## PAGE 454


၃၉၈

ဓမ္မာစရိယ ဦးဌေးလှိုင်

“ယောဂီ၏ တာဝန်ကား ခန္ဓာကိုယ်သစ်ပင်ကြီး အမြစ်ပြတ် အဆုံးတိုင် မရပ်မနား
ခုတ်ပိုင်းသွားရန် တာဝန်မျှသာတည်း။”

တစ်ချိန်က မဟာစည်ဆရာတော်ဘုရားကြီး ရိပ်သာ၌ အဂ္ဂမဟာအကျော် ဆရာတော်ကြီး
တစ်ပါး တရားရှုမှတ်စဉ် သူ၏အမြင်ကို သူ့အားပင့်လာသူ ယောဂီဒကာမကြီးအား ပြောပြ
ရာ “တစ်နေ့လာလဲ ဒါ၊ တစ်နေ့လာလဲ ဒါ'က မတက်၍ ဒကာမကြီးက စိတ်မရှည်တော့ဘဲ
“ဦးပဉ္စင်းက တရားမှတ်ပါဆို၊ ဒန်းစီး၊ ဘိုင်စကုပ်ကြည့်နေတာကိုး။ ရှေ့ဘယ်တက်တော့မှာလဲ”
ဟု ဆိုလေသည်။ ပီတိနှင့် နိမိတ်တွင် ကျွံနစ်နေသည်ဟု ဆိုလို၏။

ဤနေရာ၌ ဒိဗ္ဗစက္ခုဧတဒဂ်ရ ရှင်အနုရုဒ္ဓါ ရဟန္တာမဖြစ်နိုင်ဘဲရှိနေစဉ် အရှင်သာရိ
ပုတ္တရာကဲ့သို့သော ဆရာကောင်း မိတ်ကောင်းရ၍ အခုအခံကလေးများ ကျွတ်လွတ်ကာ
ရဟန္တာဖြစ်သွားခဲ့သော ထုံးကို နှလုံးမူသင့်၏။ ရှင်အနုရုဒ္ဓါက အရှင်သာရိ ပုတ္တရာအား-

“အရှင်ဘုရား၊ တပည့်တော် ဒိဗ္ဗစက္ခုဖြင့် လောကဓာတ် တစ်ထောင်ကိုပင်
မြင်နိုင်ပါသည်။ ဝီရိယလဲမဆုတ်၊ သတိလဲထင်၊ ကိုယ်ငြိမ်းအေးမူလဲရှိ၊ သမာဓိလဲတည်ပါသည်။
ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် ရဟန္တာမဖြစ်ဘဲ နေရပါသလဲဘုရား” ဟု လျှောက်၏။
ထိုအခါ အရှင်သာရိပုတ္တရာက သူပြောသော စကားကပင် အဖြေထွက်နေသည့်
အလျောက်-

“ငါ့ရှင်၊ “လောကဓာတ်တစ်ထောင် မြင်နိုင်ပါသည်” ဆိုတာ မာနဘဲ။ “ဝီရိယလဲမဆုတ်
(လ) သမာဓိလဲ တည်ပါသည်” ဆိုတဲ့အကြံသည်ပင် သင့်စိတ်ပြန့် လွင့်မှု (ဥဒ္ဓစ္စ) ဖြစ်တယ်။
“ထိုသို့ဖြစ်ပါလျက်” ဆိုတဲ့ စကားကိုက သံသယကုက္ကုစ္စ ငြိနေပြန်ပြီ။ မာန-ဥဒ္ဓစ္စ-ကုက္ကုစ္စ
အခုအခံသုံးမျိုးကို ဖယ်ရှားလိုက်ပါ။ “အမတာယ ဓာတုယာ စိတ္တံ ဥပသံဟရတု=နိဗ္ဗာန
ဓာတ်ကြီးဆီသို့ စိတ်ကို ပို့ဆောင်ထားလိုက်ပါ” ဟု အခုအခံများကို ထောက်ပြလိုက်ရာ
ရှင်အနုရုဒ္ဓါ ရဟန္တာဖြစ်တော်မူလေသည်။ (တိကအင်္ဂုတ္တရ-ဒုတိယ အနုရုဒ္ဓသုတ်။)

ထို့ကြောင့် တစ်ဆင့်ထက်တစ်ဆင့် သိမ်မွေ့လှသော အရိယစခန်းတွင် အခုအခံကလေး
များ ကင်းစင်၍ ကိစ္စပြီးမြောက်လွယ်စေရန် ဆရာကောင်း မိတ်ကောင်းနှင့် ညွှန်ကြားတိုင်း
လိုက်နာလွယ်သူဖြစ်ဖို့ အရေးကြီးလှပေသည်။

တလောကလုံးကို မြင်တော်မူခြင်း

ဆရာတော်သည် ဗဟိဒ္ဓအာရုံများကို လျစ်လျူရှု၍ လက္ခဏာရေးသုံးပါးကိုသာ
ဆင်ခြင်တော်မူရာ လောကဓာတ်တစ်ခုလုံး သဏ္ဌာန် ဆိတ်သုဉ်း၍ ဖြစ်ပျက်ချည်း ထင်
နေတော်မူ၏။ ရံခါ လမ်းသွား၍ပင် ´မရအောင် ဒယီးဒယိုင် ကစမ်းကဝါးဖြစ်၍နေသဖြင့်
မနည်းသတိဖြင့် ကြွတော်မူရသည်။ ရံခါ ပြင်းထန်သော လုံ့လဒဏ်ကြောင့် ရောဂါဝေဒနာများကို
မလွန်နိုင်အောင် ရှိတော့၏။

၁၂၈၂-ခုနှစ်သို့ ရောက်သောအခါ အရေးကြီးလျှင် ကြီးသလို စာဝါများ တစ်ဝါတွင်းလုံး
ပိတ်၍ မအိပ်မနေ “သေသော်လည်း မြတ်၏” ဟု အားတင်းကာ ရှုပွားတော်မူ၏။


## PAGE 455


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁။

- ၂၁

၃။

၄။

၃၉၉ .

ထိုနှစ် နယုန်လဆန်း ၁၁-ရက် နံနက်သုံးနာရီတွင် ဝတ်ရုံ ကျောင်းကြီး
ပေါ်ရှိ ထိုင်နေကျ ကြိမ်ကုလားထိုင်ကြီးပေါ်၌ ရှုပွားရာ ပထမ မဂ်ဖိုလ်ကို
ရတော်မူ၏။

ထိုနှစ် နယုန်လပြည့်ကျော် သုံးရက်နေ့ည ၁၁-နာရီတွင် ဝတ်ရုံ
ကျောင်းကြီးပေါ်ရှိ မြောက်ဘက်စာချခန်း၌ ဒုတိယအဆင့် ပြီးမြောက်တော်
မူသည်။

ထိုနှစ် ထိုလပြည့်ကျော် ငါးရက်နေ့ နံနက်အရုဏ်တက်တွင် ကမ္မဋ္ဌာန်း
ချောင်ရှိ ဖန်ခါးပင်ကျောင်းပေါ်၌ တတိယအဆင့် ပြီးမြောက်တော် မူသည်။
ထိုနှစ် ထိုလပြည့်ကျော် ခုနစ်ရက်နေ့ နံနက်သုံးနာရီတွင် စေတီတော်
မြတ်ကြီးအား မျက်နှာသစ်တော်ရေ၊ ဆီမီးများ ကပ်လှူပြီး အာရုံခံ တန်ဆောင်း
ကြီး အုတ်နံရံကိုမှီ၍ မြောက်ဘက်သို့ မျက်နှာမူကာ ရှုပွားရင်း နံနက်လေးနာရီ
အရုဏ်တက်တွင် ( အာသဝက္ခယဉာဏ် အရဟန္တ ဘူမိသို့ “ပု၊ဒိအာ’
ဟူသော ရှေးရှေးဘဝတို့ကို မြင်တော်မူနိုင်သော ပုဗ္ဗေနိဝါသဉာဏ်၊ နတ်မျက်စိ
ပမာ လိုရာကို ထိုးထွင်းကြည့်မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ် စံသော အဘိညာဉ်
ခြောက်ပါးနှင့်အတူ) ရဟန္တာဖြစ်တော်မူ၏။

ထိုအချိန်မှစ၍ ရှေးရှေးသော သံသရာ၌ ကျင်လည်ခဲ့ရသော မိမိ၊ သူတစ်ပါးတို့၏
ဘဝများကို မြင်တော်မူသည်။

လက်ငင်းဒိဋ္ဌရှိနေသော လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံနှင့် ငရဲကြီးရှစ်ထပ် စသည်တို့ကို
လည်းကောင်း၊ ထိုထို သတ္တဝါတို့၏ သေခြင်း၊ ရှင်ခြင်း၊ လာရာ၊ သွားရာဘုံဘဝဂတိတို့ကို
လည်းကောင်း၊ အနာဂတ်၌ ဖြစ်လတ္တံ့သော အခြေအနေတို့ကိုလည်းကောင်း ကွင်းကွင်း
ကွက်ကွက် ဉာဏ်မျက်စိဖြင့် အတိအကျ သိမြင်တော်မူ၏။ ရှေးယခင်က လောကီသမာဓိဖြင့်
မြင်သည်ထက် အဆပေါင်းများစွာ သာလွန်ထိုးထွင်း၍ လင်းလင်းချင်းချင်းကြီး မြင်တော်
မူကြောင်း (မိမိကဲ့သို့ သက်စွန့်ကြိုးပမ်းလျက်ရှိသော ယောဂီတပည့် အချို့ အား တိုက်တွန်း
သောအားဖြင့်) မိန့်ကြားတော်မူသည်။

!

(စကားအလျဉ်းသင့်၍ မှတ်သားလွယ်ကူစေရန် နှစ်၊ လ၊ ရက်များ အတိအကျ
တဆက်တည်း ဖော်ပြလိုက်ပါ၏။)

ဆရာတော်ကမူ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပြီး နောက်တစ်ရက် ညနေချမ်းတွင်
ကမ္မဋ္ဌာန်းချောင်၌ လုပ်ဖော်ကိုင်ဖက် မထေရ်ကြီးများနှင့် တပည့်ယောဂီ ရဟန်းငယ်များ
စုံညီစွာ ဆည်းကပ်ကြရာတွင် ထူးခြားကြည်လင်သော အသားအရေ တည်ငြိမ်သော
ဣန္ဒြေတော်ဖြင့်-

“ဘုန်းကြီးတို့၊ ဦးပဉ္စင်းတို့၊ ရဟန်းတရားဟာ မနေမနား အသက်ကိုပင် စွန့်ပြီး
မှန်မှန်ကန်ကန် အားထုတ်ရင် မုချရနိုင်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ မဆုတ်မနစ်
ကြိုးစားကြစမ်းပါ။ “သယံ အဘိညာ သစ္ဆိကတွာ' ဆိုတဲ့အတိုင်း ကိုယ်တိုင်ကိုယ်ပိုင် •


## PAGE 456

၄ဝဝ


ဓမ္မာစရိယဦးဌေးလှိုင်

ဆုံးဖြတ်လို့ရအောင်ကို သိသာထင်ရှားစွာ မျက်မှောက်ပြုရပါလိမ့်မယ်။ “ဝေသာရဇ္ဇပ္ပတ္တော”
ကိုယ့်အလုပ်ကိုယ် နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်သာ လုပ်ကြပါ။
“အပရပ္ပစ္စယော” ဘယ်သူ့ကိုမှ ဆရာတင်စရာမလိုဘဲ ကိုယ်ဟာကိုယ် ယုံကြည်နိုင်တဲ့
အသိဉာဏ် ရှိလာတာပဲ၊ ဒိဋ္ဌဓမ္မ’ (မြင်)၊ “ပတ္တဓမ္မ’ (ရ)၊ “ဝိဒိတဓမ္မ” (သိ)
ဖြစ်တယ်ဆိုရင်ပဲ “ဝိဂတ ကထံ ကထော၊ တိဏ္ဏဝိစိကိစ္ဆာ' ဆိုတဲ့ အတိုင်း
ဟိုတုန်းက မတင်မကျ နှလုံးနှစ်ခွဖြစ်ပြီး “ဟုတ်မှ ဟုတ်ပါ့မလား” လို ့ တရားအပေါ်ရော
မိမိပါရမီကိုရော သို့လော သို့လော ဖြစ်သမျှ အတွေးအထင်တွေဟာ တစ်ခါထဲ
လင်းကနဲ ရှင်းထွက်သွားပါလိမ့်မယ်။ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ တကယ်လုပ်ရင်
အဟုတ်ဖြစ်နိုင်တယ် ဆိုတာ တပည့်တော်လဲ ယခုမှ ` တိတိကျကျ ဘုရားရှင် ဝန်ခံ
ဟောကြားတော် မူတာကို ရဲရဲကြီး ထောက်ခံ တိုက်တွန်းနိုင်တော့တယ်။ ကြိုးစ
ကြစမ်းပါ” ဟု အမိန့်ရှိတော်မူသည်။

ဝေဘူဆရာတော်ကိုယ်တွေ့ ညောင်လွန်
နှစ်ကိုယ်ခွဲ

“အဘိညာဉ်မရ နေပါရိုးလား” စသော အဆိုအမိန့်များ ညောင်လွန့် ထေရုပ္ပတ္တိအရ
ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆရာတော်သည် အဘိညာဉ်ရအောင် ကြိုးစားသော်လည်း အဘိညာဉ် မရ၊ ပု၊
အာ- ဟူသော ဝိဇ္ဇာသုံးပါးဖြင့် ရဟန်းကိစ္စပြီးမြောက်ကြောင်း၊ ဝါ၊ တေဝိဇ္ဇ ရဟန္တာ
အရှင်မြတ်ကြီးဖြစ်ကြောင်း ထေရုပ္ပတ္တိအရ ဖတ်ရှု ကြည်ညိုခဲ့ကြရ၏။ သို့ရာတွင် ကျေးဇူးရှင်
ဝေဘူဆရာတော်ကြီး ခန္ဓာဝန်ချပြီးနောက် ဝေဘူဆရာတော်ကြီး၏ အကြောင်းအရာများကို
လေ့လာသောအခါ ညောင်လွန့်ဆရာတော်ဘုရားကြီး၏ ကျေးဇူးဂုဏ်ကိုပါ ဖြည့်စွက်ကြည်ညိုခွင့်
ရခဲ့ပါသည်။

ကျေးဇူးရှင် ဝေဘူ ဆရာတော်လောင်းလျာသည် ၁၂၈၅-ခုနှစ် ရှစ်ဝါခန့်တွင် ရွှေဘို
ပုသိမ်ကြီးတောရမှ ထွက်ခွာ၍ တောတောင်အနှံ့ ကြွရောက်ကာ အာနာပါနတရားကို ရှုပွား
တော်မူရာ လ,ပိုင်းအတွင်းမှာပင် လောကီ အဘိညာဉ်များနှင့်တကွ တတိယဆင့်ထိ ပေါက်
မြောက်တော်မူဟန် ရှိသည်။ မိမိရရှိ သိမြင်သော တရားကို ထပ်ဆင့်အတည်ပြုချက်
ရယူရန် လိုအပ်၍လောမသို၊ ထိုနှစ်မှာပင် ညောင်လွန့်တောရသို့ ကြွတော်မူ၏။ ထိုတောရရှိ
စေတီတစ်ဆူ၌ တံမြက်ဝတ်ပြုနေသော ဘုန်းတော်ကြီးတစ်ပါးအား ဦးစွာ ဦးချရာ ဘုန်းတော်ကြီး
ကအကျိုးအကြောင်း မေးမြန်းပြီးလျှင်-

“ညောင်လွန့်ဆရာတော် ယခု ကျောင်းကြီးပေါ်မှာ စာချနေသေးတယ်။ မကြာခင်
ပြီးတော့မှာပါ။ ဒီမှာပဲ ဦးပဉ္စင်း ခဏစောင့်ဦး” ဟု မိန့်တော်မူ၏။

ဝေဘူလောင်းလျာလည်း ထိုစေတီ၌ပင် စေတိယင်္ဂဏ ဝတ်ပြုရင်း-ခေတ္တ စောင့်ဆိုင်းနေရာ
ဘုန်းတော်ကြီးက -ကျောင်းကြီးပေါ်မှ စာလိုက် သံဃာများ ဆင်းကြွလာသည်ကို လက်ညှိုး

