## PAGE 457


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ညွှန်လျက်-

၄၀၁

“ကဲ-ကဲ-ဦးပဉ္စင်း၊ စာဝါပြီးပါပြီ။ ကြွပေတော့” ဟု ပြောပြောဆိုဆို ဘုန်းတော်ကြီး
တံမြက်စည်းကိုင်၍ ရပ်နေခဲ့စဉ် ဝေဘူလောင်းလျာလည်း ကန်တော့ပြီး စာချကျောင်းကြီးပေါ်သို့
တက်သွားရာ ညောင်လွန့်ဆရာတော်ဟူသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ကိုယ်တွေ့
ဖူးမြင် ကြည်ညိုခွင့် ရလေတော့သည်။

“စာချနေတဲ့ ဆရာတော်ဟာ တံမြက်လှည်းနေတဲ့ ဘုန်းတော်ကြီး ဖြစ်နေသတဲ့။
ဒါက လောကီပေါ့ဟယ်” ဟု ဝေဘူ ဆရာတော် ကိုယ်တိုင် (အင်ကြင်းပင် ကမ္မဋ္ဌာန်း
ကျောင်းတည်စက ခုဒ္ဒသိက္ခာ အဋ္ဌကထာ အဘိညာဉ်ခန်းကို စာချစဉ် ယခုရှိသော
ကျောက်ဆည် ဒုတိယ ဝေဘူဆရာတော် ဓမ္မာစရိယ ဦးအာစာရတို့အား) အမိန့်ရှိဖူးကြောင်း
ဦးအာစာရက စာရေးသူအား ပြောပြဖူးပါသည်။

ဤအချက်ကို ထောက်ဆသော် ထေရုပ္ပတ္တိလာ “အဘိညာဉ်မရ နေပါရိုးလား”
ဆိုသော စကားသည် အစောပိုင်း အဘိညာဉ် ထူထောင်ခါစ အချိန်က အမိန့်ရှိသော
စကားသာ ဖြစ်ဟန်ရှိပေသည်။ သူတော်ကောင်းတို့၏ သဘောတော်ကား သိခက်ပေစွာ၊
ဝေဘူချောင်၌ သိမ်သုံးလုံးရှိရာ မူလသိမ်မှာ “အရိယာသိမ်’ ဟု ခေါ်တွင်၍
ညောင်လွန့်ဆရာတော်၊ စွန်းလွန်းဂူစသော ဆရာတော်များ ပါဝင်သမုတ်ခဲ့သော သိမ်ဖြစ်၏။
ဝေဘူဆရာတော်ကြီး အလေးဂရုပြုသော ဆရာတော်များတွင် ဆရာတော်သည် တစ်ပါး
အပါအဝင် ဖြစ်တော်မူခဲ့ပါသည်။

မယုံသော ဆရာတော်များနှင့် မိုးကြိုးသံ

“ရဟန္တာဖြစ်သည်ကို ဘုရားပွင့်သလောက် ခက်ခဲမည်” ဟု ယူဆကာ အားလျှော့
နေကြသော ခေတ်ဖြစ်၍ အသားအရေ၊ ဣန္ဒြေနှင့် အနေအထိုင်မှအစ အားရ ကျေနပ်လောက်
သည်ကို ဖူးတွေ့ကြရသော်လည်း ရဟန္တာ ဖြစ်တော်မူသည်ကို တိုက်ရိုက်လည်း မိန့်ကြား
တော်မမူ၍ မယုံကြည်သူများလည်း ရှိခဲ့ကြ၏။ ထိုမယုံသည့်ဘက်၌ စာသန်သော မိတ်ဆွေနှင့်
တပည့်များ အများဆုံးပါဝင် နေကြသည်။ .

ကောလာဟလများလည်း တစ်နေ့တခြား ပြန့်ပွားကာ အရပ်ရပ်မှ အတူနေ ဆရာ
တော်ကြီးများပင် တိုင်ပင်ထားကြသကဲ့သို့ တစ်နေ့သောအခါ ညောင်လွန် တောရ၌ ဆုံစည်း
မိကြသည်။ ထိုဆရာတော်များကား-

ဂဲ .

၂။

၃။

၄။

ညောင်လေးပင်မြို့ ကောက်ကွေ့ ဝေဇယန္တာ ဆရာတော် ဘုရားကြီး၊

မုံရွာခရိုင် ချောင်းဦးမြို့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဒီပ၊

လယ်ဝေးမြို့ ပတ္တပိုဏ် ဆရာတော် ဦးအာစရ၊

ပျော်ဘွယ်မြို့ ဇီးတော်မင်းလှ သာစည် ဂိုဏ်းချုပ် ဆရာဟော်ကြီး ဦးနရိန္ဒ၊

၅။ ပျော်ဘွယ်မြို့ ထန်းတပင်တောရ ဆရာတော် ဦးစန္ဒန-


## PAGE 458

၄၀၂


ဓမ္မာစရိယ ဦးဌေးလှိုင်

စသော မထေရ်ကြီးများ ဖြစ်ကြ၏။

ဦးကဝိန္ဒ (မူလငွေတောင်တောရ ဆရာတော်ကြီး) သီတင်းသုံးသော ဖန်ခါးပင်
ကျောင်းတွင် စုဝေးသီတင်းသုံးခိုက် “ရတယ်၊ မရလောက်ဘူး” တစ်ဖက်နှင့်တစ်ဖက် အငြင်း
ပွားခဲ့ကြသည်။

“ကဲ-ကဲ စကားရှည်တယ်ဗျာ၊ ထန်းတပင် ဆရာတော်က တိုက်အုပ် ဆရာတော်ကို
လျှောက်ရဲပါတယ်။ ယခု ရောက်နေကြတဲ့ ‘ ဆရာတော်များအားလုံး ဦးကဝိန္ဒလဲပါတယ်၊
အရှင်ဘုရား..တရားထူးရတယ်ဆိုတာကို မယုံကြည်နိုင်ကြလို ့ ယုံကြည်ပါ ရအောင် အသေအချာ
အမိန့်ရှိပါလို့ လျှောက်ချေဗျာ၊ ပြီးတော့ အမိန့်ရှိသမျှ ကျုပ်တို့ကိုပြန်ပြော” ဟု ဦးစန္ဒနအား
တွန်းပို့ကြသည်။ ဦးစန္ဒနလည်း ချက်ချင်းထသွားကာ မရွံ့မရဲ လျှောက်ထား ရလေ၏။

“ဦးစန္ဒန၊ တို့များ အရိပ်အမြွက် အားကျဖို့ တိုက်တွန်း ပြောကြားခဲ့တာဟာ
ကောက်ကွေ့ဆရာတော်၊ ချောင်းဦးဆရာတော်၊ လယ်ဝေးဆရာတော်၊ ဦးကဝိန္ဒတို့ ယုံကြည်
အောင် ပြောခဲ့တာမဟုတ်ဘူး ဦးစန္ဒန၊ ဒီမှာ အဟုတ်လုပ်နေတဲ့ ယောဂီတွေအတွက်ပြောတာ၊
သူတို့တတွေဟာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ချမ်းချမ်းသာသာ နေဖို့သာ
အားထုတ်ကြတာ။ တို့များကိုယ့်ကိုကိုယ် ဖိုးသူတော်ဖြစ်အောင် ဝါကြွားပလွှားပြီး ပြောမယ့်
အစားလား ဆိုတာ သိကြရမယ်။ တို့ဟာ စာပေကျမ်းဂန်တွေလဲ လေ့ကျက် ပို့ချနေတာ
အဓိမာန (အထင်ရောက်မှု) လား၊ အဟုတ်လားဆိုတာ မသိဘဲ နေပါ့မလား။ တရားဆိုတာ
မျက်မှောက်ရရှိတဲ့ ပုဂ္ဂိုလ်မှာ မိုးကြိုးပစ်တာထက် ထင်ရှားပါတယ်” ဟု ရဲရင့် ပြတ်သားစွာ
မိန့်တော်မူ၏။ ထိုခေတ်ကား ထိုသို့ပင် မိန့်ဆိုရမည်ကဲ့သို့ ရှိပေသည်။

ထန်းတပင် ဆရာတော်က လျှောက်ထားပြီး ချက်ချင်းပင် တစ်လုံးမကျန် ပြန်၍
မထေရ်ကြီးများအား လျှောက်ရာ-

“ကဲ-ဘယ်နှယ်ရှိစ၊ တိုက်အုပ်ဆရာတော် အမိန့်ရှိတာ ဟုတ်ပေသပ။ ကျုပ်တို့က
ခန္ဓာကိုယ်ကို တယ်-အလိုလိုက်ကြ၊ ညှာကြတာကလား၊ အောက်အောက် အရိယာတောင်မှ
အထက်အထက် အရိယာကို မသိနိုင်ဘူး ဆိုတာ ကျုပ်တို့က အောက်အောက်ထဲမှာတောင်
မပါကြဘူးဗျ၊ တိုက်အုပ် ဆရာတော်ဟာ သူမတူ စွန့်စွန့် စားစား လုပ်တာ အားလုံးအသိပါပဲ။
စာပေကျမ်းဂန်နဲ့ ကြည့်ရင်ပဲ ယုံမှားစရာ မရှိပါဘူး။ ခုတော့ ပိုပြီးသေချာသွားတာပေါ့” ဟု
ဝမ်းသာအားရ ပြောဆိုကြကုန်၏။

တစ်နေ့သောအခါ အဆိုပါ ဦးစန္ဒနဆရာတော်သည်ပင် အထူးလျှို့ဝှက်စွာ ဆရာတော်ထံ
အချိန်ယူချဉ်းကပ်၍ အစဉ်အဆက် လေးနက်ယုံကြည်စွာ ဒိဋ္ဌာနုဂတိ (အတုယူ) ကျင့်သုံး
နိုင်ကြစေရန် ရည်ရွယ်လျက် တရားထူးရသော နှစ်၊ လ၊ ရက် များကို အသေးစိတ်
လျှောက်ထားခဲ့၏။ ဆရာတော် ပရိနိဗ္ဗာန် ပြုပြီးနောက် ထေရုပ္ပတ္တိရေးကြမည် ရှိကာမှ
ညောင်လွန့်ယောဂီ ဆရာတော်များအဖွဲ့သို့ ထိုမှတ်တမ်းကို ပေးပို့ခဲ့သည်။ (ရှေ့၌ပြခဲ့ပြီ။)

ဆရာတော် ပျော်ဘွယ်မြို့အနီး မင်းတန်းရွာကျောင်း သိမ်သမုတ်ကြွစဉ် ပျော်ဘွယ်မြို့မှ

အဘိဓမ္မာတတ် ကျောင်းအမ ယောဂီကြီး ဒေါ်စောက-


## PAGE 459

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၀၃

“မဂ်ဖိုလ်စိတ်က နိဗ္ဗာန်ကို ဘယ်လို အာရုံပြုတယ်၊ သိတယ်ဆိုတာ သိလိုပါသည်ဘုရား"

ဟု လျှောက်ရာ--

“အိပ်ပျော်နေတဲ့ လူရဲ့ ဘဝင်စိတ်ဟာ ကံ၊ ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံပြုနေ
သလိုပဲပေါ့” ဟု ဖြေကြားကာ-

.

“တစ်စုံတစ်ယောက်က သင်အိပ်ပျော်နေတုန်းက ဘာကိုသိနေသလဲ(အာရုံပြု နေသ)
မေးရင် ဘာမှမသိဘူးလို ့ ဖြေရသလို အရိယာ ပုဂ္ဂိုလ်များ မဂ်ဖိုလ်စိတ် ဖြစ်နေတဲ့အခါမှာ
ဘယ်လိုနေပါသလဲ မေးရင် ဘာကိုမှ မသိဘူးလို ့ ဖြေရပေလိမ့်မယ်။ ဒါပေမယ့် ဘာကိုမှ
မသိပြီးတဲ့နောက် ပြန်ပြီး စဉ်းစား ဆင်ခြင်လိုက်တဲ့ အခါကျတော့ ဘာကိုသိနေတယ်ဆိုတာ
ကိုယ်တိုင် သိရတာပါပဲ” ဟူ၍ အမိန့်ရှိသည်မှာလည်း မှတ်သားဖွယ်ရာ တစ်ရပ်ပင်။

ဆရာတော်၏ ဓမ္မာဘိသမယ (တရားထူးရခြင်း) နှင့် စပ်၍ ဆရာတော် ရေးသား
ပြုစုခဲ့သော “သမထ ဝိပဿနာ နယသင်္ခေပကျမ်း”၊ “ဂဏစာရိက ပဋိပတ္တိကျမ်း”၊ “နိဗ္ဗာနတ္ထ
ပကာသနီကျမ်း'၊ ယင်းကိုပင် အရေးပိုင် ဦးကျော်ဒွန်း ဖွင့်ဆိုသော “နိဗ္ဗာနတ္ထ ဝိဘာဝနီ၊
နိဗ္ဗာနတ္ထ ဝိဿဇ္ဇနာကျမ်း' တို့ဖြင့် အကဲဖြစ်နိုင်ပေသည်။ ဝိနည်း အဓိက ပိဋကသုံးပုံ၌
ကျွမ်းကျင်တော် မူကြောင်းကိုလည်း ‘တိပိဋက ပကိဏ္ဏကဒီပနီ” (မိုးနံကုန်း.ဝိနိစ္ဆယ) မ္
တွဲကို ကြည့်လျှင် သိသာလှပေသည်။ ထိုတွင် ပထမတွဲမှာ ဆရာတော်ကြီး အဆုံးအဖြတ်များ ကို
ကိုယ်တော်တိုင် မွမ်းမံ၍ ရေးသားပြီးလျှင် ကျန်နှစ်တွဲမှာ အရပ်ရပ် မေးလျှောက်ချက်များကို
ကိုယ်တော်တိုင် ဖြေရှင်းချက်များ ဖြစ်ကုန်၏။

တစ်စပ်တည်းရသောတပည့် ၂-ကျိပ်ကျော် တရားထူးရခြင်း

ဆရာတော်သည် ၁၂၈၂-ခုနှစ်မှ နောက်ကာလတွင် ပရိယတ်ကို အနည်းအကျဉ်းမျှသာ
ပို ့ချ၍ ပဋိပတ်ကိုသာ အထူးအားပေးတော်မူ၏။ ၁၂၈၇-ခုနှစ်တွင် စာဝါများမချဘဲ
တစ်တိုက်လုံး တရားအားထုတ်ခိုင်းတော်မူ၏။ “တရားအားမထုတ်လိုသော ပုဂ္ဂိုလ်များ၊
စာသင်လိုတဲ့ ပုဂ္ဂိုလ်များ အခြား စာသင်တိုက်များသို့ ပြောင်းရွှေ့ကြ” ဟုပင် ညွှန်ကြား၍
တိုက်တွင်း သံဃာများအား ဝိပဿနာ တရားကိုသာ အခါ အားလျော်စွာ ဟောကြားဆုံးမတော်
မူသည်။

ဆရာတော်ကား သိတတ်သောအချိန်မှစ၍ ဗုဒ္ဓဝေယျာဝစ္စ၊ အာစရိယ ဝေယျာဝစ္စနှင့်
အလွန်ကြီးလေးသော သဗြဟ္မစာရီ (သီတင်းသုံးဖော်) သံဃဝေယျာဝစ္စများကို လိုလေသေနှုန်း
ဆောင်တော်မူ၏။ “မိခင်နွားမသည် မိမိလည်းမြက်ကိုစားရင်း သားငယ်ကိုလည်း တစ်ဖက်က
စောင့်ရှောက်သကဲ့သို့ သောတာပန် ပုဂ္ဂိုလ်လည်း မိမိတရားကို အားတက်သရော ကျင့်ကြံ
နေလျက်က သီတင်းသုံးဖော် ဝတ်ကိုလည်း ဖြည့်ဆည်းမြဲ ဖြစ်သည်” ဟု (မူလပဏ္ဏာသ-
ကောသမ္မိယသုတ်လာ) သောတာပန် ဓမ္မတာခုနစ်ပါးနှင့် ရှေးမဆွကပင် ညီညွတ်လှပေ၏။
သီတင်းငယ်များအား သံဝေဂဖြစ်ဖွယ်၊ အားကျဖွယ်များကို ညွှန်ပြ၍လည်းကောင်း၊ သိတင်း

