## PAGE 460

၄၀၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ကြီးများအား “ယုံယုံကြည်ကြည်ဖြင့် တင်းတင်းရင်းရင်း တစ်စပ်တည်းရအာင် အားထုတ်ရန်”
တိုက်တွန်း၍လည်းကောင်း ပဋိပတ္တိသာသနာ ပြုတော်မူ၏။

ယခုအခါ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ကလည်း-

“အိမ်အမိုးကို စပ်မိအောင်မိုးမှ အကျိုးရှိသကဲ့သို့ ၂၄-နာရီ စင်သွားအောင် ရှုမှတ်ရန်”
အထူးတိုက်တွန်းတော်မူလေ့ရှိ၏။

“သာတစ္စကာရီ=အမြဲလုပ်နေရမည်၊ သက္ကစ္စကာရီ=လေးလေးစားစား လုပ်ရမည်ဟု
လည်းကောင်း၊ ယာနီကတာ=ယာဉ်ကို အချိန်မရွေး မောင်းနှင်၍ ရအောင် အဆင်သင့်
က,ထားရမည် (စက်နှိုးထားရမည်)၊ ဝတ္ထုကတာ=အမြဲ ထိုအလုပ်ခွင်၌ပင် (ခြေသလုံးအိမ်တိုင်)
ရပ်တည်နေရမည်” စသည်ဖြင့်လည်းကောင်း ဟောတော်မူသည်မှာ ဤအချက်ပင် ဖြစ်သည်။
မရမနေ .အသေအလဲ အပန်းတကြီး လုပ်ခြင်းမျိုးကို ဆိုလိုသည်မဟုတ်။

ရေခပ်သူသည် ရေခပ်သွားသောအခါမှ ထမ်းပိုးရေပုံးတို့ကို ယူ၍ ခပ်၍ ထည့်၍ပြီးလျှင်
ရေခပ်ခြင်းကိစ္စ ပြီးတော့သည်။ ဝိပဿနာအလုပ်ကား ထိုသို့မဟုတ်။ ကမ္မဋ္ဌာန်း ၄၀-တွင်
အခါအားလျော်စွာ တစ်ခုခုကိုင်မိလျက်သား ရှိနေရ၏။ ဥပမာ “အာနာပါနကို တစ်နေ့
နှစ်နာရီထိုင်လျှင် ပြီးရောမမှတ်ရ”၊ ကျန်အချိန်များတွင် (လမ်းလျှောက်ရင်း လုပ်ရင်း
ကိုင်ရင်း) လည်း မေတ္တာပွား၍ဖြစ်စေ၊ ဗုဒ္ဓါနုဿတိပွား၍ ဖြစ်စေ၊ သတိပဋ္ဌာန် (ဣရိယာပုတ်၊
သမ္ပဇည) ပွား၍ဖြစ်စေ၊ တတ်နိုင်ပါလျှင် အာနာပါန (မူလ ကမ္မဋ္ဌာန်း) ကိုပင် ရှုမှတ်၍
ဖြစ်စေ တစ်ခုမဟုတ်တစ်ခု အချိန်တိုင်း ကိုင်မိလျက်သား ရှိနေရမည်ဟု ဆိုလိုပေသည်။
ပင်ပန်းခက်ခဲမည် ထင်ရသော်လည်း လက်တွေ့တွင် အလွန် လွယ်ကူချမ်းသာ၍ သမာဓိအား
ဉာဏ်အား များ သိသိသာသာ တိုးတက်ကြောင်း တွေ့ မြင်ကြရ၏။ ထို့ကြောင့် “တစ်စပ်တည်း
ရပါစေ” ဟု ဆရာတော်ဘုရားကြီးများ တဖွဖွ ဆုံးမတိုက်တွန်းတော်မူခြင်းသည် စာတွေ့
လက်တွေ့ ညီညွတ်လှပါပေ၏။

၁၂၈၃-ခုနှစ် ဝါဦးမှစ၍ တစ်တိုက်လုံး ပဋိပတ်အားထုတ်ကြရာ ရဟန်းတော်ပေါင်း
နှစ်ဆယ်ကျော်မျှ တရားထူး မျက်မှောက်ပြုကြသည်ဟု မှတ်တမ်းပြုထားကြသည်။ ၁၂၈၄-
ခုနှစ်တွင်မှ ပရိယတ်ကို ချပို့မြဲ ချပို့၏။

အသိမှန် မမှန် ချိန်ကိုက်ရန် ငယ်နိုင်

“ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြာဟ္မဏဿ”

ဟု ဘုရားရှင် ဥဒါန်းကျူးတော်မူသကဲ့သို့ ကိလေသာ ခွာချရန် လုံ့လဝီရိယသန်သန်နှင့်
မှန်မှန်ရုပ်နာမ်ကို ကြည့်ရှုနေသော ယောဂီမှန်သမျှ သူ့အလိုလို နဂိုပြကတေ့ ကြောင်းကျိုးဆက်၍
ဖြစ်ပျက်နေမြဲသော သဘောတရားတို့သည် ဖုံးထားကွယ်ရှောင်၍မရ၊ ဉာဏ်အမြင်၌ ပြထင်၍
ပေါ်လှာပေးကြရ၏။


## PAGE 461


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄ဝ၅

အကြောင်း အကျိုးတို့ကို သိမြင်ရာ၌ အကြောင်းရင်း အကြောင်းဖျား၊ အကြောင်း၏
အကြောင်း၊ အဆက်ဆက်သော အကြောင်း (ဟေတု၊ ပစ္စယ) များကိုလည်းကောင်း၊ အကျိုး
များကိုလည်း အကျိုးရင်း အကျိုးဖျား၊ အကျိုး၏ အကျိုး၊ အဆက်ဆက်သော အကျိုး
(ဖလ၊ နိဿ) များကိုလည်းကောင်း ထင်မြင်လာကုန်၏။ နေတ္တိပါဠိတော်လာ “အာရုယှာရုယှ
သြရုာရု” သဘော၊ သမ္မသနဉာဏ်၏ သဘောတို့ပင်တည်း။

တစ်စုံတစ်ခုသော လောကဖြစ်ရပ်များကို ရှုကြည့်သိမြင်ရာ၌လည်း ထိုသို့ပင် ကြောင်းကျိုး
ကွင်းဆက်များကို ပုဂ္ဂိုလ်သတ္တဝါနှင့် တွဲ၍ပင် တွေ့မြင်ရတတ်သည်။ ရံခါ အစစ်အမှန်
မဟုတ်သော ဆင်လုံးကြောင်းကျိုး ကွင်းဆက်များ ဝင်လာ၍ ပညာသိမဟုတ်၊ ဆင်ခြင်တုံ
သိဖြစ်သော 'ကာရဏာနုမာန၊ ဖလာနုမာန သဘောသို့ သက်လျှောကျဆင်းကာ အသိဉာဏ်
လွဲချော်စေတတ်ပြန်သည်။ ထိုအခါ ယောဂသည် တစ်စုံတစ်ရာ၌ တွယ်တာငြိကပ်မှုကို
ဖယ်ခွာ၍ မေတ္တာပွားခြင်း၊ သစ္စာပြုခြင်း၊ အဓိဋ္ဌာန်ခြင်းတို့ဖြင့် ခွဲခြားယူငင်မှသာ အမှန်တကျ
ဖြစ်လာနိုင်၏။ သမာဓိ ရင့်ကျက်လာပါလျှင်ကား ဆိုဖွယ်မရှိ။ စင်ကြယ်စွာပင် သိမြင်လာ၏။

“အထဿ ကင်္ခါ ဝိပယန္တိ သဗ္ဗာ” ထိုအခါ “ဖြစ်မှဖြစ်ပါ့မလား၊ လမ်းစဉ်မှန်
ဟုတ်မှ ဟုတ်ပါ့မလား၊ ခံစားသူရှိသလား၊ စေခိုင်းသူရှိသလား၊ ဇာတိဇရာမရဏ ဟူသည်
မည်သူ၏ ဇာတိ ဇရာ မရဏနည်း” စသည်ဖြင့် ပစ္စုပ္ပန် အတိတ် အနာဂတ် အမြင်
မပြတ်အောင် ရှုပ်ထွေးပွေလိမ်နေခဲ့ရသော ယုံမှားသံသယများ အားလုံး ချုပ်ပျောက် လွင့်စဉ်
သွားကြကုန်၏။

ထိုကြောင့်လည်း သမာဓိအား မကောင်းသေးဘဲလျက် ဗဟိဒ္ဓ အာရုံနိမိတ်ကို မသုံး
သပ်ရာ။ မလိုက်ရာ။ (တိက အင်္ဂုတ္တရ ပံသုဓောဝက သုတ်လာ)-

-ဉာတိဝိတက်=(ဆွေရေးမျိုးရေး အကြံ)၊
-ဇနပဒဝိတက်=(ရပ်မှုပြည်ရေး အကြံ)၊

-အနဝညတ္တိ ပဋိသံယုတ္တဝိတက်=မိမိအပေါ် အထင်ကြီးစေလိုမှု၊ အထင်မသေးစေလိုမှ
အကြံနှင့်

-ဓမ္မဝိတက်=(ဥပက္ကိလေသ ဆယ်မျိုး) များဖြင့် လုံးထွေးကာ အနည်းငယ်သော
အသိထူး၊ ပြတ်သားစွာ မသိသော အသိတို့ကြောင့်-
-ကြောက်ခြင်း=(ဘီရု)၊
-မဆုံးဖြတ်နိုင်ခြင်း=(ဝိစိကိစ္ဆာ)

-မိမိကိုယ်ကို အထင်ကြီးခြင်း=(အတ္တုက္ကံသန)၊

-သူတစ်ပါးအား အထင်သေးခြင်း=(ပရဝမ္ဘန)-

စသော မာရ်တပ်ကြီးများ တစ်တပ်ပြီး တစ်တပ် ဝင်ရောက်မွှေနှောက်လာတတ်၏။
သမာဓိအား နည်းသေးလျှင် မေတ္တာစသော ငယ်နိုင် တောင်မြောက်လမ်းပြ အိမ်မြှောင်ခွက်ကို
ကြည့်၍ကြည့်၍ သွားသင့်၏။ ယင်းမှတ်ကျောက်၌ တင်၍ ဘင်၍ စစ်ဆေးရာ၏။
(ဤကား ကျွန်ုပ်တို့ သဘောသက်ဝင်ခြင်းမျှသာ။)


## PAGE 462

၄ဝ၆


ဓမ္မာစရိယ ဦးဌေးလှိုင်

မိုးရွာအောင် လုပ်နိုင်သော ဆရာတော်

တရားထူးရသော တပည့်များပါ များပြားလာ၍ ဆရာတော်၏ ဂုဏ်သတင်းလည်း
တစ်နေ့တခြား ပြန့် ပွားကာ ၁၂၉၂-ခုနှစ်တွင် သံဃာတော်အပါး ၁၃၀-ကျော်ပင် ရှိလာ၏။
နေမှုစားမှုပင် အကန်ငယ် ကျပ်တည်းခဲ့သည်။

ညောင်လွန့်တောရ၌ သံဃာ ၁၃၀-ကျော် ရှိနေတော်မူကြရာ ဂေါစရဂါမ် ရွာများ၏
အင်အားနှင့် မမျှတချေ။ ထိုဒေသလည်း ပင်ကိုယ်၌က မိုးခေါင်ရေရှား ဒေသဖြစ်၍ လူရော
ရှင်ပါ ကျပ်တည်းလှသည်။ နယ်နှင့်ချီ၍ နှစ်နှစ်-သုံးနှစ် မိုးဆက်ခေါင်နေသဖြင့် တောင်သူ
လယ်သမားများ သီးနှံ မစိုက်ပျိုးနိုင် ရှာကြချေ။ သို့သော် ညောင်လွန် ့ဂေါစရဂါမ် ရွာများ
မှာ ထူးထူးခြားခြား သီးနှံရနေကြ၏။

"

“လှူ၍မိုးကောင်း၊ ကောင်းလေလှူလေ” ဝမ်းမြောက်၍ နေကြရ၏။ မလှမ်းမကမ်း
ကျေးရွာများကပင် “သူတို့ရွာ မိုးကောင်းမှာပေါ့အေ၊ ညောင်လွန် ကျောင်းကိုက်ကြီး ရှိနေတာ
ကိုး”” ဟုပင် စကားနာထိုးကြလေ၏။

ရမည်းသင်း ခရိုင် အခွန်တော် စည်းကြပ် ကောက်ခံရသော အင်္ဂလိပ် လူမျိုးများကပင်
ထိုဒေသ ပတ်ဝန်းကျင်ရှိ ရွာများစွာအနက် ဂေါစရဂါမ် သုံးလေးရွာ၌သာ ထူးထူးခြားခြား
ကမင်လာ၍ ကွင်းဆင်း၊ အခွန်ကောက်နေရသည်ကို နှစ်စဉ်လိုလို ကြုံနေရသဖြင့် ဆရာတော်အား
းကောင်းတောရ ကိုယ်တော်ကြီး' ဟုပင် ခေါ်ကြသည်။

တစ်ခုသော နှစ်တွင် ဂေါစရဂါမ်ရွာများ၌ပင် အချိန်မီ ရေမရ၍ ဒုက္ခရောက်နေကြစဉ်
ညဘုရားဝတ်တက်အပြီး သံဃာတော်များအား-

“ဦးပဉ္စင်းတို့၊ သတ္တဝါတွေ မိုးခေါင်လို့ အလွန်သနားစရာ ကောင်းနေပြီ။ မပေါ့ကြနှင့်။
သီလကို အထူးသုတ်သင်ကြ။ မိုးနတ်သားကစပြီး သတ္တဝါတွေ အားလုံးကို မေတ္တာဘာဝနာ
အထူးပွားကြပါ” ဟု သြဝါဒပေး တိုက်တွန်းတော်မူသည်။

တစ်ညနေတွင် ဂျိုးအင်းရွာကျောင်းသို့ ကိုယ်တော်တိုင်ကြွကာ တစ်ရွာလုံး တရားနာခေါ်၍
ငါးပါးသီလကို တင်းတင်းရင်းရင်း အစောင့်ခိုင်းကာ-

“သဗ္ဗေသတ္တာ ဒုက္ခာ မုစ္စန္တု၊ သမ္မာဒေဝေါ ပဝဿတု=

သတ္တဝါအားလုံး ဆင်းရဲ ကင်းကြပါစေ၊ မိုးကြီး သည်းစွာ ရွာပါစေ”
ဟု မေတ္တာပွား ဆုတောင်းခိုင်းတော်မူရာ ထိုနေ့ည၌ပင် မိုးကြီး ရွာချလေ၏။

ဗြဟ္မဒတ်မင်း၏ အာဟာရဓာတ် လက်တွေ့သုတေသန

သတ္တဝါတို့ ချမ်းသာစီးပွား များစေရန် သူတော်ကောင်းကြီးများသည် မိမိတို့ ရှိသမျှ
အင်အားဖြင့် “အားချိန်နားချိန်မျှ မထားဘဲ' ကြိုးစားရွက်ဆောင်တော်မူကြောင်း ပြခဲ့ပြီ။
မိုးရွာခြင်း၊ မိုးခေါင်ခြင်း စသည်ကြောင့် ချမ်းသာ ဆင်းရဲ ရခြင်း၌ လူတို့၏ ကိုယ်ကျင့်တရားနှင့်

