရူပွားတော်မူရာ
ဇရပ်နံရံအပြင်ဘက်မှ တက်လိုက်ဆင်းလိုက် အသံများ တဝုန်းဝုန်း တဒိုင်းဒိုင်း ဆူညံနေ၍
သမာဓိ မရနိုင်အောင် ရှိရသည်။

“အင်း.....မာရ်နတ် တပည့်တွေပဲ၊ တတ်နိုင်ရင် ငါ့အသက်ကိုပင် သတ်ကြစေတော့၊
ငါ့အလုပ် ငါလုပ်မှပဲ” ဟု အသက်နှင့် ခန္ဓာကိုယ်ကို အပြတ်စွန့် လှူပြီး အားထုတ်တော်မူ၏။
ဆူညံနေသော်လည်း လျစ်လျူရှုလိုက်သည်။ နံနက်သုံးနာရီ မျက်နှာသစ်တော်ရေ ကပ်လှာသူ
ဦးပဉ္စင်းငယ်အား ကြည့်ရှုခိုင်းရာ ခုနစ်တောင်ခန့် ရှည်လျားသော မြွေစိမ်းကြီးကို တွေ့ ရ၏၊
မကြာမီ' ထူးဆန်းစွာ ပျောက်ကွယ်သွားတော့သည်။

ဆရာတော်သည် အာနာပါနကို နိုင်နင်းကျွမ်းကျင်လာသဖြင့် ရူပဈာန်၊ အရူပဈာန်
(ရှစ်ပါး-ကိုးပါး) သမာပတ် ရှစ်ပါးကို ရတော်မူလေသည်။ တစ်ခုခု နိုင်နင်းသွားလျှင် ကျန်
ကမ္မဋ္ဌာန်းများကိုလည်း အလိုလို နိုင်နင်းသည်သာ ဖြစ်၏။ တစ်နေ့သောအခါ အဘိဓမ္မာ
ဈာန်ခန်းကို ပို့ချတော်မူစဉ်-

“ငါတို့တော့ သမာဓိအား ကောင်းလာတဲ့အခါ ဘယ်သမထ၊ ဘယ် ကသိုဏ်း
ဖြစ်ဖြစ် နှလုံးသွင်းလိုက်ရင် ချက်ချင်းထင်မြင်လာတာပဲ၊ ယုတ်စွာအဆုံး သစ်ပင်မှာရှိတဲ့
သစ်ရွက်တွေ စိုက်ကြည့်လိုက်ရင် နီလကသိုဏ်း ချက်ချင်း ပွားပြီးသား ဖြစ်နေတယ်” ဟု
အမိန့်ရှိဖူး၏။

ဈာန်သမာပတ်ရှစ်ပါးကို ဝင်စားဖန်များ၍ အဘိညာဉ်မရစေကာမူ မဟဂ္ဂုတ် သမာဓိမျှဖြင့်
နာနာဘာဝတို့ကို ပကတိမျက်စိဖြင့် မြင်နေသကဲ့သို့ မြင်နေရ၏။ ညောင်လေးပင်မြို့
ခင်တန်းရွာ သိမ်သမုတ်ပွဲသို့ ကြွတော်မူစဉ် နံနက်သုံးနာရီခန့် ထိုရွာ သုသာန်အနီးသို့
တစ်ပါးတည်းထွက်၍ တောရအရုဏ် ခံတော်မူရာ သရဲ တစ္ဆေများ မရေမတွက်နိုင်အောင်
ချောက်လှန့်သည်ကို မြင်တော်မူ၍ မေတ္တာပွားပို့ကာ အာဋာနာဋိယသုတ်ကို ‘ရွတ်ခါမှ
ဖယ်ရှားသွားကြသတတ်။

တစ်နေ့တွင် ဆရာတော်သည် ဝတ်ရုံကျောင်းကြီးပေါ်၌ တရားရှုပွားတော်မူရာ
ကျောင်းဖိနပ်ချွတ်၌ ပြိတ္တာတစ်ဦးလာ၍ ပေကပ်ထိုင်နေသဖြင့်-
“သင်-ဘယ်သူလဲ” ဟု မေးတော်မူရာ-

“နန္ဒိယပါဘုရား၊” ကယ်တော်မူပါ” ဟု လျှောက်၏။ ပထမ တိုက်ကြပ်ဘုန်းကြီး
ပျံလွန်ရာ သီလစင်ကြယ်သော်လည်း ခန္ဓာကိုယ်၌ စွဲလမ်းသဖြင့် ညှိုးနွမ်းပိန်ချုံးစွာ စားရမဲ့၊
ဝတ်ရမဲ့ ပြိတ္တာဘဝ ရောက်နေရခြင်း ဖြစ်သည်။ ဒကာ ဒကာမ များအား အလှူအတန်းပြုစေ၍
အမျှဝေရာ ထိုနေ့ညမှာပင် ကိုယ်ရောင်အဆင်း လှပတောက်ပြောင်စွာဖြင့်-

“တပည့်တော် အထက်နတ်ပြည်သို့ သွားရပါမည်ဘုရား” ဟု ရိုသေစွာ ရှိခိုး


## PAGE 449

`ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

လျှောက်လွှာ၏။


၃၉၃

သတ္တဝါတို့အား ကယ်တင်ရာ၌ မြတ်စွာဘုရားရှင်၏ တရားတော်သည် လွယ်ကူ
ထက်မြက် နှစ်သက်ဝမ်းမြောက် အားကိုးလောက်ပေစွာ။

တရားဖြင့် ရောဂါကို ကာကွယ်ပေးခြင်း

လောက၌ အသိဉာဏ်ရှိသူတို့သည် ပို၍ အလုပ်လုပ်ကြရ၏။

ညောင်လွန် ဆရာတော်များ ခေတ်တခု၌ ကာလဝမ်း၊ ပလိပ်ကပ်၊ ကျောက်ကြီး
စသော ရောဂါများ ထူပြောလှသည်။ အဆင့်ဆင့် အားကောင်းသောမှန်ဘီလူးများ‘တစ်ခု
နှင့်တစ်ခု တွေ့မြင်ရပုံချင်းမတူသကဲ့သို့ ရောဂါကို ကာကွယ်ကုသကြရာ၌ အမြင်ချင်းမတူညီ
နိုင်ပေ။ ရာသီဥတုကြောင့်၊ ပိုးကြောင့်၊ ကြွက်သေကြောင့်၊ နတ်စသည် ဖမ်းစား သောကြောင့်
စသည်ဖြင့် ကိုယ်မြင်ရာကိုယ်ပြော၍ ကိုယ်သဘောပေါက်သလို ကာကွယ်ကုသ ကြကုန်၏။
အပြည့်စုံဆုံးသော အမြင်အသိသည် ဗုဒ္ဓဝါဒ၌သာ ရှိလေသည်။

လယ်တီဆရာတော်ကဲ့သို့ပင် ညောင်လွန် ဆရာတော်လည်း ရောဂါများနှင့် လိုက်တမ်း
ပြေးတမ်း ကစားနေရ၏။ လူတို့ အကျင့်သီလ အင်အားနည်းပါးခြင်း၊ အစာရေစာ ခေါင်း
ပါးခြင်း စသည်တို့ကြောင့် အမနုဿ ရောဂါဘေးတို့ များကုန်၏။

ရှင်အာနန္ဒာသည် ဝေသာလီပြည် ကပ်ဆိုးရောဂါကြီး ကျရောက်စဉ် ရတနသုတ်
ပရိတ်တော်ကို တစ်ညလုံး၊ ရွတ်ဖတ်’ ကယ်တင်တော်မူသကဲ့သို့ ၊ သီလ သမာဓိ ပညာ
အင်အားကောင်းသော သူတော်ကောင်းကြီးများ အရေအတွက်ကလည်း နည်းပါးလှသေးသဖြင့်
မသူတော်တွေ များသလောက် သူတော် သူမြတ်တို့၌ အလုပ်များတော် မူကြရ၏။ “ရှေ့သို့
စစ်လဲတိုက်ရ၊ နောက်ပြန်၍ သူနာပြုလဲ လုပ်ရ သကဲ့သို့ ခရီးမတွင်ဘဲ ရှိကြရလေသည်။

အရပ်လေးမျက်နှာရှိ ရပ်ရွာ မြို့နယ်များ၌ ကပ်ရောဂါကြီး ပြန့်ပွားနေစဉ် မိမိ
ကျောင်းတိုက်နှင့် ဂေါစရဂါမ်ရွာများဆီသို့ မရေမတွက်နိုင်အောင် လာနေကြသော ဘီလူးများ၊
ပြိတ္တာများကို ကျွဲအုပ်ကြီးများကဲ့သို့ မြင်တော်မူရာ ရဟန်းရှင်လူ အားလုံးအား သီလစောင့်ရန်၊
မေတ္တာပွားရန် နှိုးဆော်တော်မူသည်။ ပရိတ်ကမ္မဝါများကိုလည်း မွှန်နေအောင် ရွတ်ဖတ်
နာကြားစေ၏။ ထို့ကြောင့် ဆရာတော့် ပတ်ဝန်းကျင်၌ ကပ်ရောဂါကြီးများ မဖြစ်ပွားခဲ့ပေ။
ဖြစ်စပျိုးရာ ရွာများ၌လည်း လုံးဝ ငြိမ်းစဲစေခဲ့၏။ အမနုဿများ အုပ်စုလိုက် လှည့်ရှောင်
ထွက်သွားကြရာ သွားလမ်းတစ်လျှောက်ရှိ အဝေးရပ်ရွာများ၌ ရောဂါဖိစီး ခံကြရသည်ကိုလည်း
မြင်နေတော်မူ၏။

အဘိညာဉ်မရ နေပါရိုးလား

ဆရာတော်သည် တစ်နေ့တခြား ပိန်ချုံးကာ အရိုးပေါ်အရေတင် မသေရုံပင် ရှိတော်
မူ၏။ ရံခါ တစ်ဝါတွင်းလုံး စာဝါများကိုရပ်စဲကာ အသေအလဲ ရှုပွားတော်မူသည်။ လောကီ


## PAGE 450

၃၉၄


ဓမ္မာစရိယ ဦးဌေးလှိုင်

သမာဓိမျှကိုသာ ရ၍ အကြားအမြင် ဗဟိဒ္ဓအာရုံ၌သာ စိတ်ညွှတ်ကာ သမာပတ်ရှစ်ပါး
ဈာန်ကစားခြင်းဖြင့် တရားမတက်နိုင်ဘဲ ရှိလေ၏။ အကြားအမြင် အာရုံများကို ခြေရာခံ၍
အဘိညာဉ်(တန်ခိုး အမျိုးမျိုး) ရရန် ဦးလှည့် ရှုပွားတော်မူပြန်သည်။

66

“ကသိုဏ်းဆယ်ပါးနှင့် အသုဘ၊ ဗြဟ္မဝိဟာရ ဈာန်သမာပတ်တွေ လွယ်လွယ်နှင့်
ရနေမှတော့ ယခုအခါ အဘိညာဉ်ကော မရနိုင်ပေဘူးလား” ဟု ယခုတိုက်အုပ် ဆရာတော်
(ဦးနာယက) က လျှောက်ထားဖူး၏။ ဆရာတော်က ကိုယ်တွေ့ နှင့် ထင်မြင်ချက်များကို
စိတ်ဝင်စားဖွယ် အောက်ပါအတိုင်း အမိန့် ရှိတော်မူသည်။

“အဘိညာဉ်ကတော့ ယခုအခါ ပေါက်ရောက်ဖို့ တော်တော်ခဲယဉ်းတယ် ဘာကြောင့်လဲ
ဆိုရင် သတ္တဝါတွေ တရားမစောင့်ကြတော့ ဥတုမမှန် ဖောက်ပြန်တယ်။ ဥတုဖောက်ပြန်တော့
ဥတုဇရုပ်တွေ၊ ဥတုအကြောင်းခံတဲ့ အသီးအနှံ အာဟာရတွေ ဖောက်ပြန် ညံ့ဖျင်းလာတယ်။
စားသောက်မှီဝဲရတဲ့ လူတွေမှာလဲ အာဟာရဇရုပ်တွေ ညံ့ဖျင်း၊ ဥတုဇ၊ အာဟာရဇရုပ်တွေ
ညံ့တော့ တွဲဘက်ကမ္မဇရုပ်တွေလဲ မခိုင်မာနိုင်တော့ဘူးပေါ့။ ထိုရုပ်တွေပေါ် မှီတွယ်နေတဲ့
စိတ်ဓာတ် သမာဓိအားလဲ ကောင်းသင့်သလောက် မကောင်းဘဲ ညံ့ဖျင်းလာတယ်။ ရုပ်တွေ၊
စိတ်တွေညံ့ပြီး အားမကောင်းခြင်းကြောင့် သန္တာန်အစဉ်ခေါ်တဲ့ အတ္တဘော ခန္ဓာကိုယ်ကြီး
မခိုင်ဘဲ ဝိသုဒ္ဓိမဂ်မှာ လာတဲ့အတိုင်း ၁၄-ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို မဆုံးမနိုင်ကြလို
သမာပတ်ရှစ်ပါးကို ရနေကြပေတဲ့ အဘိညာဉ်မပေါ်ပေါက်နိုင်ဘဲ ဖြစ်ကြရတယ်”

ဤကား ဆရာတော်၏ ၊ ထင်မြင်ချက်ဖြစ်၏။

ဆရာတော် သီတင်းသုံးရာ ဒေသ၊ ထိုခေတ် ထိုအခါ ကာလသည် အလွန်ခေါင်းပါး၏။
မိုးခေါင်၏။ အစာရေစာ ဆွံ့ရှား၏။ ရောဂါဘယများပြား၏။ သိပ္ပံပညာလည်း မတိုးတက်သေး။
ဆရာတော်တွေ့ကြုံရသော အချိန်အခါနှင့် အရပ်ဒေသကိုကြည့်လျှင် ဆရာတော် အမိန့် ရှိချက်
များ ဟုတ်မှန်ပေရာ၏။ သို့ရာတွင် ဤယခုခေတ်ကား အချိန်အားဖြင့် မကြာမြင့်လှသေး
သော်လည်း ထိုခေတ်အခါနှင့် လုံးဝခြားနားလာ၏။ အစာအာဟာရများလည်း ခြားနားလာ၏။
တိုးတက်ကောင်းမွန်လာ၏။ ကျန်းမာရေး ဆေးဝါး ဓာတ်စာများလည်း မနှိုင်းယှဉ်သာအောင်
တိုးတက်လာသည်။ သေသေချာချာ ခေတ်ကိုစဉ်းစားပါလျှင် ဆေးဝါးဓာတ်စာ အစာအာဟာရ
များ တိုးတက်ကြောင်း ထင်ရှားလှပေ၏။

အစာအာဟာရကို ထားဘိဦး၊ အစားအစာ မစားဘဲလျက် ရက်လများစွာ နေနိုင်သော
သဘောများလည်း ရှိရာ ကံစိတ် ဥတု အာဟာရ လေးပါးတွင် စိတ်သာလျှင် ပြဌာန်း၏။
“စိတ်-စိတ္တဇ ရုပ်သည်သာလျှင် ကျန်တိဇရုပ်တို့အား ဦးဆောင်ထိန်းချုပ်ထားနိုင်ကြောင်း”
အဋ္ဌကထာဋီကာတို့၌လည်း ဖွင့်ဆိုကြသည်။ ထို့ကြောင့် ဆရာတော်၏ အယူအဆသည်
ဆရာတော်တို့ခေတ်ကာလ၊ ဆရာတော် သီတင်းသုံးရာဒေသနှင့် ကြည့်သော် မှန်ကန်ပေလိမ့်မည်။

မည်မျှလောက် အစာအာဟာရ ကြမ်းသည်ဆိုစေ၊ တစ်ခါက ဗုဒ္ဓနှင့် ဗုဒ္ဓ၏တပည့်များ
မြင်းစားဂျုံကြမ်းများ စားရသည်လောက် မဆိုးရွားသေးချေ။ အင်အားရှိသောခေတ်သို့
မရောက်သေးခြင်းသည် အဓိကအကြောင်းဖြစ်သည်။ ဆရာတော်၏ ကတာဓိကာရ ဘဝပါရမီက

